Towards A Better Peace

Towards A Better Peace Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Towards A Better Peace, Camera/Photo, Mandalay.

ကင်မရာ စတင်လေ့လာသူများအတွက်အမှတ်စဉ် ၁Camera Level လေးတွေခွဲခြမ်းစိတ်ဖြာကြည့်ရအောင် - Point & ShootAuto Camera အမျိုးအစား...
08/05/2022

ကင်မရာ စတင်လေ့လာသူများအတွက်
အမှတ်စဉ် ၁

Camera Level လေးတွေခွဲခြမ်းစိတ်ဖြာကြည့်ရအောင်

- Point & Shoot
Auto Camera အမျိုးအစားပါ။ Mode Dial အဝိုင်းလေးလှည့်ပေးယုံနဲ့ အသင့်ထည့်ထားပြီးသားတွေ အသုံးပြုနိုင်မယ့် အိတ်ဆောင်ခရီးဆောင် ကင်မရာလေးတွေပါ။ သေးသေးကျစ်ကျစ်နဲ့ ဘောင်းဘီအိပ်ကပ်ထဲတောင် ထည့်သွားနိုင်ပြီး Optical Zoom & Digital Zoom တွေတောင် ပါပါတယ်။ ဟန်းဆက်မှာပါတဲ့ ကင်မရာတွေထက် စွမ်းဆောင်မှု အနည်းငယ်သာပေမယ့် Feature တွေ အလွန်နည်းပါတယ်။ သိပ်လုပ်ဆောင်စရာလဲမလိုပါဘူး။ တစ်ချို့ ကင်မရာ Company တွေဆိုရင် “ လက်ညိူးကလေးနှိပ်ဖို့ သင့်တာ၀န်ပါ။ ပုံကောင်းထွက်ပေးဖို့က ကျနော်တို့တာ၀န်သာ” ဆိုပြီး ဂုဏ်လုပ် ကြော်ငြာကြပါတယ်။ များသော အလင်းပေးမီးကလဲ Bult-in Flash တွေပါ ။Pop up Flash ရှားပါတယ်။ (မြန်မာပြည်စျေးကွက်ကို ဒီဂျစ်တယ် စ၀င်လာတော့ Auto Camera တွေထဲမှာ SONY ရဲ့ Cyber Shot က ပင်မြင့်ပေါက်သည့် ပန်းမြတ်သခင် တော်၀င်သဇင်ဗျ။ မာနကြီးချက် တော်ယုံမကပ်နိုင်ဘူး။ တုံးခုလို့မက လှေကားထောင်တာတောင် မမှီနိုင်လို့ နောက်ပိုင်းမှ Nikon Coolpix 3100 လေး ၀ယ်ကိုင်ရတယ်။ internal Memory 16MB ပါတယ်။ 128MB SD လေးနဲ့ထည့်သုံးရင်းနဲ့ပေါ့။ ရီစရာကောင်းတာက အဲ့သည့်ကင်မရာလေးက အခုထိရှိသေးတယ်။ 512MB SD ထက်ကျော်ရင် ကင်မရာက မသိတော့ဘူး)

- Bridge Camera
Auto Camera ,Point & Shoot Camera တွေထက် လုပ်ဆောင်မှုအပိုင်းတွေ စွမ်းဆောင်ရည်တွေ ပိုမြင့်သွားပါပြီ။ ဒါပေမယ့် အပျော်တမ်းခရီးဆောင်သာသာပါပဲ။ ဘာကြောင့် Bridge (ပေါင်းကူး) လို့ခေါ်သလဲဆိုတော့ ဒီအဆင့်ကင်မရာတွေမှာ M Mode လုပ်ဆောင်ချက်တွေ သာလာပြီး DSLR Camera နီးနီးလောက် မန်နျူယယ် Mode တွေ ပါလာပေမယ့် DSLR Camera လို စွမ်းဆောင်ရည် မထက်မြက် DSLR Camera လို သက်ဆိုင်ရာ Lens တွေ အဖြုတ်အတပ် လုပ်လို့ မရသေးပါဘူး။ အသေတပ်ဆင်ပေးထားတဲ့ Lens တစ်လုံးပဲပါပြီး Optical Zoom & Digital Zoom တွေ အသုံးချလို့ပဲ ရပါတယ်။ အလင်းပေးမီးစနစ်ကတော့ Pop up Flash ဖြစ်ပြီး တစ်ချို့သော ကင်မရာတွေမှာ External Flash ထပ်တပ်လို့ရတဲ့ Hot Shoe ပါ ပါလာတာတွေ့ရပါတယ်။ ( ဒီဂျစ်တယ်ခေတ်ဦးမှာ Bridge Camera နဲ့ ပတ်သတ်ပြီး အကိုင်များလာတဲ့ နောက်ပိုင်းမှာ နယ်ဓါတ်ပုံဆရာတွေအားလုံးလိုလို အသည်းစွဲဖြစ်ခဲ့ရတာက Fujifilm အမျိုးအစားပါ။ Bridge ဖြစ်ပေမယ့် အရည်အသွေး မဆိုး ဘော်ဒီအဟန့်လဲရှိ စျေးနှုန်းသင့်လို့)

-DSLR Camera များ
DSLR ကင်မရာလို့ ပြောမယ်ဆိုရင် SLR ဆိုတဲ့ အခေါ်အဝေါ်ကို အရင်ပြောပြမှ ဖြစ်မှာမို့ ဖလင်ခေတ်ကို ပြန်သွားရအောင်။ ဖလင်ခေတ်က နယ်ဓါတ်ပုံဆရာလေးတွေ ၀င်ငွေနည်း ဓါတ်ဆရာလေးတွေက အဲ့သည့်ခေတ် အဲ့သည့်ခါက ဖလင်ကင်မရာကို Seagull , 205 စတဲ့ ကင်မရာလေးတွေ အကိုင်များတယ်။ အဲ့ဒါလေးတွေက TLR ( Twin-Lens Reflex) ပေါ့။ ချောင်းကြည့်ပေါက်ကနေ ကြည့်လဲ လန်းစ်ရဲ့ထိပ်မှာပိတ်ထားလဲ အပြင်ကိုမြင်ရတာပဲ။ ချောင်းကြည့်တဲ့ လန်းစ်ကတခြား၊ ပုံရိပ်ဖမ်းလန်းစ်ကတခြား။ ဒါပေမယ့် ချိန်သားမကိုက် ချောင်းကြည့်ပေါက်မှာ မြင်ရတဲ့ မြင်ကွင်းအတိုင်း ဖလင်မှာ ပေါ်ချင်မှပေါ်မယ်။ ဥပမာပြောရရင် ကျနော်တို့လက်ရှိကိုင်နေကြတဲ့ကင်မရာ Ratio မှ 16:9 နဲ့ရိုက်ပြီး 4:3 နဲ့ ပုံကူးတဲ့အခါ (သို့) 4:3 နဲ့ရိုက်ပြီး 16:9 နဲ့ကူးတဲ့အခါမှာ ပုံတွေရဲ့ အောက်ခြေတွေ ဘေးသားတွေ မပါတာမျိုးပေါ့။ နီကွန်၊ မင်နိုတာ၊ ရစ်ကော့ စတဲ့ နာမည်ကြီးတွေက ထုတ်တဲ့ SLR ( Single-Lens Reflex) ကင်မရာတွေကျတော့ မြင်ကွင်းချောင်းကြည့်မှန်ဘီးလူးနဲ့ ပုံရိပ်ဖမ်းမှန်ဘီလူးက တစ်ခုတည်း ပြီးတော့ တတ်နိုင်ရင်တတ်နိုင်သလို Lens တွေကို လဲလှယ်နိုင်သေးတယ်။ အဲ့တာ SLR ( Single-Lens Reflex)ပါ။ ဖလင်ခေတ်က ပုံရိပ်ဖမ်းတာက ဖလင်နဲ့ဖမ်းတယ်။ ဒီဂျစ်တယ်ခေတ်မှာက Digital နည်းပညာဖြစ်တဲ့ Sensor နဲ့ ပုံရိပ်ဖမ်း အချက်လက်တွေကို Memory ထဲသိမ်းပေးဆိုတော့ D တစ်လုံးပိုပြီး DSLR ( Digital Single-Lens Reflex) လို့ဖြစ်သွားရခြင်းပါဗျာ။
DSLR ( Digital Single-Lens Reflex) မှာ Level သုံးခု ထပ်ခွဲပြန်ပါတယ်။ Entry Level, Semi-Pro Level , Pro Level လို့ ခွဲခြားထားပါတယ်။ ဒီသုံးမျိုးမှာ ဘယ်လိုတူသလဲ Lens ကို မိမိစိတ်ကြိုက် ငွေကြေးတတ်နိုင်သလောက် ပြောင်းလဲတပ်နိုင်တယ်။ မတူတာတွေကတော့ Sensor Size, Functions, စွမ်းဆောင်ရည်တွေ ပါပဲ။ ဘယ်ဟာကောင်းလဲ ညစ်မမေးကြေး။ ကင်မရာဆိုတာ စျေးကြီးလေကောင်းလေ။
Entry Level မှာ Sensor Size ကို Four-Third, ASP-C နှစ်မျိုးစလုံးသုံးကြတယ်။ အသေချာဆုံးက Pop Up Flash အပြင် Hot Shoe လဲပါပါတယ်။ Semi-Pro Level မှာ Four-Third ကို လုံး၀မသုံးကြတော့ဘူး ASP-C နဲ့ ASP-H နှစ်မျိုးလုံးသုံးကြတယ်။ တစ်ချို့ကင်မရာတွေမှာ Full Frame Size တောင် ရက်ရက်ရောရောထည့်သုံးပါပြီ။ တစ်ချို့သော ကင်မရာတွေမှာ Pop Up Flash မပါတော့ပါဘူး Hot Shoe ထည့်ပေးထားပါတယ်။ လာပါပြီး Pro Level သေချာတယ် လာမမေးနဲ့။ ဆရာတွေအဆင့် ။ Sensor Size ကို Full Frame ထက် တစ်ပြားသားမှ လျှော့လိမ့်မည်မဟုတ်။ ဟင့် စျေးကြီးပေးရပြီး အလင်းပေးမီးလဲ ပါတော့ဘူး လို့ လာမရစ်ကြေးနော် လိုချင်ရင် Speed Light ၀ယ်တပ်လေ။ Hot Shoe ပါတယ်။

အခြားသောကင်မရာများ
နောက်ပိုင်း လိုက်မမှီတော့တဲ့နည်းပညာ။ ထွက်သမျှလိုက်၀ယ်နေရရင် ဘယ်လိုမှမလောက်နိုင်လေ။ ကြားဖူးမြင်ဖူးတာတော့ Mirror less Camera, Medium Format Camera တဲ့။ Mirror less Camera ကတော့ DSLR နဲ့ကွဲပြားတာက ပုံရိပ်ဖမ်းမှန်ဘီလူးနဲ့ ပုံရိပ်ဖမ်း Sensor ကြားထဲက ကြားခံ Reflex ပြား မပါတော့ဘူးဗျာ။ တိုက်ရိုက် Sensor ကို သွားရောက်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အရည်အသွေးမြင့်မားသလို တော်၀င်သဇင်ဖြစ်ပါတယ်။ Medium Format Camera အဟဲ ကျနော်တို့အတွင်းအားနဲ့မရပါ။ Sensor Size ကြီးကြီး စျေးကြီးကြီး အရည်အသွေးကြီးကြီးနဲ့မို့ အဆင့်လွန် ဓါတ်ဆရာကြီးတွေရဲ့ ဓာတ်စာပါ။
မူရင်းရေးသားသူဆရာသမားအား
Crd ပေးပါသည်။

06/04/2022

#မိမိတို့ယုံကြည်ရာကိုးကွယ်ခြင်းသည်
#မိမိတို့၏လွတ်လပ်ခွင့်ဖြစ်သည်။

ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများပထမဆု -   ကိုသွင်ထူးအောင်ဒုတိယဆု -  ကိုဘုန်းမင်းသန့်တတိယဆု - ကိုသုတစွမ်းနှစ်သိမ့်ဆု -  ...
06/03/2022

ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ
ပထမဆု - ကိုသွင်ထူးအောင်
ဒုတိယဆု - ကိုဘုန်းမင်းသန့်
တတိယဆု - ကိုသုတစွမ်း
နှစ်သိမ့်ဆု - ကိုပိုင်မင်းခန့်
ပါဝင်ယှဉ်ပြိုင်ကြသူများ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါသည်။

ဓာတ်ပုံဝါသနာရှင်များအတွက် Photo Contact ဖိတ်ခေါ်ချင်း  Towards A Better Peace မှ ကျင်းပပြုလုပ်မည့် Photo Contact တွင် မန...
17/02/2022

ဓာတ်ပုံဝါသနာရှင်များအတွက် Photo Contact
ဖိတ်ခေါ်ချင်း


Towards A Better Peace မှ ကျင်းပပြုလုပ်မည့် Photo Contact တွင် မန်းလေးမြို့ရှိဓာတ်ပုံဝါသနာရှင်များအား ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းဖိတ်ခေါ်အပ်ပါသည်။

" ယဉ်ကျေးမှု ၊ ဘာသာရေး ၊ အတူယှဉ်တွဲနေထိုင်မှု ၊ တဦးနှင့်တဦး ကူညီရိုင်းပင်းမှုများကို ဖော်ပြနိုင်သည့် " ဓာတ်ပုံများကို ပြိုင်ပွဲပြလုပ်သွားမည်ဖစ်ပါသည်။ ဆုရွေးချယ်‌၍ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့တင်ပြရာတွင် ဓာတ်ပုံ၏ နောက်မှပုံ၏ ဆိုလိုရင်းကို Story Telling ပုံစံဖြင့်တင်ပြပေးမည်ဖြစ်ပါသည်။

" 28.2.2022‌ " ရက်နေ့ နောက်ဆုံးထား၍ပြိုင်ပွဲဝင်ပုံများကိုလည်း Page မှတဆင့်ဆက်သွယ်ပေးပို့နိုင်ပါပီ။

 #ငြိမ်းချမ်းပါစေ မြန်မာပြည်
06/02/2022

#ငြိမ်းချမ်းပါစေ မြန်မာပြည်

" T - Shirt နှင့် Jacket များ အခမဲ့ ထုတ်ယူနိုင်ပါပြီ "ကျွန်တော်တို့ထံတွင် T Shirt နှင့် Jacket များကို အခမဲ့ထုတ်ယူ၍ ငြိမ...
18/01/2022

" T - Shirt နှင့် Jacket များ အခမဲ့ ထုတ်ယူနိုင်ပါပြီ "

ကျွန်တော်တို့ထံတွင် T Shirt နှင့် Jacket များကို အခမဲ့ထုတ်ယူ၍ ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သော အမုန်းစကားများအားဟန့်တားသည့် မည်သည့်စာသားကို မဆိုကိုင်ဆောင်ပြီး ဓါတ်ပုံရိုက်ပြီး ကျွန်တော်တို့၏ page Messenger သို့ (25 .1.2022)ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်ပေးပို့ပေးရမည်ဖြစ်ပါသည်။အဆိုပါ T-Shirt နှင့် ရိုက်ကူးထားသောပုံများအား စုစည်းကာ page နှင့် Website များတွင်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

* အရင်ဆုံးပါဝင်ရိုက်ကူးသူ (75) ဦးအား ကျွန်တော်တို့မှ ( Phone Bills 5000 ) ကျပ်ကို ဂုဏ်ပြုချီးမြင့်သွားမည်
ဖြစ်ပါသည်။ နောက်မကျရအောင် အခုပဲ ထုတ်ယူနိုင်ပြီ။


မြန်မာတိုင်း သိသင့်တဲ့ သမိုင်းဝင်ခေတ်များ========================== #သမိုင်း၀င်ခေတ်များခရစ် ၁၂၉၉ မှ ၁၃၆၄ – ပင်းယခေတ်။ခရစ...
01/12/2021

မြန်မာတိုင်း သိသင့်တဲ့ သမိုင်းဝင်ခေတ်များ
==========================

#သမိုင်း၀င်ခေတ်များ

ခရစ် ၁၂၉၉ မှ ၁၃၆၄ – ပင်းယခေတ်။

ခရစ် ၁၃၆၄ မှ ၁၅၂၆ – အင်းဝခေတ်။

ခရစ် ၁၅၂၆ မှ ၁၅၉၆ – တောင်ငူခေတ်။

ခရစ် ၁၅၉၆ မှ ၁၇၅၂–ညောင်ရမ်းခေတ် ။

ခရစ် ၁၇၅၂ မှ ၁၈၈၅ –ကုန်းဘောင်ခေတ် ။

#မြန်မာ့မင်းဆက်အရေအတွက်

ပထမတကောင်းမင်း (၃၃) ဆက်
ဒုတိယတကောင်းမင်း (၃၃) ဆက်
သရေခေတ္တရာမင်း (၂၇) ဆက်
ပုဂံမင်း (၅၅) ဆက်
ပင်းယမင်း (၆) ဆက်
စစ်ကိုင်းမင်း (၇) ဆက်
တောင်ငူမင်း (၃၄) ဆက်
ပြည်သရေခေတ္တရာမင်း (၂၃) ဆက်
အင်း၀မင်း (၃၄) ဆက်
ကုန်းဘောင်မင်း (၁၁) ဆက် ။

#ပုဂံမင်းဆက်

မြန်မာ့သမိုင်းတွင်ပထမဆုံးအဖြစ်ဗမာလူမျိုးတို့အုပ်ချုပ်သည့်ပုဂံခေတ်တွင်မင်းဆက်ပေါင်း(၅၈)ဆက်ရှိခဲ့သည်ဟုဆိုပါသည်။

ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍
ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။

မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ကျောက်စာ တွင်ပါ၀င်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။

၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို...

(က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊

(ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုက်ပါသည်။

#မင်းဆက် (၅၈)ဆက်

1. မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)

2. မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)

3. မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)

4. မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)

5. မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)

6. မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)

7. မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)

8. မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)

9. မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)

10. မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)

11. မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)

12. မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)

13. မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)

14. မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)

15. မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)

16. မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)

17. မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)

18. မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)

19. မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)

20. မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)

21. မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)

22. မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)

23. မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)

24. မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)

25. မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)

26. မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)

27. မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)

28. မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)

29. မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)

30. မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)

31. မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)

32. မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)

33. မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)

34. မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)

35. မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)

36. မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)

37. မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)

38. မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)

39. မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)

40. မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)

41. မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)

42. မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)

43. မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)

44. မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)

45. မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။

46. မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)

47. မင်းဆက်(၄၇) မင်းရှင်စော

48. မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)

49. မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)

50. မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)

51. မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)

52. မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)

53. မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)

54. မင်းဆက်(၅၄)သီဟသူ (ပြည်စား)

55. မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကို၀င်ရောက်တိုက်ခိုက်သည်။

56. မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)

57. မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)

58. မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)

သို့သော်မွန်ဂိုတို့၏တိုက်ခိုက်မှုကြောင့်ပုဂံပျက်ဆီးပြီးနောက်နန်းတက်ကြသည့်ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ
အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။ ။

#ကုန်းဘောင်ခေတ်ကမင်းဆက်များ

မင်းဆက် ( ၁၁)

အလောင်းမင်းတရား
နောင်တော်ကြီးမင်း
မြေဒူးမင်း
စဉ့်ကူးမင်း
ဖောင်းကားစားမောင်မောင်
ဘိုးတော်ဘုရား
ဘကြီးတော် (စစ်ကိုင်းမင်း)
သာယာ၀တီမင်း
ပုဂံမင်း
မင်းတုန်းမင်း
သီပေါမင်း ။ ။

bluespiderfriends.blogမှကူးယူဖော်ပြသည်။ ။
Today Myanmar Times
Credit....

🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည် ။
Sai Min Thant

01/12/2021

🆗 ရိုးဖြောင့်တာ ကောင်းပါတယ်
◻️ ဒါပေမယ့်
◻️ အလှည့်စား ခံရလောက်အောင် မအ နဲ့ပေါ့

🆗 ကူညီတတ်တာ ကောင်းပါတယ်
◻️ ဒါပေမယ့်
◻️ အသုံးချ ခံရမှန်း မသိလောက်အောင် မညံ့နဲ့ပေါ့

🆗 စာနာတတ်တာ ကောင်းပါတယ်
◻️ ဘဝ ပျက်ရလောက်အောင် အညှာမလွယ်နဲ့ပေါ့

🆗 စိတ်ကောင်းရှိတာ ကောင်းပါတယ်
◻️ ဒါပေမယ့်
◻️ လိုသုံးလုပ်မယ့်သူတွေကိုလည်း သတိထားပေါ့

🆗 မာန မထားတာ ကောင်းပါတယ်
◻️ ဒါပေမယ့်
◻️ လူညံ့ ဖြစ်မသွားအောင်လည်း ဆင်ချင်ပေါ့

🆗 မိတ်ဆွေကောင်းတွေရှိတာ ကောင်းပါတယ်
◻️ ဒါပေမယ့်
◻️ ကိုယ်တိုင်လည်း စိတ်ကောင်းရှိဖို့ မမေ့နဲ့ပေါ့

🆗 သံသယ မထားတာ ကောင်းပါတယ်
◻️ ဒါပေမယ့်
◻️ နောက်ကျောဓါးမထိုးခင်အထိ သတိရှိပေါ့

🆗 အယုံလွယ်လွန်းတဲ့အထိလည်း မညံ့ပါနဲ့
◻️ သင့် စေတနာတွေ ဘယ်လောက်ပဲ ဖြူစင်နေပါစေ
◻️ လူပေးမှားတဲ့အခါ
◻️ သင် ကံဆိုး ရတတ်တယ်

🆗 ဒါကြောင့်...
◻️ သင့်ဆီက အကောင်းဆုံး ဆိုတာတွေကို
◻️ လူတိုင်းကို ဘယ်တော့မှ
◻️ လွယ်လွယ် မပေးမိပါစေနဲ့
◻️
🆗 စေတနာဆိုတာ
◻️ လူတိုင်းအတွက် မဟုတ်မှန်း
◻️ သင် သိလိုက်ရချိန်မှာ
◻️ ပြန်တွေးမိတိုင်း
◻️ နောင်တ ရစရာ အမှတ်တရတွေနဲ့
◻️ ကင်းဝေး နိုင်ကျပါစေ..။

Credit
စာရေး/စာဖတ်သူ✍️📙🖊️
အားလုံးကိုလေးစားလျှက်ပါ
🙏🙏🙏🙏🙏
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်💌💌💌
Love thazin, ❤️❤️❤️

မပြည့်စုံပဲအိမ်ထောင်ပြုလိုက်တဲ့အချိန်ဟာလောကဓံကဒုက္ခကို လက်ဖွဲ့လိုက်တဲ့အခါ  လူငယ်တွေသတိထားသင့်တယ်အိမ်ထောင်ပြုတော့မယ်ဆိုရင...
01/12/2021

မပြည့်စုံပဲအိမ်ထောင်ပြုလိုက်တဲ့အချိန်ဟာ
လောကဓံကဒုက္ခကို လက်ဖွဲ့လိုက်တဲ့အခါ
လူငယ်တွေသတိထားသင့်တယ်

အိမ်ထောင်ပြုတော့မယ်ဆိုရင်
အနာဂတ်အတွက်ကြိုတင်
ပြင်ဆင်ခြင်းက လိုအပ်တယ်

အချစ်တစ်ခုကိုသာ ဦးစားပေးပြီး
ဘ၀အတွက် ဘာပြင်ဆင်မှု့မှမရှိခဲ့ရင်
တနေ့ သေချာပေါက် မလိုလားအပ်တဲ့
ပြသနာတွေ ဖြစ်လာကြမှာအမှန်ပါ

အိမ်ထောင်ပြုပြီဆိုတာနဲ့
သားသမီးဆိုတာလဲ
မရှိမဖြစ်လိုအပ်လာမှာပဲ
သားသမီးရလာတာနဲ့အမျှ
ငွေကြေးဆိုတာ ဘ၀မှာ
လိုအပ်တယ်ဆိုတာထက်
ပိုလိုအပ်လာပါပြီ

ငွေမရှိတဲ့အခါ တစ်ယောက်ကိုတစ်ယောက်
အရင်ကချစ်တဲ့ အချစ်တွေလည်း
အမုန်းအဖြစ် ပြောင်းလဲဖို့ လွယ်ကူလာမှာပဲ
သံယောဇဉ်တွေဆိုတာလဲ
အရေးမပါတဲ့အရာတစ်ခုလို့
သတ်မှတ်ထားကောင်းထားမယ်

ရန်ပွဲတွေကြားက သားသမီးတွေက
မြေစာပင် အဖြစ်နဲ့ရှင်သန်လာရမှာ
ခင်ဗျားတို့လိုချင်ပါသလား....?

ခင်ဗျားတို့ ရေဆာလာတဲ့အချိန်မှာ
ရေတစ်ခွက်က ခင်ဗျားတို့အတွက်
အရမ်းကို လိုအပ်လာလိမ့်မယ်
ထို့အတူ ကိုယ့်သားသမီးတွေရလာခဲ့ရင်
မိခင်ရဲ့နွေးထွေးခြင်းနဲ့ ဖခင်ရဲ့
ဂရုစိုက်ခြင်းကိုလဲ သားသမီးတိုင်းက
အရမ်းကိုလိုအပ်ကြတယ်

( ဒါပေမယ့် တစ်ချို့တွေမပေးနိုင်ကြဘူး😌 )
ကလေးနို့ဆာအချိန်မှာ နို့မတိုက်နိုင်ပဲ
ငွေနောက် တကောက်ကောက်
လိုက်နေတဲ့မိခင်တွေအများကြီးပါပဲ

ကလေးအိပ်ချိန် တေးသီချင်းတွေနဲ့
မဆိုပြနိုင်ပဲ
ငွေနောက်တကောက်ကောက်လိုက်ရင်း
ပင်ပန်းလို့ လှည့်မကြည့်နိုင်တဲ့
ဖခင်တွေ အများကြီးပါပဲ

အလုပ်တွေအဆင်မပြေလာတဲ့အခါ
ပြသနာတွေက တက်ရအုံးမှာပဲ
မကြာခဏ ဆိုသလို ဖြစ်နေရအုံးမှာ
ပြသနာပေါင်းစုံဆွဲထည့်ရင်း
ငြင်းကြ ခုန်ကြနဲ့ အိမ်ထောင်ရေးဟာ
ထင်သလိုမလွယ်ကူဘူး
သာယာဖို့မလွယ်စမြဲပါပဲ

ဒါဆို ဘယ်မှာလဲ? အရင်ကသိပ်ချစ်တဲ့
တီတီတာတာစကားလေးတွေ....?

ဒါဆို ဘယ်မှာလဲ...?
အရင်က စိတ်ကူးယဉ်ထားတဲ့
ချစ်စရာမိသားစုလေးတွေ...?

ဒါဆို ဘယ်မှာလဲ...?
အရင်မျှော်လင့်ထားတဲ့ပျော်ရွှင်ခြင်းတွေ
ပြည့်နှက်နေတဲ့ အိမ်ကလေး...?

ဘ၀ဆိုတာ ပုံသေကားချပ် မရှိပေမယ့်
တစ်ချို့အရာတွေ အတွက်တော့
ကြိုတင်ပြင်ဆင်ထားခြင်းက
အရမ်းကို လိုအပ်တယ်ဆိုတာ
မှတ်ထားစေချင်တယ်

အဲ့ဒါကြောင့်
အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ထားရင်
ပိုက်ဆံကိုအရင်စုပါ
အရာရာ တချို့အတွက်က
ပိုက်ဆံနဲ့၀ယ်လို့မရပေမယ့်
နေရာတိုင်းမှာတော့ သူမပါမပြီး
လိုရာခရီးမရောက်နိုင်တဲ့ဘဝတွေ
အများကြီးရှိတာမို့

ငွေကိုစုရင်း ကိုယ့်ဘ၀ကို
လှပစွာ ထုစစ်နိုင်သူများဖြစ်ကြပါစေ။🙏

Credit to original

အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ
ရာနှုန်းပြည့် ပျော်ရွှင်တဲ့ ချစ်ခြင်းကိုရဖို့ ။

အချစ်က ၂၅%
နားလည်မှု ၂၅%
ငွေကြေးပြည့်စုံမှုက ၅၀% လိုပါတယ်၊၊

တကယ်ချစ်ဖို့ပဲ လိုတယ်
သစ္စာရှိဖို့ပဲ လိုတယ်ဆိုတာတွေက
ဟိုး....အဝေးကြီးမှာကျန်ခဲ့ပါပြီ ။

အပေါ်မှာပြောခဲ့သလို လူနှစ်ယောက်
ပေါင်းစည်းဖို့က အချစ်တစ်ခုတည်းနဲ့
ဘဝကိုအတူ ဖြတ်သန်းဖို့ ဆိုတာ
ဟိုးအရင်ကတော့ ရှိရင်ရှိခဲ့ပါလိမ့်မယ်။
အခုခေတ်မှာတော့ မရှိတော့ဘူး။

ငွေတွေဂုဏ်တွေမလိုပါဘူးကိုရယ် ဆိုတာတွေက
အချစ်မူးတုန်း အချစ်ရူးတုန်း အချိန်ခဏပါ ။

အချစ်မှာ မျက်စိမပါဘူး ။
ဦးနှောက်မှာတော့ မျက်စိပါဖို့လိုတယ်တဲ့ ။

ဒီတော့ မိန်းကလေးဘက်ကလည်း စဉ်းစားပါ ။
ကိုယ်ယူမဲ့ယောက်ျားက ငွေမရှိသော်ငြားလည်း
ငွေရှာနိုင်တဲ့ အရည်အချင်းပါရှိဖို့တော့ လိုလိမ့်မယ်။

မျက်စိတစ်ဆုံးကိုတွေး မျက်တောင်တစ်ဆုံးကိုမတွေးနဲ့
ကိုယ်တို့လက်ထပ်ပြီးရင် စက်ရုံတစ်ခုခုမှာ လခစားဘဝနဲ့
လင်မယား နှစ်ယောက်အတူတူကြိုးစားပြီး
ဘဝကို ဖြတ်သန်းကြမယ် ဆိုတဲ့ အတွေးအခေါ်က
အရမ်းအရမ်းကို မှားပါတယ် ။

ဒီစကားပြောရတာက ဘယ်သူ့ကိုမှ စော်ကားလိုခြင်းမရှိပါဘူး။
ကျွန်တော့်သွေးသားထဲမှာကို လခစား လင်မယားအတွဲတွေ
အများကြီးရှိပါတယ်၊ (ရိုကျိုးသောလေသံဖြင့် )

ဆိုလိုတာက အခုခေတ်ကြီးမှာ မြန်မာပြည်မှာပေါ့ဗျာ
ဝန်ထမ်းလစာဆိုတာ လကုန်ရင် သားရေကွင်းပဲ
ကျန်တဲ့ အခြေအနေ မဟုတ်လား...?

ရိုးရိုးဝန်ထမ်းဘဝနဲ့ ဘယ်သူများချမ်းသာတယ် ကြားဖူးသလဲ။
(ရာထူးကြီးကြီးတွေကိုတော့ မဆိုလိုပါဘူး)

ဆိုလိုရင်းက အခုအဓိက အချက်ကို ပြောပြမှာပါ ။

ပြည့်စုံပြီးသားသူတွေ အိမ်ထောင်ပြုတာကို အားမကျနဲ့
ကမ္ဘာမှာ ဘိုးဘွားစဉ်ဆက် ချမ်းသာသူ
မိဘအမွေနဲ့ ချမ်းသာသူက ၉၅%ရှိပြီး
ကိုယ်ပိုင်အရည်အချင်းနဲ့ ချမ်းသာသူက ၅%ပဲရှိပါသတဲ့။

ဒီတော့ ကျွန်တော်တို့က
သူများတွေကို အားကျနေဖို့ အချိန်မရှိဘူး ။
၅%သော ချမ်းသာသူစာရင်းဝင်ဖို့ သူများတွေထက်
ပိုကြိုးစားကြရလိမ့်မယ်၊ သူများတွေထက်
အမျှော်အမြင် ပိုကြီးရမယ်။

သူများတွေထက် ကိစ္စတစ်ခုလုံး ကြည့်တတ်ရမယ် ။
လက်ရှိပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပါ လှမ်းမြင်နိုင်စွမ်းရှိရမယ်။

ဒါမှလည်း ကိုယ်ဖြတ်သန်းရတဲ့ဘဝက
လှပတေ့ာမှာ မဟုတ်ပါလား ?

ဒီတော့ တွေးလိုက်မိတယ်၊ သူများသားသမီးကိကိုယ့်ဘဝထဲခေါ်ပြီး နှိပ်စက်ရာများကျနေမလား-?

မိန်းကလေးဆိုတာကလည်း တစ်သက်မှာတစ်ခါပဲ
မင်္ဂလာအရှိဆုံး အချိန်ဆိုတော့ သူ့အသိုင်းအဝိုင်းကြားမှာ
သူ့မိဘဂုဏ်ရှိဖို့ တင့်တောင့်တင့်တယ်လေး
မင်္ဂလာပွဲလုပ်ချင်ကြမှာပဲလေ။

ဒါက မိန်းကလေးတိုင်းရဲ့စိတ်ကူးအိပ်မက်ဆိုတာ
ငြင်းပယ်လို့ မရပါဘူး။

ဘဝအာမခံချက် ဘာတစ္ခုမွမရွိပဲ
ဘာတွေလုပ်စားကြပြီး ဘယ်လိုတွေခရီး ဆက်ကြမလဲ...?

အနည်းဆုံးတော့ ကိုယ်ပိုင်လုပ်ငန်းလေးရယ်
ငွေရှာနိုင်တဲ့ အရည်အချင်းရယ်
ဒီနှစ်ခုတော့ ရှိသင့်တယ် မဟုတ်ပါလား...?

စဉ်းစားပါ ?

အိမ်ထောင်ပြုမယ် ကြံတိုင်း
နှစ်ဦးနှစ်ဖက်စလုံး စဉ်းစားပါ ။

ကလေး ကစားစရာ မဟုတ်လို့
လွယ်လွယ်တွေး လွယ်လွယ်ဆုံးဖြတ်ခဲ့ကြရင်
အနာဂတ်မှာ ပြဿနာရှိလာနိုင်ပါတယ်။


#

'က' မှ 'အ' အထိ မြန်မာစကားပုံ (၄၅၆)ပုဒ်ပါသည်။၁. “ကြက်ကန်း ဆန်အိုးတိုး”၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”၃. “ကိုယ်ကကျူး ...
01/12/2021

'က' မှ 'အ' အထိ မြန်မာစကားပုံ (၄၅၆)ပုဒ်ပါသည်။

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၄. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျား၀င်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”

၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရော၀င် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၄. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်

၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”

၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၄. “ငွေမရှိ...စကားမတည်”

၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၄. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်း၀ယ်ရာ...ဆေးရိုးသည်က ကန့်လန့်
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တဝင်းဝင်း
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်၀င်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”

၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၄. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန်မရှိ...ေ-ာက်စားကြီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”

၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီး
လောက်ကုသိုလ်ရ”
၄. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”

၁. “တောင်ကြီးဖဝါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၄. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်းကြက်သွန်
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”

၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၄. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်၀င်ရိုးထုံးစံမရှိ”

၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၄. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါစျေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်း၀န်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”

၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပဝါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊
တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၄. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က.ဘုရား.ဘုရား..လက်က.ကားယား.ကားယား
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့၀မ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”

၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၄. “ဖြတ္မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ ဖက်ပေါက်
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “ဖ-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”

၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၄. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်သွား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”

၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန္ကမတိုး..ပိုက္ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”

၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၄. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..ဝါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိ၀မ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်၀မ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဉ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရှာနားကမွကျ...ရှာနှားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...စျေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”

၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၄. “လူမိုက်သား ရမ်းကား”
၄. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

၁. “၀.မရှိဘဲ...ဝိ...မလုပ်နဲ့”
၂. “ဝါးလုံးခေါင်းထဲ..လသာ”
၃. “ဝါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၄. “ဝါဆိုဝါခေါင်..ရေဖောင်ဖောင်”

၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၄. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှ
န်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေ၀....ပြဒါးသေ.တစ်ပြည်၀”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါး၀”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...ဝါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ဝါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”

၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”

၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၄.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်

(Org.writer & Uploader)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Towards A Better Peace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category