Mandalay Art

Mandalay Art yes

 #ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲ #အပိုင်း(1)(2)(3)(4)(5)(6)(7)(8)ပုဒ်တွဲ၍ တင်ပေးပါတယ်ရှင့်စာဖတ်ရအဆင်ပြေစေရန်***********...
06/08/2026

#ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲ #အပိုင်း(1)(2)(3)(4)(5)(6)(7)(8)
ပုဒ်တွဲ၍ တင်ပေးပါတယ်ရှင့်
စာဖတ်ရအဆင်ပြေစေရန်

*************************************
ကျောက်စိမ်းလောကကို စတင်ဝင်ရောက်လာသူတွေများအဖို့ လူမျိုးစုံရှိလာပါတယ်။

1။ အရင်းနှီးတော့ရှိတယ် ကျောက်စိမ်းထွက်ရာနယ်မြေ ကျောက်စိမ်းရောင်းဝယ်ရာနယ်မြေနှင့်လဲဝေးတော့ သိဖို့ တတ်ဖို့ သင်ယူဖို့ခက်ခဲနေတယ် မိမိပတ်ဝန်းကျင်မှာလဲ လက်တွဲခေါ်ပြတဲ့သူမရှိ လုပ်ကိုင်သူလဲမရှိ အဲတော့ အရင်းနှီးရှိပြီ
ကျောက်ဝယ်ရအောင်လဲ ဝယ်တိုင်းရှုံးမှာပဲ
သူများဖြတ်တာမြင်အားကျ ဝယ်သမျှလိုက်ဖြတ် ဖြတ်သင့်တယ် မဖြတ်သင့်တယ်မတွေး မိမိဖြတ်လိုက်တဲ့ကျောက်
အစိမ်းရောင် (အရည် ချွမ်ကာလာ အရောင်လှတာတစ်ခုခု)မပါတော့ မအောင်ဘူးထင်ပြီ ဖြတ်ခုံမှာပစ်ထားခဲ့တယ်သူ တော်တော်များမယ်ထင်တယ် တချို့ကလဲ ကျောက်သားသက်သက်အောင်နေတဲ့ကျောက်ကို မသိတော့ အခြားကျောက်ဖြတ်စပုံထဲရောပစ်တတ်ပေါ့။ အဲဒီလိုဖြစ်တဲ့အကြောင်းတရားက မိမိလဲမသိ မိမိအနားမှာသိတဲ့သူလဲမရှိ အဲဒါကြောင့်ဖြစ်တာ
အဲဒါနဲ့ ကျောက်စိမ်းသင်တန်းတွေ တက်ပြန်ရော တတ်လာပါတယ် အရင်ဘာမှမသိတာနဲ့စာလျှင် မလှပတဲ့ကျောက်တွေ
မျိုးနုတွေကို ခွဲခြားတတ်လာတယ်
ဒါပေမဲ့ ကျောက်စျေးကွက်မှမနိုင်တာ
သင်တန်းဘယ်လောက်တက်တက်
ကျောက်တစ်လုံး၏ အကြမ်းဖျင်းသတ်မှတ်စျေးမှမသိတာ မဲမဲမြင်ဝယ်(ပြောနေကျ
နပ်ပေါက်ပေါ့နော်)စိမ်းစိမ်းမန်းအားကောင်းဝယ်ပြန်ရော စျေးကွက်မတွက်တတ်တော့ သိန်း30လောက်ပေးခေါင်းရမဲ့ကျောက် သိန်း80/100 ပေးခေါင်းရပြန်ရော့(သင်တန်းမတက်ခင်ကတော်သေး
သိန်းပိုင်းကျောက် သောင်းပိုင်းကျောက်ဝယ်တဲ့အခြေနေမှ ဆယ်ပိုင်း ရာပိုင်း
ပြောင်းကိုင်လာတော့ ဘာဖြစ်မယ်ထင်လဲ
စျေးကွက်မသိ ခေါင်းကြေးတွေပိုမြင့်ပေးရ
ရှူံးပြန်ရင် ပုံမှန်ရှူံးသင့်တဲ့ သိန်း30ထက်
သိန်း80/100 ဆိုတော့ ပို၍ ပို၍
အရှုံးဇာတ်ဖြစ်သွားတယ်၊ ဟိုဆရာအားကိုးမရ(ဘယ်အားကိုးရမလဲ ဘယ်သူမှ မိမိအကျိုးမရှိရင်(ငွေကြေးပြည့်စုံနေသူတွေကလွဲလို့ ငွေကြေးအဆင်ပြေနေသူ
ဝင်ငွေကောင်းသူအတွက် ကူညီလို့ရပါတယ် သူအတွက်ပူစရာနည်းတာကို ငွေကြေးအဆင်မပြေသူအတွက်တော့
သူတပါးကို ကူညီဖို့နေနေသာ မိမိဘဝ မိမိ
ရဲ့မိသားစုဘဝ ချမ်းသာဖို့မတွေးနှင်​့
စားရေးသောက်ရေးအဆင်ပြေဖို့ကို ရောင်းလိုက် ဝယ်လိုက် ရှုံးလိုက် မြတ်လိုက်နှင့်
သံသရာလည်လို့။ ရေစုန် ကမ်းကုန်ကူညီမယ်သူ လိုက်မရှာနဲ့ကိုယ်ကျိုးမရှိရင် စကားတစ်လုံးမှပြန်ပြောမှာမဟုတ်ဘူး

အဲတော့ပြောချင်တာ ကျောက်စိမ်းမှာ
စတင်ဝင်ရောက်လာသူများအတွက် အရင်းအနှီးရှိတဲ့သူ ရှုံးလျှင် များများရှုံးမယ် (ငွေအားကောင်းတော့ သောင်းကျောက် သိန်းကျောက်ဆို ကျောက်ကိုမထင်တဲ့သူဖြစ်ရော အကျွတ် အကျွတ်ဆိုတာနှင့် ရာငွေပေးဝယ် လူလုပ်ကျွတ်
ယမ်းကျွတ်တွေကို ရာငွေပေးဝယ်ရ
ပြန်ရောင်းတော့ ရောင်းမထွက်)

1။ကျောက်စိမ်းအမျိုးအမည်သိရမယ်
2။ကျောက်စိမ်း၏ အကြမ်းဖျင်းတန်ဖိုးရုပ်ဂုဏ်အားသိရမယ်
3။ ကျောက်၏အရွယ်အစားနဲ့ တန်ဖိုးအ​ခြေနေအကြမ်းဖျင်း ပေါင်းစပ်တွေးတတ်ရမယ်
4။ ကျောက်စိမ်းစျေးကွက် ကျောက်စိမ်းထွက်ရာ ကျောက်စိမ်းဝယ်ရောင်းပြုရာ(နေရာဒေသ)နဲ့ အမြဲထိတွေ့နေရမယ်
5။ မိမိက ဒီလောက်ဝယ်သင့်လို့ဝယ်တယ်
ဝယ်ပြီးရင်ဒီလောက်ရမယ်ထင်လို့ဝယ်လိုက်တယ် အဲလို့ကမရှိ
6။ ဝယ်ပြီးတဲ့ကျောက် စျေးများပါက
လုပ်တတ် ကိုင်တတ်ရမယ်(ဖြတ်ပါကွမ်ပါပြောတာမဟုတ်ပါ မိမိဝယ်တဲ့ကျောက်
စျေးကွက်ထိုးသင့်ရင်ထိုး
)

အပိုင်း(2) မျှော်ပါရှင့်
Ohnmar Tun
(ကျောက်စိမ်းရောင်းဝယ်ရေး)

#ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲအပိုင်း(2)
************************************
ကျောက်စိမ်းလုပ်ငန်းဆိုတာ ငွေအရင်းအနှီးရှိတိုင်း လုပ်ရတကယ်မလွယ်ဘူးဆိုတာ တကယ်လုပ်နေကြသူတွေ လုပ်ကြည့်ကြသူတွေ ကောင်းကောင်းသိပြီထင်ပါတယ် ။ ကျောက်ဝယ်တာနဲ့ရှုံးဖို့များနေပြီဆိုတာကို(တကယ်အကြောင်းအရင်းက
ဘာများဖြစ်မယ်ထင်သလဲ?)အဖြေ။ အဓိကအကြောင်းအရင်းက ဝယ်သမျှကျောက်ဖြတ်နေလို့ပါရှင့်

ပြန်မေးမဲ့သူတွေ မေးခွန်းထုတ်မှာပေါ့
ဝယ်တဲ့ကျောက်မဖြတ်လို့ ဘာလုပ်ရမှာလဲပေါ့( ဘာလုပ်ရမယ်မှန်းမသိပဲနဲ့ဝယ်မိတာက ပထမအမှား ဒုတိယအမှားက
ဝယ်သမျှကျောက်ဖြတ်နေလို့ ငွေပြန်ရတဲ့ကျောက်နည်းတာ ကောင်းကောင်းပြန်မပါလာတာ ကျောက်မအောင်တာပေါ့
အောင်မဲ့ကျောက်၌ လိုက်ပြီး ဝယ်၍ဖြတ်
အဝစားကြံရင် အိမ်တိုင်ပါပျောက်နိုင်မယ်ရှင့်)

အဲဒီတော့ ရှုံးရတဲ့အကြောင်းအရင်း
2ချက်သွားတွေ့တယ်

1။ မိမိဝယ်တဲ့ကျောက် ဘာလုပ်ရမှန်းမသိပဲ
ဝယ်တဲ့သူရယ်
2။ ဝယ်သမျှကျောက် ဖြတ်နေတဲ့သူရယ်ဆိုပြီ ထပ်တွေ့တယ်

အဆိုးဆုံးကတော့ တွေ့သမျှကျောက်
လိုက်ဝယ်နေသူက အဆိုးဆုံးပါပဲရှင်

အပိုင်း(3)မျှော်
Ohnmar Tun

#ကျောက်လောကသို့ ဘယ်ကစဝင်မလဲအပိုင်း(3) #
*************************************
ငွေအရင်းအနှီးရှိတိုင်း ကျောက်လုပ်ရမလွယ်ပါဘူး မိမိတို့မသိရှိ မကျွမ်းကျင်တဲ့
ကျောက်စိမ်းအလုပ်ကို လုပ်နေလျှင်
များများဝယ်ပြီးလုပ်တဲ့သူက များများရှုံးမှာပဲ နည်းနည်းဝယ်ပြီးလုပ်တဲ့သူက နည်းနည်းရှုံးမှာပဲ။

ကျောက်လောကသို့ စတင်ဝယ်ယူသူများအတွက် အဘယ်ကြောင့် ဆုံးရှုံးမူများသနည်း။

1။ ကျောက်၏အရည်အချင်းနဲ့ တန်ဖိုးရုပ်ဂုဏ်အားမသိလို့ စျေးကြီးပေးဝယ်မိခြင်း
ခေါင်းကြေးများစွာပိုဝယ်မိခြင်း

2။ လုပ်ချက် ပညာမသိပဲ
ဝယ်သမျှကျောက်ဖြတ်နေခြင်း

3။ ဝယ်ပြီးတဲ့ကျောက်ပြန်ရောင်းစားလို့ရတဲ့အခြေနေရှိနေတာကို မိမိမသိမကျွမ်းကျင်ပဲ ကွမ်ချွတ် ပွတ်ချွတ်ပစ်လိုက်လို့ ကျောက်ရုပ်ပျက်သွား၍ ရောင်းမစားရခြင်း

4။ သူတပါးအပြော၌ ယုံကြည်လွယ်ခြင်း

5။ ကျောက်အမှားဝယ်ခြင်း(ကျောက်အတု
အသားအတု အရည်အတု ဖြတ်ဆက်
ခွံပြင် မျိုးနု ကျောက်မျိုးမမှန်သောအရာများဝယ်မိခြင်း)

6။ သူတပါးပြောတဲ့ကျောက်စျေးနှင့်ဝယ်ယူခြင်း(စျေးစစ်မဝယ်ခြင်း
ကျောက်စိမ်းဆိုတာမည်သူကပဲရောင်းရောင်း တစ်ခွန်းစျေးသတ်မှတ်မူမျိုးနှင့်
ပြောရောင်းလို့ရတာမဟုတ်ပါ ရောင်းသူပြောတဲ့အတိုင်း စျေးပေးနေစရာမလိုပါ
ခေါင်းကျောက်ဆိုလျှင် စျေးမဆစ်ပဲ
ဝယ်မိလို့ ခေါင်းကြေးပိုတတ်သည်)

7။ မိမိကလဲမကျွမ်းကျင်
ကျွမ်းကျင်သူကလဲ အားမပေး
မိမိမှာငွေရှိတိုင်း လုပ်လို့ရတယ်ဟူ
မာန် မာနကြောင့် ဝယ်ယူမှားခြင်း။

8။ ကျောက်ရောင်းသူ၏ ကျောက်အပေါ်
လှချက်ဖော် ပြချက်ကိုသာကြည့်၍
အပစ်အနာဆာ မျိုးတန်းမသိမှားခြင်း

9။ ဝယ်ယူပြီးတဲ့ကျောက် စျေးကွက်မထိုးပဲ
အဝစားကြံပြီးဖြတ်ခြင်း

10။ ဝယ်ယူပြီးတဲ့ကျောက် ပြန်ပြတဲ့အခါ
အမြတ်နည်းလို့ လောဘအားဖြင့်ဖြတ်ခြင်း
တို့ကြောင့်ဖြစ်ပါတယ်။

ကျောက်စိမ်းလုပ်တယ်ဆိုတာ
*ဝယ်လဲ ဝယ်တတ်ရပါတယ်*(ပိုက်ဆံရှိတိုင်းကျောက်ဝယ်တတ်ခြင်းကို မဆိုလိုပါ
ပစ္စည်းနှင့် သူ၏ရုပ်ဂုဏ်အားတန်ဖိုးအကြမ်းဖျင်း နှုိင်းယှဥ်တွက်တာမျိုး
ဥပမာ ဆယ်သိန်းကျောက်ဝယ်တဲ့ထားပါဆို့ အပြင်မှာပြန်ပြကြည့်လို့အနည်းဆုံး
5သိန်း6သိန်း7သိန်း8သိန်းထွက်နေရင်
အရှုံးငွေပြပေးမဲ့ ဆယ်သိန်းဝယ်တဲ့ကျောက် 5သောင်း 1သိန်းပဲထွက်တဲ့ဆိုရင်တော့ အကြီးကြီးမှားတယ်လို့ ပြောရပါမယ်ရှင့် ဆယ်သိန်းနှင့်ဝယ်တဲ့ကျောက် အနည်းဆုံး 5သိန်းတန်ဖြစ်နေရမယ်။
မြတ်ရင် 1သိန်း2သိန်းမှ 5သိန်း10သိန်း(တစ်လက်ထက်အမြတ်ပေါ့)

ကျောက်တစ်လုံးကိုမဝယ်ခင်
စဥ်းစားပါ မိမိဝယ်မဲ့ကျောက် မိမိပေးစျေးထက် ပိုမြင်သော ကျောက်စျေးကွက်အမြင်ရှိလျှင်ဝယ်ပါ။
သို့မှမဟုတ်ပဲ သင့်တော်တယ်ဟု
မိမိအမြင်နိုင်မှဝယ်ပါ။

ကျောက်တစ်လုံးရဲ့ တန်ရာတန်ဖိုးကို(ခေါင်းကျောက်တွေဆိုလျှင်)
မည်သူမှ အတိအကျသတ်မှတ်လို့မရပါ

မိမိတို့အမြင်အား စျေးကွက် ပညာ
လုပ်ချက် အရင်းအနှီး ဝယ်ပေါက်
ရောင်းပေါက် မြင်တတ်လျှင် လုပ်ကိုင်ပါ

ဖားကန့်ကကျောက်ကို ရန်ကုန်က
လှမ်းဝယ်တဲ့ထားပါဆို့ မိမိဝယ်တဲ့ကျောက်က မိမိပေးတဲ့စျေးနှင့် အဆင်ပြေမလား?
ဝယ်ပြီးတဲ့အခါ ဘယ်သူကိုပြန်ရောင်းမယ်
ဘယ်နေရာမှာ ရောင်းမယ်ဆိုသောအမြင်မျိုးရှိရင်လွယ်ပါတယ်။
အဲဒါမဟုတ် မိမိကိုယ်တိုင်ခေါင်းမယ်
ဖြတ်မယ် ကွမ်မယ်ဆိုလျှင်တော့
အဖြစ် အပျက်ခံနိုင်ရမယ်
ပစ္စည်းမှန်ရမယ်(ပစ္စည်းကောင်းရမယ်ဟုဆိုလိုတာမဟုတ်ပါ တစ်သောင်းတန်ခေါင်းကျောက်က တစ်သောင်းတန်ရုပ်ထွက်ပြီး
တစ်သိန်းပေးခေါင်းရမဲ့ကျောက်က သောင်းကြီးသိန်းရုပ်ပေါက်နေရမှာမျိုးပေါ့
မတန်တဆ ဆယ်သိန်း ဆယ်ငါးသိန်းဝယ်ခေါင်းတဲ့ကျောက် မခေါင်းမဖြတ်ခင်
5သောင်းလောက်ပဲတန်နေသော ကျောက်ရုပ်ရှိနေရင် ကျောက်အမှားဝယ်မိတာခေ​ါ်တယ် *ဘယ်ကျောက်ကို ဘယ်စျေးနှင့်ဝယ်ဝယ် ဖြတ်လို့မအောင်တိုင်း
ရောင်းသူတွေကိုလဲအပစ်ပြောမရပါ။
ဖြတ်လို့အောင်မယ်ထင်လျှင် ရောင်းသူတွေကိုယ်တိုင်ဖြတ်နေကြမှာပါ*

ကျောက်စိမ်းခေါင်းကျောက်ဆိုတာ
အလွန်တွက်ရခက်ပါတယ်။
ဆရာ ဆရာကြီးတွေတောင်
ကျောက်တစ်လုံးအောင်မယ်လို့ ဘယ်သူအတတ်မသိပါ။
သိနေလျှင် ကမ္ဘာကျော်သူဌေးတွေတောင်
ထိုင်ငိုသွားရမယ်။ကျောက်ဖြတ်တယ်ဆိုတာ အကြမ်းဖျင်းအတွေ့အကြုံအားတွေနှင့်လုပ်ရတာမို့ ခန့်မှန်းချက်တွေ
အလွဲအချော်ဖြစ်နိုင်ပါတယ်။
သိန်းကျောက် သောင်းကျောက်အလွဲအချော်ဖြစ်တာ အတော်အသင့်မပြောပလောက်သော်ငြားလဲ သိန်းထောင်ကျောက် ရာကြီးကျောက်တွေမှာဆိုလျှင်တော့ ငွေကိန်းဂဏန်းမြင့်မားလာတာမို့ အတော်ကိုစွန့်စားရဲလောက်တဲ့
ငွေဓနအင်အားတွေရှိမှသာလုပ်ကိုင်ရဲကြတယ် ကျောက်စိမ်းခေါင်းကျောက်ဆိုတာ စျေးနည်းလျှင် အဖြစ်နည်းပြီး
အပျက်များနိုင်သလို စျေးတန်းမြင့်လာပါက အဖြစ်လဲကြီးလာနိုင်သလို အပျက်လဲကြီးပါမယ်ရှင့်။
ကျောက်ဝယ်ဖြတ်လို့ အသားရမှဖြစ်မယ်လို့ထင်လျှင် ဖြတ်သားအမြင်သာဝယ်ပါ။ ခါးသားရမယ် ခါးကျော်မယ်ဆိုပြီး သိန်းကျောက် သောင်းကျောက်လောက်ကိုမဆိုထားနှင့် ဆယ်ကျောက်
ရာကျောက်တောင် ငချိတ်သား အသားပိတ်ဖြစ်သွားနိုင်ပါတယ်ရှင့်။
မအောင်နိုင်တဲ့ကျောက်ကိုသာ
အတော်အသင့်ခန့်မှန်းရလွယ်ချင်းလွယ်နိုင်တယ် အောင်ကျောက်ကိုတော့
အောင်ရမယ်လို့ မည်သူမှအတတ်မပြောနိုင်ပါ။(အတတ်ပြောနိုင်သူရှိလျှင်ခေါ်ခဲ့လိုက်ပါ ကျမကိုယ်ကျောက်ဝယ်ပေးပြီး
အာမခံချက်နှင့်ဖြတ်ပေးပါ သိန်း500တန်လောက် ဝယ်ဖြတ်ချင်လို့ပါ အများကြီးအောင်စရာမလိုပါ
သိန်း500ရင်းလို့ တစ်လက်ထပ်သိန်း500မြတ် သိန်းတစ်ထောင်ရောင်းစားရလျှင်ကျေနပ်ပါပြီ။ အလကားအကူအညီမတောင်းပါ
အောင်ကျောက်ဖြတ်ပေး ဝယ်ယူခ
ကျောက်ရောင်းပြီး သိန်းတစ်ရာပြန်ပေးဖို့လက်တွန့်နေမှာမဟုတ်ပါ။ဒါကတော့
စာဖတ်သူတို့မြင်သာအောင် ပြောပြခြင်းသာဖြစ်ပါတယ်ရှင့်ကျောက်စိမ်းအကြောင်း နားလည်တိုင်း အတွေ့အကြုံများတိုင်း ချမ်းသာနေကြမည်မဟုတ်ပါ)

ဒါပေမဲ့ အတော်အသင့်မိမိတို့အတွေ့အကြုံအားတွေနှင့်သာ မိမိတို့ရှေ့ရောက်လာတဲ့ကျောက်တွေကို ဖြတ်သင့်မယ်ထင်မှ ဖြတ်တာမျိုးတွေပါ။
ဒါလဲဖြစ်နိုင်ချေ များမယ်ထင်မှဖြတ်တာမျိုးပါ။ အရင်းအနှီးကလဲစကားပြောပါတယ်ရှင့် အရင်းအနှီးအားမကောင်းသူအတွက် ဖြစ်မလား?ပျက်မလားဆိုပြီး
စွန့်စားရဲလောက်တဲ့ ငွေကြေးမရှိခြင်းကြောင့် ဆယ်ကျောက်လဲဖြတ်ခွင့်မရ
ရာကျောက်လဲဖြတ်ခွင့်မရ သိန်းထောင်ဆို
စကားအဖြစ်ကိုပြောစရာမရှိ ဖြတ်ရဲမှ
ကျောက်အောင်တာမှန်ပေမဲ့ဖြတ်လို့မရတဲ့အခြေနေရှိသူတွေအတွက် သိန်းကျောက်
သောင်းကျောက်ဖြတ်ယုံနှင့် သိန်းထောင်ပိုင်း သိန်းသောင်းပိုင်းအောင်ဖို့မလွယ်.

ဆယ်ကျောက် ဆယ်ထပ်ကျောက် ဆယ်ကြီးကျောက်လောက်တော့ အောင်နိုင်ပါမယ်။

ကျောက်စိမ်းလုပ်တဲ့နေရာမှာ သိတတ်ကျွမ်းကျင်နေယုံနှင့်မပြီး အရင်းအနှီးကလဲ
တကယ်လိုအပ်တဲ့အရာတစ်ခုဖြစ်လာပါတယ်။

ငွေကြေးရှိသူများအတွက်တော့ ကျောက်စိမ်းကို မသိရှိ နားမလည်လျှင်ဆုံးရှူံးမူများပေမဲ့ သိရှိနားလည်ပါက
အရင်းအနှီးအားကောင်းသူတွေအတွက်တော့ လုပ်သင့် လုပ်ထိုက်တာတွေကို
လောဘမကြီးပဲ ပညာ ဥာဏ် နဲ့အတူ
စျေးကွက်နိုင်ပြီး ကျောက်ဝယ်တတ်
ရောင်းတတ်(ဝယ်ပေါက် ပေးစျေးမမြင့်
စျေးပေးမကျွံပဲဝယ်တတ်ခြင်း

ရောင်းပေါက် ဝယ်သောကျောက်ကို
ပြန်ရောင်းတဲ့အခါ အမြတ်ထွက်အောင်ပြုလုပ်ရောင်းနိုင်ခြင်း)
ရှိလျှင် သိန်းထောင်ငွေရင်းလို့
သိန်းရာပိုင်းမြတ်ဖို့ဆိုတာ လွယ်သွားပါတယ်။

ငွေအရင်းအနှီးအဆင်မပြေသူများအတွက်တော အမြတ်ငွေ 10000(ကျပ်)လေးမြတ်ဖို့တောင် နေပူစပ်ခါးမှာ အနိုင်နိုင်ရယ်ပါရှင့်

အပိုင်း(4)မျှော်

Ohnmar Tun
(ကျောက်စိမ်းရောင်းဝယ်ရေး)

#ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲ အပိုင်း(4) #
**************************************
*ကျောက်သမားဖြစ်လာလျှင် ဆုံးဖြတ်ချက်မြန်ဖို့ထက် ဆုံးဖြတ်ချက်မှန်ဖို့က အလွန်အရေးကြီးပါတယ်*

ကျောက်ရောင်း ကျောက်ဝယ်တဲ့နေရာမှာ
စိတ်ဆုံးဖြတ်တွေ မလောရပါဘူး(သေချာပေါက် မြင်တဲ့ကျောက်ဆိုလျှင်တော့ ဝယ်သင့်လျှင် အမြန်ဝယ်ရပါမယ်
ရောင်းသင့်တဲ့စျေးဆို အမြန်ရောင်းရပါမယ်။
သို့မဟုတ်က10သိန်းဝယ်လို့ သိန်း30လောက်ပြန်ရနိုင်ချေများနေပြီဆိုလျှင် လေးငါးသိန်းသွားစစ်မနေနဲ့ မိမိဘက်ကလဲ ပြန်ရောင်းရင် သိန်း30အနည်းဆုံးမြင်ထားတာမို့ ကျောက်မလွတ်အောင် ဆုံးဖြတ်ချက်မြန်အောင်ချရပါမယ်*
ကျောက်ဆိုတာ မိမိတို့မျက်စိရှေ့၌ မြင်တွေ့ရတာမျိုးတွေ ကျောက်လောကဝင်လာလျှင် ကြုံတွေ့ရတတ်မှာပါ။ မိမိလက်ထဲကလွတ်သွားတဲ့ကျောက်တစ်လုံးကို အမြတ်များမဲ့ကျောက်ဖြစ်နေပါက *ဖြစ်နိုင်တဲ့စျေးအထိ ပေးပြီးဝယ်တာကောင်းပါတယ်*

သို့သော် မြတ်မလား? ရှုံးမလား?
ဝေခွဲရခက်နေတဲ့ကျောက်ဆိုလျှင်
(အရှုံးဘက်သို့ ဖြစ်နိုင်ချေများတဲ့ကျောက်ဆိုလျှင် စိတ်မလောရပါ အနည်းဆုံးမိမိပေးနိုင်တဲ့စျေးမှမရပါက လက်လွတ်သင့်တာအကောင်းဆုံးပါ)

ကျောက်လောကဆိုတာ ဘယ်အရာမှပုံသေတွက်ရတာမဟုတ်ပါ။
မိမိတို့မြင်တွေ့နေရကျောက်တွေအပေါ်ဆုံးဖြတ်တဲ့အခါ *ဆုံးဖြတ်ချက်အမြန်ချ၍ယူသင့်တဲ့ကျောက်ရှိလျှင် ယူရပါတယ်။ တခါတလေ ဆုံးဖြတ်ချက်မြန် အားရုံမှားခြင်းကြောင့် ကျောက်အတု ကျောက်အမှားနှင့်ကြုံတတ်ပြန်တယ်။
ဥပမာဆိုပါတော့ အကျွတ်ရုပ်တွေ အရည်ရုပ်ပါတဲ့ကျောက်တွေရှိပါမယ်
ရောင်းစျေးက. တအားချိုနေလျှင်
ပစ္စည်းနှင့် ခေါ်စျေးတန်ဖိုး ချိုနေတယ်
(ကျောက်က သိန်းတစ်ရာခန့် မြင်တဲ့ကျောက်ဆိုလျှင် ကျောက်လာရောင်းသူက
သိန်း20သာ စျေးဆိုနေပါက အထူးဂရုစိုက်ရမယ် ဘာဖြစ်လို့ဆိုတော့ ဖြစ်နိုင်တဲ့အခြေနေထက် လွန်စွာကွာဟမူများလျှင် အဲဒီကျောက်အမှားများပါလေသလား? ကျောက်အစစ်ဓမ္မစစ်ဖြစ်သလားခွဲရပါမယ်ရှင့်။ တချို့ အာရုံမှားခြင်းကြောင့် ကျောက်အတု အရည်တု ဖြတ်စက်တု အခွံတု အခွံပြင်တင်မဟုတ် ကျောက်စိမ်းမဟုတ်တဲ့
ချွမ်ကာလာကဲ့သို့ အခြားကျောက်တုံးတွေပါ အဝယ်မှားတာတွေ ရှိလာကြပါတယ်။

အဝယ်မှားခြင်းမှာ
1။ ကျောက်၏လှပပုံမှာ ခေါ်စျေးထက်ပို၍
လှပတန်ဖိုးမြင့်မားနေသည်ဟု အာရုံတက်မိခြင်း

2။ ကျောက်လှပပုံထဲ၌ စိတ်မျောနေ၍
အတုလား? အစစ်လား?မတွေးမိပဲ ဝယ်မိလိုက်ခြင်း(တကယ်အတွေ့အကြုံများတဲ့သူတွေတောင် ဒါမျိုးဖြစ်တတ်ပါတယ်ရှင့်
ကျောက်စိမ်းဆိုတာ စိတ်အာရုံတွေနှင့်အလုပ် လုပ်ရတာမို့ လူစိတ်တစ်ချက်အတွေးမှားယုံ/ တွေ့သင့်တဲ့အရာ
မတွေးဖြစ်ခြင်းက ကျောက်အမှားဝယ်မိတတ်ခြင်းရဲ့ အဓိကအချက်ဖြစ်စေပါတယ်။

3။ လူယုံလွယ်ခြင်း မိမိကိုယ်ကိုအထင်ကြီးခြင်း

4။အဓိကတော့ လောဘပါပဲရှင့်
သိန်း20လောက်နဲ့ချယူပြီ သိန်းတရာကျော်အသာလေးရောင်းရမှာပဲလို့ မြင်မိစေခြင်းက လောဘ၏နောက်လိုက်စေရာအမှားပါပဲရှင့်

5။ မှော်မမှန်တာဝယ်မိခြင်း
အကျွတ်ရုပ်က တအားလှနေတော့
မှော်မခွဲတတ်ပဲ အောင်ဘာလေအကျွတ်ကို
မှော်စီဆာထွက်အကျွတ်ဟု အထင်မှားဝယ်မိလျှင် (အောင်ဘာလေအကျွတ်က အောင်ဘာလေအကျွတ်စျေးသာရှိပြီ မှော်စီဆာအကျွတ်စျေးနှင့်တော်တော်ကွာပါတယ်ရှင့် ကျမအသိတစ်ယောက်
လွန်ခဲ့သော 5နှစ်ခန့်က အောင်ဘာလေအကျွတ်မှန်းသိပါတယ် သိန်း320ဖြင့်
ဝယ်ခဲ့တယ် သူဝယ်တုန်းကအမြင်မှာ
သိန်း320ဝယ်ပြီး သိန်း500အထက်
သိန်းရာကြီးပိုင်ထိ ဖြစ်မယ်လို့တွေးမိပြီးဝယ်လာတာ သူအမြဲလုပ်နေကျက မှော်စီဆာကျောက်ပါရှင့် အောင်ဘာလေကျောက်ကလဲလှပြန် မှော်စီဆာလုပ်နေကျသူဆိုတော့ အကျွတ်ကို အကျွတ်စျေးသာပြန်မြင်ပြီဝယ်မိခဲ့တာ
လုံးခင်း ဘက်ပြန်ရောက် ကျောက်ကိုပြန်ပြ
စျေးက သိန်း80သာထွက်နေတယ်
သိန်းရာငွေမကျော် အထပ်ထပ်ပြ နေရာတော်တော်များများပြ နောက်ဆုံး.သိန်း100နှင့် ရွာလည်ပြီ(ကျောက်အား လူကြည့်များနေခြင်းကို
ရွာလည်ကျောက်ဟုခေါ်သည်)သိန်း220အရှုံးခံပြီရောင်းလိုက်ရတယ် ဖြတ်လျှင်မသေချာတော့မဖြတ်ရဲဘူးလေ အပွင့်မရ အသားတန်းလျော့သွားမယ်ဆို 15သိန်း20ဖြစ်သွားနိုင်တယ်လေ)

ကျောက်စိမ်းလုပ်ငန်းဆိုတာ ပုံသေနည်းမရှိသော အယူအဆတွရှိနေတာမို့ ဘယ်ကျောက်ကိုဝယ်ပါ ရောင်းပါလို့ပြောမရပါ
တစ်ခုတော့ရှိပါတယ်။

လုံးဝမဝယ်သင့်တဲ့အရာများတော့ရှိပါတယ် အဲဒီအရာတွေသိထားလျှင်
စာဖတ်သူတို့နောက်ဝယ်မိမှာမဟုတ်ပါ။

1။ ကျောက်စိမ်းမဟုတ်တဲ့အရာတွေ
လုံးဝမဝယ်သင့်ပါ မိမိဝယ်တဲ့ကျောက်
ကျောက်စိမ်းမျိုးမမှန်လျှင် သေချာပေါက်ရှုံးမယ် ပလွန်၊ကျီးကန်း၊တောင်ဆန်၊ပထော့၊လိပ်ကျောက်၊စလင်း၊ တို့ဖြစ်ပါတယ်
ကျောက်စိမ်းနှင့်ဆင်တူပေမဲ့ ကျောက်စိမ်းမဟုတ်သောကြောင့်ရှုံးပါမယ်ရှင့်

2။ ကျောက်အတု မဝယ်ရပါ။
အရည်တု အရည်သွင်း ဖြတ်စက်
ခွံပြင် ကော်ကပ်၊

3။ကျောက်စိမ်းမျိုးမှန်ပေမဲ့
ကျောက်မျိုးနုခြင်း၊ ငချိတ်တုံး.ရှင်းတုံး
ယမ်းကြမ်း၊ယမ်းကြီး၍ဆော့သောယမ်း၊
ယမ်းပြားများခြင်း၊ ယမ်းချောင်းတွေ
လားရာမတူ ယမ်းချောင်းကြီး၍ အခွံပေါ်၌ သိသာမြင်လွယ်ခြင်း၊ ငချိတ်ကွက်များခြင်း ရှင်းအလွန်များပြီး ပန်းအရည်မပါခြင်း၊ မသိရှိတဲ့မှော်ထွက်ဖြစ်ခြင်းများကိုမဝယ်သင့်ပါရှင့်

4။ နယ်ဝေးလို့ အင်တာနက်ပေါ်မှဝယ်လျှင်
ဝယ်တဲ့ကျောက် မိမိလက်ထဲရောက်လာလို့
ရှုံးတာ မြတ်တာ နောက်မှထား
ကျောက်တကယ်မပို့ပေးနိုင်တဲ့သူထံမှ
မဝယ်ရခြင်း။

အဲဒါလေးတွေ ဂရုစိုက်ရပါမယ်
နောက်များမှ ထပ်ရေးပေးပါမယ်ရှင့်

အပိုင်း(5)မျှော်

Ohnmar Tun
(ကျောက်စိမ်းရောင်းဝယ်ရေး)

#ကျောက်လောကသို့ ဘယ်ကစဝင်မလဲ
အပိုင်း(5) #
**************************************

အပိုင်း1မှအပိုင်း4ထိ အရင်းအနှီးရှိသူများအတွက် အခြေခံပြီးရေးခဲ့တယ်

ငွေအရင်းအနှီးရှိသူပဲဖြစ်ဖြစ်
ငွေအရင်းအနှီးမရှိသူပဲဖြစ်ဖြစ်

ကျောက်လောကသို့စဝင်မယ်ဆိုရင်
*အဓိကအကျဆုံးအရာမှာ "အချိန်"
နဲ့ နေရာ ဖြစ်ပါတယ်ရှင့်

မိမိအတွက် ငွေအရင်းအနှီးရှိသည်ဖြစ်စေ
ငွေအရင်းအနှီးမရှိသည်ဖြစ်စေ
ကျောက်စိမ်းလုပ်ငန်းအတွက်သီးသန့်အချိန်မှ မပေးနိုင်လျှင် မလွယ်ပါဘူးရှင့်
ကျောက်စိမ်းလောကနယ်ပယ် မျက်မြင်ထိတွေ့မူ ကြိမ်ဖန်များမူကတဆင့် ပညာဆိုတာရလာတဲ့အရာပါရှင့်

တချို့ကထင်ကြတယ် *ကျောက်စိမ်းသင်တန်းတက်ပြီး ကျောက်စိမ်းလုပ်ငန်းလုပ်စားလို့ရပြီထင်နေကြတယ်*

*ကျောက်စိမ်းသင်တန်း1လ2လ3လတက်ယုံနှင့် ကျောက်စိမ်းအရောင်းအဝယ်လုပ်စားမရသေးပါရှင့်(သင်တန်းတက်ပြီး
*လုပ်စားနေကြသူတွေမှာလဲ မိမိကိုယ်
မူလကတဲ့မှ နားလည်နေသူ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးတစ်ယောက်ကတွဲခေါ်လိုသာ အဆင်ပြေချင်ပြေမယ်။
အဲဒီလိုလက်တွဲခေါ်သူမရှိလျှင် *သိတော့
သိတယ် တတ်သလားဆိုတော့မတတ်ပါပြန်ဖြစ်နေအုံးမယ်*(ကျောက်စိမ်းလက်မှုပညာရပ်တွေကိုမဆိုလိုပါ ကျောက်စိမ်းအရောင်းအဝယ်ပြုမယ်သူများသာ ပြောပြခြင်းပါရှင့်)

(1)အချိန် နေရာ
ကျောက်စိမ်းလုပ်ငန်းစတင်လုပ်ကိုင်မဲ့သူများအတွက် အရေးအကြီးဆုံအရာက
အချိန်ပါပဲရှင့် အချိန်ဆိုတာ
1လ2လလောက်ပေးယုံနှင့်မရပါရှင့်
တကယ်တတ်ချင်ရင် တကယ်တတ်နိုင်တဲ့အခြေအနေဖြစ်ဖို့ အချိန်တော်တော်များများ ကျောက်စိမ်းထွက်ရှိရာနယ်မြေ
(or) ကျောက်စိမ်းစျေးကွက်ပြုရာနေရာဒေသက အရေးကြီးဆုံးဖြစ်ပါတယ်။

တချို့ကပြောကြတယ် အရင်းအနှီးမရှိသူတွေအတွက် ကျောက်ပွဲစားကစသင်တယ်တဲ့ (အဲဒီစကားလက်မခံဘူးရှင့် စတင်ဝင်ရောက်လာသူအတွက် မိမိနဲ့ မသိကျွမ်းတဲ့အရပ်(ကျောက်ဝိုင်းစျေးကွက်နား
ကျောက်အရောင်းအဝယ်ပြုရာနေရာမျိုး)နေရာမျိုးမှာ မိမိအတွက်လွန်စွာခင်မင်ရင်းနှီးသူမှမရှိရင် ဘယ်လိုမှမဖြစ်နိုင်ဘူးရှင့်

ပွဲစားလုပ်ဖို့ဆိုတာ တကယ်မလွယ်ပါ
ကျောက်ပိုင်ရှင်တွေကလဲ မိမိမသိတဲ့သူကိုကျောက်ပေးပွဲတိုက်ဖို့မဖြစ်နိုင်သလို
ကျောက်ပွဲမတိုက်ဖူးသူကိုလဲ ကျောက်ပေးမကိုင်ပါရှင့်။အနည်းဆုံးအခြေနဲ့ပြောရရင်
သိန်းကျောက် ဆယ်ကျောက်ပွဲကိုင်ဖို့မပြောနဲ့အုံး သောင်းထပ်ကျောက်လောက်တောင် ဘယ်လိုယုံကြည်မူမျိုးနှင့်ပေးကြမှာလဲရှင့် အဲတော့ အရင်းအနှီးမရှိသူတွေအတွက် မိမိနေတဲ့မြို့မှာ ကျောက်စိမ်းအရောင်းအဝယ်မရှိလျှင် ကျောက်ပွဲတိုက်ဖို့လဲမဖြစ်နိုင် ကျောက်စျေးကွက်သိဖို့ဆိုတာက ပိုဝေးသွားပြီ။

အရင်းအနှီးမရှိသူတွေများအတွက်
ကျောက်စိမ်းလက်မှုပညာသင်ချင်ရင်
မန္တလေးလိုနေရာမျိုးမှာသင်ပါ။
အဲဒါမှမဟုတ် ကျောက်စိမ်းအရောင်းအဝယ်နှင့် ခေါင်းကျောက်မှစိတ်ဝင်စားလျှင်တော့ *ကျောက်စိမ်းအဓိကထွက်ရှိရာ (ကျောက်ဝိုင်းစျေးကွက်တစ်ခုလဲရှိရာမြေ)ဖားကန့်နှင့်လုံးခင်းတဝိုက်ကို တကယ်တတ်ချင်လျှင် ကျောက်စိမ်းလုပ်ငန်းစိတ်ဝင်စားလျှင်
မဖြစ်မနေလာရမယ်ရှင့်။

ပြောကြမှာပေါ့ရှင့် ငွေအရင်းအနှီးကလဲမရှိ လူရင်းလူခံလဲမရှိ ဖားကန့်လုံးခင်းတက်ဖို့ဘယ်ဖြစ်နိုင်မှာလဲပေါ့။

အဲတော့ တကယ်လက်တွေ့ဘဝနှင့် ဖားကန့်လုံးခင်းမှာ ငွေအရင်းအနှီးကောင်းစွာမရှိ
လူရင်းလူခံမရှိပဲ ဒီနေ့ချိန်ထိ ရပ်တည်ပြီး
ကျောက်စိမ်းလုပ်ငန်းနှင့် ချမ်းသာလာတဲ့သူတွေ ဖားကန့်လုံးခင်းမှော်မှာအများကြီးပါပဲရှင့်။ သူတပါးကိုအကူအညီတောင်းလိုတဲ့စိတ်တွေ​ဖျောက်ပါဘဝဆိုတာ
ကိုယ်တိုင်သာ တိုက်တဲ့တိုက်ပွဲမို့ ဘယ်လိုကစလုပ်သင့်လျှင် ဘယ်လိုဖြစ်မယ်ဆိုတာ
တွေးတော ​ကြိုးစားကြပါရှင့်။
ဖားကန့်ကျောက်စိမ်းမြေအကြောင်းတွေ ကျောက်စိမ်းအ​ေကြာင်းတွေ အတော်အသင့် သိရလွယ်ကူပါတယ် အင်တာနက်စာမျက်နာများပေါ်တွင်လဲ မိမိတို့အတွေ့အကြုံတွေမျှဝေရေးသားနေသူတွေရှိလာတဲ့အတွက်ကြောင့် ဖတ်ရ မှတ်ရလွယ်ကူစေပါတယ်။

အရင်ခေတ်ကလူတွေဆိုလျှင် ဘာမသိ
ညာမသိနဲ့ အရဲစွန့်ပြီးတက်ကြပါတယ်ရှင့်

ဖားကန့်ဆိုတာ မြန်မာပြည်တွင်းထဲမှာပဲရှိတာမို့ နိုင်ငံခြားအလုပ်အကိုင်သွားလုပ်နေသူတွေထက်စာလျှင် များစွာတော်ပါတယ်ရှင့်။(ဆိုလိုတာက အလုပ်အကိုင်ကောင်းတာကိုပြောတာမဟုတ်ပါ။ သွားရလာရလွယ်ကူစေတာကိုပြောတာပါရှင့်)

အရင်းအနှီးရှိသူနှင့် မရှိသူတွေအတွက်
တကယ်လိုအပ်ဆုံးအရာက ကျောက်စိမ်းစျေးကွက်ပါပဲရှင့် ကျောက်စိမ်းစျေးကွက်ကိုသိမှ ကျောက်အရောင်းအဝယ်ပြုရလွယ်ကူကြမှာပေါ့ရှင့်
စျေးကွက်သိဖို့ဆိုလျှင် စျေးကွက်အရောင်းအဝယ်ပြုရာနေရာနှင့် အချိန်များစွာ ကြိမ်ဖန်များစွာ ထိတွေ့မူကသာလျှင်
ကျောက်စိမ်းစျေးကွက် ကျောက်စိမ်းတန်ဖိုး ကျောက်စိမ်းအမျိုးအစားတွေကိုခွဲတတ်လာမှာပါရှင့်။
ယခုခေတ်ကလူတွေအတွက်
ကျောက်စိမ်းရဲ့ အထိုင်တွေ
ယမ်းတွေဖတ်ယုံနဲ့တော့စျေးကွက်ကိုသိလာမည်မဟုတ်ပါရှင့်။

အပိုင်း(6)

Ohnmar Tun
(ကျောက်စိမ်းရောင်းဝယ်ရေး)

# #ကျောက်စိမ်းအကြောင်းနှင့် # # ရောင်း၀ယ်ပုံ

ကျောက်စိမ်းရောင်း၀ယ်ရာတွင် *ကျောက်စိမ်းအမျိုးအမည်ပုံစံအခြေနေပေါ်မူတည်၍ မိမိတို့ လုပ်ကိုင်ရောင်း၀ယ်ရာနှင့် နီးစပ်ကိုက်ညီတဲ့ အနေအထားတွေကို ကြည့်၍ ၀ယ်ကြပါသည်။

ကျောက်စိမ်းများသည် လိုင်းကွဲများစွာ ရှိခြင်းကြောင့် မိမိတို့လုပ်ကိုင်ရာ "ကျောက်စိမ်းလိုင်းကိုသာ ဦးစားပေးလုပ်ကိုင်ကြပါသည်။

အဓိက အားဖြင့်__
၁။ လုံးစွတ်လိုင်း
၂။ဖြတ်သားလိုင်း ပင်မထို၂ခုအခြေခံကာ
၁။ လုံးစွတ်လိုင်းတွင် မြင်သာအောင်
ထပ်ဆင့် သီးခြားခွဲရာ၌

၁။ ရေမဆေးကျောက်များ(သဘာ၀ ကျောက်ကြောထွက်ရုပ်များ)

၂။ အမြင်ဆေးပြီးသားကျောက်များ

၃။ ဖောက် ကွမ် ချွတ် ထားသော ကျောက်များ

ထို၃ မျိုးသည် လုံးစွတ်ကျောက်လိုင်းတွင် ပါ၀င်ပြီး

၁။ဖြတ်သား၊ ဖြတ်စ၊တစ်စများသည် ခွဲခြမ်းစိတ်ဖြာထားတဲ့ ကျောက်များသည် လုံးစွတ် ကျောက်လိုင်းတွင် မပါ၀င်ကာ ဖြတ်သားလိုင်းဟူ၍ ထိုလိုင်းတွင်ထည့်သုံးရပါမည်။

# လုံးစွတ်လိုင်းများတွင် *ကျောက်အမျိုးအစားနှင့်တကွ ကျောက်ထွက်ရာ "မှော်"၊ ကျောက်ထွက်ရာ အကြော တွေပါထည့်သုံး ရောင်း၀ယ်ကြပါသည်။

လုံးစွတ်ကျောက်လိုင်းများသည်
အများအားဖြင့် *ခေါင်းကျောက်*အဆင့်တွင်သာ ရှိသောကြောင့် * ခေါင်းကျောက် အဖြစ် ရောင်း၀ယ်ယူရာ၌ ထည့်သုံးတွက်ချက် ကြည့်ရှူရတဲ့ အချက်များမှာ( ခေါင်းယူရတဲ့အချက်များမှာ)
၁။ ကျောက်ထွက်ရှိရာ *မှော်*
၂။ ကျောက်ထွက်ရှိသော မြေကြောအလွှာ
၃။ ချော်( ကျောက်ချော်အခြေနေ)
၄။ ယမ်း(ကျောက်ယမ်းအခြေနေ)
၅။အထိုင်( ကျောက်၏တည်ဆောက်ပုံသဏ္ဍန်)
၆။အခွံ( အခွံရောင် အခြေနေ)
၇။ မျိုးတန်း( ကျောက်မျိုး အနု အရင့်အခြေနေ)
၈။ မီးပေါက်သောအခြေနေပမာဏ(မီးပေါက်ပုံ)
၉။ ပြချက်(ကျောက်အခွံယမ်းနှင့်တကွ လှပသော ကောင်းခြင်းဆိုင်ရာ ပြချက်တစ်စုံ တစ်ခု)
၁၀။ ပြစ်ချက်( ကျောက်အခွံယမ်းနှင့်တကွ အပြစ်အနာဆာ အဖျက်လက္ခဏာ တစ်စုံ တစ်ခု)
၁၁။ လူခေါင်းခြင်း
၁၂။ ကျောက်၏အနေအထား အလုံးအစုံနှင့်အတူ ကျောက်တန်းဖိုး ၀ယ်ယူသင့်တဲ့ ဈေးတန်း နှိုင်းယှဉ်မူ)
၁၃။အပေါ်မှာ ၁၂ချက်နှင့်အတူ တွက်ဆခြင်း
တို့ဖြစ်ပါသည်။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

#ကျောက်စိမ်း အရောင်းအ၀ယ်
🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

ကျောက်စိမ်းနှင့် သက်ဆိုင်သော လုပ်ငန်းများစွာရှိပါသည်။

၁။ ကျောက်စိမ်းရှာဖွေ တူးဖော်ပုံ
၂။ ကျောက်စိမ်း ရောင်း/၀ယ် ပြုလုပ်ပုံ
ထိုမှတဆင့် မိမိတို့နှင့် နီးစပ်ရာများတွင် လုပ်ကိုင်ကြပါသည်။

*ကျောက်စိမ်းနှင့် အရောင်း/အ၀ယ် ဆိုသော စကားသည် စကားစု အရ လွယ်ကူပေမယ့်
အရောင်း/အ၀ယ်၊ ဆိုင်ရာ လုပ်ကိုင်ပုံများသည်
တစ်ဦးနှင့် တစ်ဦး မတူညီ(ကျောက်စိမ်းပုံစံ အမျိုးအမည်၊ လုံးစွတ်၊ဖြတ်သား၊ အသားလိုင်း၊အရည်လိုင်း၊ အတစ်အချပ်၊အပွင့်အထည်၊ပုတီး၊ပန်းပု၊ မတူညီသော ကျောက်စိမ်းလိုင်းများစွာ)
ရှိခြင်းကြောင့် မိမိတို့ နိုင်ရာ ကျွမ်းကျင်ရာသာ
လုပ်ကိုင်ကြပါသည်။

*ကျောက်စိမ်း၊အရောင်း/အ၀ယ် ကို ဘယ်လိုင်းကို ပုံသေကိုင်၊ ပုံသေမြတ်ပါမည်၊ ပုံသေအဆင်ပြေမည်ဟူ အတိအကျ ပြောမရပါ။

** ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်၊ ရောင်း၀ယ် သူများသည်၊ မိမိတို့၏ ကျောက်ပညာ၊အရင်းအနှီး၊ငွေအား အနည်းအများ၊လုပ်ချက်၊ ၀ယ်ပေါက်၊ ရောင်းပေါက်၊‌ ဈေးကွက်‌ တွေနှင့်သာ လုပ်ကိုင်ကြပါသည်။

* ကျောက်စိမ်းလုပ်ငန်းသည် အခြားလုပ်ငန်းများနှင့်မတူညီပါ၊ ကျောက်စိမ်းလုပ်ငန်းနှင့် နီးစပ်ထိ‌တွေ့သူ၊ ကျောက်စိမ်းအကြောင်း လေ့လာနားလည်ထားသူ၊ ကျောက်စိမ်းဈေးကွက် ခန့်မှန်းနိုင်သူတွေသာ လုပ်ကိုင်ရ အဆင်ပြေပါသည်။

* * * ကျောက်စိမ်းအကြောင်း အထိအတွေ့နည်းသူ
* ကျောက်အမျိုးအစားမခွဲတတ်၊(မိမိလက်ထဲရောက်လာတဲ့ကျောက်က ဘယ်လိုပုံစံ ၊ဘယ်လိုအမျိုးအမည်မသိ၊ ) မျိုးတန်း၊အသားတန်းမသိ၊
* * * မှော်မသိ၊ ကျောက်ဆီကျောက်သားနားမလည်
ထိုသို့ ကျောက်စိမ်း၏အခြေနေပေါ်ကြည့်၍
မသိခြင်းများစွာနှင့် "၀င်တိုး ရောင်း၀ယ်မူပြုလျှင် အမြတ်ထက် ၊အရှုံးကသေချာပါသည်။

ကျောက်စိမ်းတစ်လုံးအား ၀ယ်ပြီးလျှင်
"အသုံးချနိုင်တဲ့ အခြေနေရှိမှ" ၀ယ်သင့်ပါသည်။

ဥပမာ။ ခေါင်းကျောက်၀ယ်မည်ဆိုလျှင်လည်း
ခေါင်းစရာအချက် ကျောက်၌ "ဘာပါရှိလည်း
ကြည့်၍ ခေါင်းရပါမည်။ ခေါင်းချက်မပါရှိသောကျောက်ကို ၀ယ်ယူ၊ ဆေး၊ဖြတ်၊ကွမ်နေမည်ဆိုလျှင် ဘာမှ ရမည်မဟုတ်ပါ။ ရေမဆေးဆိုလျှင်လည်း ကျောက်၌ ကျောက်မျိုးမှန်ခြင်းနှင့် ချော်လုံ၊ မောက်လုံကျန်ရှိ ပါရမည်။

* ကျောက်တစ်လုံးအား မ၀ယ်မှီ စဉ်းစားရပါသည်။ ၀ယ်ယူပြီးမှ စဉ်းစားလို့မရပါ ။

* * ကျောက်ကို ၀ယ်ယူပြီးမှ "ဘာအတွက် ၀ယ်မှန်းမသိ၊ ဘယ်နေရာ အသုံးတည့်မှန်းမသိ၊ဘယ်လိုင်းနှင့် ကိုက်ညီလဲ၊ ထိုသို့ ‌အကြောင်းတရားတွေ မသိရှိစွာနှင့် " စတင်ကျောက်စိမ်း၀ယ်ယူသူတွေ အရှုံးများဖို့ သေချာပါသည်။

* (ကျွမ်းကျင် ရောင်း၀ယ်ပြုသူများလဲ ကျောက်တစ်လုံးအား မ၀ယ်မှီ မစဉ်းစားဘဲ ၀ယ်ယူခြင်း
* မဟုတ်ပါ၊ မိမိတို့ ကျောက်ကို ၀ယ်ယူပြီးတဲ့အခါ
* ပြန်ခေါင်းဖို့လား၊ ပြန်ရောင်းဖို့လား ကြည့်၍သာ ၀ယ်ကြပါသည်။)

မိမိတို့ ၀ယ်ယူတဲ့ကျောက်အခြေနေကို အနီးစပ်ဆုံး အခြေနေတစ်ခုထိ ခန့်မှန်းတွက်ချက်နိုင်သူများအတွက် အဆင်ပြေပါသည်။

ကျောက်တစ်လုံးအား၀ယ်ပြီးရင် ကွဲပြားသော အဖြေတစ်ခုကို သိရှိရပါမည် ။
မိမိ၀ယ်တဲ့ကျောက်သည်
၁။*ခေါင်းဖို့၀ယ်တဲ့ကျောက်လား?( ဖြတ်မည်၊ကွမ်မည်၊ဆေးမည် ထိုအတွက်၀ယ်ယူခြင်းကို ခေါင်းဖို့၀ယ်သည်လို့ ဆိုရပါမည်)

၂။ ရောင်းဖို့၀ယ်တဲ့ကျောက်လား?( ကျောက်ကို ၀ယ်ယူပြီးတဲ့အခါ ၊တဆင့်ပြန်ရောင်းဖို့သာ ရည်ရွယ်ခြင်းကို ဆိုလိုသည်)
ထို၂ချက်နှင့် ကွဲကွဲပြားပြားသိရှိနေရပါမည်။
• စတင် ကျောက်စိမ်းလုပ်ကိုင်သူများအနေနှင့်
• • မိမိတို့ ဘယ်ကျောက်ကို ဘယ်လိုစတင် ၀ယ်ရ
• ရောင်းရမယ်မသိရှိကြပါ။ မိမိတို့နီးစပ်ရာ အနီးနားနှင့် ကွန်ယက် ဖုန်းများထဲမှာ ကြည့်၍ ၀ယ်ယူကြရသည်။

*မိမိပေး၀ယ်ရသော ငွေနှင့် ကျောက်အခြေအနေ တန်သည်/မတန်သည် မသိ စိမ်းစိမ်းမြင်တိုင်း( ကျောက်၌ မီးထိုးချက် ကာလာမြင်တိုင်း၊ မီးပေါက်ရိပ်ပါတိုင်း လှသည်ဟူ ထင်နေခြင်း) တွက်နှုန်း ကျောက်အခြေနေကို မသိရှိခြင်းက အမှား၌သာ ကျရှုံးနေပါမည်။

• အဓိက ရောင်း၀ယ်ခြင်းဆိုသည်မှာ
• ကျောက်တစ်လုံး၏ ရုပ်ခံအားပေါ်မူတည်ပြီး
• တန်ဖိုးသတ်မှတ်ကာ ဈေးကွက်၊လုပ်ချက်၊ပညာ၊
• နှင့် လုပ်ကိုင်ကြပါသည်။

* ကျောက်စိမ်းရောင်း၀ယ် လုပ်ကိုင်ရာတွင်
* * မိမိတို့၏ ငွေအရင်းအနှီး နိုင်သမျှ (သောင်းကျောက်၊သိန်းကျောက်၊ရာကျောက်၊ သိန်းထောင်ကျောက်၊ မိမိတို့နိုင်ရာငွေနှင့် လုပ်ကိုင်သော
* ကျောက်တန်ဖိုး အနေအထားများ)
* * မိမိတို့ ကျောက်ကျွမ်းကျင်ရာ လိုင်းများနှင့်သာ
* တွဲစက်၍ လုပ်ကိုင်ပါသည်။

* • ကျောက်စိမ်း ရောင်း၀ယ်ခြင်းသည်
• • မကျွမ်းကျင်မသိရှိပါက အရင်းအနှီးငွေ
• ဆုံးရှုံးနိုင်ပါသည်။ ‌ကျောက်တစ်လုံးအား
• • ၀ယ်မည်ဆိုလျှင် ၀ယ်ပေါက်၊ရောင်းပေါက်
• ကောင်းစွာ သိရှိထားမှ လုပ်ကိုင်သင့်ပါသည်။

• *ကျောက်လောက အမြဲလုပ်ကိုင်နေသူတွေလည်း
*ကျောက်တွေ့တိုင်း ၀ယ်ယူနေခြင်း မဟုတ်ပါ၊(နားမလည်သူ၊ စတင်လုပ်ကိုင်လာသူတွေက ထိုသို့မဟုတ် "ကျောက်မြင်တာ တွေ့တာနှင့် ၀ယ်ဖို့အတွက်သာ ချောင်းနေပါသည်။" အမြဲလုပ်ကိုင်နေသူတွေသည် မိမိတို့ မျက်မြင် လက်‌တွေ့ ကြည့်နေရသော ကျောက်ကိုတောင် ဘယ်ဈေး ဘယ်မျှ တန်နေပါစေ၊ ကျောက်လှနေပါစေ "မိမိတို့ လုပ်ကိုင်နေကြ ကျောက်အမျိုးအစား မဟုတ်ပါက ဈေးမပေးကြသလို ၀ယ်ယူ ပြန်ရောင်းချဖို့လည်း မတွေးကြပါ။

( မိမိလုပ်ကိုင်နေကြ ကျောက်အမျိုးအစာ

06/08/2026

#ကလေးငယ်တွေကိုဖြစ်သလိုမထားပါနဲ့
India နိူင်ငံမှာ 5 နှစ်အရွယ် ကလေးဦးဟာ
လမ်းဘေးမှာ ထိုင်နေစဥ် စိတ်ရိုင်းဝင်နေတဲ့
နွားမကြီးရဲ့ တိုက်ခိုက်မှု ဖြစ်စဥ်ပါ

#ဗဟုသုတ

 #အမရပူရလယ်ယာမြေမှထွက်ခွာသွားရန် #ပုသိမ်ကြီးမြို့နယ်အကွက်ရိုက်များ"တန်တယ်" ဆိုတိုင်း မဝယ်ပါနှင့် - မြို့နယ်စုံ အကွက်ရိုက...
29/07/2026

#အမရပူရလယ်ယာမြေမှထွက်ခွာသွားရန်
#ပုသိမ်ကြီးမြို့နယ်အကွက်ရိုက်များ
"တန်တယ်" ဆိုတိုင်း မဝယ်ပါနှင့် - မြို့နယ်စုံ အကွက်ရိုက်မြေနှင့် ဂျင်းစာချုပ်များ၏ အန္တရာယ်

"မဖြစ်မချင်းတော့ ဘာမှမဖြစ်ဘူး... ဖြစ်လာရင်လည်း ဘာမှပြန်မရဘူး" ဆိုတဲ့ စကားအတိုင်း တရားမဝင် အကွက်ရိုက်မြေကွက်တွေရဲ့ အန္တရာယ်က ကြီးမားလွန်းလှပါတယ်။ လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော အစရှိတဲ့ မြို့ကြီးတွေနဲ့ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကို အခွင့်ကောင်းယူပြီး၊ လယ်ယာမြေတွေကို ဥပဒေနဲ့မညီဘဲ အကွက်ရိုက်ရောင်းချနေတဲ့ "ဂျင်း" ဈေးကွက်ကြီးတွေ ပေါ်ပေါက်နေပါတယ်။ အကွက်ရိုက်ရောင်းသူတွေဟာ ဝယ်သူတွေ ယုံကြည်လာအောင် လှည့်ကွက်ပေါင်းစုံကို အသုံးပြုတတ်ကြပါတယ်။

မြေတန်ဖိုး အရင်းက တစ်ဧကပြတ်ဝယ်ပြီး အကွက်စိတ်ပြန်ခွဲရောင်း တဲ့အခါ ဈေးချိုလွန်းရင် ဝယ်သူက သံသယဝင်မှာစိုးလို့ သိန်း ၄၀၊ ၅၀မှာ ရာဂဏန်း အထိ ဈေးတင်ပြီး ယုံကြည်မှုရအောင် ဖန်တီးတတ်သလို၊ ဟန်ပြဓာတ်တိုင်တွေ စိုက်ပြပြီး နိုင်ငံတော်က ခွင့်ပြုထားသယောင် လှည့်စားတတ်ကြပါတယ်။ အမှန်တကယ်တော့ လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုမိန့်မရဘဲ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်းနဲ့ အုတ်တံတိုင်းခတ်ခြင်း စတဲ့ လုပ်ရပ်တွေဟာ တရားမဝင် မြေအရောင်းအဝယ်တွေသာ ဖြစ်တယ်လို့ သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတွေ့ရှိထားပါတယ်။ ပြင်ဦးလွင်၊ ပုသိမ်ကြီးဘက်မှာ အဖျက်ခံရတဲ့အခါ ရောင်းချသူနဲ့ ပွဲစားတွေ တာဝန်မယူသလို ကြော်ငြာပေးတဲ့ ဆယ်လီတွလည်း တာဝန်မခံပါဘူး။

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း (၁) သိန်းနှင့်အထက် တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှကို မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ လူအများစု အားကိုးနေကြတဲ့ အရပ်စာချုပ်ဆိုတာ တရားရုံးမှာ သက်သေခံ မဝင်နိုင်သလို၊ "ပုံစံ-၁၀၅" ဆိုတာဟာလည်း မြေတိုင်းမြေပုံသာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထား မဟုတ်တာကို သတိပြုရပါ။ လုပ်ငန်းရှင်တွေက ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ရအောင် ပိုင်ရှင်ယောင်ဆောင်သူတွေ၊ ပွဲစားတွေကို အသုံးချပြီး ဂျင်းစာချုပ်တွေနဲ့ ရောင်းချတတ်တာကြောင့် အရှုပ်အရှင်းဖြစ်လာရင် ဖြေရှင်းပေးမယ့်သူ ရှိမှာမဟုတ်ပါဘူး။

လက်ရှိမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ဒီလို ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ လုပ်ဆောင်ချက်တွေကို လယ်ယာမြေဥပဒေ ပုဒ်မ - ၁၉ နှင့် ၂၀(က) တို့အရ တရားစွဲဆိုခြင်း၊ အမိန့်ချမှတ်ခြင်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း စတဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်။ ဆယ်လီတွေကို သုံးပြီး ကြော်ငြာကောင်းတိုင်း မယုံမိဖို့နဲ့၊ ဥပဒေနဲ့မညီဘဲ ဝယ်ယူမိတဲ့ မြေကွက်တွေဟာ အချိန်မရွေး အစိုးရရဲ့ သိမ်းဆည်းခြင်းကို ခံရနိုင်ခြေ အလွန်များပြားတာကို သတိချပ်သင့်ပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ မိမိတို့ ခက်ခဲစွာ စုဆောင်းထားတဲ့ ငွေကြေးတွေ အလဟဿ မဖြစ်စေဖို့အတွက် "တန်တယ်" ဆိုတဲ့ စကားလုံးနောက်ကို မျက်စိမှိတ် မလိုက်ကြဖို့နဲ့ မြေကွက်တစ်ကွက်ကို မဝယ်ယူမီ ဥပဒေကြောင်းအရ ခိုင်မာမှု ရှိ၊ မရှိကို တတ်သိနားလည်တဲ့ ရှေ့နေ (သို့မဟုတ်) မြေယာကျွမ်းကျင်သူတွေနဲ့ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်ရဲ့ ရှိစုမဲ့စု ငွေလေးတွေ ဆုံးရှုံးမသွားအောင် "စာများများဖတ်ပြီး ဥပဒေဗဟုသုတနဲ့ ကိုယ့်ပိုင်ဆိုင်မှုကို သတိရှိရှိကာကွယ်ထားပါ။
#မြေယာဗဟုသုတ #အကွက်ရိုက်မြေ #ဥပဒေသတိ

27/07/2026

ကိုရင် နဲ့ ပရိတ်သတ် လုပ်ပုံက 🤭🤭🙄

 #ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေများလမ်းဖောက်ခြင်း , အကွက်ရိုက်ရောင်းချခြင်းခုတလော ဟိုနားဖြိုလိုက် ဒီနားဖျက်လိုက်တွေပိုတွေ့...
13/06/2026

#ခွင့်ပြုချက်မရှိဘဲ
လယ်ယာမြေများ
လမ်းဖောက်ခြင်း , အကွက်ရိုက်ရောင်းချခြင်း
ခုတလော ဟိုနားဖြိုလိုက် ဒီနားဖျက်လိုက်တွေ
ပိုတွေ့လာရပါတယ် ။

14/05/2026

#မန္တလေးမှာလှေကားပေါ်တက်ပြီး
အလုပ်လုပ်နေတဲ့ တစ်ယောက်ကို ကယ်လိုက်တာက အောက်က ညီလေး 👍⛑
တချို့တွေဆို ပြီးပြီရောက် အောက်မှာ ဖုန်းထိုင်ကြည့်တယ် ဂိမ်းဆော့တယ် ကိုယ့်ရဲ့ လုပ်ဖက်ကိုင်ဖက်
အခြေနေကို သတိမထားမိကြဘူး ။ Safety ဆိုင်ရာ အသိပညာ ရှိကြတဲ့ ဝန်ထမ်းတွေနဲ့ တွဲလုပ်ရတာဟာလည်း အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်ကို ကြိုတင် Safe ဖြစ်စေပါတယ် ။ အခုလို မိုးဦးကျ / မိုးတွင်း မှာဆိုရင်
ကွန်ကရိတိုင် အမြင့်တက်ခြင်း ( လမ်းမီးတိုင် , ဆက်သွယ်ရေးတိုင်) တွေဟာ အန္တရာယ် အများဆုံးပါ။
FTTH, PSTN Telecom Company
တော်တော်များများလည်း
သက်ဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး
သင်တန်းများ ပို့ချပြီး ဖြစ်သော်လည်း လိုက်နာမှုအားနည်းချက်များကြောင့် ဖြစ်ပါသည် ။
ကျန်မာဘေးကင်းသော လုပ်ငန်းခွင်များမှာ
Safe ဖြစ်နိူင်ကြပါစေ ✍

12/05/2026

#ပုသိမ်ကြီးမြို့နယ်အကွက်ရိုက်များ
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသောစိတ်ဖြင့် သတင်းများကို
တင်နေခြင်းမဟုတ်ပါ 🙏🙏🙏

 #ပုသိမ်ကြီးမြို့နယ်အကွက်ရိုက်များ"တန်တယ်" ဆိုတိုင်း မဝယ်ပါနှင့် - မြို့နယ်စုံ အကွက်ရိုက်မြေနှင့် ဂျင်းစာချုပ်များ၏ အန္တ...
02/05/2026

#ပုသိမ်ကြီးမြို့နယ်အကွက်ရိုက်များ
"တန်တယ်" ဆိုတိုင်း မဝယ်ပါနှင့် - မြို့နယ်စုံ အကွက်ရိုက်မြေနှင့် ဂျင်းစာချုပ်များ၏ အန္တရာယ်

"မဖြစ်မချင်းတော့ ဘာမှမဖြစ်ဘူး... ဖြစ်လာရင်လည်း ဘာမှပြန်မရဘူး" ဆိုတဲ့ စကားအတိုင်း တရားမဝင် အကွက်ရိုက်မြေကွက်တွေရဲ့ အန္တရာယ်က ကြီးမားလွန်းလှပါတယ်။ လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော အစရှိတဲ့ မြို့ကြီးတွေနဲ့ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကို အခွင့်ကောင်းယူပြီး၊ လယ်ယာမြေတွေကို ဥပဒေနဲ့မညီဘဲ အကွက်ရိုက်ရောင်းချနေတဲ့ "ဂျင်း" ဈေးကွက်ကြီးတွေ ပေါ်ပေါက်နေပါတယ်။ အကွက်ရိုက်ရောင်းသူတွေဟာ ဝယ်သူတွေ ယုံကြည်လာအောင် လှည့်ကွက်ပေါင်းစုံကို အသုံးပြုတတ်ကြပါတယ်။

မြေတန်ဖိုး အရင်းက တစ်ဧကပြတ်ဝယ်ပြီး အကွက်စိတ်ပြန်ခွဲရောင်း တဲ့အခါ ဈေးချိုလွန်းရင် ဝယ်သူက သံသယဝင်မှာစိုးလို့ သိန်း ၄၀၊ ၅၀မှာ ရာဂဏန်း အထိ ဈေးတင်ပြီး ယုံကြည်မှုရအောင် ဖန်တီးတတ်သလို၊ ဟန်ပြဓာတ်တိုင်တွေ စိုက်ပြပြီး နိုင်ငံတော်က ခွင့်ပြုထားသယောင် လှည့်စားတတ်ကြပါတယ်။ အမှန်တကယ်တော့ လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုမိန့်မရဘဲ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်းနဲ့ အုတ်တံတိုင်းခတ်ခြင်း စတဲ့ လုပ်ရပ်တွေဟာ တရားမဝင် မြေအရောင်းအဝယ်တွေသာ ဖြစ်တယ်လို့ သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတွေ့ရှိထားပါတယ်။ ပြင်ဦးလွင်၊ ပုသိမ်ကြီးဘက်မှာ အဖျက်ခံရတဲ့အခါ ရောင်းချသူနဲ့ ပွဲစားတွေ တာဝန်မယူသလို ကြော်ငြာပေးတဲ့ ဆယ်လီတွလည်း တာဝန်မခံပါဘူး။

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း (၁) သိန်းနှင့်အထက် တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှကို မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ လူအများစု အားကိုးနေကြတဲ့ အရပ်စာချုပ်ဆိုတာ တရားရုံးမှာ သက်သေခံ မဝင်နိုင်သလို၊ "ပုံစံ-၁၀၅" ဆိုတာဟာလည်း မြေတိုင်းမြေပုံသာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထား မဟုတ်တာကို သတိပြုရပါ။ လုပ်ငန်းရှင်တွေက ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ရအောင် ပိုင်ရှင်ယောင်ဆောင်သူတွေ၊ ပွဲစားတွေကို အသုံးချပြီး ဂျင်းစာချုပ်တွေနဲ့ ရောင်းချတတ်တာကြောင့် အရှုပ်အရှင်းဖြစ်လာရင် ဖြေရှင်းပေးမယ့်သူ ရှိမှာမဟုတ်ပါဘူး။

လက်ရှိမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ဒီလို ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ လုပ်ဆောင်ချက်တွေကို လယ်ယာမြေဥပဒေ ပုဒ်မ - ၁၉ နှင့် ၂၀(က) တို့အရ တရားစွဲဆိုခြင်း၊ အမိန့်ချမှတ်ခြင်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း စတဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်။ ဆယ်လီတွေကို သုံးပြီး ကြော်ငြာကောင်းတိုင်း မယုံမိဖို့နဲ့၊ ဥပဒေနဲ့မညီဘဲ ဝယ်ယူမိတဲ့ မြေကွက်တွေဟာ အချိန်မရွေး အစိုးရရဲ့ သိမ်းဆည်းခြင်းကို ခံရနိုင်ခြေ အလွန်များပြားတာကို သတိချပ်သင့်ပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ မိမိတို့ ခက်ခဲစွာ စုဆောင်းထားတဲ့ ငွေကြေးတွေ အလဟဿ မဖြစ်စေဖို့အတွက် "တန်တယ်" ဆိုတဲ့ စကားလုံးနောက်ကို မျက်စိမှိတ် မလိုက်ကြဖို့နဲ့ မြေကွက်တစ်ကွက်ကို မဝယ်ယူမီ ဥပဒေကြောင်းအရ ခိုင်မာမှု ရှိ၊ မရှိကို တတ်သိနားလည်တဲ့ ရှေ့နေ (သို့မဟုတ်) မြေယာကျွမ်းကျင်သူတွေနဲ့ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်ရဲ့ ရှိစုမဲ့စု ငွေလေးတွေ ဆုံးရှုံးမသွားအောင် "စာများများဖတ်ပြီး ဥပဒေဗဟုသုတနဲ့ ကိုယ့်ပိုင်ဆိုင်မှုကို သတိရှိရှိကာကွယ်ထားပါ။
#မြေယာဗဟုသုတ #အကွက်ရိုက်မြေ #ဥပဒေသတိ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mandalay Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share