12/03/2022
ဖန်တီးမှုအနုပညာရဲ့တန်ဖိုးဆိုတာ အဲ့ဒီအနုပညာကိုဖန်တီးလိုက်တဲ့သူရဲ့ စိတ်ဝိဉာဥ်တွေ၊ နှလုံးသားတွေ၊ ခံစားချက်တွေအပြည့်ပါဝင်နေတတ်တာပါ။
တစ်ခါတစ်လေမှာ တစ်ချို့ တစ်ချို့သော ဓါတ်ပုံဝယ်ယူလိုသူတွေဟာ ကျွန်တော်တို့ဓါတ်ပုံအနုပညာရှင်တွေ ဖန်တီးထားတဲ့ပုံတွေကို သူတို့ရဲ့ ဧည့်ခန်းမှာ သူတို့ရဲ့
ဧည့်ကောင်းဆောင်ကောင်းတွေကို မျက်စိပသာဒဖြစ်
စေမယ့် ဓါတ်ပုံလေးတွေနဲ့ အလှဆင်ပြီးဧည့်ခံလိုစိတ်ရှိကြပါတယ်။
အဲ့လိုစိတ်တွေသာရှိကြတာ။ တစ်ကယ့်တစ်ကယ် အဲ့ဒီလိုဖန်တီးရိုက်ကူးထားတဲ့ဓါတ်ပုံတွေကို လာဝယ်တဲ့အခါမျိုးမှာတော့ အဲ့ဒီဓါတ်ပုံအနုပညာရှင်ဖန်တီးထားတဲ့ အလှဓါတ်ပုံတွေကို ဖန်တီးသူဓါတ်ပုံအနုပညာရှင်သတ်မှတ်ထားတဲ့ အနုပညာကြေးကိုတော့တန်ရာတန်ကြေး ပေးချေရမှာ လက်တွန့်နေတတ်ကြပြန်ရော။ သတ်မှတ်ပေးလိုက်တဲ့အနုပညာကြေးကိုပြောလိုက်တဲ့အချိန်မျိုးမှာလည်း နှာခေါင်းရှုံ့သလိုအမူအရာ နဲ့ စကားသံတွေကို မြင်ခဲ့ရ၊ ကြားခဲ့ရပြန်တယ်။ ပြောကြပါသေးတယ် "ကျွန်တော်/ကျွန်မ မှန်းထားတဲ့ စျေးနှုန်းနဲ့ ဆယ်ဆလောက်ကွာနေတယ်" တဲ့။ သူတို့က သာမန် Vinyl ထုတ်တဲ့စျေးနှုန်းလောက်ပဲပေးချင်ကြတယ်။ ဘာမှတော့ ပြန်မပြောလိုပါဘူး ပြုံးပဲပြုံးပြီး ငြင်းပယ်လိုက်မိတော့တယ်။
တစ်ကယ်တမ်းစဥ်းစားကြည့်ပြန်တော့ ဒီလိုအပြုအမူဟာ ကိုယ်ရဲ့ဧည့်ကောင်းဆောင်ကောင်းအပေါ်တန်ဖိုးမထားသလို၊ ဖန်တီးသူဓါတ်ပုံအနုပညာရှင်ကိုလည်း တန်ဖိုးမထားရာရောက်ပါတယ်။
ဖန်တီးမှုတစ်ခုခုရဲ့တန်ဖိုးဟာ ဖန်တီးသူရဲ့သတ်မှတ်တဲ့ တန်ဖိုးပဲဖြစ်ပါတယ်။ ဘေးကလူက တန်ဖိုးသတ်မှတ်လို့မရပါခင်ဗျာ။
ဓါတ်ပုံအနုပညာဖန်တီးသူများ၊ ဓါတ်ပုံအနုပညာကို တန်ဖိုးထားသူများအားလေးစားလျှက်...
ချစ်ခြင်းအားဖြင့်-
Tun Lwin (Photography)