£ í ñ ý å ū ń ĝ

 £ í ñ ý å ū ń ĝ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from  £ í ñ ý å ū ń ĝ, Photography Videography, Mahlaing.

Permanently closed.
---မတူတာတွေကို လိုက်တုမနေနဲ့ကိုယ်ပဲစိတ်ပင်ပန်းရလိမ့်မယ်။---မတွဲချင်တဲ့သူကိုအတင်းဆွဲမနေနဲ့ ကိုယ်ပဲစိတ်ထိခိုက်ရမယ်။---အလေး...
29/06/2021

---မတူတာတွေကို လိုက်တုမနေနဲ့
ကိုယ်ပဲစိတ်ပင်ပန်းရလိမ့်မယ်။

---မတွဲချင်တဲ့သူကို
အတင်းဆွဲမနေနဲ့ ကိုယ်ပဲစိတ်ထိခိုက်ရမယ်။

---အလေးမထားတဲ့သူကို
ဂရုစိုက်မနေနဲ့ ကိုယ်ပဲပိုနာကျင်ရမယ်။

---စိတ်ဓာတ်ညံံ့ဖျင်းတဲ့သူကို
မျှတွေးဖို့ လမ်းမညွှန်နဲ့ ကိုယ်ပဲအမုန်းခံရမယ်။

---အငြင်းခံလိုက်ရလို့ မကျေမနပ်ဖြစ်မနေနဲ့
ပြိုင်ငြင်းချင်တဲ့ စိတ်ကို ထိန်းလိုက်နိူင်တဲ့
ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်ပါစေ။

---လောကမှာ
ကိုယ်ဖြစ်ချင်တာဖြစ်မလာတတ်ပေမဲ့
ဖြစ်လာတဲ့ အရာတိုင်းအပေါ်
လက်ခံတတ်ရင် ဘယ်လိုဒုက္ခအခက်အခဲနဲ့ကြုံကြုံ
ရင်ဆိုင်ဖို့ သတ္တိရှိနေမှာပါ။

---စိတ်ချမ်းသာအောင် နေတတ်ဖို့
ရွှေပေးစရာ၊ငွေပေးစရာမှမလိုတာ
ဖြစ်လာတဲ့ ကိစ္စတိုင်းအပေါ်
ကိုယ်ခံယူလိုက်တဲ့ စိတ်ဓာတ်ကသာ အဓိကပဲမဟုတ်လား...။

---ကြယ်တစ်လုံး ကြွေလို့
ကမ္ဘာကြီးမှောင်မိုက်မသွားသလို
ဒုက္ခတစ်ခုကြုံလို့
ဘဝတစ်ခုလုံး လဲပြိုမသွားပါဘူး
ဒါပေမယ့် ကိုယ်ထားလိုက်တဲ့စိတ်ထားလေးက
ပြိုလဲသွားအောင် ဖန်တီးရင် ပြိုလဲသွားမှာပါ
ဒီလိုမှမဟုတ်ပဲ ပိုခိုင်မာလာအောင်စွမ်းဆောင်နိူင်တဲ့အခါ ဒုက္ခတိုင်းက ယူတတ်ရင် သင်ခန်းစာတွေပဲမဟုတ်လား ။

လေးစားစွာဖြင့် ❤❤❤
(ရာမညမြေ)

#မေဆုရာမညမြေအတွေးစာစုလေးများ

ပုညခင်စာအုပ်များ စုစည်းမှု 🌸🌸 အထက်တန်းစားရေ  https://www.naingdroidapps.com/book-shelf/share/6f47814c-2374-48e1-aca5-387...
28/06/2021

ပုညခင်စာအုပ်များ စုစည်းမှု 🌸

🌸 အထက်တန်းစားရေ https://www.naingdroidapps.com/book-shelf/share/6f47814c-2374-48e1-aca5-38784bcf7c61

🌸 ယောကျာ်းတစ်ယောက်ရဲ့ဖြစ်တည်မှု https://www.naingdroidapps.com/book-shelf/share/0bad64edac87f31e8d8127e96075414ed980d6806895689530

🌸 အချစ်စစ်မရသူများ https://www.naingdroidapps.com/book-shelf/share/49b0bd3f1db58b2b92e0bfc541eb44eb4e5997495355535514

🌸 မကြွေပါနဲ့ဆာကူရာ https://www.naingdroidapps.com/book-shelf/share/940e02d3352973ce662dc0156536acb57f08ceab5130513012

🌸 လက်ကျန်လရောင် https://www.naingdroidapps.com/book-shelf/share/35f3d79a-ab11-4945-b286-ded84f77c651

🌸 အချစ်ကိုစောင့်ဆိုင်းခြင်း https://www.naingdroidapps.com/book-shelf/share/35f3d79a-ab11-4945-b286-ded84f77c651

🌸 ချစ်သူမရှိတဲ့မိန်းမ https://www.naingdroidapps.com/book-shelf/share/3e57c00e-5287-423d-ab4d-6a306f379ba4

🌸 နင့် https://www.naingdroidapps.com/book-shelf/share/e0ad3fa9b2c959518d423bba54b099adf56e5ad65387538715

🌸 မင်္ဂလာပါဆရာမ https://www.naingdroidapps.com/book-shelf/share/64382cf1-0d86-425a-b5c5-31ec63292150

🌸 တစ်နေ့မှာအချစ်ကိုတွေ့ရင် https://www.naingdroidapps.com/book-shelf/share/c3f952ae-24d5-425c-a87e-798d2614ad73

🌸 အချစ်သည်ထိုကဲ့သို့လည်း https://www.naingdroidapps.com/book-shelf/share/d76e59a6-1266-4a73-94d0-2006f2945bb1

🌸 အနောက်တောင်အရပ်မှလာခဲ့သူ https://www.naingdroidapps.com/book-shelf/share/e65f80b3-170e-4a9a-bf2b-4b8493fa5e27

🌸 တောင်တန်းတွေရဲ့အလွန် https://www.naingdroidapps.com/book-shelf/share/102de0ad-0d9f-4e54-9dd7-cc28ae0bc572

🌸 အရှေ့တံခါးအဝင် https://www.naingdroidapps.com/book-shelf/share/92e38322-ac14-435c-ae6d-ab6368be07c4

🌸 ပန်းလှေ https://www.naingdroidapps.com/book-shelf/share/63316d2dbd6e392feab30756e2e082cdf0386de66424642425

🌸 ဆံခြင်တစ်မျှင်မဝေးချင် https://www.naingdroidapps.com/book-shelf/share/0579e0f056454920a218290da4f90d482458356b6471647126

🌸 ယောကျာ်းတစ်ယောက်ရဲ့အချစ် https://www.naingdroidapps.com/book-shelf/share/1e4dab6ad758250765b9ddd70145f55b56bb60eb6743674328

🌸 အမုန်း၏ဆွဲငင်အား https://www.naingdroidapps.com/book-shelf/share/5f971de29f45d8da3a15d1b9b9b0ddd67a482f356757675728

🌸 ဇာတ်လမ်းဟောင်းတွေရှိခဲ့လျှင် https://www.naingdroidapps.com/book-shelf/share/95dd7431079e9f0ee8fde2a276fd1dd8bad54f926860686030

🌸 မိန်းမတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိ https://www.naingdroidapps.com/book-shelf/share/7a6ed29518077d28ba79439dbc7a478626ac16a2617061702

🌸 ချစ်လှစွာသောအမုန်း https://www.naingdroidapps.com/book-shelf/share/7a60b7e006ceeec80d67e56637c60782801d9f8a6614661427

🌸 ကျွန်မကနှင်းဆီပါမောင်
https://www.naingdroidapps.com/book-shelf/share/5333a4fac187856e9f097b3182159722d2026bc35894589420

🌸 သူညှို့ခေါ်ရာဆီ https://www.naingdroidapps.com/book-shelf/share/371e4fa455c395bd3641b963c9cd7df97e01ca625973597321

🌸 ထီးလေးမိုးပေးပါ https://www.naingdroidapps.com/book-shelf/share/3b8d7e6d608f6012dfefcffcaba07a4f14b3914b5996599621

🌸 ရက်ရက်စက်စက်မိုး(ပ) https://www.naingdroidapps.com/book-shelf/share/632cded49e837a0c133ce3555a78fdda66cdec
085318531814

🌸 ရက်ရက်စက်စက်မိုး(ဒု) https://www.naingdroidapps.com/book-shelf/share/5f7e5da0ffe1c1b9fd130ef16a0d2430fe45eea75308530814

🌸 အဝေးချစ် https://www.naingdroidapps.com/book-shelf/share/99e09eeb33625ae2812b032314a71a62e46f1dca5239523913

🌸 ကြယ်တစ်ပွင့်နှင့်စံပယ်ဖြူ https://www.naingdroidapps.com/book-shelf/share/4a7c1d3d2eada67c526c6f9807b29dbefcf5d1235052505211

𝐁𝐨𝐨𝐤𝐢𝐬𝐡 𝐛𝐲 𝐊𝐚𝐫𝐢𝐧𝐞 📚✨

မနက်အိပ်ရာကနိုး​​တော့အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့အသက်၂၆နှစ်အရွယ်ကောင်မလေး💔💔အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေအာ...
28/06/2021

မနက်အိပ်ရာကနိုး​​တော့
အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့
အသက်၂၆နှစ်အရွယ်ကောင်မလေး💔💔
အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေ
အာရုံကြော​ပျက်သွားတာလို့ဆရာဝန်များဆို😰

#မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ💙💙

ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss
သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့
အားလုံးလဲ သိထားရအောင်
ပြန်လည်မျှဝေတာ

Sleep Deprivation ( အိပ်ရေးမဝခြင်း )
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ post ကိုတော့ညဘက်တော်တော်နဲ့
မအိပ်နိုင်တဲ့သူတွေ
ဖတ်သင့်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊
ဒါပေမယ့်အိပ်လားဆို
တော့မအိပ်ကြပါဘူး ။
အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ
များတယ် ။
အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှ
စအိပ်ကြတယ် ။
အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။
တချို့ဒီလိုတွေးတယ် "
ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊
အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ
ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။

No ပါ 🚫
ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့
တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ ❓❓❓

Symptoms စပြရင်ယေဘုယျအားဖြင့်
ခေါင်းအပိုင်းက
စပြကြတာများတယ် ။

Memory Issues မှာဆိုရင်
ညဘက်ဆိုကိုယ့် ဦးနှောက်က
သူ့ထဲအသစ်ထပ်ထည့်ရမယ့်
Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ
မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။ 
အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာ
အားနည်းလာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး
ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူး
မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။
ဒီ weight gain ကတော့
ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic
အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့
Sleep Deprivation
အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်
ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့
အတွက်ရောဂါပိုးတွေ
အလွယ်တကူဝင်နိုင်တယ် ။

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့
ရောဂါတွေက
နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊
ဆီးချိုစတဲ့ရောဂါ
တွေဖြစ်နိုင်တယ် ။
S*x Hormones တွေပွားနှုန်းကိုလဲ
လျော့စေပါတယ် ။

Sleep Deprivation ဖြစ်တာ
ကြာလာရင်ရုပ်ပိုင်းဆိုင်ရာ
ကိုပါထိခိုက်လာနိုင်တယ် ။
ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင်
ဘာမှမကိုင်နိုင်တော့ဘဲအား
မရှိတော့မျိုးတွေဖြစ်နိုင်တယ် ။
အိပ်ရေးမဝရင်
အသိသာဆုံးကမျက်လုံး မျက်နှာ
ဖြစ်တဲ့အတွက် skin suffer
တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ

ဒါတွေကတော့ခေါင်းအစခြေအဆုံး
ဖြစ်တတ်တဲ့ Sides Effect တွေပါ ။ 💁🏻

၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြ
ပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

Dr.Zyinkey

 #အဆဲဝင်္ကဘာအကျိုးဆက်  #သံသရာရဲ့ဘဝတိုင်းမှာဆပ် .?***********************မအေ နဲ့ တပ်ပြီး ဆဲခဲ့လို့ ဘဝ တစ်ခုမှာ သားအမိသုံး...
28/06/2021

#အဆဲဝင်္ကဘာအကျိုးဆက်
#သံသရာရဲ့ဘဝတိုင်းမှာဆပ် .?
***********************

မအေ နဲ့ တပ်ပြီး ဆဲခဲ့လို့
ဘဝ တစ်ခုမှာ
သားအမိသုံးယောက် လင်မယား
အဖြစ် ပေါင်းသင်း နေထိုင်ရတဲ့
ဇာတ်တော်ရှိခဲ့တယ်..။

အဆဲ သန်ခဲ့လို့
ဘဝ ပေါင်း ငါးရာ
သူယုတ်မာ ဘဝ အဖြစ်
ကျင်လည်ခဲ့ရပြီး
နောက်ဆုံး
ရဟန္တာ ဖြစ်တာတောင်
တွေ့ သမျှကို သူယုတ်ဆိုပြီး
ခေါ်ရတဲ့ မထေရ်ကြီး ရှိခဲ့တယ် ..။

ဝါသနာ က အထုံပါလာခဲ့လို့
ကိလေသာ ကုန်ပေမဲ့
ဝါသနာ မကုန်ခဲ့ဘူး ။

ဘုရားရှင်သာ
ဖြေရှင်း မပေး နိုင် ခဲ့ရင်
စော်ကားမဲ့ ရဟန်းတွေအများကြီးပဲ
ငရဲရောက်မဲ့ ရဟန်းတွေ
အများကြီးပဲ ဖြစ်ကြလိမ့်မယ်..။

ကချေသည် နဲ့ တူတယ်လို့
ပြောခဲ့မိလို့..
ရဟန္တာ ဖြစ်မဲ့ ဘဝမှာတောင်
ဇာတ် ထဲ မှာ လိုက်ပြီး
ဇာတၠခဲ့ရတဲ့
ပုဂ္ဂိုလ် ရှိဘူးတယ်။

ပစ္စေကဗုဒ္ဓါကို
ဟန်ပန် အမူအယာနဲ့
ခါးကုန်းကြီးသဏ္ဌာန် လုပ်ပြခဲ့လို့
သောတာပန် ဖြစ်တာတောင်
ခါးကုန်းကြီး ဘဝ နဲ့ ဖြစ်ခဲ့တဲ့
ကျွန်မ လည်း ရှိခဲ့ဘူးတယ်..။

ဗုဒ္ဓကလည်း
စေတနာနဲ့ ပြုလုပ်ပြောဆိုတဲ့
အကြောင်းအရာ တွေဟာ
အကျိုး မခံစားရပဲ
ပျောက်ပျက်မသွားဘူးတဲ့..။

ဒီကနေ့ခေတ်
မြန်မာနိုင်ငံမှာ
နိုင်ငံရေး အရှုပ်အထွေး ကြောင့်
ရဟန်းတော် တွေ တင်မကပဲ
သံဃာ ဆိုတဲ့ အဖွဲ့အစည်း
ဂုဏ်ပုဒ် ကိုတောင်
အယုတ္တ အနတ္တ တွေနဲ့
ဆဲဆိုနေကြတာတွေဟာ..
တွေးမိတိုင်း ကြက်သီး ထ စရာပါ..။

ပါးစပ် နောက်မှာ
ဘဝ တွေ ပါတယ် ဆိုတာ
အချိန်မှီ သိနိုင်ကြပါစေ..။

တကယ်တော့
ဆဲတယ်
ယုတ်ညံ တဲ့ စကားတွေနဲ့
နှိုင်းတယ် ဆိုတာ
ကိုယ် ဆဲ တဲ့သူ က
ဘာဖြစ်မယ် မဖြစ်ဘူးဆိုတာ
မ သေချာ ပါဘူး..။

ကိုယ် ကတော့
အမိ ဂုဏ် ကိုလည်း
ဖျက်ဆီးရာ ရောက်တယ်။

ကိုယ့် ရဲ့ ဝစီ ကြောင့်
ကိုယ့် လည်း
အကုသိုလ် အပြစ်တွေ ဖြစ်စေတယ်..။

တစ်ချို့ လူတွေက
ဆဲ ချင်စရာ ကောင်း လောက် အောင်ကို
မတရား ယုတ်မာ နေကြတယ်။

အဲ့ဒါကြောင့်
မနေနိုင် လို့ ဆဲ တယ်..။

ဒါပေမဲ့
မဆဲခင် တွေးရမှာ
ကိုယ့်အမေ ဂုဏ်လည်း ရင်းရမယ်
ကိုယ့်လဲ
မကောင်းမူတွေ ပြောမိလို့
၀စီ အပြစ်တွေ
ခံ ရဦးမယ်လေး

ဆဲလိုက်ကြတာ
သူ ဘာဖြစ်မယ်
မသေချာဘူး

ကိုကတေ့ာ ချက်ချင်း ဆိုတဲ့
အကျိုး ပေးတာခံရတော့တာပါပဲ

ပါးစပ်နောက် မှာ
ဘဝတွေ ပါတတ်တာကို
သတိ ချပ် စေချင်တယ်

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
✍✍✍✍✍✍✍✍✍
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
ဗဟုသုတ စာပေများကို
ဖတ်ချင်လိုပါ...👇👇👇👇👇

နည်းနည်းပြော........များများနားထောင်ပါ
28/06/2021

နည်းနည်းပြော........များများနားထောင်ပါ

28/06/2021
စာဖတ်ခြင်းဟာ ဘဝမှာအရေးကြီးတယ်ဆိုတာလူတိုင်းသိကြပါတယ် ထို့ကြောင်ပင် "အလိမ္မာ စာမှာရှိ" စာအုပ်စာပေ လူမိတ်ဆွေ လို့ဆိုကြပါတယ်...
28/06/2021

စာဖတ်ခြင်းဟာ ဘဝမှာအရေးကြီးတယ်ဆိုတာ
လူတိုင်းသိကြပါတယ်
ထို့ကြောင်ပင်
"အလိမ္မာ စာမှာရှိ" စာအုပ်စာပေ လူမိတ်ဆွေ လို့ဆိုကြပါတယ်...

ကဲ....ဒါဆိုရင် စာဖတ်ခြင်းဟာ ဘာကြောင့်အရေးကြီး
သလဲ မေးလာရင် အချက်ကျပျ ဖြေတတ်သူနည်း
ပါတယ် လူတိုင်းလူတိုင်း စာပေကို ဘာကြောင့်
ဖတ်သင့်သလဲဆိုတာ အချက် ၈ချက်နဲ့ ကျနော်
တင်ပြပါမယ်....ရှင်...

၁။ ဗဟုသုတကြွယ်ဝခြင်း
📖📖📖📖📖📖📖📖
#ကိစ္စတိုင်းကိုအရင်သိခြင်း✍
စာဖတ်အားကောင်းသူတွေဟာ သူများထက်
မသိတာမရှိဖြစ်ပြီး ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့
ဖြေရှင်းနိုင်စွမ်းရှည် ပိုကောင်းပါတယ်
ကိစ္စတိုင်းကို စူးစမ်းလိုစိတ်ပြင်းပြီး မိမိကိုယ်တိုင်
ဘယ်အလုပ်ကို ဝါသာနာပါတယ်ဆိုတာတောင်
ခန်းမှန်းနိုင်ပါတယ်။ ထိုအပြင် ပဋိပက္ခဖြေရှင်းနိုင်
စွမ်းဆိုတာ စာဖတ်ပြီး အကြေားအမြင်များမှ
သာလျှင် ဖြစ်နိုင်ပါတယ်....

၂။ #ဘဝတိုးတတ်ခြင်း✍
စာဖတ်မှသာလျှင် မိမိဘဝတိုးတတ်နိုင်ပါတယ်
စာဖတ်ခြင်းအားဖြင့် လောကကြီးအကြောင်းကို
ပိုသိပြီး ယနေ့ခေတ်လူတွေ ဘယ်လိုစိတ်ထားမျိုး
ထားတယ် ဘယ်လိုအကြောင်းအရာမျိုးကို စိတ်
ဝင်စားတယ်ဆိုတောင် သိရှိနိုင်ပါတယ် စာအုပ်
စာပေဆိုတာ ဘဝအတွက် တည်ငြိမ်အေးချမ်းသော
သူငယ်ချင်း၊အယုံကြည့်ရဆုံး အကြံပေးအရာရှိ
သဘောထားကြီးတဲ့ ဆရာတစ်ဆူပဲ ဖြစ်ပါတယ်

၃။ #နားလည်နိုင်စွမ်းရည် တိုးတတ်ခြင်း✍
မင်းစာအုပ်များများ ဖတ်တဲ့အခါ နားလည်မှုစွမ်းရည်
မြင့်တတ်ပြီး လောကကြီးရဲ့ အကြောင်းပိုနားလည်
ပါတယ် ဥပမာ....မင်း..မိကျောင်းရဲ့ အကြောင်းကို
စာအုပ်ထဲမှာ လေ့လာတယ်ဆိုပါတော့....
မင်းဟာ မိကျောင်းရဲ့ ကျတ်စားနေရာ ဘယ်လိုအ
ကြောင်းအရာကြောင့် မိကျောင်းအကိုက်ခံရတယ်
ဆိုတာ သိရှိပြီး သတိထားနိုင်ပါတယ်..တကယ်လို့
မင်းကို မိကျောင်းဖမ်းခိုင်းရင်တောင် မင်းကမိကျောင်း
ရဲ့ သဘောသဘောဝကို သိနေရင် မခက်ခဲတော့ပါဘူး
တကယ်ဆို စာဖတ်တယ်ဆိုတာ လူလောကသဘော
သဘောဝကို ပိုပြီး သိရှိစေချင်တာပဲ....ဂိမ်းတစ်ခု
ကစားတဲ့အခါ ဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းကို
သိနေရင် လွယ်ကူသလိုပေါ့ မင်းဟာ လူတွေရဲ့
သဘောကို သိနေရင် အောင်မြင်ဖို့ မခက်ခ့ဲတော့ပါဘူး

၄။ #ပွဲအဝင်ခင် ပြင်ဆင်ခြင်း✍
တကယ်ဆို မင်းအလုပ်တစ်ခုလုပ်မယ်ဆိုရင်
ဘယ်အရာတွေက လိုအပ်ချက်ရှိမလဲ ဘယ်အရာ
တွေက. အားနည်းချက်ရှိလဲဆိုတာ သိသင့်ပါတယ်
ဒါတွေကလည်း စာဖတ်မှပဲ သိမှာပါ။မင်းဆုံးဖြတ်ချက်
ချတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်...ဟင်း ဘယ်လို
ချက်ရမယ် စစ်တုရင် ဘယ်လိုထိုးရမယ် စားသောက်
ဆိုင်မှာ ဟင်း ဘယ်လိုမှာရမယ်ဆိုတာက အစ
မင်းအတွက် အသုံးဝင်စေပါတယ် ကိစ္စတိုင်းကို
မပြုလုပ်ခင် အရင်သုံးသပ်ပြီး လုပ်ဆောင်ရင်
အောင်မြင်ဖို့ နီးစပ်မယ်ဆိုတာ စာဖတ်ခြင်းကပဲ
မင်းကို သင်ပေးနိုင်တာပါ......

၅။ #အခြားသူများထံမှ အတွေ့အကြုံရရှိခြင်း✍
မင်းကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းကို
ဖတ်ပြီး သူတို့ရဲ့ ဘဝအတွေ့အကြုံ ဖြတ်သန်းမှုတွေ
ကို သင်ယူရရှိနိုင်ပါတယ် မင်းဟာ လိုချင်တဲ့ပန်းတိုင်
ကို သွားတဲ့နေရာမှာ မှားဖူးတဲ့အမှားကို နောက်
တစ်ကြိမ်ထပ်မမှားနိုင်တာကြောင့် ဘဝမှာ လွယ်
လွယ်ကူကူနဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ် မင်းဟာ
အောင်မြင်သူတွေရဲ့ အကြံဥဏ် ကျရှုံးသူတွေရဲ့
လုပ်ရပ်တွေကို သိထားတဲ့အတွက် စာဖတ်ထားတဲ့.
သူဟာ စာအုပ်ကိုင်ပြီး ရတနာသိုက်ရှာရသလိုပါပဲ
ဘဝဆိုတာ ခေါက်ရိုးကိျုး အမှားတွေကို ထပ်ခါထပ်ခါ
လုပ်နေဖို့ အချိန်မရှိပါဘူး...တိုတောင်းလွန်းပါတယ်
ယနေ့ ခေတ်မှာ ဘီလီယံနာပေါင်း ၄၀၀၀ကျော်
မီလီယံနာပေါင် ၁၂သန်းကျော် ရှိပါတယ်.
မင်းလည်း သူတို့လိုဖြစ်ဖို့ သူဖြစ်အရင်က ဘယ်လို
ဖြတ်သန်းခ့ဲလို့ ယနေမှာ ဘယ်လို့ဖြစ်နေတယ်ဆိုတာ
သင်ခန်းစာယူပြီး ကြိုးစားလို့ရတယ်ဆိုတာ
စာအုပ်ဖတ်ထားမှပဲ ဖြစ်နိုင်ပါတယ်....

၆။ #ဆက်ဆံရေး မဟာဗျူဟာ ကောင်းခြင်း✍
မင်းဟာ စာဖတ်ထားရင် စာမဖတ်တဲသူနဲ့နှိုင်းယှဉ်ရင်
လူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာ မင်းဟာ
ပိုပြီး သာနေမှာဆိုတာ သေချာပါတယ်....
ယနေ့ခေတ် ဘာတွေဖြစ်နေတယ်ဆိုတာ သိရှိပြီး
လူမှုဆက်ဆံရေး အဆင်ပြေကာ အောင်မြင်
မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပါပြီ....

၇။ #အာရုံစိုက်ခြင်း ✍
မင်းဟာ စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး
တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီးဖတ်နေမယ်ဆိုရင်
စာရေးဆရာ ဘာကိုဆိုလိုသလဲဆိုတာ ရှင်းရှင်းလင်း
လင်းနားလည်ပြီး ပိုမိုထိရောက်စေပါတယ်...
ထိုအပြင် အာရုံစိုက်မှု အားကောင်းစေပြီး စာဖတ်
ကောင်းသူတွေဟာ အများအားဖြင့် ဆုံးဖြတ်ချက်
မမှားကြပါဘူး.....

၈။ #စိတ်ကူးယဉ်၊ဖန်တီးမှု ပိုကောင်းခြင်း✍
စာဖတ်အားကောင်းသူတွေဟာ သူများနှင့်မတူ
အတွေးအခေါ် ပိုကောင်းလေ့ရှိပါတယ် လူအများ
မမြင်နိုင်တဲ့ ကိစ္စရပ်တွေကို ပိုမိုတွေးခေါ်လေ့ရှိပြီး
မထင်မှတ်တဲ့ လုပ်ရပ်တွေကို လုပ်ပြလေ့ရှိပါတယ်
"မဖြစ်နိုင်ဖူးဆိုတာ လောကမှာ မရှိ၊မဖြစ်သေးတာပဲ"
ရှိတယ်လို့ ခံယူထားကြလို့...စာအုပ်တွေဆိုတာ
ရှုပ်ထွေးလှတဲ့ ပင်ကူအိမ်ကြီးနဲ့ တူပါတယ်
ဘယ်လိုတစ်ခုကို တစ်ခု ချိတ်ဆကိနေတယ်ဆိုတာ
မင်းသိလာလေလေ မင်းဟာ အတွေးအခေါ်အသစ်
တွေ ကွန်မြူးလေလေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်
to original

စီးပွားပျက်နေသော အမေရိကန်နိုင်ငံကိုပြိုင်ဘက်ကင်းနိုင်ငံအဖြစ် ပြောင်းလဲခဲ့သူအောက်ပိုင်းသေနေသော မဟာလူသား.....
28/06/2021

စီးပွားပျက်နေသော အမေရိကန်နိုင်ငံကို
ပြိုင်ဘက်ကင်းနိုင်ငံအဖြစ် ပြောင်းလဲခဲ့သူ

အောက်ပိုင်းသေနေသော မဟာလူသား.....

ရှေး.....ရိုးစကား  မှတ်၍ထား။✍️.....အစာနှင့် ခိုင်း ၀မ်းကိုနှိုင်း ၀င်တိုင်းမစားနှင့်။။နေ့ ည ချင့်နှိုင်း ကာလ ပိုင်း ပျော...
28/06/2021

ရှေး.....ရိုးစကား မှတ်၍ထား။

✍️.....

အစာနှင့် ခိုင်း ၀မ်းကိုနှိုင်း ၀င်တိုင်းမစားနှင့်။။

နေ့ ည ချင့်နှိုင်း ကာလ ပိုင်း ပျော်တိုင်းမအိပ်နှင့်။။

ဒေသ ချင့်ပိုင်း ခရီးနှိုင်း ရောက်တိုင်းမသွားနှင့်။။

အရေး ချင့်နှိုင်း ခြားနား ပိုင်း သိတိုင်းမပြောနှင့်။။

ဆင်ခြင် တွေးတော သူ့သဘော ပြောတိုင်းမယုံနှင့်။။

လျှို့ဝှက် သင့်ငြား သူ တပါး အားလုံး မပုံနှင့်။။

သူ တပါးကို အမျက် လို ပြင်ကို မထွက်နှင့်။။

စကား ပြောဆို မှန်ကင်းလို ကိုယ့်ကိုယ် မမြှောက်နှင့်။။

သူများ ချီးမြှောက် စိတ်ကြီး ရောက် မမြှောက် မကြွ
နှင့်။။

အာရုံ ငါးဖြာ သွေး ဆောင်ရာ အာသာ မမက်နှင့်။။

အကျင့် မမှား စည်းသို့ ထား တရား မလွန်နှင့်။။

သူရမ်း မော်ကြွား နှုတ်ထွက် ကြွား စကား မကျွံနှင့်။။

ကိုယ်နှင့် မျှတ နှိုင်း ခိုင်းဆ မာနမချွန်နှင့်။။

နှေးသင့် လျင်သင့် ဉာဏ်နှင့် ချင့် မဖင့် မသော့နှင့်။။

ဆိုခွင့် ရောက်က ဆိုကုန်ကျ နှုတ်ရွ မဆော့နှင့်။။

မြွေငယ် မီးသေ ငါမလေးဟု အရေးမပေါ့နှင့်။။

ပညာ နှိုင်းညှိ ကြံခွင့် ရှိ သတိ မကင်းကျစေနှင့်။။

ညောင်ပင်သာ(ဦးပုည ဝိစိတွ)

သုတဂဝေသီ ဗန်းမော်။။

မေတ္တာဖြင့် မျှဝေခြင်းသာ။။

📖_____စာဖတ်ပါ_____📖📚ကမ္ဘာပတ်စရာမလိုဘူး     စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်....📚  ပညာတတ်ပြီး စာမဖတ်ရင်     သင်တတ်ထားတဲ့ပညာက  ...
28/06/2021

📖_____စာဖတ်ပါ_____📖

📚ကမ္ဘာပတ်စရာမလိုဘူး
စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်....

📚 ပညာတတ်ပြီး စာမဖတ်ရင်
သင်တတ်ထားတဲ့ပညာက
အလကားပါပဲ.....။

📚 စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို
ပြောင်းလဲစေနိုင်သည်....။

📚စာဖတ်ခြင်းဖြင့် အကောင်းအဆိုး
အကြေားင်အကျိုးကို
ဝေဖန်ပိုင်းခြားနိုင်သည်...

📚စာဖတ်ခြင်းသည် ဗဟုသုတရသကဲ့သို့
လူစိတ်ကိုလည်းပြောင်းလဲစေနိုင်သည်....

📚စာအုပ်စာပေ လူ့မိတ်ဆွေတဲ့
မိတ်ဆွေကောင်းထက်
အသိပညာတွေပေးနိုင်တာ
"စာပေ''ပါပဲ....

📚ဗဟုသုတ၊ ရသ ၊ကဗျာ ၊ဟာသ စတဲ့စာပေ
အားလုံးသည် ကဏ္ဍတစ်ခုချင်းစီတွင်
စာဖတ်သူအားလုံးကို အကျိုးပြုပါသည်....

📚ထို့ကြောင့်...
စာများများဖတ်ပါ...
စာဖတ်ခြင်းသည်
ညဏ်အလင်းကိုရစေပါသည်...

📚ထမင်းမစားလျှင်
တစ်ရက်ပဲငတ်ပါမည်....

📚 စာမဖတ်လျှင်တော့
တစ်သက်လုံးငတ်လ်ိမ့်မည်.....

📖 စာဖတ်ခြင်းရဲ့ခွန်အား
သင့်ဘ၀ကို တိုးပွါးစေနိုင်တယ်.....

📖 အလိမ္မာ စာမှာရှိ
``စာအရှိ အလိမ္မာ´´
လက်ခံကျင့်သုံး ဖြန့်ဝေပါ....

📖 ``ဘဝ´´ကို အပင်လိုမျိူး
အပင်ရေလောင်း သီးပွင့်ကောင်း
လမ်းကြောင်းမှန်မည်ပင်.......

📖 သီးပွင့်စားလို များထိုထို
ပင်ကို ရေလောင်းပါ.........

📖 အနာဂတ်မှာ ချမ်းသာဖို့ရေး
``စာပေ´´များကို လေ့လာပေး......

📖 အသိရှိသူက အမြင့်ရောက်မှ
ကိုယ်ချင်းစာတရား ထားတတ်တယ်.......

📖 ဘာစာဘဲဖြစ်ဖြစ်
တွေ့ရင်ကောက်ယူ ဖတ်ကြပါ.......

📖 စာဖတ်ခြင်းဟာ
သင့်ဘ၀ကို ပြောင်းလဲနိူင်တယ်ဆိုတာ
ယုံကြည်ပါ။ လက်တွေ့လုပ်ကြည့်ပါ။

📖 (အချိန်သည် ဘ၀ + အချိန်သည် ငွေ)
ဒီနှစ်ခုက အချိန်တော့ အချိန်ပဲ
တူလား____________?

=============================............. ပြန်လည်မျှဝေပါသည် ။

မေတ္တာဖြင့်
စာဖတ်လျှင် ကမ္ဘာပတ်စရာ မလိုဘူး #
.
by Alinyaung

Address

Mahlaing

Website

Alerts

Be the first to know and let us send you an email when  £ í ñ ý å ū ń ĝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share