Pa.O Family - Universities Of Loikaw

Pa.O Family - Universities Of Loikaw For all Pa-O students at Loikaw University(Day,UDE)
Technological University,Computer University and

အကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည် နှင့် ရှမ်းပြည် နယ်စပ်တွင် ထိုးစစ်ဆင်သည့်စစ်ပွဲများအပေါ် ဖက်ဒရယ် ဒီမိုကရေစီ လိုလားသော ပ...
30/05/2021

အကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည် နှင့် ရှမ်းပြည် နယ်စပ်တွင် ထိုးစစ်ဆင်သည့်စစ်ပွဲများအပေါ် ဖက်ဒရယ် ဒီမိုကရေစီ လိုလားသော ပအိုဝ်းတိုင်းရင်းသားအင်အားစုများ၏ သဘောထားထုတ်ပြန်ချက်

May 30, 2021

မြန်မာနိုင်ငံရှိတက္ကသိုလ်များမှ ပအိုဝ်းကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ခြင်း(ဤသဘောထားထုတ်ပြန်ချက်သည် တက္ကသိုလ်ရှိ ပါမေ...
05/02/2021

မြန်မာနိုင်ငံရှိတက္ကသိုလ်များမှ ပအိုဝ်းကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ခြင်း

(ဤသဘောထားထုတ်ပြန်ချက်သည် တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ
လုံးဝမသက်ဆိုင်ဘဲ ကျောင်းသား/သူများ၏
သဘောထားသာဖြစ်သည်)

ဤထုတ်ပြန်ချက်သည် နိုင်ငံတစ်ဝန်းရှိ ပအိုဝ်းကျောင်းသား/သူများ၏ သဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။

**စစ်အာဏာရှင်စနစ် မုချကျရှုံးပါစေ**

24/03/2020

Pls Share...COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

၁၊ ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့တယ်၊

၂၊ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် / အပူချိန်မြင့်
တာကိုကြောက်ရွံ့တယ်၊

၃။ လေဝင်လေထွက် ရှိတဲ့‌နေရာ ကိုကြောက်တယ်၊

၄၊ ကလိုရင်းပိုးသတ်ဆေးကို ကြောက်ရွံ့တယ်၊

၅၊ အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်
ရွံ့တယ်၊

၆၊ လက်များကို မကြာခဏ ဆေး‌ကြောခြင်းကိုကြောက်တယ်၊

၇။ ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံအား ကောင်းခြင်းကိုကြောက်ရွံ့တယ်၊ ကိုယ်ခံအား ကောင်းခြင်းဟာ
အကောင်းဆုံး ကြိုတင်ကာကွယ် ခြင်းပဲဖြစ်တယ်၊
virus ဗိုင်းရပ်စ်ပိုးမှ ကြိုတင် ခုခံ၊ ကာကွယ်ရန် လွယ်ကူတဲ့ နည်း ၈ ခု ရှိပါတယ်၊

၁၊ ဒီတစ်နှစ်အချိန် အတောအတွင်းမှာ အိပ်ရေးဝအောင် အိပ်ပါ၊
၂၊ နံနက်စာ ပုံမှန်စားပါ၊ ဒိန်ချဉ်စား‌ပေးပါ၊
၃၊ ကြက်သွန်ဖြူ များများစား‌‌ပေးပါ၊
၄၊ ပျားရည်နဲ့ ဂျင်းရေ၊ သံပုရာရည်ကိုသောက်ပါ၊
၅၊ နေ့လည် လက်ဖက်ရည် သောက်ပေးပါ၊
၆၊ လေ့ကျင့်ခန်းမှန်မှန်၊ အနည်းဆုံးတစ်ပတ်
တစ်ခါလုပ်ပေးပါ၊
၇၊ နေရောင်ခြည်ကို မကြာခဏ ထိတွေ့ပေးပါ၊
၈၊ တက်ကြွ၊ ရွှင်လန်းတဲ့စိတ်ကို ပိုင်ဆိုင်နိုင်ပါ‌စေ၊
အကောင်းမြင်တတ်ပါစေ၊

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ၀ - ၂၄ ရက် အတွင်းပေါက်ဖွားရန် အရှိန်ယူလာပြီး၊ ရောဂါကူးစက်ပြီး တဲ့နောက်မှာရောဂါ၊ လက္ခဏာတွေကို မပြပေမယ့် အဆုတ်ဆဲလ်တွေက ပူပြင်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ်ပူ၊ အပြင်းဖျား၊ ချောင်းဆိုးစ ပြုလာပါမယ်၊
ဆေးရုံမှာ လာစစ်ဆေးတဲ့အချိန်မှာ အဆုတ်
ရဲ့တစ်ဝက်‌ကျော်လောက် မှာ ရောဂါတွေ ကူးစက်
ပျံ့ပွားလို့နေခဲ့ပါပြီ၊ ကုသရန် အချိန်အလွန် နောက်ကျသွားပြီ၊ ကျွမ်းကျင်သူများက သင့်ရဲ့အဆုတ်ကို မထိခိုက်စေရန် တတ်နိုင်သမျှ နက်ရှိုင်းစွာ အသက်ရှူရန်၊ အသက်ပြင်းပြင်းရှူရန် အကြံပြုထားပါတယ်၊ တစ်ကယ်လို့ သင်က ချောင်းဆိုးခြင်း / ရင်ဘတ်မှာ နေထိုင်ရတာ အဆင်မပြေခြင်း / အသက်ရှူကြပ်ခြင်း လက္ခဏာများ မပြပါဘဲ၊ နေ့စဉ်ပုံမှန် နေရင်းထိုင်ရင်းနဲ့လည်း အဆုတ်မှာ ရောဂါကူးစက်၊ နိုင်သေးကြောင်းဖော်ပြထားပါတယ်၊ နံနက်‌စော‌စောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊
နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ပါ၊ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ၊

Source : Observation and surveillance of
Covid-19 from Songkhla Nakarin Hospital.
ဝင်းတား
credit
မှတ်ချက်..မည်သူမဆို လွတ်လပ်စွာ Copy ယူတင်ပေးကြပါနော်။

ပအိုဝ်းအမျိုးသားနေအားကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျွန်တော်တို တက္ကသိုလ်ပေါင်းစုံ(လွိုင်ကော်)ပအိုဝ်းကျောင်းသား ကျောင်းသူများ...
07/03/2020

ပအိုဝ်းအမျိုးသားနေအားကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျွန်တော်တို တက္ကသိုလ်ပေါင်းစုံ(လွိုင်ကော်)ပအိုဝ်းကျောင်းသား ကျောင်းသူများအဖွဲ့မှအကဖြင့်တစ်ဖက်တစ်လှမ်းပါ၀င်ဖျော်ဖြေခွင့်ရတဲအတွက်အတိုင်းမသိ၀မ်းသာဂုဏ်ယူပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
7.3.2020

ကယားပြည်နယ်  ၁၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲတော်အတွက် ပြင်ဆင်မှုတချို့😉 5.3.2020
06/03/2020

ကယားပြည်နယ် ၁၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲတော်အတွက် ပြင်ဆင်မှုတချို့😉

5.3.2020

Pa-O Family-Universities of Mandalay မှ Copy ယူပါသည်။ မကြာမီကျရောက်တော့မည့် ပအိုဝ်းအမျိုးသားနေ့ (သို့မဟုတ်) တပေါင်းလပြည်...
26/02/2020

Pa-O Family-Universities of Mandalay မှ Copy ယူပါသည်။

မကြာမီကျရောက်တော့မည့် ပအိုဝ်းအမျိုးသားနေ့ (သို့မဟုတ်) တပေါင်းလပြည့်နေ့ ၏ အနက်အဓိပ္ပယ်ဖွင့်ဆိုချက်

ပအိုဝ်းအမျိုးသားနေ့
ဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာပုံ
===========&============

မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားသည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့်ဝေါဟာရက ဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။ မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သု၀ဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေဝီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေထွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့် သု၀ဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။ သူရိယစန္ဒာမင်းလက်ထက်မှ စ၍ ပအိုဝ်းလူမျိုးတို့သည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ရွှေဆံရံစေတီ ရှိရာသို့ သွားရောက်ပြီး ကောက်သစ်ပူဇော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း စသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာမှ ၁၉၄၇ ခု မတ်လတွင် ဖဆပလ၏ မြေယာခွဲဝေရေး ပေါ်လာစီကို စမ်းသပ်သည့်အနေဖြင့် သထုံဒေသရှိ လယ်ယာမြေအမြောက်အများကို သိမ်းယူခဲ့သည်။ ထိုကြောင့် သထုံဒေသရှိ ပအိုဝ်းလယ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော်က သထုံမြို့ရှိ ဖဆပလ ကော်မရှာနာရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အောက်ပါ အဆို (၃)ရပ်ကို တောင်းဆိုခဲ့သည်။ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ ပအိုဝ်းဟုသာ ခေါ်ဆိုရေးသားရန်။မြေယာခွဲဝေရေး ပေါ်လာစီကို ပြန်လည်ရုပ်သိမ်းပေးရန်။ ဗမာ့တပ်မတော်တွင် ပအိုဝ်းတပ်ရင်း (၂)ရင်း ထူထောင်ပေးရန် စသည်တို့ ဖြစ်သည်။ ထိုအဆို(၃)ရပ်ကို ပအိုဝ်းလူမျိုးကို နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုမှု မပြုရန် စသည့် ပထမအချက်ကိုသာ ဖဆပလ က လိုက်လျော်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူရိယစန္ဒာမင်း၏ ဂုဏ်ကျေးဇူးကို အောင့်မေ့သည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ တွင် မြန်မာပြည်အောက်ပိုင်းရှိ ပအိုဝ်းလူမျိုးများက ရွှေဆံရံစေတီရှိရာသို့ ချီတက်ပြီး ကောက်သစ်ပူဇော်ပွဲမှ ပအိုဝ်းအမျိုးသားနေ့အဖြစ်သို့ ပြောင်းလဲဆင်နွဲခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများက ပဒေသရာဇ်စနစ်၏ အုပ်ချုပ်မှုအောက် ၀ပ်၀ပ်ပြားခံနေရကြောင့် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပမှု မပြုလုပ်ဝံကြပေ။၁၉၅၉ တွင် ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စနစ် ကျင့်သုံးသည့် စော်ဘွားများက မိမိတို့အုပ်ချုပ်ရေးအာဏာကို ရှမ်းပြည်နယ်အစိုးရသို့ အပ်နှင်းခဲ့သည်။ သို့သော်လည်း ၁၉၆၀ တွင် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီးက လက်နက်စွဲကိုင်သည့်လမ်းစဉ်ကို ကျင့်သုံးပြီး တော်လှန်ရေးဆင်နွဲခဲ့သည်။ ထိုနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဦးကျော်စိန်တို့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်စံသိန်းဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင် ပအလဖ အမည်ကို ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရလလဖသည် လူတန်းစားကို အခြေခံသည့် အဖွဲ့ဖြစ်၍ ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။ ပအိုဝ်းအမျိုးသားစိတ်ဓါတ်ပြင်းထန်သည့် ရလလဖ ခေါင်းဆောင်တချို့က ရလလဖမှ ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ တွင် ပီအဲန်အို၏ ပြုလုပ်သော ပထမအကြိမ်ညီလာခံတွင် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်အနှံအပြားရှိ ပအိုဝ်းဒေသများတွင် နှစ်စဉ်တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာကြသည်။ ထိုအပြင် ရန်ကုန်
မန္တလေးမျာနှင့် ထိုင်း ဂျပန် ကိုးရီးယား/မလေးရှား/စင်္ကာပူ/အမေရီကန်စသည့်
နိုင်ငံရပ်ခြားရောက် ပအိုဝ်းတိုင်းရင်းသား
တွေလဲ ယနေ့ထက်တိုင် နှစ်စဉ် တပေါင်း
လပြည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပလာကြပုံကိုတင်ပြရင်း------

ကျမ်းကိုးပြည်ထောင်စုထဲကပအိုဝ်း
သထုံရွှေဆံရံဘုရားကြီးသမိုင်း ပထမတွဲ သု၀ဏ္ဏပကာသနီကျမ်း (ပအိုဝ်းဘာသာ)



#စောက်တနျာႏခမ်းပအိုဝ်ႏတက္ကသိုလ်ႏကျောင်ꩻသားလွောင်ႏဗူႏရေꩻအစွိုꩻ

၂၃-၂-၂၀၂၀။ တနင်္ဂနွေနေ့                     တောင်ကြီး။✨✨၂၀၁၉-၂၀၂၀ ပညာသင်နှစ်✨✨ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုက...
24/02/2020

၂၃-၂-၂၀၂၀။ တနင်္ဂနွေနေ့ တောင်ကြီး။
✨✨၂၀၁၉-၂၀၂၀ ပညာသင်နှစ်✨✨
ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ Dayကျောင်းသားများ(တောင်ကြီးတက္ကသိုလ်)မှ ကြီးမှူးကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားသို့ ကျွန်တော်တို့ တက္ကသိုလ်များ(လွိုင်ကော်) ပအိုဝ်းမိသားစုမှ ပါ၀င်ကူညီအားဖြည့်ခွင့်ရသည့် အတွက်အထူးပင်၀မ်းမြောက်ဂုဏ်ယူမိ ပါသည်။
ဧည့်၀တ်ကျေပွန်စွာဖြင့် လိုက်လှဲကြိုဆိုဧည့်ခံပေးပါသော (တောင်ကြီးတက္ကသိုလ်)မှ ပအိုဝ်းညီအစ်ကိုမောင်နှမများကိုလည်း ကျေးဇူးအထူးတင်ရှိအပ်ပါသည်။

✨✨၂၀၁၉-၂၀၂၀ သွဥ်ပညာႏနေင်ႏ✨✨
ပအိုဝ်ႏလိတ်လုဲင်ꩻတွမ်ႏယေန်ႏငဲးရေꩻ(တောင်ႏကီꩻတက္ကသိုလ်ႏ)အစွိုꩻ ကမာႏလွေꩻဒါႏ
ပွယ်ꩻကျိုႏဆွုမ်ႏကျောင်ꩻသားခွန်နင်ꩻတသာတွမ်ႏ ဖေႏအပ်ဆုꩻအခန်ꩻ အနာꩻယို နီသွဥ်းသီးတက္ကသိုလ်ႏပေါင်ꩻစွုမ်ႏ(လွယ်ကောႏ) ပအိုဝ်ႏလိတ်လုဲင်ꩻတွမ်ႏယေန်ႏငဲးရေꩻအစွိုꩻကျွထင်ႏဖေႏအာႏခွင်ꩻလꩻဗာႏတဲင် ဟွိုန်ဟဝ်ထူႏဂွုဏ်ႏသꩻရေꩻငါႏနဝ်သွူ။

၂၀၁၉-၂၀၂၀ပညာသင်နှစ် မင်္ဂလာႏဒျာႏသြတက္ကသိုလ်များ(လွိုင်ကော်)အတွင်းရှိ ပအိုဝ်းကျောင်းသား/သူ များ အားလုံးခင်ဗျာ 👉👉👉စနေနေ့ (...
19/02/2020

၂၀၁၉-၂၀၂၀ပညာသင်နှစ်
မင်္ဂလာႏဒျာႏသြ
တက္ကသိုလ်များ(လွိုင်ကော်)အတွင်းရှိ ပအိုဝ်းကျောင်းသား/သူ များ အားလုံးခင်ဗျာ
👉👉👉စနေနေ့ (22/2/2020)
မီးဆူခံ(အလှူခံ)
ထွက်ဖို့အတွက်
👉👉👉ညနေခင်း(1း၃၀)နာရီ မှာ
မိုင်းလုံးမီးပွိုင့်အနီး
သာဝတ္ထိဘုန်းကြီးကျောင်းတွင်မှာ လူစုကြပါမယ်🤗
👉👉👉မှတ်ချက်။ ။[[[ 2:၃၀ ]]]အချိန်တွင် ကားဖြင့် စထွက်ပါမည်။ ။ ညနေစာကိုတော့ ပူစရာမလိုဘူးနော် ရွပ်မိရပ်ဖတွေက ဧည့်ခံကျွေးမွေးပါမည်။😋

🏭သွာ့မယ့်နေရာကတော့
လွယ်ထွဲရွာ
ဖြစ်ပါတယ်။
ခရီး ဝေး ဖစ်သည့်အတွက် သတ်မှတ်ထားသည့် အချိန်တွင် အရောက် လာပေးကြပါရန် ။

👉ပအိုဝ်းကျောင်းသား/သူ များအားလုံးနှင့် အတူတကွလိုက်ပါဆောင်ရွက်သွားရန် အရေးပါလိုအပ်နေသောကြောင့်လေးစားစွာဖြင့် အရေးပါးလိုက်ပါသည်။
လူကြီးမင်းတို့၏လူအင်အားများကိုအထူးလိုအပ်သောကြောင့်အထူး
မေတ္တာရပ်ခံပါသည်ခင်ဗျာ ။

ဘုန်းကြီးကျောင်း ကို လာဖို့ ဆိုင်ကယ်မရှိသူများ၊ နှင့်
အဆောင်နေသူများ အဆောင်ပြန်အိပ်ဖို့အဆင်မပြေသူများ စီစဉ်ပေးပါမည်😍😉
အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်လိုက်နော်😉

Pa.O Family Universities Of Loikaw
ကျောင်းသားခေါင်းဆောင်များ
🏛️ နည်းပညာတက္ကသိုလ် ခွန်သိန်းသန်းဦး-
09778802539
🏛️နည်းပညာတက္ကသိုလ် ခွန်မောင်း-
09684238270
🏛️ ကွန်ပျူတာတက္ကသိုလ် ခွန်ရွှေမောင်-
09692119251
🏛️ကွန်ပျုတာတက္ကသိုလ် ခွန်ဝင်းဆန်း-
09454612198
🏛️ လွိုင်ကော်တက္ကသိုလ် ‌(Day)နန်းမိမော်-
09448509656
🏛️လွိုင်ကော်တက္ကသိုလ် (Day)နန်းပြုံးစိန်-
09694363930



#စောက်တနျာႏခမ်းတက္ကသိုလ်ႏပအိုဝ်ႏကျောင်ꩻသားလွောင်ႏဗူႏရေꩻအစွိုꩻ

Hello😉😉 မင်္ဂလာႏဒျာႏသြ😉😉ဖိတ်ကြားလွှာ/၂၀၁၉-၂၀၂၀ပညာသင်နှစ်တက္ကသိုလ်များ (လွိုင်ကော်)ရှိ ပအိုဝ်းတိုင်းရင်းသားကျောင်းသား၊သူမ...
18/02/2020

Hello😉😉 မင်္ဂလာႏဒျာႏသြ😉😉
ဖိတ်ကြားလွှာ/
၂၀၁၉-၂၀၂၀ပညာသင်နှစ်
တက္ကသိုလ်များ (လွိုင်ကော်)ရှိ ပအိုဝ်းတိုင်းရင်းသားကျောင်းသား၊သူများထံသို့ -/

👉👉တနင်္ဂ‌နွေ‌နေ့၊ ၂၃ရက်နေ့၊ ဖေဖော်ဝါရီလ၊ ၂၀၂၀။
တောင်ကြီးတက္ကသိုလ်(day)၏
ပအိုဝ်းမောင်မယ်သစ်လွင်ကြိုဆိုပွဲ၊နှုတ်ဆက်ပွဲအခမ်းအနားကို
👉တက္ကသိုလ်များ (လွိုင်ကော်)ရှိ ပအိုဝ်းတိုင်းရင်းသား ကျောင်းသား၊သူ များတက်ရောက်ရန် ဖိတ်ကြားထားသည့်အတွက် အဆိုပါပွဲကို လိုက်မည့်သူများ
အမည်_______နှင့် ဖုန်းနံပါတ်________ ကို
တက္ကသိုလ်များလွိုင်ကော် ကျောင်းသားခေါင်းဆောင်
Ph-09404788713 ၊ 09790323495
သို့ဆက်သွယ်၍သော်လည်းကောင်း၊
PaO Family Universities Of Loikaw Pageရဲ့
Messengerမှာသော်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ။
👉👉မှတ်ချက် - လိုက်မည့်သူများစာရင်းကိုဗုဒ္ဓဟူးနေ့၊((((၂၀-၂-၂၀၂၀)))))နောက်ဆုံးထား၍ပေးရန်။ ။
👉👉သောကြာနေ့ နံနက်တွင်လွိုင်ကော်မှစထွက်ပါမည်။ ။


#စောက်တနျာႏခမ်းပအိုဝ်ႏတက္ကသိုလ်ႏကျောင်ꩻသားလွောင်ႏဗူႏရေꩻအစွိုꩻ

၁၆-၂-၂၀၂၀။                                     ရန်ကုန်။✨✨၂၀၁၉-၂၀၂၀ ပညာသင်နှစ်✨✨ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု...
18/02/2020

၁၆-၂-၂၀၂၀။ ရန်ကုန်။
✨✨၂၀၁၉-၂၀၂၀ ပညာသင်နှစ်✨✨
ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန် )မှ ကြီးမှူးကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားသို့ ကျွန်တော်တို့ တက္ကသိုလ်များ(လွိုင်ကော်) ပအိုဝ်းမိသားစုမှ ပါ၀င်ကူညီအားဖြည့်ခွင့်ရသည့် အတွက်အထူးပင်၀မ်းမြောက်ဂုဏ်ယူမိ ပါတယ်။
ဧည့်၀တ်ကျေပွန်စွာ လိုက်လှဲကြိုဆိုဧည့်ခံပေးပါသော (တက္ကသိုလ်များ-ရန်ကုန်)မှ ပအိုဝ်းညီအစ်ကိုမောင်နှမများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

✨✨၂၀၁၉-၂၀၂၀ သွဥ်ပညာႏနေင်ႏ✨✨ ပအိုဝ်ႏလိတ်လုဲင်ꩻတွမ်ႏယေန်ႏငဲးရေꩻ(ရန်ႏကွုန်ႏ-တက္ကသိုလ်ႏပေါင်ꩻစွုမ်ႏ)အစွိုꩻ ကမာႏလွေꩻဒါႏ
ပွယ်ꩻကျိုႏဆွုမ်ႏကျောင်ꩻသားခွန်နင်ꩻတသာတွမ်ႏ ဖေႏအပ်ဆုꩻအခန်ꩻ အနာꩻအကို နီသွဥ်းသီးတက္ကသိုလ်ႏပေါင်ꩻစွုမ်ႏ(လွယ်ကောႏ) ပအိုဝ်ႏလိတ်လုဲင်ꩻတွမ်ႏယေန်ႏငဲးရေꩻအစွိုꩻကျွထင်ႏဖေႏအာႏခွင်ꩻလꩻဗာႏတဲင် ဟွိုန်သွိုꩻထူႏဂွုဏ်ႏသꩻရေꩻငါႏသွူသြ။

Address

Loikaw

Telephone

+959788483455

Website

Alerts

Be the first to know and let us send you an email when Pa.O Family - Universities Of Loikaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pa.O Family - Universities Of Loikaw:

Share

Category