15/04/2026
၁၀၀ ကြိမ်မြောက် ( ရာပြည့် )
မဟာဒုတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား
တရားပွဲ ၃ ည နှင့် ရင်ခွင်ဦး မြန်မာမှုတေးဂီတအဖွဲ့ တေးသံရှင် ရွှေယမင်းဦး မှ ဖျော်ဖြေရေး အစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ကျောင်းတိုက်ပေါင်း ၁၆၇ ကျောင်းအတွက် ပဒေသာပင် ၁၆၇ ပင်
သီလရှင်စာသင်တိုက်တို့မှ ဆရာကြီး နှင့် ဆရာလေး သီလရှင်များအား
ဆွမ်းဆန်စိမ်းနှင့် အခြားသောဆက်စပ်ပစ္စည်းများ လောင်းလှူသော အလှူရှင်မဏ္ဌပ် များ - ၅၂ ဦး
ဆန် ၊ ဆီ ၊ ဆေး ၊ ဆား နှင့် အခြားသော သံဃာလှူဖွယ်ဝတ္တု များအား ရပ်နီး ၊ ရပ်ဝေးမှ စေတနာရှင် အလှူရှင်များ ၊ မြို့သူ မြို့သားများ ၊ ဝိုင်းဝန်းကူညီလုပ်ကိုင် ဆောင်ရွက်ပေးကြသော ဌာန ဆိုင်ရာ အသီးသီးမှ လူကြီးမင်းများ နှင့် ရပ်မိရပ်ဖများ စေတနာရှင် လူပုဂ္ဂိုလ်များ မဟာဒုတ်ဆွမ်းဆန်စိမ်းဝေယျာဝစ္စအသင်းမှ အကျိုးတော်ဆောင်နှင့် အမှုဆောင် များအားလုံး တက်ညီလက်ညီ နှင့် အောင်မြင်စွာ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပါသည် ။
🙏🏻🙏🏻🙏🏻
လှူဒါန်းမှု အစုစုတို့အတွက် နတ်လူ သာဓု ခေါ်နိုင်ကြ
ပါစေ 🙏🏻🙏🏻🙏🏻