Dream Studio Photo & Video

Dream Studio Photo & Video We Love Our Dream

 # Bike with me? # Dream Media Group
22/03/2022

# Bike with me?
# Dream Media Group

29/09/2020

ဘော်ဒါများအတွက်

28/09/2020

🎡 ဗိုင်းရပ်စ်ဟူသည်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ အဆီလွှာ ဖုန်းလွှမ်းထားသော ပရိုတင်း မော်လီကျူး (DNA) သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊ ချွဲသလိပ်တို့တွင် ပါသောဆဲလ်များက ယင်းတို့ကို စုပ်ယူလိုက်သည့်အခါကျမှသာ လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော ဗီဇမျိုးပြောင်း မျိုးပွားသွားခြင်း ဖြစ်သည်။
ဘက်တီးရီးယားလို သတ်လို့ မရပါ။ ။ ဗိုင်းရပ်စ်က ဘက်တီးရီးယားလို သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။ ပဋိဇီဝဆေးများက သက်မဲ့(ဗိုင်းရပ်စ်)ကို သတ်၍ မရပါ။ ဖေါ်ပြထားသည့် နည်းလမ်းများသုံးလျှင် ဗိုင်းရပ်စ် ဖွဲ့စည်းပုံ အမြန်ပြိုကွဲ ပါလိမ့်မည်။

ဗိုင်းရပ်စ်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ ပရိုတင်းမော်လီကျူးသာဖြစ်သည့်အတွက် သတ်ပစ်၍ မရဘဲ သူ့သဘာဝ အတိုင်း ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။မော်လီကျူးပြိုကွဲ ပျက်စီးရန် ကြာချိန်မှာ အပူချိန်၊ စိုထိုင်းဆ နှင့် ယင်းကပ်ငြိ တင်ကျန်နေသော မျက်နှာပြင် အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါသည်။

ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး ယင်းကို အကာအကွယ်ပေးထားသောအရာမှာ အပေါ်ယံ အဆီလွှာသာ ရှိပါသည်။ ဆပ်ပြာနှင့် ပိုးသတ်ဆေးများက အကောင်းဆုံး ကုစားနိုင်ခြင်းမှာ ထိုအချက်ကြောင့်ဖြစ်သည်။ ဆပ်ပြာမြှုပ်များက ထိုအဆီလွှာကို ဖြိုခွဲပစ်ပါသည် (ထို့ ကြောင့် ဆပ်ပြာမြှုပ်များများဖြင့် စက္ကန့် ၂၀ အနည်းဆုံး ပွတ်တိုက် ဆေးကြောရန်လိုအပ်ခြင်းဖြစ်သည်။ )အပေါ်ယံ အဆီလွှာ ပျက်စီးသွားသောအခါ ပရိုတင်း မော်လီကျူးလည်း သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။

အပူဓါတ်က အဆီများကို အရည်ပျော်စေနိုင်ပါသည်။ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုနွေးသော ရေဖြင့် လက်ဆေးခြင်း၊ အဝတ်လျှော်ခြင်း စသည်များ ပြုလုပ်ပါ။ ရေနွေးက ဆပ်ပြာအမြှုပ်များ ပိုထွက်စေသဖြင့် ပိုအသုံး တည့်ပါသည်။

အယ်လ်ကိုဟော ပါဝင်မှု ၆၅ ရာခိုင်နှုန်းထက် ပိုသော လက်ဆေးရည်များက အဆီများကို ပျော်ဝင် ပြိုကွဲစေပါသည်။အထူးသဖြင့် ဗိုင်းရပ်စ်၏ အပေါ်ယံ အဆီလွှာကို ပြိုကွဲပျက်စီးစေပါသည်။

အရောင်ချွတ်ဆေး တစ်ဆ၊ ရေ ၅ဆ ပါ၀င်သော အရောအနှောကလည်း ပရိုတင်းဓါတ်ကို တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။ ပရိုတင်း အတွင်းသို့ ဝင်ရောက် ဖြိုခွဲပါသည်။

ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်ကလည်း ဆပ်ပြာ၊ အယ်လ်ကိုဟော(အရက်ပျံ)၊ ကလိုရင်း (အရောင်ချွတ်ဆေး) တို့ကဲ့သို့ပင် ဗိုင်းရပ်စ်ရှိ ပရိုတင်းဓါတ်ကို ပြိုကွဲစေနိုင်ပါသည်။ ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က ရေမရောဘဲသုံးမှ ရသဖြင့် လူ့အရေပြားကို ထိခိုက်စေနိုင်ပါသည်။


သုံးပြီးသား သို့မဟုတ် မသုံးရသေးသော အဝတ်အထည်များကို မခါပါနှင့်။ သေးငယ်သော အပေါက်ငယ်များပါသည့် (အဝတ်၊ ချည်ထည် ကဲ့သို့) မျက်နှာပြင်များတွင် ကပ်ငြိနေသည့်အခါ မလှုပ်မရှားထားလျှင် ၃ နာရီ အတွင်း ပြိုကွဲ ပျက်စီးပါသည်။ ကြေးနီ၊ သစ်သား မျက်နှာပြင်များတွင် ၄ နာရီ၊ ကပ်ထူပြားပေါ်တွင် ၂၄ နာရီ၊ အခြားသတ္တုမျက်နှာပြင် များပေါ်တွင် ၄၂ နာရီ နှင့် ပလတ်စတစ်များပေါ်တွင် ၇၂ နာရီ ကျော်ပြီးမှ ပြိုကွဲပျက်စီးနိုင်ပါသည်။ အဝတ်စသည်များကို ဖုန်ခါလျှင်၊ ရိုက်ခါလျှင် ဗိုင်းရပ်စ် မော်လီကျူးများ လေထဲတွင် ၃ နာရီ မျောပါကာ သင် ရှူရှိုက်မိ နိုင်ပါသည်။
လေအေးစက် ဖွင့်ထားသော အိမ်နှင့် ကားတွင်းကဲ့သို့ နေရာများတွင် ဗိုင်းရပ်စ် မော်လီကျူးများ ငြိမ်နေနိုင်ပါသည်။ ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန် အမှောင်နှင့် စိုစွတ်မှု (စိုထိုင်းဆများရန်) လိုအပ်သည်။ ခြောက်သွေ့၊ နွေးထွေး၊ အလင်းများများ ရသော ပတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပရိုတင်းများ လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။

ခရမ်းလွန်ရောင်ခြည် (UV Light) ကို မျက်နှာပြင်များ အရာဝထ္တုများပေါ်သို့ ကျရောက်စေပါက ဗိုင်းရပ်စ် ပရိုတင်းများကို ဖြိုခွင်းနိုင်ပါသည်။ လူ့အသားအရေပေါ်သို့ တိုက်ရိုက် ကျရောက်လျှင် အရေပြားတွန့်ခြင်း အရေပြား ကင်ဆာဖြစ်ခြင်း ဖြစ်စေနိုင်ပါသည်။ဗိုင်းရပ်စ်သည် ကျန်းမာကောင်းမွန်သော လူ့အရေပြားကို မဖေါက်ထွင်းနိုင်ပါ။

ရှာလကာရည် အသုံးမတည့်ပါ၊ ဗိုင်းရပ်စ်၏ အဆီလွှာကို မဖေါက်ထွင်းနိုင်ပါ။အရက်နှင့် ဗော့ဒဂါအရက်များက ဗိုင်းရပ်စ်၏ အဆီလွှာကို ထိရောက်စွာ မဖေါက်နိုင်ပါ။ အပြင်းဆုံး အရက်က အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းသာရှိ၍ လိုအပ်ချက် ၆၅ ရာခိုင်နှုန်းကို မမီပါ။

နေရာ ကျဉ်းကြပ်လျှင် ဗိုင်းရပ်စ် ပိုမို ထူထပ်နိုင်ပါသည်။ ကျယ်ကျယ်ဝန်းဝန်း သဘာဝ လေကောင်းလေသန့် ရနိုင်ပါစေ။

အကြိမ်ကြိမ်ပြောပြီး ဖြစ်သော်လည်း အောက်ပါ အရာဝထ္ထုများအား မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကို ဆေးကြောပါ။ (ချွဲသလိပ်ရှိနိုင်သော အရေပြားလွှာများ၊ အစားအသောက်များ၊ သော့ခလောက်များ၊ တံခါးလက်ကိုင်ဘုများ၊ မီးခလုတ်များ၊ ရီမုတ် ကွန်ထရိုးများ၊ လက်ကိုင်ဖုန်းများ၊ လက်ပတ်နာရီများ၊ ကွန်ပျူတာများ၊ စာကြည့်စားပွဲများ၊ ရုပ်မြင်သံကြားစက်များ စသည်။ ) ရေအိမ်သာ အသုံးပြုခြင်းလည်း ပါဝင်သည်။

လက်အရေပြား ခြောက်သွေ့သည် အထိ မထားပါနှင့်။ ဆပ်ပြာနှင့် အကြိမ်များများ ဆေးကြောပါ။ အရေပြား အသားအရေ အတွန့်အခေါက်များ၊ ထိရှ ဒဏ်ရာများ အကြားတွင် ဗိုင်းရပ်စ် မော်လီကြူးများ ခိုအောင်းနေနိုင်ပါသည်။
အရေပြားစိုစွတ်လေ ကောင်းလေ ဖြစ်ပါသည်။
လက်သည်းများကြားတွင် ဗိုင်းရပ်စ် မခိုအောင်းနိုင်အောင် လက်သည်း တိုတို ညှပ်ပါ။

COVID-19 ကာကွယ်ရေး သိကောင်းစရာများ
(ကိုသီဟစော )မြန်မာဘာသာပြန်ဆိုပေးပါသည်။
Crd

18/09/2020

ကျောက်တန်းမြို့နယ်
Covid-19 ကျန်းမာရေးအသိပေးဆွေးနွေးပွဲအစီအစဉ်
Dream Studio မှ စီစဉ်တင်ဆက်ပါသည်။

မှတ်ချက် - ရိုက်ကူးရာတွင် အခက်အခဲများရှိပါသဖြင့်
Mask များအား ခေတ္တဖြုတ်ပြီး ရိုက်ကူးခြင်း
ဖြစ်ပါသည်။

လာရောက်ဆွေးနွေးပေးကြပါသော ဆရာဦးစိုးဝင်း- အငြိမ်းစားကျောင်းဆရာ၊ ဒေါက်တာရဲပြည့်ဟိန်း - အထွေထွေရောဂါကုဆရာဝန်၊ ဦးဝင်းမြင့် -ဥက္ကဌ ကျောက်တန်းမြို့နယ်လုံးဆိုင်ရာပရဟိတအဖွဲ့၊ ကိုချစ်ဦးမောင် - တာဝန်ခံ ကျောက်တန်းလူငယ်အဖွဲ့ တို့အား ကျေးဇူးအထူးတင်ရှိပါသည်။
Studio

15/09/2020

ကိုယ်‌‌နေထိုင်တဲ့မြို့အတွက် အကောင်းဆုံး အားဖြည့်ကြိုးစားပေးထားပါတယ်။

Zodiac Girl Group
04/08/2020

Zodiac Girl Group

Address

Zayar 1 Street
Kyauktan

Website

Alerts

Be the first to know and let us send you an email when Dream Studio Photo & Video posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category