22/07/2020
ဓါတ်ပုံဆရာဆိုတာ ပေးဆပ်သူသက်သက်ပါ ......
တပါးသူလှပနေဖို့အတွက် နာရီပေါင်းများစွာ ကွန်ပြူတာရှေ့မှာ အထီးကျန်စွာဖြတ်သန်းရင်း
ဘဝရဲ့ အချိန်တချို့တဝက်ကို စတေးနေကြရတယ်။
ဘယ်လောက်ပဲ ပင်ပန်းနေမကောင်းနေပါစေ
သူတို့တွေရဲ့ပြန်မရနိုင်တော့တဲ့အချိန်တွေကို တတ်ထားတဲ့ပညာ အနုပညာဆိုတဲ့ စိတ်ကလေးနဲ့ မှတ်တမ်းတင်ပုံဖော်ရင်း အသက်တွေကြီးရင့်လာကြတယ်။
ရင်ထဲက မျက်ရည်ကို အပြုံးအတုဖုံးလို့ သူတို့ပုံလေးတွေ လှပနေစေဖို့ ပေါတောတောနဲ့အမူအယာတွေသင်ပေးရင်း
ခံစားချက်တွေ စတေးနေကြရတယ်။
လှလိုက်တာလို့ ပြောတဲ့စကားလေးတခွန်းအတွက်နဲ့
ပြန်မရနိုင်တော့တဲ့ အချိန်တွေကို စတေးရင်း နှလုံးသားနဲ့ ခလုတ်ဆက်နှိပ်မိနေကြသူတွေပါ။
Crd