Kalaw travelling

Kalaw travelling Kalaw Nice Dream Motel
☎️095280136 ☎️09964066868

19/08/2026

ယနေ့ကလော ရာသီဥတုကတော့ ခပ်အေးအေးပါပဲ
အချိန်မှန် ညနေခင်းမှရွာသောမိုး နဲ့
Kalaw Nice Dream Motel 😴😴

#ကလောမြို့ #ကလော

゚viralシ
#ကလောလမ်းညွှန်

ကလောမြို့ရဲ့ တနေရာ🌲🌲🌲🌲မဂ်လာပါခင်ဗျာဒီလို ရှုခင်း ဒီလိုနေရာလေးနဲ့ကလော မြို့လေးမှာ အခြေချဖို့ စိတ်ကူးလေးများရှိခဲ့ရင်ကျနော...
18/08/2026

ကလောမြို့ရဲ့ တနေရာ
🌲🌲🌲🌲မဂ်လာပါခင်ဗျာ
ဒီလို ရှုခင်း ဒီလိုနေရာလေးနဲ့
ကလော မြို့လေးမှာ
အခြေချဖို့ စိတ်ကူးလေးများရှိခဲ့ရင်
ကျနော် အခု မိတ်ဆက်ပေးမဲ့မြေကွက်လေးကို
အခုဘဲ ဝယ်ယူဖို့အတွက် အကြံပြုပါရစေခင်ဗျာ🥰🥰

ကလောမြို့ ရပ်ကွက် (၆)
ပေ အကျယ် ၅၀.၁၀၀ မြို့မြေ
ခြံကွက်အရောင်းလေးပါဗျ
‌၁၇၀၀၀
09885280136


#ကလော #ကလောမြို့
゚viralシ
#ကလောသားအိမ်ခြံမြေအကျိုးဆောင်

#ကလောသား #ရောက်

16/08/2026

ယနေ့ ကလော ညလေး
🌲🌲🌲🌲🌲
ကလောမြို့အတွင်း မြို့ထဲ ရှိ
မြေကွက်ကောင်းလေးတစ်ကွက် ရှိပါမယ်ခင်ဗျာ
ကလော မြို့ ထဲ viewကိုအပြည့်အဝမြင်ရမယ်
အိမ်ပါပြီးမို့ နေထိုင်ဖို့ အတွက်လဲ အထူးသင့်တော်မယ်
နောက်တစ်ခုဟော်တယ်လုပ်ငန်းလုပ်ချင်ရင်လဲ နေရာကောင်းလေးဖြစ်ပါမယ်
မြေရဲ့အကျယ်က ၅၀-၁၀၀
ဈေး ၁၈၀၀၀
အသေးစိတ်ကို pageရဲ့ chat boxမှာစုံစမ်းနိုင်ပါတယ်ခင်ဗျာ

လွမ်းမောစရာ ကလော တနေရာ🌲🌲🌲🌲🌲ဘဝမှာပိုက်ဆံ ချမ်းချမ်းသာသာ နဲ့ ၊ တိုက်တွေကားတွေရယ်ဂုဏ်ဒြပ်တွေနဲ့ နေထိုင် နိုင်ဖို့ထက် ကိုယ့်...
16/08/2026

လွမ်းမောစရာ ကလော တနေရာ
🌲🌲🌲🌲🌲

ဘဝမှာပိုက်ဆံ ချမ်းချမ်းသာသာ နဲ့ ၊ တိုက်တွေကားတွေရယ်
ဂုဏ်ဒြပ်တွေနဲ့ နေထိုင် နိုင်ဖို့ထက် ကိုယ့် မိသားစုနဲ့ဘဲကိုယ်
စိတ်ချမ်းချမ်း သာသာနဲ့ နားအေးပါးအေးနေချင်တာက
ကျနော့ ရဲ့ အိမ်မက်လေးပေါ့.....ဗျာ

#ကလောသား တစ်ယောက်ဖြစ်တာနဲ့အညီ😁
ကျနော်
ကလောမြို့ကိုဘယ်လောက်ချစ်လဲဆိုရင်
ကလောကနေ ဘယ်မှကို သွားရတာလဲ မကြိုက်ပါဘူး...

ကျနော် မှတ်မိစ အရွယ် ငယ်ငယ်က အမှတ်တရတစ်ခု
ပြောပြ အုံးမယ်...ဗျ
ငယ်ငယ်က
ကလောကနေ ရန်ကုန်ကို ရထားနဲ့သွားတာ
E eပါချင်တာကိုတောင် ကလော ကအိမ်ဘဲပြန်
parမယ်ဆိုပြီး
မိဘတွေကို တဂျီဂျီ လုပ်တက် တဲ့သူပေါ့ဗျာ

ကျနော်
ခရီးသွားဖူးတာဆို...လို့
ရန်ကုန်ကို ခန့်မှန်းခြေ ၈ ခေါက်
ပုဂံကို ဘုရားဖူးရောက်ဖူးတာက ၂ခေါက်
စက်စဲ ကမ်းခြေ ရောက်ဖူးတာတစ်ခေါက်
မန္တလေးရောက်ဖူးတာက ၁ ခေါာက် ပေါ့ဗျာ...

Facebookမှာ
Kalaw travelling page လေး လုပ်ပြီး ရှုခင်းပုံတွေကို
၂၀၁၈-၁၉ လောက်မှာ စရိုက်ဖြစ်ခဲ့ပါ တယ်
အာ့တုန်းက Huawei ဖုန်းလေးနဲ့ထင်တယ်
ဈေးနေ့ကိုအများဆုံး ရိုက်ဖြစ်ခဲ့တာပေါ့...ဗျာ
ကလော ကနေကို ဘယ်မှလဲ မသွားဖြစ်ခဲ့ပါဘူး....

ဒါပေမဲ့ ဓါတ်ပုံ ရိုက် တာဝါဒနာပါပြီးနောက်ပိုင်း
ကိုယ့်မြန်မာနိုင်ငံထဲက သူ့သဘာဝ သူ့အလှ တွေရှိတဲ့
နေရာတိုင်းကို တစ်နေ့တချိန် ဓါတ်ပုံ မှတ်တမ်းလေး တော့
ရိုက်ဖူးချင်ပါသေးတယ်....ခင်ဗျာ

ကဲ ဒါတွေထားလိုက်ပါအုံး

မိတ်ဆွေ တို့ ခင်ဗျာ...
တကယ်တမ်းတော့ ကလောမြို့ ဆိုတာဟာ
စီးပွားရေး မြို့တော် မဟုတ်ပေမဲ့
အေးအေးချမ်းချမ်း နဲ့ နေလို့ကောင်းတဲ့မြို့လေးမဟုတ်လား
လူတိုင်း က ကလောမြို့ကို တစ်ခါ ရောက်ဖူး ရင်
အမြဲတမ်းနေထိုင်ချင်တဲ့သူတွေကြီးပါဘဲ..

ကလောမြို့မှာ အခြေချနေထိုင်ဖို့အတွက်
အလုပ်ကြိုးစား ပိုက်ဆံဆုမယ်ပေါ့....
ပိုက်ဆံဆုပြီး တဲ့အခါ
ကလောမြို့လေး မှာ မြေကွက်လေးဝယ်ရင်း
အခြေချမဲ့ စိတ်ကူးလေးတော့ရှိနေမယ်ထင်ပါတယ်
ခင်ဗျာ...

သီချင်းတစ်ပုဒ်ထဲကလို
တောင်ယာစိုက်ခင်းနဲ့ ကိုယ်ပိုင်ခြံလေးနဲ့
ခွေးလေးလဲ မွေး မယ် တို့ဘာတို့ပေါ့..🫩ဗျာ
အိမ်မက်ရှိလို့ အဟုတ်လုပ်ရင် မဖြစ်နိုင်စရာက
နဲတယ်မဟုတ်လားဗျာ..

ဒါပေမဲ့
အခုအချိန်မှာဗျာ မြေကွက်လေး တစ်ကွက်ဝယ် ဖို့ဆိုတာ
ထင်သလောက်မလွယ် ကူ နေ ပါဘူး...

ထားပါစို့ ...

ဥပမာ - ကိုယ်က ကလောမြို့က ၅၀၀ တန် လေးဝယ်ဖို့ အတွက်ရှာတယ် ဆုတယ်
ကိုယ်ပိုက်ဆံပြည့်တဲ့ အခါမှာ
အာ့ဒီကိုယ်ရှာထားတဲ့ ၅၀၀တန်လေးက
တစ်ထောင်တန်လေး ဖြစ်သွားတဲ့အခါ
ကိုယ် မဝယ်နိုင်တော့ပါဘူး
အာ့လိုနဲ့ ဆုရင်း ရှာရင်း ဈေးတက်ရင်းနဲ့
ဘယ်တော့မှ ဝယ်နိုင်တော့မှာမဟုတ်တော့ဘူးမလား...

အာ့ဒီမှာ ကျနော် အချက် လေး တစ်ချိူ့ နဲ့ မြေကွက် ဝယ်ယူ ရင်းနှီး မြုတ်နှံထား နိုင် တဲ့ နည်းလေးတွေ ပြောပြမယ်

(၁) ကိုယ်က မြေကွက်ကို သဘောကျမှဝယ်တာထက်
သူ့ဘာသာသူ ဂျောင်ကျကျ ဘာကျကျ ဗျာ
ကိုယ် နိုင်တဲ့ ငွေနဲ့ ကိုယ်တက်နိုင်နဲ့ နေရာကို
မြေအထောက်အထားခိုင်မာရင်
ဝယ်သာဝယ်ထားလိုက်တာကတော့ အကောင်းဆုံး
နည်းလမ်းတစ်ခုပါ...

(၂)နောက်တစ်ချက်က အပေါင်း အသင်းမိတ်ဆွေ(သို့မဟုတ်)
ယုံကြည်စိတ်ချရသူနဲ့ ရှယ်ယာပုံစံမျိုး လုပ်ပြီး ဝယ်စုထားတာလဲကောင်းတဲ့ ဝယ်ယူစုဆောင်းခြင်းတစ်မျိုးမဟုတ်လား
ဥပမာ
ကျနော့မှာ ၅၀၀ ရှိတယ် ဘဲထား
ကျနော်က ၁၀၀၀တန်မြေကွက်လေး တစ်ကွက်ဝယ်ချင်တယ်
ကျနော့မှာက ၅၀၀ ဘဲရှိတော့
၅၀၀ ထပ်လိုတယ်‌
အာ့ဒီအခါ ကျနော်က
ကျနော်နဲ့ အတူ ကျနော့လို မျိုး ဝယ်မည့်သူ၊ မိတ်ဆွေ (သို့)
ယုံကြည်စိတ်ချရတဲ့သူနဲ့
နှစ်ဦး အကျိုး တူ ပေါင်းဆပ်ပြီး
ဝယ်လိုက်တာမျိုးကလဲ အကောင်း ဆုံး နည်းလမ်း တစ်ခုပါ
မှတ်ချက်=
နောက်တချိန်မှာတော့ အနဲငယ်ဇယားရှုပ်လာနိုင်ပါတယ်

နောင်တစ်ချက်က ကျနော် အကြိုက်ဆုံး ရင်းနှိးမြုတ်နှံပြီးလုပ်ကွက်နဲ့ အကောင်ထည် ဖော် တာ

(၃)အိမ်ယာ စီမံကိန် နဲ့ ရင်းနှီး မြုတ်နှံခြင်း

အစုရှယ်ရာနဲ့ လုပ်တော့မယ်ဆိုရင်တော့
ခေါင်းကြီးကြီးနဲ့ Plan ချ ထား နိုင်တဲ့ သူ
နောက်လိုက်ယုံပါဘဲ

ဥပမာ ကျနော်က
100 Homes Investment Project တစ်ခု စမယ်ဆိုပါစို့

တစ်ဦးကို
ရင်းနှီးမြုတ်နှံတဲ့ပမာဏ -၅၀၀ သတ်မှတ်မယ်
Projectကာလက - သုံးနှစ် မှ ငါးနှစ်အတွင်း
Investor ရရှိမဲ့ အကျိူ အမြတ်က-
(၁)မြေနေရာ နဲ့
(၂)Project ထဲက အိမ်ယာဆောက်ပြီး ရမဲ့ အကျိုးအမြတ်ရာခိုင်နှုန်း ပေါ့

Planတစ်ခုစစွဲမယ်
Investor 100 ဦး × ၅၀၀ သိန်း = သိန်း ၅၀၀၀၀

ဆိုတော့ ကျပ်ငါးဘီလီယံ ရှိမယ်

မြေအတွက်က သိန်း ၂၅၀၀၀ သုံးမယ်
မြေ ကို 10 ဧကဝယ်မယ်
မြေ 5 ဧက ကို investor 100 အတွက် တစ်ခါထဲ မြေကွက် ခွဲပေးလိုက်မယ်ပေါ့....

အာ့ဒီ မှာတင် Plannerဖြစ်တဲ့ကျနော်က
၅ဧက ထွက်လာမယ်
ကျန် တဲ့ ၂၅၀၀၀ နဲ့ လုပ်မဲ့ planနဲ့
အကြာင်း အရာတွေတော့မပြောတော့ဘူး

အဓိကပြောချင်တာက အိမ်ရာစီမံကိန်း လုပ်တဲ့
ယုံကြည်စိတ်ချရတဲ့သူ planner နဲ့ ရှယ်ယာရှင်များ ရင်းနှီး မြုတ် နှံမှုသဘောတူညီချက်
Contract စာချုပ် ချုပ်ဆိုပြီး
ကောင်းကောင်း လုပ်ရင် အကျိုး အမြတ် က
တော်တော်လေးကို ကောင်း တဲ့အရာတစ်ခုပါဘဲခင်ဗျာ

ဒီစာလေး မှာ ဘဲ ကျနော် အဓိကပြောချင်တာ တစ်ခု ရှိပါတယ်

ကျနော် အလုပ်တစ်ခု တော့ တစ်စိုက်မတ်မတ်လုပ်မှရပါမယ်

ကျနော်
ဒီနှစ်ကုန်ခါနီး
နောက် နှစ် အစပိုင်း လောက် မှာ ဖြစ်ချင်ဖြစ်မယ်....
ကျနော် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း စတင်
လုပ်ဖို့ရှိတာမို့ အာ့ဒီအခါကျရင်
ရောင်းလို ဝယ်လို တာတွေ ရှိရင် ယုံကြည်စိတ်ချစွာအပ်နှံပြီး
အားပေးကြဖို့ပြော ချင်တာပါခင်ဗျာ🥰🥰🥰
လတ်တလောတော့ သိရာ ခင်ရာ မိတ်ဆွေ များ နှင့်
လိုင်းပေါ်က နေ သင်ယူလေ့လာနေပါ သေးတယ်

စာသိပ်မရေးဖြစ်ပေမဲ့ အမှားပါရင်လဲ ခွင့်လွှတ်ပါခင်ဗျာ

မြေကွက်လေးတွေလိုချင်ရင်လဲ
ကျနော်မိတ်ဆွေတချို့ရဲ့ အရောင်းမြေကွက် ကောင်းကောင်းလေးတွေရှိတာမို့ နောက်ပိုင်း အားပေးကြပါအုံးနော်


#ကလော
#ကလောလမ်းညွှန် ゚viralシ
#ကလောမြို့

15/08/2026

ယနေ့ ကလောမြို့ ရဲ့ တနေရာ🌲🌲🌲
Zin Min Htet Kalaw Travelling 📷

ရှူခင်းတွေဘဲရိုက်နေလိူ့မရတာမို့
အလုပ်လေး လုပ်ပါရစေ🙏ခင်ဗျာ

ကလောမြို့ အတွင်း ဟော်တယ်လုပ်ငန်းလုပ်ချင်တဲ့ဘောစိတွေ
ကလောမြို့မှာ အေးဆေးနေလိုတဲ့ မိတ်ဆွေတွေအတွက်ကလောမြို့ရှိမြေကွက်နေရာကောင်း...လေးတစ်ကွက်နဲ့
မိတ်ဆက်ပေးပါရစေ
မြေအကျယ် ပေ ၅၀-၁၀၀
အိမ်အပါ ၁၈၀၀၀ လေးနဲ့ ရမှာပါခင်ဗျာ
ဟော်တယ်ပြန်ဆောက်မယ်ဆိုရင်လဲ
ကလော မြို့ တစ်မြို့လုံးကို မြင်ရနိုင်မဲ့ viewလေးပါခင်ဗျာ



#ကလောမြို့

13/08/2026

ယနေ့ ကလော ညနေခင်းတနေရာ 🌲🌲




#ကလောမြို့
#ကလောလမ်းညွှန်
#ကလော

12/08/2026

ယနေ့ ကလောမြို့ရဲ့ တနေရာ

်းရှူးမြို့တော်
#ကလော
#ကလောလမ်းညွှန်
#ကလောမြို့


11/08/2026

ယနေ့ ကလော ဘူတာအနီး
ကလော ချောင်းရေ ကျသွားပြီ ဖြစ်သည့်မြင်ကွင်းပါ
ကလောလာလည်မဲ့ ခရီးသွား ဧည့်သည် တချို့
ခုချိန် သွားရလာရတာ အဆင်ပြေပါ့မလားစိတ်ပူနေကြလို့
ဒီvideo လေးနဲ့ ဘဲ အဆင်ပြေပါတယ်လို့ပြောပါရစေခင်ဗျာ🥰

11/08/2026

ယနေ့ ကလော (11-Aug-2026)
ချောင်းရေကျသွားပြီးနောက် နာရီစင်နှင့် ဘူတာလမ်း



#ကလော
#ကလောမြို့
゚viralシfypシ゚



#ကလောလမ်းညွှန်

ကလော ချောင်းရေ ပြန်ကျပါပြီ     #ကလောမြို့  #ကလော  #ရောက်    #ကလောလမ်းညွှန်
11/08/2026

ကလော ချောင်းရေ ပြန်ကျပါပြီ



#ကလောမြို့
#ကလော
#ရောက်
#ကလောလမ်းညွှန်

Address

Kalaw
06025

Alerts

Be the first to know and let us send you an email when Kalaw travelling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category