Hpa-an's Diary

Hpa-an's Diary ဘားအံခရီးသွားဝန်ဆောင်မှုနှင့် ခရီးသွားသတင်းအချက်အလက်များမျှဝေပေးခြင်း

ဘားအံမြို့ရဲ့ ရှေးဦးရေကူးကန်ဒုံရင်းရေကန်ဘားအံသားမှန်ရင် ဒီရေကန်မှာ ရေကူးဖူးတယ်။
18/09/2023

ဘားအံမြို့ရဲ့ ရှေးဦးရေကူးကန်

ဒုံရင်းရေကန်

ဘားအံသားမှန်ရင် ဒီရေကန်မှာ ရေကူးဖူးတယ်။

ရသေ့ပျံက အာလဝံအင်းမှာလှေစီးရင်း ဦးလွန်းမြိုင်တဲလေးမှာ ဓါတ်ဖမ်းလို့ရပြီးနော်ဘာကြောင့် ဦးလွန်းမြိုင်တဲလို့ခေါ်သလဲဆိုတော့ ရ...
11/09/2023

ရသေ့ပျံက အာလဝံအင်းမှာလှေစီးရင်း ဦးလွန်းမြိုင်တဲလေးမှာ ဓါတ်ဖမ်းလို့ရပြီးနော်

ဘာကြောင့် ဦးလွန်းမြိုင်တဲလို့ခေါ်သလဲဆိုတော့ ရသေ့ပျံက လှေဆရာ ဦးလွန်းမြိုင်က လှေစီးတဲ့ဧည့်သည်တွေ ဓါတ်ပုံရိုက်လို့ရအောင် ဆောက်ထားတဲ့အတွက် ‘’ဦးလွန်းမြိုင်တဲ’’ လို့ခေါ်ပါတယ်။

ဒါကြောင့် ရသေ့ပျံက အာလဝံအင်းမှာ လှေစီးရင်း ဦးလွန်းမြိုင်တဲလေးမှာ ဓါတ်ဖမ်းလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။




ထိ့ကျားရေတံခွန် စမ်းချောင်းဘားအံမြို့နယ်ထဲမှာတည်ရှိတဲ့ သဘာဝဆန်ပြီး လူသူအပေါက်ရောက်နည်းသော သဘာဝရေတံခွန်စမ်းချောင်းလေးတစ်ခ...
08/09/2023

ထိ့ကျားရေတံခွန် စမ်းချောင်း

ဘားအံမြို့နယ်ထဲမှာတည်ရှိတဲ့ သဘာဝဆန်ပြီး လူသူအပေါက်ရောက်နည်းသော သဘာဝရေတံခွန်စမ်းချောင်းလေးတစ်ခုပါ။

အခုတစ်လော ဘားအံအနီးပါတ်ဝန်းကျင်မှာ ရေတံခွန်စမ်းချောင်းတွေ တစ်ခုပြီးတစ်ခုပေါ်ထွက်လာတာ တော်တော်များလာပါတယ်။

ဘားအံဆိုတဲ့မြို့ငယ်လေးကို တောင်တွေရဲ့မြို့တော်လို့ခေါ်ဆိုကြသလို့ သဘာဝတွေပြည့်လျှ့နေတဲ့မြို့လေးလို့လဲ ခေါ်ဆိုနိုင်ပါတယ်။

တစ်ယောက်တည်းပဲလာလာ၊ ချစ်သူနဲ့ပဲလာလာ၊ သူငယ်ချင်းတွေနဲ့ပဲလာလာ ဘားအံမြို့လေးက ကျေနပ်စရာတွေပေးစွမ်းနိုင်ပါတယ်။

ထိ့ကျားကို ဘယ်လိုသွားရတာလဲ ?

လွန်းညရွာအကျော် ခနိမ်းဒိုရွာမူလတန်းကျောင်းအရှေ့က တိုက်နားဘုန်းကြီးကျောင်းဆိုင်းပုဒ်လမ်းအတိုင်း တည့်တည့်ဝင်သွားရပါတယ်။

စပါးခင်းနားက လမ်းဆုံရောက်ရင် ညာဘက်ကိုချိုးဝင်ပြီး တည့်တည့်ဝင်သွားရင် တံတားတစ်စင်းကိုရောက်ရင် ဘယ်ဘက်ကိုချိုးဝင်ပြီး မိနစ် (၂၀) လောက် တည့်တည့်ဆက်သွားရင် ထိ့ကျားရေတံခွန်စမ်းချောင်းကိုရောက်ပါပြီး။

လမ်းတစ်လျှောက်ရော်ဘာခြံတွေရှိလို့ ရော်ဘာပင်တွေကြားမှာ ဓါတ်ဖမ်းလို့လဲကောင်းပါတယ်။

(လမ်းကတော်တော်ကြမ်းပါတယ်။ အောက်ပိုင်းနိပ်တဲ့ကားတွေနဲ့ သုံးဘီးတွေအနေနဲ့ အဆင်မပြေပါဘူး)

ရှောင်ရန်/ ဆောင်ရန်များ

ရေတံခွန်ထဲကကျောက်တုံးလေးတွေက ဂဝံကျောက်တုံးတွေဖြစ်လို့ ချော်လဲမှာစိတ်မပူရပါဘူး။

လူသွားလူလာနည်းလို့ ဆိုင်တွေမရှိပါဘူး။ စာသောက်စရာတွေကိုတော့ မယူ​ဆောင်သွားစေခြင်ပါဘူး။ စားသောက်စရာတွေယူဆောင်ပြီး ထိ့ကျားရေတံခွန်စမ်းချောင်းမှာ စားသောက်ပြီး အမှိုက်တွေများလာမှာဆိုးလို့ပါ။

အပြန်မှ အိန္ဒုရွာမှာပဲ ဝင်စားကြပါ။

လမ်းကြမ်းလို့ ကားတွေအနေတဲ့ ဂရုတစ်စိုက်နဲ့ထိန်းပြီးမောင်းပေးကြပါ။

Thura Oo

09797759267

#ဘားအံသုံးဘီး

ဘားအံမြို့အနီးအနားက သဘာဝရေပြာစမ်းချောင်းဘားအံမြို့ဆိုတာ ထုံးကျောက်တောင်တန်းကြီးတွေဝန်းရံထားတဲ့မြို့လေးဖြစ်လို့ ထုံးကျောက...
06/09/2023

ဘားအံမြို့အနီးအနားက သဘာဝရေပြာစမ်းချောင်း

ဘားအံမြို့ဆိုတာ ထုံးကျောက်တောင်တန်းကြီးတွေဝန်းရံထားတဲ့မြို့လေးဖြစ်လို့ ထုံးကျောက်
တောင်တွေပေါများလို့ သဘာဝစိမ့်စမ်းရေအိုင်တွေ
ပေါများတာ မဆနိးပါဘူး။

စိမ့်စမ်းစမ်းချောင်းတိုင်းက ကိုယ်ပိုင်ရေထွက်ပေါက်တွေရှိလို့ ရေမခမ်းချောက်ပါဘူး။

နွေအခါမှာတောင် ရေနည်းပါးတယ်ဆိုရုံပဲရှိပါတယ်။

အခု ဖော်ပြပေးတဲ့ စိမ့်စမ်းရေပြာကန်လေးက ကော့ခမိတ်ရွာဧရိယာထဲမှာပဲရှိလို့ ဘားအံမြို့နဲ့ မဝေးပါဘူး။
ကားနဲ့သွားရင် မိနစ် (၃၀) ပဲကြာပါတယ်

Locations အတွက် CB မှာ မေးမြန်းပေးပါ ခင်ဗျ။









#ဘားအံသုံးဘီး



ဘားအံမြို့ဝန်းကျင်မှာရှိတဲ့ ထုံးကျောက်တောင်တွေရဲ့ အမြင့်ပေတွေပါ။  #ဇွဲကပင်တောင်           ၂၃၆၀ ပေ #တောင်ဝိုင်းတောင်     ...
16/05/2023

ဘားအံမြို့ဝန်းကျင်မှာရှိတဲ့ ထုံးကျောက်တောင်တွေရဲ့ အမြင့်ပေတွေပါ။

#ဇွဲကပင်တောင် ၂၃၆၀ ပေ

#တောင်ဝိုင်းတောင် ၁၀၄၀ ပေ

#ကြာအင်းတောင် ၁၀၀၉ ပေ

#ထောင်ဝိတောင် ၈၃၆ ပေ

#ရဲသာတောင် ၇၄၃ ပေ

#ရသေ့ပျံတောင် ၇၄၂ ပေ

#ကော့ဂွန်းတောင် ၁၂၆၃ ပေ

#သံဒိုင်းတောင် ၇၉၄ ပေ

#ဖားကပ်တောင် ၃၅၀ ပေ

#ဖားပုတောင် ၅၉၀ ပေ

#ဘုရင်ညီနောင်တောင် ၈၃၄ ပေ

#မိကရင်တောင် ၉၂၉ ပေ

#ကော့ကူးတောင် ၆၅၀ ပေ

#မိဇံတောင် ၉၃၁ ပေ

မြို့ဘားအံ (မန်းသင့်နောင် - ကော့ကရိတ်) မှ ကိုးကားပါသည်။





မိုးရာသီကို စောင့်ကြိုနေတဲ့ 𝓗𝓹𝓪 𝓐𝓷မိုးကိုမျှော်နေသလား ကောင်းကင်မှာ မိုးတွေအုပ်ဆိုင်းလာပြီဆိုရင် မိုးရာသီကိုကြိုဆိုရမယ့်အ...
13/05/2023

မိုးရာသီကို စောင့်ကြိုနေတဲ့ 𝓗𝓹𝓪 𝓐𝓷

မိုးကိုမျှော်နေသလား

ကောင်းကင်မှာ မိုးတွေအုပ်ဆိုင်းလာပြီဆိုရင် မိုးရာသီကိုကြိုဆိုရမယ့်အချိန်ရောက်ပြီလို့ သိကြပါတယ်။ ပူပြင်းတဲ့ နွေအပူဒဏ်အောက်မှာ လပေါင်းများစွာ ပင်ပင်ပန်းပန်းနေခဲ့ရပြီးမှ ခြောက်သွေ့နေတဲ့ရာသီကို မိုးရေပက်ဖျန်းပေးတော့မှာပါ။

မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ

အချိန်အတော်ကြာစောင့်စားခဲ့ရတဲ့ မိုးရေစက်တွေရဲ့အသံကိုပဲ သံစဉ်လိုလို ထင်မှတ်ပြီးပျော်ရွှင်ကြပါတယ်။ မိုးတွင်းရောက်ရင် ရာသီဥတုက မပူလွန်းမအေးလွန်း၊ နေလို့ကောင်းတဲ့အခြေအနေရှိနေတာကြောင့် လူတွေရဲ့စိတ်မှာပျော်ရွှင်မှုဘက်ကိုပြောင်းလဲစေ ပါတယ်။ အများစုက အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီကိုတောင့်တ၊ မျှော်လင့်နေကြပေမယ့် မိုးရာသီက ညစ်နွမ်းနေတဲ့ ပတ်ဝန်းကျင်ကို သန့်စင်ပေးသလို မိုးရာသီကြောင့် စိမ်းစိုလာတဲ့ပတ်ဝန်းကျင်ကလည်း လူတွေရဲ့စိတ်ကို ကြည်လင်စေပါတယ်။

မိုးရာပြီးစ သစ်ရွက်တွေမှာ တွဲခိုနေတဲ့ ရေသီးလေးတွေ၊ သစ်ပင်ပန်းမံတွေကြားက ကျဆင်းလာတဲ့ ရေသီးရေပေါက်လေးတွေနဲ့ တောတောင်တွေကြားက ထွက်ပေါ်လာတဲ့ ရေခိုးရေငွေ့တွေက မိုးရာသီရဲ့ အမတန်ကို လှတဲ့ ပြယုဒ်တွေပါပဲ

မိုးရာသီဟာ သင့်ကို ကန့်သတ်ချုပ်ချယ်မှုရဲ့ဘောင်အတွင်းကနေ လွတ်မြောက်မှုကိုခံစားမိစေမယ့်အချိန်ကာလတစ်ခုဖြစ်ပြီး လှပတဲ့ရာသီဥတုလည်းဖြစ်ပါတယ်။တကယ်တော့ အိပ်စက်ချိန်မှာ မိုးရေစက်အသံတွေလောက်ကောင်းတဲ့ သံစဉ်မရှိတော့ပါဘူး။

ဒါကြောင့် တစ်နှစ်တာ ညစ်နွမ်းနေတဲ့စိတ်ကို ဆေးကြောခြင်လို့ပဲဖြစ်ဖြစ် မွန်းကြပ်မှုကို ဖြေဖျောက်ခြင်လို့ပဲဖြစ်ဖြစ် ခရီးထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် မိုးရာသီရဲ့ ရသကိုအပြည့်အဝခံစားနိုင်တဲ့ ဘားအံကို ရွေးချယ်ခရီးထွက်ဖို့ အကြံပေးခြင်ပါတယ်။








ရသေ့ပျံဝါးဖောင် စမ်းသပ်ကာလစမ်းသပ်ကာလအတွင်း ဝါးဖောင် (၃) စီးဖြင့် စတင်စမ်သပ်နေပါတယ်လောလောဆယ်မှာတော့ သဘာဝရေလှိုဏ်ဂူအထဲသို့...
12/03/2023

ရသေ့ပျံဝါးဖောင် စမ်းသပ်ကာလ

စမ်းသပ်ကာလအတွင်း ဝါးဖောင် (၃) စီးဖြင့် စတင်စမ်သပ်နေပါတယ်

လောလောဆယ်မှာတော့ သဘာဝရေလှိုဏ်ဂူအထဲသို့ပို့ဆောင်ပေးပါတယ်

အသွားအပြန်ကတော့ (၁) နာရီကြာပါတယ်

မိုးတွင်းရောက်မှ မိုးရာသီအလှနဲ့ ရသေ့ပျံအနီးတစ်ဝိုက်သဘာဝအလှကို ဝါးဖောင်စီးပြီး အပြည့်အဝခံစားနိုင်မှာပါ

(စမ်းသပ်ကာလဖြစ်၍ ထီးမဝယ်ရသေးခင် လက်တစ်လောရွာထဲက ထီးတစ်ချောင်းကိုငှါးရမ်းထားတာပါ)







Hello Taung Wineလူ့လောကရဲ့ နိဗ္ဗာန်ဘုံလေး       #ဘားအံသုံးဘီး
09/03/2023

Hello Taung Wine

လူ့လောကရဲ့ နိဗ္ဗာန်ဘုံလေး






#ဘားအံသုံးဘီး

27/01/2023

ဘားအံက ဘယ်အချိန်လှလဲမေးခဲ့ရင်

အဖြေကတော့ မုတ်သုံရာသီသာ အလှဆုံးပါလို့ပဲဖြေပါရစေ. . .

ဘားအံရဲ့မှတ်သုံရာသီမှာ ထုံးကျောက်တောင်တွေမှာစုဖွဲ့နေတဲ့ ရေခိုးရေငွေ့တွေနဲ့ စိမ်းစိုနေတဲ့တောင်တန်း၊ တောင်စုတွေက ဘားအံဘယ်လောက်လှသလဲဆိုတာ ဖော်ပြနေပါတယ်။

စိမ်းလဲ့ကြည်ပြာနေတဲ့ အင်းအိုင်စမ်းချောင်းတွေက အရမ်းလှတဲ့ဘားအံကို ဖော်ကြူးနေပြန်တယ်။

Address

Hpa-an

Telephone

+959797759267

Website

Alerts

Be the first to know and let us send you an email when Hpa-an's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hpa-an's Diary:

Share