JZ mobile photography

JZ mobile photography photographs

MD- ❣❤❣📷📱📷-JZ
14/07/2020

MD- ❣❤❣
📷📱📷-JZ

ငယ်ဘဝကိုအမှတ်ရစေသောအရာတစ်ခု😁
25/06/2020

ငယ်ဘဝကိုအမှတ်ရစေသောအရာတစ်ခု😁

09/06/2020

လူရှေ့ရဲရဲ ထွက်ရဲအောင်
================

ကျောင်းတက်ဆဲကာလဖြစ်စေ၊
လုပ်ငန်းခွင်ချိန်မှာဖြစ်စေ၊
ကျွန်တော်တို့အားလုံးဟာ...
တနည်းမဟုတ် တနည်း
လူရှေ့ထွက် စကားပြောကြရစမြဲပါ။

ကျောင်းတက်နေစဉ်အချိန်တွေထက် ...
လုပ်ငန်းခွင်ဝင်ချိန်မှာ ပိုပြီး
လူရှေ့ထွက်ရတတ်ပါတယ်။

တကယ့်လက်တွေလုပ်ငန်းခွင်မှာလည်း
ရာထူးအရှိန်အ၀ါ ထည်ဝါလာတာနဲ့အမျှ...
လူတွေရှေ့ ရဲရဲထွက်ရဲမှ ဖြစ်မှာပါ။

ဆိုတော့ လူရှေ့ကို မထွက်မဖြစ် ထွက်ရတဲ့အခါ
တစ်ချို့က သတ္တိရှိစွာနဲ့ ထွက်တတ်ကြပြီး...
တစ်ချို့ကတော့ ကြောက်ရွံစိုးရိမ်ထိတ်လန့်စွာနဲ့
ခြေတုန် လက်တုန် အသံတုန်စွာနဲ့
ထွက်တတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်စေ...
မလုပ်မဖြစ် လုပ်ရတဲ့အလုပ်အတွက်
ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့သာ
သတ္တိရှိရှိထွက်ရဲမယ်ဆိုရင် ...
ပိုပြီးကျေနပ်အားရစရာ ကောင်းသလို...
ရလာဒ်တွေဟာလည်း ထိရောက်ကောင်းမွန်နေမှာပါ။

ဒီလို အရေးကြီးတဲ့ လူရှေ့ထွက်ခြင်းအနုပညာကို
ပိုမိုပီပြင် အသက်ဝင်အောင် ...
အောက်မှာဖော်ပြထားတဲ့ နည်းလေးတွေနဲ့
အကောင်းဆုံး ဖန်တီးကြည့်ရအောင်............................................

၁။ စိတ်လှုပ်ရှားခြင်းအတွက် စိတ်မလှုပ်ရှားပါနဲ့။
===============================

လူတိုင်းလူတိုင်း လူရှေ့ရောက်ရင်
အတိုင်းအတာ တစ်ခုအထိတော့
စိတ်လှုပ်ရှားတတ်ပါတယ်။

အောင်မြင်တဲ့ စကားပြောကောင်းသူတွေတောင်...
လူရှေ့ရောက်တိုင်း စိတ်လှုပ်ရှားမှု
အနည်းနဲ့အများတော့ ရှိတတ်ကြတာပဲလို့
ဖွင့်ဟ၀န်ခံကြပါတယ်။

လူရှေ့ထွက်တာ ကြာလာတဲ့ အတွေ့အကြုံကြောင့်သာ
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တာနဲ့
မထိန်းချုပ်နိုင်တာဘဲ ကွာတာပါ။
စိတ်ကတော့ လှုပ်ရှားမြဲ လှုပ်ရှားလျှက်ပါပဲ။

ဒါ့ကြောင့် စိတ်တွေလှုပ်ရှားနေပြီဆိုရင် ...
ဒုက္ခပါပဲ ... ငါတော့ စိတ်တွေသိပ်ကို လှုပ်ရှားနေပြီ...
အမှားတွေလုပ်မိ၊ ပြောမိတော့မှာပဲဆိုပြီး
စိတ်တွေ ယောက်ယက်ခတ်မနေဘဲ....

ဒါဟာ...
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အရာလေးတစ်ခုဖြစ်နေတာ။
ဘာမှ ပြသနာမရှိဘူး....
ဒီအနေအထားလေးကိုပဲ
အကောင်းဆုံး စီမံနိုင်အောင်ကြိုးစားမယ်ဆိုပြီး
စိတ်နှစ်ကာ ကြိုးစားပြီး...
ပရိတ်သတ်နဲ့ တသားတည်းကျအောင်ပဲ
အဓိကထား ဖော်ဆောင်ကြည့်ပါ။....................................................................

၂။ အချိန်ယူပြင်ဆင်ပါ။ အချိန်ယူလေ့ကျင့်ပါ။
=============================
လူတွေဟာ ကိုယ်ကျွမ်းကျင်တဲ့အရာကို လုပ်ရတဲ့အခါ
ပိုပြီး အကောင်းဆုံးလုပ်နိုင်ကြပါတယ်။
သေချာမပြင်ဆင်ထားဘူးဆိုခဲ့ရင်တော့
ငါအမှားလုပ်မိတော့မှာလား...
မေ့သွားရင်တော့ ပြသနာပဲ ဆိုပြီး
စိတ်တွေရှုတ်ထွေးနေမှာပါ။
ဒါ့ကြောင့် အကောင်းဆုံးလုပ်နိုင်ဖို့ ....
လူရှေ့ထွက်ရမယ့် အကြောင်းအရာ ရှိလာပြီဆိုရင် ...
အကောင်းဆုံး ပြင်ဆင်ထားရမယ့်အပြင် ...
အကောင်းဆုံး လေ့ကျင့်ထားဖို့လည်း လိုပါတယ်။
....................................................................

၃။ ကိုယ်မကျွမ်းကျင်တဲ့ အကြောင်းအရာမျိုးကို ရှောင်ပါ။
=====================================
တခါတလေ ကိုယ်ပြောနေတဲ့အကြောင်းအရာက
ကိုယ်မကျွမ်းကျင်ဘဲ ပြောရတဲ့အခါမှာ ...
ငါမှားသွားမလား...
ဒီအကြောင်းအရာကို
ငါ့ထက် တယောက်ယောက်ကများ
ပိုသိနေခဲ့လို့ ...
မေးခွန်းမေးလာရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး...
စိတ်ပိုလှုပ်ရှားတတ်တာမို့....
ကိုယ်မကျွမ်းကျင်တဲ့ အကြောင်းအရာမျိုးကိုရှောင်ကာ...
ကျွမ်းကျင်တဲ့အကြောင်းအရာကိုပဲ
ရွေးချယ်ဆွေးနွေးတင်ပြပါ။....................................................................

၎။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ထားပါ။
============================
ပွဲမ၀င်ခင် အပြင်က အကောင်းဆုံး လေ့ကျင့်ခဲ့သူအတွက်...
စင်ပေါ်ရောက်တဲ့အခါမှာ ...
ငါအကောင်းဆုံး ပေးမယ်ဆိုတဲ့
စေတနာလေး အခြေခံလို့
ငါအကောင်းဆုံး လုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးထည့်ပြီး...
ကိုယ့်ကိုကိုယ် ယုံကြည်မှု တည်ဆောက်ပြီးလုပ်ကြည့်ပါ။
With confidence, you have won before you have started
လို့ ဆိုကြတဲ့အတိုင်း
ယုံကြည်မှုရှိရင် အောင်မြင်မှုက တွဲပါလာတော့မှာပါ။....................................................................

၅။ အာရုံစိုက်ပါ။
===========

ကိုယ့်စိတ်လှုပ်ရှားမှုတွေ၊
ကိုယ့်ကိုယ်ဟန်အနေအထားတွေအပေါ်
လိုအပ်တာထက်ပိုပြီး အာရုံမစိုက်သင့်ဘဲ..
ကိုယ်ပြောမယ့်အကြောင်းအရာကို
အကောင်းဆုံးပြောနိုင်ဖို့နဲ့...
ကိုယ့်ပရိတ်သတ်ကို
ရင်းနှီးသော ဆက်သွယ်မှုလေးတစ်ခု
ရှိနိုင်ဖို့ စ လယ် ဆုံး ဂရုစိုက်ပါ။
ဒီလိုဆိုရင် ...
ကိုယ့်အာရုံစိုက်မှုဟာ
စိတ်လှုပ်ရှားမှုပေါ် မမူတည်တော့ဘဲ...
အကောင်းဆုံးလုပ်ဆောင်မယ့်
လုပ်ရပ်အပေါ် မူတည်လာမှာဖြစ်တယ်။
ပိုပြီးလည်း ပရိသတ်ရယ်၊
ကိုယ်ရယ်၊
ဆွေးနွေးပြောကြားမယ့် အကြောင်းအရာရယ်
တစ်သားတည်းကျနေမှာမဟုတ်လား။....................................................................

ဒီနည်းတွေတင်မကသေးဘဲ...
တခြားအချက်ပေါင်းများစွာလည်း
ထည့်သွင်းစဉ်းစားလို့ရနိုင်သေးပေမယ့်...
အစကနဦးမှာ...
ဒီအချက်လေးတွေ ကျင့်သုံးနိုင်ရုံနဲ့တင်
အကောင်းဆုံး ရှေ့ထွက်စကားပြောရဲသူတစ်ယောက်
ဖြစ်လာမှာပါ။

==========================

လူငယ်များနှင့် လုပ်ငန်းခွင်ဝင်ရောက်နေသူများအတွက်...
မှတ်သားဖွယ်ရာ အကျိုးပြုဆောင်းပါးများကို
ဆက်လက်မျှဝေပေးမှာမို့ ...
မလွတ်သွားရအောင် ...
SCBI စာမျက်နှာလေးကို
Like & See First လုပ်ထားမှတော့ဖြစ်မှာနော် ^_^...................................................

မန္တလေးမှ ...လူငယ်များအတွက်
အောင်မြင်ဖို့လျှောက်လှမ်းရာလမ်းမှာ...
အကောင်းဆုံးတွေ အတူတူဖန်တီးပေးနိုင်ဖို့ ...

FMI Center မှာ စတင်ဖွင့်လှစ်သည့် 1996 ခုနှစ်မှစကာ
ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်သော အတွေ့အကြုံများဖြင့်
အောင်မြင်စွာ ရပ်တည်လာခဲ့သော
SCBI - Stamford-City Business Institute မှ
ရွှေမန်းသူ ရွှေမန်းသားများအတွက် ...
SCBI မန္တလေးကျောင်းခွဲကို
၂၀၁၉ မတ်လမှစတင်ဖွင့်လှစ်ကာ
အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့
ရောက်လာပါတော့မယ် ^_^
...................................................

SCBI မန္တလေး
=========
iGroup Mandalay,
Junction of 73rd street & Khaing Shwe Wah Street
05011 Mandalay

Contact Numbers:
09 898336868
09 898336767

SCBI ရန်ကုန်
=========
SCBI No. 375, 3rd Floor,
Bogyoke Aung San Road, Pabedan Township.
Yangon

Contact Numbers:
09 443044291
09 443079716
09440434633

တနေ့ လူမချွေလည်းဖဲေကြွမှာဖဲလူသားများလည်းအဲ့လိုပါဖဲ
03/06/2020

တနေ့ လူမချွေလည်းဖဲ
ေကြွမှာဖဲ
လူသားများလည်း
အဲ့လိုပါဖဲ

Share your smile😊
29/05/2020

Share your smile😊

ထိခရုံး😁
09/05/2020

ထိခရုံး😁

ကြုံဖူးသူများသာshare ရန်😂Crd
03/05/2020

ကြုံဖူးသူများသာshare ရန်😂

Crd

မျက်ရည်တောင်ဝဲနေတယ်ဗျားအိမ်ဘေးအိမ်က အလုပ်သမားလေးပါ။ထီထိုးထားပီး အမှတ်တမဲ့မတိုက်ဖြစ်တဲ့ သူတွေသူ့လိုမဖြစ်အောင် တင်ပေးလိုက်...
03/05/2020

မျက်ရည်တောင်ဝဲနေတယ်ဗျား
အိမ်ဘေးအိမ်က အလုပ်သမားလေးပါ။

ထီထိုးထားပီး
အမှတ်တမဲ့မတိုက်ဖြစ်တဲ့ သူတွေ
သူ့လိုမဖြစ်အောင် တင်ပေးလိုက်ပါတယ်

ထီဆိုင်က ဖုန်းမဆက်လို့ မပေါက်ဘူးထင်လို့
နေခဲ့တာ ကျွန်တော်က အတင်းတိုက်ခိုင်းလို့ ထီပေါက်စဉ်ဝယ်ပီး

တိုက်လိုက်တော့ မျက်ရည်တောင်ဝဲသွားတဲ့
ကောင်လေးရေ

ဝမ်းသာပါတယ် လုံးဝမပေါက်ရှာပါဘူး
ထီပေါက်စဉ် ဝယ်လိုက်ရလို့
ကွမ်းဖိုး 200ထပ်ပါသွားလို့ မျက်ရည်ဝဲသွားတာပါ။။

crd;

Address

Hpa-an

Telephone

+959776221443

Website

Alerts

Be the first to know and let us send you an email when JZ mobile photography posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JZ mobile photography:

Share

Category