17/08/2026
✨ ဆိုင်ခွဲသစ် ဖွင့်ပွဲ ဖိတ်ကြားခြင်း ✨
ချစ်ခင်ရပါသော မိတ်ဆွေများနှင့် Customer များအားလုံးကို အထူးဝမ်းမြောက်စွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။ 💐
ကျွန်တော်တို့ရဲ့ ဓာတ်ပုံဆိုင်လေးကို ယနေ့အချိန်အထိ ယုံကြည်စွာ အားပေးလာကြတဲ့ Customer တစ်ဦးချင်းစီရဲ့ ချစ်ခြင်း၊ ယုံကြည်မှုနဲ့ အားပေးကူညီမှုတွေကြောင့် ဆိုင်ခွဲသစ်တစ်ခုကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ❤️
ဒီအောင်မြင်မှုဟာ ကျွန်တော်တို့တစ်ဖွဲ့တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ အမြဲတမ်း အားပေးပေးခဲ့ကြတဲ့ Customer များအားလုံးနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ဆိုင်ခွဲသစ်ဖွင့်ပွဲအခမ်းအနားလေးကို အတူတကွ ပါဝင်ဂုဏ်ပြုပေးနိုင်ဖို့ ချစ်ခင်ရတဲ့ Customer များ၊ မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ဖိတ်ကြားအပ်ပါတယ်။ 🥂✨
📸 ဆိုင်ခွဲသစ်ဖွင့်ပွဲ
📅 ရက်စွဲ — 19.8.2026 ဗုဒ္ဓဟူးနေ့
⏰ အချိန် — မနက် (၆:၀၀)မှ (၉:၀၀)အထိ
📍 နေရာ — PRO Photo Studio ကံပေါက်
“သင့်တို့ရဲ့ အားပေးမှုက ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။” ❤️
လာရောက်ပေးကြမယ့် Customer တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပြီး ဆိုင်ခွဲသစ်လေးရဲ့ အစပြုခြင်းမှာ အတူတူ ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။ 🌷📸
အားပေးမှုတိုင်းအတွက် ကျေးဇူးအထူးတင်ပါတယ်။ 🙏❤️