Kyeet Myin Village

Directions

Kyeet Myin Village အညာမြေ မှ တို့ ဌာနေ လွမ်းမိတတ်ပါစေ..

“ဘောလုံးကွင်းတစ်ကွင်း ပြုပြင်ဖို့ဆိုတာ လူငယ်တွေရဲ့တာဝန်တစ်ခုတည်း မဟုတ်ပါဘူး။ ရွာသူရွာသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ...
09/11/2026

“ဘောလုံးကွင်းတစ်ကွင်း ပြုပြင်ဖို့ဆိုတာ လူငယ်တွေရဲ့တာဝန်တစ်ခုတည်း မဟုတ်ပါဘူး။ ရွာသူရွာသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အမှတ်တရတစ်ခု တည်ဆောက်ခြင်းပါ။” ❤️
⚽ ဘောလုံးကွင်းပြင်ဖို့ ပါဝင်အားဖြည့်စို့
ထွန်စက်1နာရီခဖြစ်ဖြစ်ပါဝင်ကြပါအုံး ညီကိုတို့💪
ကွန်မန့်မှာဖြစ်ဖြစ်
Viber, telegram +959426841062 ဆက်သွယ်ပါဝင်နိုင်ပါတယ်ဗျတယ်ဗျ

31/10/2026
လာမယ့်ခြောက်လအတွင်း အယ်နီညိုကြောင့် မြန်မာနိုင်ငံမှာ လူထောင်ချီTay ဆုံးနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပေးထားပါတယ် (၁)...
07/10/2026

လာမယ့်ခြောက်လအတွင်း အယ်နီညိုကြောင့် မြန်မာနိုင်ငံမှာ လူထောင်ချီTay ဆုံးနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပေးထားပါတယ်

(၁) အပူရှပ်ခြင်း မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ"
အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် -
* ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ
* ခေါင်းမူး၊ ခေါင်းကိုက်ပြီး အားကုန်ခမ်းနုန်းချိလာတာ
* ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
* နှလုံးတုန်ပြီး ကြွက်တက်တာ(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်)

(၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ"
* ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ
* ကိုယ်အပူချိန် တက်လာတာ
* စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ
* သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ

ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း"

ဆေးရုံမပို့ခင် ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ -
1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။

2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ်
ပစ်ပါ သို့မဟုတ် လျှော့ပေးပါ။

3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။

4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။

လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက်

* ပါရာစီတမော လုံးဝမတိုက်ရပါ။
အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။
* သတိလစ်နေရင် ရေမတိုက်ရပါ။
လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသ)က်ရှူကျပ်သွားတတ်ပါတယ်။

ဘယ်လို ကြိုတင်ကာကွယ်မလဲ။

* ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။
* အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။
* ဖရဲသီး ၊သခွါးမွှေးသီး၊သခွါးသီး စတဲ့ အသီးအနှံတွေ စားပေးပါ။
* နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

ဟင်းခပ်အမွှေးအကြိုင်မဆလာအပူအစပ် /မာလာအထုံအစပ်/ရခိုင်ချက်အာပူအစပ်/ငပိရည် ငံပြာရည်စပ်စပ် (ဆင်ခြင်စားပါ)

#ကျန်းမာရေးဗဟုသုတ
#အပူရှပ်ခြင်း
#ကျန်းမာရေး

ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက် အဖွဲ့ အကျိူးဆောင်မှု့ဖြင့် ရေခက်ခဲသောချောက်မြို့နယ်ကြောင်ယာတောအုပ်စုကြည့်မြင်ရွာပေ...
31/08/2026

ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက် အဖွဲ့
အကျိူးဆောင်မှု့ဖြင့်

ရေခက်ခဲသော
ချောက်မြို့နယ်
ကြောင်ယာတောအုပ်စု
ကြည့်မြင်ရွာ
ပေ ၇၀၀ ကျော်
လေးလက်မခွဲရေတွင်း
၇ ကောင်ခွဲ ရေမြုပ်ပန့်ချ ရေတွင်း
တူးဖော်နေစဥ်ပုံရိပ်
ပေ ၇၆၀မှာရေအောင်ပါပြီ
ဦးစိုး +ဒေါ်ဝင်းမာ တို့ကမြေနေရာအလှူပါ
ကုသိုလ်ရှင်အားလုံးဘဝသံသရာအဆက်ဆက်ထာဝရကုသိုလ်အကျိူးကိုရရှိကြပါစေ
#ရေနံ့သာဒင်းဂါးညီနောင်များသစ်ပင်စိုက်ဇရပ်ဆောက်ရေချမ်းစင်တည်အဖွဲ့ကုသိုလ်
#ဇရပ်များကုသိုလ်
#ရေချမ်းစင်ကုသိုလ်
#ရေတွင်းရေကန်ကုသိုလ်များ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

#ရေနံ့သာဒင်းဂါး

25/07/2026

I got over 20 reactions on one of my posts last week! Thanks everyone for your support! 🎉

Address

Kyeet Myin
Chauk

Website

Alerts

Be the first to know and let us send you an email when Kyeet Myin Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category