05/02/2026
၂၀၂၆ ခုနှစ် မဟာသျှိဗရာသ်ရီးနေ့မြတ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့ဟာ တစ်နှစ်ကာလတွင် စွမ်းအင်အမြင့်မားဆုံးညမြတ်ဖြစ်တဲ့ မဟာသျှိဗရာသ်ရီးနေ့မြတ်ဖြစ်ပါတယ်။
ဘုရားရှင်သျှိဗအား ပူဇော်ရန်အကောင်းဆုံးညဖြစ်ပြီး ဤညဟာ သျှိဗဘုရားရှင်၏ လင်ဂမ်းရူပတော်ပွင့်ထွန်းတော်မူတော်နေ့လည်းဖြစ်ပါတယ်။
ဘုရားရှင် သျှိဗ တန်ဍဗ်အကကို ကတော်မူသောနေ့မြတ်ဖြစ်သလို အချို့ကျမ်းဂန်များအရ ဘုရားရှင်သျှိဗမှ လောကသုံးပါးအား ကယ်တင်တော်မူရန် သမုဒ္ဒရာမွှေနှောက်ရာမှ ထွက်ပေါ်လာ၍ ဘေးဥပဒ်ဖြစ်စေသော ဟလာဟလ် အဆိပ်အား သောက်သုံးကယ်တင်တော်မူခဲ့သောနေ့မြတ်လည်းဖြစ်ပါတယ်။
နိရှိသကာလ် ပူဂျားအချိန်မြတ်မှာ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်မှ ဖေဖော်၀ါရီလ (၁၆) ရက်နေ့ ညဉ့်ဦးယံ ၁၂ နာရီ ၄၄ မိနစ်အထိဖြစ်ပြီး မိနစ် ၅၀ တိတိ ကြာမြင့်မှာဖြစ်ပါတယ်။
Zaŵ Liñ Phyŏ