27/01/2025
ကဗျာပဒေသာ
< ပရိတ်(၁၁)သုတ်နှင့်
နေ့ (၇)နေ့ >
သမန္တာ, ဓမ္မဿဝန, နမော၊
နေ့စဉ်နှော၊
မှတ်လော ရွတ်ရမည်။
တနင်္ဂနွေမှာ၊
ယေ သန္တာ၊
မင်္ဂလာ ရွတ်ရမည်။
တနလာင်္မှာ၊
ရတနာ၊
မှန်စွာရွတ်ရမည်။
ဗုဒ္ဓဟူးမှာ၊
မောရပါ၊
သေချာရွတ်ရမည်။
ကြာသပတေးမှာ၊
ဓဇဂ္ဂါ၊
မှန်စွာရွတ်ရမည်။
သောကြာနေ့မှာ၊
အာဋာနာ၊
မှတ်ပါ ရွတ်ရမည်။
စနေနေ့မှာ၊
အင်.ဗော.ပုဗ္ဗာ၊
သုတ်သုံးဖြာ၊
သေချာရွတ်ရမည်။
ခပ်သိမ်းနေ့မှာ၊
သုတ်ဝဋ္ဋာ
မြဲစွာရွတ်ရမည်။
ပရိတ်(၁၁)သုတ်၊
ရွတ်အားထုတ်၊
အဟုတ်ကြီးပွားမည်။