Bagan Photographer - Yethura - Golden Image

Bagan Photographer - Yethura - Golden Image ☎0️⃣9️⃣4️⃣0️⃣2️⃣5️⃣0️⃣0️⃣9️⃣3️⃣6️⃣☑📸🆗

မမြဲခြင်း🙏🙏🙏
20/12/2023

မမြဲခြင်း
🙏🙏🙏

The natural kitchen of an upland area in Bagan.အညာဒေသရဲ့ location....မင်းနန်သူရွာ
08/03/2023

The natural kitchen of an upland area in Bagan.
အညာဒေသရဲ့
location....မင်းနန်သူရွာ







Bagan is beautiful with balloons at sunrise...photo© Yethura (Nyaung Oo)Location- Bagan Area ♥❤💜💙💛ပုဂံ (ခေါ်) တမ္ပဒီပ သည...
17/01/2023

Bagan is beautiful with balloons at sunrise...
photo© Yethura (Nyaung Oo)
Location- Bagan Area
♥❤💜💙💛
ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌​ကောင်း ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။







ပြာသိုလပြည့်နေ့ 🌕🌍🌕🌍ပုဂံဒေသရှိ အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပတဲ့ လတစ်လဖြစ်ပါတယ်။🙏🙏🙏ပုဂံဒေသမှာတော့ အစည်းကားဆ...
05/01/2023

ပြာသိုလပြည့်နေ့ 🌕🌍🌕🌍
ပုဂံဒေသရှိ အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပတဲ့ လတစ်လဖြစ်ပါတယ်။🙏🙏🙏
ပုဂံဒေသမှာတော့ အစည်းကားဆုံးပွဲတော်တစ်ခုလဲဖြစ်ပါတယ်။
မသွားရောက်နိုင်တဲ့မိတ်ဆွေများ ပူဇော်နိုင်ရန် ပုံလေးတွေတင်ပေးတာပါ။🌕🌕🌕💛💛💛

The Ananda Temple located in Bagan, Myanmar is a Buddhist temple built in 1105 AD during the reign (1084–1112/13) of King Kyansittha of the Bagan Dynasty. The temple layout is in a cruciform with several terraces leading to a small pagoda at the top covered by an umbrella known as hti, which is the name of the umbrella or top ornament found in almost all pagodas in Myanmar. The Buddhist temple houses four standing Buddha statues, each one facing the cardinal direction of East, North, West and South. The temple is said to be an architectural wonder in a fusion of Mon and adopted Indian style of architecture. The impressive temple has also been titled the "Westminster Abbey of Burma". The temple has close similarity to the Pathothamya temple of the 10th–11th century, and is also known as “veritable museum of stones”.








Welcome  New Year 2023...💛💛💛💛💛နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ဘေးအန္တရာယ်အသွယ်သွယ်မှလည်း ကင်းရှင်းကြပါစေ။ဆန္ဒနဲ့ဘဝလ...
31/12/2022

Welcome New Year 2023...💛💛💛💛💛
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ဘေးအန္တရာယ်အသွယ်သွယ်မှလည်း ကင်းရှင်းကြပါစေ။
ဆန္ဒနဲ့ဘဝလဲ ထပ်တူကျကြပါစေ။🙏🙏🙏




You should capture the most beautiful moments of your life with photos.📸📸📸♥💙💜Solo Portrait !!!!Starring - Htet Thinzar K...
07/12/2022

You should capture the most beautiful moments of your life with photos.📸📸📸♥💙💜
Solo Portrait !!!!

Starring - Htet Thinzar Kyaw
location -- Bagan area
photo-- yethura (GoldenImage)
Call 📲--09402500936 /Yethura (Bagan-Nyaung Oo)










  Portrait ကို ပေါ့ပေါ့ပါးပါးလေးပဲရိုက်ချင်တယ်....📸📸📸အပြင်မှာရိုက်ရတာ ရိုးအီနေလို့ Indoor လေးမှာဘဲ ရိုက်ချင်တယ်ဆိုရင်အလှ...
21/11/2022

Portrait ကို
ပေါ့ပေါ့ပါးပါးလေးပဲရိုက်ချင်တယ်....📸📸📸
အပြင်မှာရိုက်ရတာ ရိုးအီနေလို့ Indoor လေးမှာဘဲ ရိုက်ချင်တယ်ဆိုရင်
အလှဆုံးနဲ့ အမိုက်စားပုံလေးတွေ ရိုက်ပေးဖို့ အသင့်ပါဗျ..😍😍😍
Ko Yethura📲 09402500936 ကို Hello☎ လိုက်ပါနော်
Starring--
photo --
location--
Photo






Solo Portrait (Black & White)အရောင်တွေကို ခဏမေ့ထားချင်လို့ ⬜⬛Black &White portrait ကလဲ ကြိုက်တဲ့သူတွေအတွက် လှတာပဲ...💃💃💃C...
15/11/2022

Solo Portrait (Black & White)
အရောင်တွေကို ခဏမေ့ထားချင်လို့ ⬜⬛
Black &White portrait ကလဲ ကြိုက်တဲ့သူတွေအတွက် လှတာပဲ...💃💃💃
Call 📲--09402500936 /Yethura
Starring - Htet Thinzar Kyaw (ခ) ဗိုကြီး
location -- Bagan area
photo-- yethura (GoldenImage)











ရိုက်ကူးခ အခကြေးငွေးဆိုတာထက် ကိုယ်ရိုက်ပေးထားတဲ့ဓာတ်ပုံကို ကြည့်ပြီး Client ကပြန်ပေးတဲ့... လှလိုက်တယ်..ဘဘောကျတယ်..ကြိုက်...
13/11/2022

ရိုက်ကူးခ အခကြေးငွေးဆိုတာထက် ကိုယ်ရိုက်ပေးထားတဲ့ဓာတ်ပုံကို ကြည့်ပြီး Client ကပြန်ပေးတဲ့... လှလိုက်တယ်..ဘဘောကျတယ်..ကြိုက်တယ်.... ဆိုတဲ့ recommended က ရိုက်တဲ့သူကျွန်တော့ အတွက်တော့ အရမ်းချိုမြိန်ပြီး အရသာရှိတယ်.... အဲဒီပီတိက ဘာအခကြေးငွေနဲ့မှ တိုင်းလို့မရဘူး..ပျော်တယ်လေ🥇🥇🥇
ဒါကြောင့် ကျွန်တော်နဲ့ရိုက်ရင် 100% ပျော်စေရမယ်ဗျာ..😍😘💯📸
ပုဂံ-ညောင်ဦးမှာ
solo portrait လေးပဲရိုက်ရိုက်၊ ချစ်သူနှစ်ဦး Coupleပဲရိုက်ရိုက်၊ မိသားစု /သူငယ်ချင်းတွေနဲ့ Group photos လေးပဲ ရိုက်ရိုက် ဓာတ်ပုံချစ်သူ client များ စိတ်တိုင်းကျစေမယ့် packagesလေးတွေကို ဆက်သွယ်မေးမြန်းရိုက်ကူးနိုင်ပြီနော်....
ကြိုတင်ဖုန်းဆက်ဖို့တော့ မမေ့ပါနဲ့ဗျ....

Call 📲--09402500936 /Yethura
Starring - MayThuSwe & Yee Wai Nge
location -- Bagan area
photo-- yethura (GoldenImage)









❄️❄️ဆောင်းရာသီလေးလည်း ဝင်စပြုလာပြီဆိုတော့ ပူပါတယ်ဆိုတဲ့ ပုဂံ​​ဒေသက ရာသီဥတုကအေးစပြုလာပြီ။ 🌲🌲ခြောက်သွေ့သွေ့ဖြစ်နေတဲ့ သစ်ပင...
11/11/2022

❄️❄️ဆောင်းရာသီလေးလည်း ဝင်စပြုလာပြီဆိုတော့ ပူပါတယ်ဆိုတဲ့ ပုဂံ​​ဒေသက ရာသီဥတုကအေးစပြုလာပြီ။
🌲🌲ခြောက်သွေ့သွေ့ဖြစ်နေတဲ့ သစ်ပင်လေးတွေနဲ့ မြက်ပင်လေးတွေ လည်း စိမ်းစိုစပြုလာပြီ ဆိုတော့ ပုဂံရဲ့ ရှူ့ခင်းတွေကလည်း လွမ်းမောစရာမကောင်းပဲ နုပျိုသွတ်လက်လို့လာပြီ။
👍👍ဒီချိန်မှာ ပုဂံက လည်လို့ပတ်လို့ အကောင်းဆုံးအချိန်တစ်ခုပါပဲ။
📷📷📷ပုဂံဆောင်ဦးဝင်စ ရှူ့ခင်းလေးတွေ ရှေးဟောင်းအထင်ကရနေရာလေးတွေနဲ့ တစ်ဦးချင်း solo portrait လေးပဲရိုက်ရိုက်၊ ချစ်သူနှစ်ဦး Coupleပဲရိုက်ရိုက်၊ မိသားစု /သူငယ်ချင်းတွေနဲ့ Group photos လေးပဲ ရိုက်ရိုက် ဘဝရဲ့အမှတ်တရ မှတ်တမ်းလေးတွေ ဖြစ်စေမှာတော့ အမှန်ပဲပေါ့ဗျာ....📸📸📸
👏👏ကဲအဲ့တော့ ပုဂံမှာ အလည်အပတ်လာရင်း ဓာတ်ပုံတွေလည်း အမှတ်တရ ရိုက်မယ်ဆိုရင် ဓာတ်ပုံချစ်သူများ စိတ်တိုင်းကျစေမယ့် packages လေးတွေရှိပါတယ်..အချိန်ပေးပြီးစိတ်ရှည်ရှည်ရိုက်ပေးမှာဖြစ်လို့📸📸📸..စိတ်တိုင်းမကျမှာတော့စိတ်မပူနဲ့နော်💛♥💜.... အသေးစိတ်လေးတွေကို Phone no..09402500936 (or)Chat Box ကနေလဲ..ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်........
ဆက်သွယ်လိုက်ပါခင်ဗျ...
Call 📲--09402500936 /Yethura
Starring - Ei Thandar Kyaw
location -- Bagan area
photo-- yethura (GoldenImage)









2013 ကအမှတ်တရ♥💜❤💙💛ဒီဓာတ်ပုံလေးက ကျွန်တော့် Photogrpher သက်တမ်းတစ်လျောက်မှာ အမှတ်တရတွေထဲကတစ်ခုပါ။ ကျွန်တော့်အတွက် ကံကောင်...
10/11/2022

2013 ကအမှတ်တရ♥💜❤💙💛
ဒီဓာတ်ပုံလေးက ကျွန်တော့် Photogrpher သက်တမ်းတစ်လျောက်မှာ အမှတ်တရတွေထဲကတစ်ခုပါ။ ကျွန်တော့်အတွက် ကံကောင်းချင်းလက်ဆောင်လို့လဲ ပြောလို့ရပါတယ်။
၂၀၁၃ လောက်က ရန်ကုန်ကဧည့်သည်မိသားစုတစ်စု ပုဂံကိုအလည်အပတ်လာကြလို့ ဘုရားဖူးလိုက်ပို့ရင်း ပုဂံမြို့သစ်က လောကနန္ဒာစွယ်တော်ဘုရားကို နံနက်ပိုင်းအချိန်ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်က မြစ်ရေကျပြီး ရေလယ်သောင်ထွန်းချိန်ဖြစ်နေတာမို့ ဧရာဝတီမြစ်ဟာ သဘာဝအတိုင်းလှနေပါတယ်။ အဲဒီလိုသောင်ထွန်းချိန်ဆိုရင် မြစ်တစ်ဘက်ကမ်းက မြစ်ခြေ၊ ကျွန်းချောင်း အစရှိတဲ့မြစ်တစ်ဘက်ကမ်း ကျေးရွာများက ရွာသူ ရွာသားများ ပုဂံဘက်ကို စျေးရောင်းစျေးဝယ်လာကြပါတယ်။ သောင်ထွန်းနေတဲ့အချိန်ဆိုတော့ တစ်ဘက်ကမ်းကို အချိန်အတိုင်းအတာတစ်ခုအထိ သောင်ကိုဖြတ်၍ လမ်းလျောက်သွားရပါတယ်။ ဒီပုံထဲမှာမြင်တွေ့ရတာက ပုဂံမှ တစ်ဘက်ကမ်းကိုပြန်ကြတဲ့ အဖွဲ့ပါ။ ကံကောင်းခဲ့တာက သူတို့ဝတ်ဆင်ထားတဲ့ အဝတ်အထည်တွေရဲ့ မတူတဲ့ကာလတွေက ပုံကိုပိုပြီးအထောက်အကူပြုသွားသလိုပါပဲ၊ လက်ထဲမှာလဲ ကင်မရာအဆင်သင့်ရှိနေတာနဲ့ ပုံတော်တော်များများရိုက်ယူနိုင်ခဲ့ပါတယ်။ ကံဆိုးခဲ့တာကအချိန်ပါ ဒီထက်စောတဲ့အချိန်မှာ ရိုက်ကူးနိုင်ခဲ့ရင် ပိုပြီးကောင်းတဲ့ပုံတစ်ပုံဖြစ်လာမှာမလွဲပါဘူး၊ ရိုက်ခဲ့ရတဲ့အချိန်က နည်းနည်းနောက်ကျသွားပါတယ်။ အဲဒီအချိန်မှာပဲ Salon of LA,USA ပြိုင်ပွဲလဲခေါ်နေချိန်နဲ့တိုက်ဆိုင်တော့ ပုံကူးပြီး စာတိုက်ကနေပေးပို့ပြီး ပြိုင်ခဲ့ပါတယ်။ စာတိုက်ကနေပေးပို့ပြိုင်ရတဲ့ပြိုင်ပွဲဆိုတော့ အကုန်အကျတော့များသား..ဒါပေမဲ့ဝါသနာအရပေးပို့ဖြစ်ခဲ့ပါတယ်...
ဒီပုံလေးနဲ့ 2013, 10th International Photography Salon of LA,USA မှာ Gold Award ရခဲ့ပါတယ်..💛💛💛
ဒါကြောင့် ဓာတ်ပုံချစ်သူမိတ်ဆွေများလဲ ဘယ်သွားသွားကင်မရာလေးတော့ဆောင်သွားကြပါလို့ (အန္တရာယ်မရှိတဲ့နေရာပေါ့)....
ကံကောင်းခြင်းတွေ ပိုင်ဆိုင်ကြပါစေ....🙏🙏🙏









ယနေ့ တန်ဆောင်မုန်းလပြည့်နေ (သာမညဖလအခါတော်နေ့)ဒီနေ့ဟာ မွေးရပ်မြေ ပုဂံ ညောင်ဦးမှာ တည်ရှိတဲ့ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ...
07/11/2022

ယနေ့ တန်ဆောင်မုန်းလပြည့်နေ (သာမညဖလအခါတော်နေ့)
ဒီနေ့ဟာ မွေးရပ်မြေ ပုဂံ ညောင်ဦးမှာ တည်ရှိတဲ့ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပတဲ့ အချိန်အခါလတစ်လလဲဖြစ်ပါတယ်...
ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ကိုယ်တိုက်ရိုက်ထားခဲ့သော ဓာတ်ပုံများဖြင့် ဦးခိုက်ပူဇော်ကန်တော့ပါ၏။
၃၁ဘုံ၌ ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါအာလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ၊ ရန်သူမျိုးငါးပါးဘေးမှ ကင်းလွတ်ငြိမ်းကြပါစေ..🙏🙏🙏

သမိုင်းအကျဥ်း📝
ပုဂံပြည်အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီးသည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြသာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။

အနော်ရထာမင်းလဲ ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန်လျှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်းဟု အဓိဋ္ဌာန်၍ ဆင်ဖြူတော်၏ ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် ဥဿဘ ၅ဝ အကွာ (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။(သဲစည်း ခုံတွင် ဝပ်လေသော် မင်းကြီးသည် များစွာ စိတ်မသက်မသာ ဖြစ်လေသည်။ ယင်းအဖြစ်ကို သိကြားမင်းသိသော် စိတ်မဆင်းရဲရန် အိပ်မက်ပေး၍ ထိုမြေကို ကျောက်မြေအတိ ဖြစ်စေ၍ သံပြားနှင့် ကွပ်ပေးသည်ဟု သမိုင်းစာအုပ်များ၌ အဆိုရှိသည်။) ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။

ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း (၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ထို့နောက် မင်းကြီး၏ကိုယ်စား ရတနာပန်းတောင်းကို ဖက်နေဟန် ရွှေစင်ကို သွန်းလုပ်၍ ဌာပနာတော်မူသည်။ သက္ကရာဇ် ၄၂၁ ခုနှစ်တွင် ရွှေစည်းခုံအတွင်း ထပ်စေတီကို ဖိနပ်ခြေသံတောင် ၃၂ဝ ရှိအောင် တည်တော်မူ မည်ဟု အကြံတော်ရှိသော်လည်း ၄၄၆ ခုနှစ်တွင် နတ်ရွာစံသဖြင့် အကြံတော် မအောင်မြင်ချေ။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက်မှာပဲ အနော်ရထာမင်း နတ်ရွာစံခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့သည်။ အနော်ရထာမင်း ရည်ရွယ်တော်မူရင်း ဖိနပ်ခြေ သံတောင် ၃၂ဝ သည် ကြီးကျယ်လွန်းသဖြင့် ရှင်အရဟံနှင့် ညှိနှိုင်းတိုင်ပင်ကာ ဖိနပ်ခြေသံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ ရှိသော စေတီကို အတွင်းထပ်စေတီအား ငုံ၍ တည်သည်။ တုရင်တောင်၌ ရှိသော ကျောက်များကို အလျားသုံးထွာ၊ အနံ တစ်ထွာ ရွှေခြမ်းစေ၍ လူအများ လက်ဆင့်ကမ်း၍ ဘုရား တည်ရာသို့ ပို့ရသည်ဟု ဆိုသည်။ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။











Address

Bagan

Telephone

+959402500936

Website

Alerts

Be the first to know and let us send you an email when Bagan Photographer - Yethura - Golden Image posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Photographer - Yethura - Golden Image:

Share

Category