Bagan Lover

Call Directions

Bagan Lover Photo Service & Tour Package 📦
☎ 09422779197
☎️ 09408568482
(2)

19/10/2026

သီတင်းကျွတ်အကြိုညလေးမှာ
ထီးလိုမင်းလိုဘုရားကို ရောက်ဖြစ်ခဲ့ပါတယ် 🙏 ✨

19.10.2026

ညဘက်မှာ LED မီးလေးတွေ ဆင်ထားတာ
အရမ်းလှတယ်ဗျာ။ 😍

အခုတောင် ဒီလောက်လှနေရင် သီတင်းကျွတ်ရောက်လို့ ဆီမီးရောင်တွေနဲ့ ထွန်းလင်းလာတဲ့အခါ ဘယ်လောက်တောင် လှနေမလဲဆိုတာ တွေးကြည့်ရင်း ရင်ခုန်မိတယ်။

တခြားဘုရားတွေမှာလည်း သီတင်းကျွတ်အတွက်
အလှဆင်ပြင်ဆင်မှုတွေ လုပ်နေကြပြီ။ 🪔✨

ဒီနှစ် သီတင်းကျွတ်မှာ ပုဂံက ဘယ်ဘုရားတွေ အလှဆုံးဖြစ်လာမလဲဆိုတာ ရင်ခုန်စရာအကောင်းဆုံးပဲဗျာ။ ❤️🪔

ပုဂံရဲ့ သီတင်းကျွတ်ညတွေကို အတူတူ ဖြတ်သန်းကြဖို့ အဆင်သင့်ဖြစ်နေကြပြီလား။ 🥰

18/10/2026

ဆောင်းဝင်တော့မှာမို့ ဒီချိန် ပုဂံလာလည်မယ်ဆိုရင်
အနွေးထည်ခပ်ပါးပါးလေးတော့ ထည့်ခဲ့နော် 🥰❤️

မနက်ခင်းလေးတွေ အနည်းငယ်အေးလာပြီ၊
ဆောင်းအငွေ့အသက်လေးတွေလည်
စတင်ခံစားလာရပြီ 🥰

ဒါပေမဲ့ ဘယ်အရာတွေ ဘယ်လောက်ပဲ
နွေးထွေးနေပါစေ…
အညာသားရဲ့ ရင်ခွင်လောက်တော့
နွေးမယ်မထင်ဘူးနော်။ 🤭

17/10/2026

Bagan is calling ☘️

17/10/2026

🎈 October 25 / 26 / 27 —
ပုဂံသီတင်းကျွတ် မီးထွန်းပွဲတော်ကြီးအတွက်
ကြိုတင်ပြင်ဆင်နေမှုများ 🛕✨

ဘဝမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ မြင်ကွင်းတွေ၊
မမေ့နိုင်စရာ အမှတ်တရတွေနဲ့အတူ… ❤️

ပုဂံဒေသရဲ့ သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်မယ့်
စည်ကားခမ်းနားတဲ့ သီတင်းကျွတ်ပွဲတော်ကြီးတစ်ခု
ဖြစ်လာတော့မှာပါ။ 🥰

🎈 မီးပုံးပျံလွှတ်တင်မယ့် နေရာ ၃ ခု

📍 အလိုတော်ပြည့်ဘုရားတောင်ဘက် ဗူးလယ်သီးဘုရားစု
📍 ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်း
📍 ဖိုးသူကန် (ခေါ်) စူဠာမဏိ ရှုခင်းကြည့်တောင်ကုန်း

🛕 ပွဲတော်ကျင်းပမယ့် အဓိကနေရာ — အလိုတော်ပြည့်
ဘုရားတောင်ဘက်၊ ဗူးလယ်သီးဘုရားစု

ဒီနေရာမှာတော့ 👉

🪔 ရှေးဟောင်းဘုရားစေတီတွေမှာ
ဆီမီးသောင်းနဲ့ချီ ပူဇော်ကြမယ်။

မှတ်ချက် - ဆီမီးခွက်တွေနဲ့ ဘုရားတွေအပြင်ကနေ
ပူဇော်မှာဖြစ်တဲ့ အတွက် ဘုရားတွေကို မီးဟက်တာ
ဖယောင်းစက်တွေ ကျန်နေမှာ စိတ်ပူစရာမလိုပါ 🥰

🎈 ရောင်စုံမီးပုံးပျံတွေ လွှတ်တင်မယ်။

🍡 အညာရိုးရာ မုန့်ဈေးတန်းတွေပါမယ်။

ဒါ့အပြင် ပွဲတော်လာသူတွေအတွက် တခြားသော
အစီအစဉ်တွေလည်း အများကြီး ပါဝင်ဦးမှာပါ။

နောက်ထပ် 👉

🌸 ရွှေစည်းခုံဘုရားမှာလည်း
ဆီမီး ၅,၀၀၀ နဲ့ ပန်း ၅,၀၀၀ ပူဇော်ခြင်း
အပြင် ညဈေးပွဲတော်ကိုပါ စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမှာ ဖြစ်ပါတယ်။

မှတ်ချက် - ရွှေစည်းခုံဘုရားမှာ မီးပုံးပျံများ
လွတ်တင်သွားမှာမဟုတ်ပါဘူးနော် 🥰

ဒီနှစ်သီတင်းကျွတ်ဟာ သမိုင်းဝင်ညတစ်ည
တစ်သက်မမေ့နိုင်မယ့် အမှတ်တရတွေနဲ့
ပြည့်နှက်နေမယ့် ညတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ပုဂံမြို့လေးမှ နွေးထွေးစွာ ကြိုဆိုပါ၏။ ❤️

16/10/2026

အမေနဲ့အညာကိုလွမ်းတယ် ☘️

15/10/2026

ဒီချိန် ပုဂံကိုလာလည်ရင် ဧရာဝတီမြစ်ကြီးနဲ့ အတူ
ကိုင်းပင်တွေ ဖွေးနေအောင် ပွင့်နေတာ မြင်ရလိမ့်မယ် ☘️

15/10/2026

လှလိုက်တာဗျာ ❤️📸

Portrait လား 📱 Landscape လား 🌄
Day Shot လား ☀️ Night Shot လား 🌙
Sunset လား 🌅 Sunrise လား 🌄
Moon လား 🌕 Stars လား ⭐ Milky Way လား 🌌
Clouds လား ☁️ Lightning လား ⚡
Rainy Day လား 🌧️ Foggy Morning လား 🌫️
Golden Hour လား ✨ Blue Hour လား 💙
Silhouette လား 🖤 Reflection လား 💧
Wide Angle လား 🔭 Macro လား 🌸
Long Exposure လား 🌠 Low Light လား 🌃

ဘာပဲရိုက်ရိုက် ကြိုက်တာသာရိုက်ဗျာ… 📸
စိတ်ချမ်းသာစေမယ့် ဖုန်းတစ်လုံး vivo 💙

🪔❤️ ဝါလကင်းလွတ် သီတင်းကျွတ်ကို ရောက်ဖို့ ၁၂ ရက်သာ လိုပါတော့တယ်…ဒီနှစ် ပုဂံသီတင်းကျွတ်ကတော့အရင်နှစ်တွေနဲ့ မတူတဲ့ မီးထွန်း...
14/10/2026

🪔❤️ ဝါလကင်းလွတ် သီတင်းကျွတ်ကို
ရောက်ဖို့ ၁၂ ရက်သာ လိုပါတော့တယ်…

ဒီနှစ် ပုဂံသီတင်းကျွတ်ကတော့
အရင်နှစ်တွေနဲ့ မတူတဲ့ မီးထွန်းပွဲတော်ကြီး ကျင်းပမှာဖြစ်လို့
ပိုပြီးစည်ကားလှပနေတော့မှာပါ။ 🥰

ဘုရားစေတီတွေမှာ ဆီမီးရောင်တွေ ထိန်ထိန်လင်းနေမယ်…
ကောင်းကင်ပေါ်မှာလည်း မီးပုံးပျံတွေ လွင့်တက်နေမယ်…
ပုဂံရဲ့ ရှေးဟောင်းအလှတရားတွေနဲ့အတူ
မမေ့နိုင်စရာ သီတင်းကျွတ်ညတွေကို ဖန်တီးကြမှာပါ။ 🛕✨

ဒီနှစ်ရဲ့ သီတင်းကျွတ်ညတွေဟာ
လှပတဲ့ အမှတ်တရတစ်ခုအဖြစ်သာမက
နောင်လာမယ့်နှစ်တွေမှာပါ ထပ်ခါထပ်ခါ ကျင်းပပြီး
လူတိုင်း ပြန်လည်မျှော်လင့်စောင့်စားရတဲ့
ပုဂံရဲ့ သမိုင်းဝင် မီးထွန်းပွဲတော်ကြီးတစ်ခု
ဖြစ်လာစေချင်ပါတယ်။ ❤️

ဒီနှစ် သီတင်းကျွတ်ညတွေကို အတူတူ
လှပအောင် ဖန်တီးကြရအောင်။ 🪔🎈

Photo by ဆရာနိုင်ထွန်းဝင်း 📸

14/10/2026

အညာသားကိုယူပီး အညာမှာနေမယ်ဆိုတဲ့
ကောင်မလေးတွေ စိတ်ကူးမလွဲနဲ့နော်
သဘာဝအလှတရားတွေနဲ့ နေ့တိုင်းထိတွေ့ရမှာ 🤭

အသားဖြူတာမှကြိုက်ရင်တော့ ရှမ်းပြည်သွား
ရှမ်းပြည်က ဟိုဘက်မှာ ဟိုဘက်မှာ 🤭

13/10/2026

တခြားမြို့တွေတော့ မသိဘူး ပုဂံမြို့လေးကတော့
ဒီနေ့ ရာသီဥတု အရမ်းသာယာတယ်။

သိပ်လှတဲ့ တိမ်တွေရယ်
လေနူအေးအေးရယ်
လွမ်းစရာမြို့ငယ်လေးရယ်

Address

New Bagan Sein Pan Lan
Bagan

Telephone

+959422779197

Website

Alerts

Be the first to know and let us send you an email when Bagan Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category