Oò Náñń Máűńĝ Máűńĝ

Oò Náñń Máűńĝ Máűńĝ သူငရ်ချင်းအားလုံးကိုကြိုဆိုပါ၏

Permanently closed.
မကြေးစည် ဘုရား
09/03/2022

မကြေးစည် ဘုရား

 #ဟိုတယ်သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကိုဓာတ်လှေကား တပ်ချင်တော့ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီးအလုပ်အပ်တယ်.အဲဒ...
06/03/2022

#ဟိုတယ်သူဋ္ဌေးတစ်ယောက်က
သူ့ ဟိုတယ်ကိုဓာတ်လှေကား
တပ်ချင်တော့ကျွမ်းကျင်တဲ့
အင်ဂျင်နီယာတစ်ယောက်ကို
ခေါ်ပြီးအလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.သန့်ရှင်းရေး
အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,

ဆရာ ဘာတွေလုပ်နေတာလဲဟင်?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

အဒေါ်ရေ ဓာတ်လှေကားတပ်မလို့
အဲဒါ အပေါက်တွေဖောက်ရမှာ
လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,

ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့
အာရုံစိုက်မလို့လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,,
တယ်ဟုတ်ပါလား
ဒါဆိုအပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို
နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ့ အဆောက်ဦးတွေရဲ့အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,

ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,

အဲဒါဘာလဲဆိုတော့,,,သူတို့ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ထရပ်ကားအမိုးတွေနဲ့မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို့အကျပ်ရိုက်ကုန်တယ်,,,

ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို
လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စီးသလိုဖြစ်ပြီး
တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,

ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
ဟိုလေ တံတားအမိုးနဲ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့ ခေါင်းနဲ့
ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

သင်ခန်းစာ

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့
ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

အရည်အချင်းဆိုတာ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ
ဆရာတစ်ဦးသည် ချောင်ကျသောရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။
ရွာသို့ရောက်သော်လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ

ဆရာက လှေသမားအား
ခင်ဗျား သချာင်္ဗေဒတတ်သလား
ကျွန်တော် မတတ်ပါဘူး
ရူပဗေဒ တတ်သလား
ဒါလဲ မတတ်ပါဘူး
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ
သုံးတတ်သလား

စိတ်မကောင်းပါဘူးဒါလဲ
ကျွန်တော်မတတ်ပါဘူး
ဆရာမှာ ခေါင်းခါပြီး

သင်္ချာမတတ်ရင်
လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်

ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်

ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်..

ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ
ဆုံးရှုံးသွားပြီပဲ

ထိုခဏအတွင်း ရာသီဥတု
ပြောင်းပြီး ကောင်းကင်တွင်

တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း
ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား

ခင်ဗျား ရေကူးတတ်သလား ဟု
မေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး
ကျွန်တော် မကူးတတ်ဘူး။
တစ်ခါမှ မသင်ဖူးဘူး ဟု
ပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကို
သွင်သွင် ရမ်းပြီး..
ဒါဆိုရင် ခင်ဗျားရဲ့ဘ၀
၆ပုံစလုံးဟာဆုံးရှုံးရတော့မယ် ဟု
ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ
ကိုယ့်ရဲ့အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို

သွားတိုင်းတာလို့ မရပါဘူး။
တပါးသူကိုအထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနူန်းနဲ့
အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး
ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို မကြံစည်တတ်ဘူး။
ဒီလူဟာအပြောအဆို မတတ်ဘူး။

ဒါပေမဲ့ သူဟာ
အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။
မခိုမကပ်ဘူး။

ငါရဲ့ အရည်အချင်း
သူ့မှာ မရှိသလို သူ့ရဲ့
အရည်အချင်းလဲ
ငါ့မှာ မရှိဘူး ဆိုတာကို
ဘယ်တော့မှ မမေ့ပါနဲ့။

Credit #
😁😁
မျှဝေသည်။

မကြွားပါနဲ့ ********သင်ချမ်းသာတယ်ဆိုပြီး မကြွားပါနဲ့။ဆေးရုံတက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ အတူတူပဲ။သင်အလုပ်ကောင်းတယ်ဆိုပြီး မက...
13/02/2022

မကြွားပါနဲ့
********

သင်ချမ်းသာတယ်ဆိုပြီး မကြွားပါနဲ့။
ဆေးရုံတက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ အတူတူပဲ။

သင်အလုပ်ကောင်းတယ်ဆိုပြီး မကြွားပါနဲ့။
သင်လဲသွားတဲ့ တစ်နေ့ သင့်ထက်ကောင်းအောင်
လုပ်နိုင်တဲ့လူ တစ်ပုံကြီးပါ။

သင်အိမ်ကောင်းမှန်း မကြွားပါနဲ့။
သင်မရှိတော့ရင် သူများအသိုက်ဖြစ်သွားမှာပဲ။

သင်ကားကောင်းမှန်း မကြွားပါနဲ့။
သင်ထွက်ခွါသွားတဲ့တစ်နေ့၊ ကားသော့က သူများလက်ထဲမှာပါ။

တကယ်လို့ မကြွားရလို့ မနေနိုင်ခဲ့ဘူးဆိုရင်
သင့်ကျန်းမာရေးကို ကြွားနိုင်အောင်ကြိုးစားစမ်းပါ။

သူများတွေ အားလုံးသွားပြီ
သင်က နေပူစာလုံလိုက်၊ လ္ဘက်ရည်ဆိုင်ထိုင်လိုက်နဲ့
ဘ၀ကို ဇိမ်ခံနိုင်သေးတယ်။

ဒါကြောင့်မို့လို့၊
ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
ကိုယ့်ကိုယ်ကို မြတ်နိူးပါ။
ခန္ဓာကိုယ်ထဲက ကရိယာတွေဟာ
ပစ္စည်းလဲဖို့မလွယ်တဲ့ အပြင်
စျေးကကြီးလွန်းတယ်။
ပြီးရင် ပစ္စည်းက ခဏခဏ ပျက်သေးတယ်။

Respect to Original writer,
May Eain Dra

တစ်နေ့ကျရင် LEE သီးသန့် အဝတ်အစားဆိုင်တစ်ဆိုင်ဖွင့်မယ်။ဆိုင်ရှေ့ကဖြတ်သွားတဲ့လူတွေကို-"အစ်ကို LEE ကြည့်တာလား""ညီလေး LEE တွ...
02/09/2021

တစ်နေ့ကျရင် LEE သီးသန့် အဝတ်အစားဆိုင်
တစ်ဆိုင်ဖွင့်မယ်။
ဆိုင်ရှေ့ကဖြတ်သွားတဲ့လူတွေကို-

"အစ်ကို LEE ကြည့်တာလား"

"ညီလေး LEE တွေ ပေါတယ်နော်"

"ညီမလေး LEE လိုချင်လို့လား"

"အစ်မကြည့်ရတာ LEE လိုချင်နေပုံပဲ၊
အထဲကိုဝင်ကြည့်လေ"

"ညီမလေးနဲ့ ဒီ LEE နဲ့ အတော်ပဲ"

"ငါ့ညီလိုချင်တဲ့တံဆိပ်တော့မရှိဘူး၊
အစ်ကို့စီမှာ LEE ပဲရှိတယ်"

"ညီမလေးတို့ ဆိုင်ရှေ့ကကြည့်မနေနဲ့၊
လာ အထဲကိုဝင်ကြည့်၊ အားမနာနဲ့၊
LEE တွေအများကြီးရှိတယ်"

"crush ကိုလက်ဆောင်ပေးဖို့လား၊
LEE ပေးလိုက်လေ"

"ကိုကြီး ဘာရှာနေတာလဲ၊ LEE လား"

-စသဖြင့် ဖော်ဖော်ရွေရွေပြောဆိုပီး
LEE ဆိုင်ပိုင်ရှင်ကြီးဖြစ်အောင်လုပ်မယ်။

Crd

 #ငါးခေါင်းနဲ့ဒန့်သလွန်သီး(Credit;KoKhinMaungGyi)ချက်စားချင်လို့စျေးသွားတာ..ငါးခေါင်းတော့ ရပါရဲ့..ဒန့်သလွန်သီးက ရှာမတွေ့...
02/09/2021

#ငါးခေါင်းနဲ့ဒန့်သလွန်သီး(Credit;KoKhinMaungGyi)
ချက်စားချင်လို့
စျေးသွားတာ..
ငါးခေါင်းတော့ ရပါရဲ့..
ဒန့်သလွန်သီးက ရှာမတွေ့ဘူး..
ဒါနဲ့
ဟိုမေးဒီမေးနဲ့..
ဒန့်တလွန်သီး ရောင်းတဲ့ ဆိုင်တဆိုင်ကို
ရှားရှားပါးပါး ရှာတွေ့ပါရော..

" ကောင်မ..လူပါးဝလို့..''

" အမ် ''

စျေးသည်က
မကျေမနပ် ပြောနေတာ..

" အစ်မ..ဒန့်သလွန်သီး..ဘယ်လို ရောင်းလဲ? "

" မှတ်ထားလိုက် ဟဲ့ကောင်မ ။မိဝေတို့..ဒီမှာ စျေးရောင်းစားတာ အန်တိုနေပြီ..သိလား..''

" အွန်..''

ဘေးဆိုင်ကို လှမ်းပြောနေတာ..

ကျနော့ကို
လှည့် မကြည့်ဘူး..

ဟိုဘက် ဆိုင်က
အမျိုးသမီးကလည်း..ပြန်ပက်တယ်

" ဟဲ့..နင့်ဟာနင် အန်တိုတို..အန်ရှည်ရှည် စောက်ဂရုမစိုက်ဘူးဟေ့ ။ ငါ့ဟာငါ ရောင်းချင်တဲ့စျေးနဲ့ရောင်းမယ် ။နင်..ဘာမှ လာပြောစရာ မလိုဘူး ကောင်မရဲ့..''

ပြဿနာပဲ
ရန်ဖြစ်နေကြတာလား မသိဘူး

ကျနော်လည်း
ဒန်သလွန်သီးလေး ကိုင်ပြီး..

" အစ်မ..ဒန်သလွန်သီး ဘယ်လို ရောင်းလဲ လို့..''

" ဟဲ့..နင် ရောင်းချင်သလို ရောင်းလို့ရမလား ။ နင့်လင်တွေကို နင်က စျေးချ ရောင်းတော့..ငါတို့ကပဲ
မတရားစျေးတင်ရောင်းသလို ဖြစ်နေတာပေါ့
မသာမရဲ့..''

ဟူးးး
ကျနော် ဘာလုပ်ရမလဲ မသိတော့ဘူး..
စျေးသည်ကလည်း
ရန်ဖြစ်ကောင်းနေတာ..

ကျနော်လည်း...
ဒီတခါ နောက်ဆုံး ဆိုပြီး..

" အစ်မ....ဒန့်..ဒန့်.....''

" အော်... တချောင်း ​​တရာအေ။
အရေးထဲ နင်က တမှောင့်..''

" ဟုတ်..ဟုတ် ''

စကားမဆုံးသေးဘူး
ဖြတ်ပြောလိုက်တဲ့ စျေးသည်ကြောင့်
ကျနော့မှာ လန့်တောင် သွားတယ်..

ဟိုဘက်က စျေးသည်ကလည်း
မခံဘူး..

" ဖလူးမ..နင်..စကားပြောတာ ကြည့်ပြောနော် ။ ငါတို့က မလှူတတ်လို့ စျေးရောင်းစားနေတာ ။ နင်ဘာမှ ဝင်ပြောစရာ မလိုဘူး..''

" ပြောတော့..နင်က ဘာလုပ်ချင်လဲ ။ မိဝေတဲ့ တစ်ဝေတည်း ရှိတယ်နော်..''

ဟာ..
ကြမ်းကုန်ပြီဟ..

မြန်မြန်ဝယ်..မြန်မြန်လစ်မှ..

" အစ်မ..ငါးချောင်း ယူမယ်နော် ။ ရော့..ဒီမှာ..ပိုက်ဆံ.. ''

စျေးသည်က
လှမ်း မယူဘူး..

ဒါကို
ဟိုဘက်စျေးသည်က..

" ဟဲ့..ဟိုမှာ..နင့်လင် ပိုက်ဆံပေးနေတယ်။ယူလိုက်အုံး ။ ဒီကိုပဲ. လာမဲမနေနဲ့..''

" ငှယ် ''

အမလေး
နင့်လင်တဲ့
ပေးစားကုန်ပြီ..

ဒါကိုပဲ..
စျေးသည်က

" ဘာပြောတယ် ကောင်မ ။ ဒီ စုတ်ချွန်းချွန်းရုပ်
ဂတုံး ငါ့လင် ဟုတ်လား ''

ငင့်
ကျုပ်များ စုတ်ချွန်းချွန်းတဲ့

ဟိုကလည်း ထောက်ခံတယ်

" ဟုတ်တယ်လေ..နင့်လင်ပဲဟာ..''

" ဟာဂျာ..''

" ဟဲ့..ဖလူးမ ။ အဲ့ဒါ ငါ့လင် မဟုတ်ဘူး ။ နင့်လင်ဟဲ့ နင့်လင်.. ''

" တိန် ''

အမလေး
အရေးထဲ..
ကျုပ်ကို ဘောလီဘော ပုတ်နေသေး..

မဖြစ်ဘူး..
အမြန်လစ်မှ..

ကျုပ်လည်း
မနေရဲတော့တာနဲ့..လှည့်ထွက်ဖို့ လုပ်တော့..

" ဟဲ့..မသာကောင် ။ ဘယ်ပြေးတာတုန်း ။ ဒန့်သလွန်သီးဖိုး ပေးခဲ့အုံးလေ ''

" အာ..''

လောနေတာနဲ့
ပိုက်ဆံကိုင်ပြီး မေ့သွားတာ..

" ရော့ရော့. ဒီမှာ ဒီမှာ..ထားခဲ့ပြီ ''

အမလေးး
ငါ့နယ့်နော်..

ဒါကိုပဲ..
ဟိုဘက်စျေးသည်က..လှမ်းပြောသေး..

" လင်မယားချင်းများ..ပိုက်ဆံ တောင်းနေသေး အေ..''

" တိန်..''

😁😁😁😁😁😁😁😁😁

ဟူးး
ဒီနေ့ ကံမကောင်းပါလားဗျာ..

#လူချွန်တော
ကိုဗစ်ကာလမှာ ညစ်နေတာတွေ တခဏတော့ ဖြေဖျောက်ဖို့ပါ



copy... OoNann

19/07/2020
Oo Nann ရဲ့အချစ်......
13/07/2020

Oo Nann ရဲ့အချစ်......

❣.ဝေးသွားလို့ သွေးအေးတဲ့အထဲမှာ  ... ငါ '' မပါဘူး   ... ❣.တစ်နယ်စီမို့ နီးရာ သူနဲ့....သာယာတဲ့ လူတွေထဲမှာ   ...   ငါ '' မပ...
26/04/2020

❣.ဝေးသွားလို့ သွေးအေးတဲ့အထဲမှာ ...
ငါ '' မပါဘူး ...
❣.တစ်နယ်စီမို့ နီးရာ သူနဲ့....
သာယာတဲ့ လူတွေထဲမှာ ...
ငါ '' မပါဘူး ...
💕 ကြာလာလို့ ရိုးသွား ပစ်ထားတဲ့ အထဲမှာ ...
ငါ '' မပါဘူး ....
💕 တဖြည်းဖြည်း နဲ့ အချစ်တွေပေါ့ မေ့လျှော့သွားတဲ့ အထဲမှာ ...
ငါ '' မပါဘူး ...
💕 အနေနီးလည်း သတိရသလို ..
အနေဝေးလည်း မေ့မသွားဘူး ...
ယိုင်နဲ့မသွားတဲ့ အချစ်တွေနဲ့ အတူ ...
ကြာလာလေ ပိုပိုပြီး ချစ်လာတာ ငါ့ '' ရဲ့ သစ္စာ စကားပါ....

Address

Bagan

Telephone

+959677004907

Website

Alerts

Be the first to know and let us send you an email when Oò Náñń Máűńĝ Máűńĝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category