Caro.tv

Caro.tv Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Caro.tv, Photography Videography, 82, Gasan digital 1-ro, Gasan-dong, Geumcheon-gu, Seoul, South Korea, Seoul.

Oh the places you'll go 📍ခရီးတွေထွက်ပါ  တောင်တွေတက်ကြည့်ပါ Camping ထွက်ကြည့်ပါ လွတ်လပ်ခြင်းတစ်ချို့ကို relax လုပ်ကြည့်ပါ...
02/06/2024

Oh the places you'll go 📍
ခရီးတွေထွက်ပါ တောင်တွေတက်ကြည့်ပါ Camping ထွက်ကြည့်ပါ လွတ်လပ်ခြင်းတစ်ချို့ကို relax လုပ်ကြည့်ပါ
အခန်းထဲ ဘောင်ကျဉ်းကျဉ်းထဲမှာ ပိတ်လှောင်ခံမနေကြပါနဲ့..သဘာဝကြီးနဲ့ထိတွေ့ဖို့ တောတောင် ပင်လယ်ဘက် ခနတဖြုတ်အချိန်ပေးပီး သွားကြည့်ပါ 🏔️⛺️🏝️

20/01/2024

ကိုရီးယားနိုင်ငံ အလယ်ပိုင်းရှိ ဒယ်ဒူဆန်းတောင်သို့ တောင်တက်ခြင်း 🗻

Daedunsan mountain (대두산) နှင်းတောင်တက်
30/12/2023

Daedunsan mountain (대두산) နှင်းတောင်တက်

ခရီးသွားပါ။ သွားနိုင်သလောက် ဝေးဝေးသွားပါ။ ကြာနိုင်သလောက် ကြာအောင်နေပါ။ ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများက...
01/08/2023

ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။
အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

Credit

05/05/2023

If you want to learn about people, go on a vacation with them 🇲🇲

Long time no upload my new video.Coming soon .........hiking vlog 🥾
03/05/2023

Long time no upload my new video.

Coming soon .........hiking vlog 🥾

Address

82, Gasan Digital 1-ro, Gasan-dong, Geumcheon-gu, Seoul, South Korea
Seoul
121865

Website

Alerts

Be the first to know and let us send you an email when Caro.tv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share