25/05/2026
အမျိုးသမီးများအတွက် ပေးစာ.....
ဒီနေ့ပြောချင်တဲ့အကြောင်းလေးက အမျိုးသမီးတွေ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့လိုတယ်ဆိုတာလေး sharing လုပ်ပေးချင်တယ်.....
အရင်ခေတ်ကလို့ ယောက်ျားယူပြီး ယောက်ျားကလုပ်ကျွေးမှာပဲဆိုတဲ့ ခတ်ညံညံအတွေးမျိုး မတွေးကြစေချင်ဘူး။
ဘာလို့လည်းဆိုတော့ ကိုယ်မျက်စိရှေ့တင် ကိုယ်နဲ့ အမျိုးမကင်းတဲ့အမ တစ်ယောက် သူယောကျ်ားက မယားငယ်ထားတယ် သူလည်း လုပ်ကျွေးတယ် နောက်မိန်းမလည်း မပျက်နိုင်ဘူး ။ နောက်တော့ ပတ်ဝန်းကျင်ကပြောတော့ သိသွားတာပေါ့။ ကိုယ်ငယ်ငယ်ကတည်းကချစ်လို့ယူထားတာ သူများလက်ထဲ ပါသွားတော့ ဘယ်ခံချင်မလည်း ဒါပေမဲ့ ကိုယ်မှာပြန်တွန်းလှန်းနိုင်တဲ့ စွမ်းအားမရှိဘူး။
သူကတော့ ငါ့ကို တသက်လုံ သမာရိုးကျပေါင်းမှာပါဆိုပီး ယူပီးကတည်းက
မီးဖိုချောင်ထဲကမထွက်ဘူး။မိန်းမတာဝန် ချက်ပြုတ် လျှော်ဖွတ် ကလေးထိန်းရင် တာဝန်ကျေနေပီ ထင်နေကြတာ။ကိုယ်ကအိမ်ဖော်မှ မဟုတ်တာ သူချစ်မြတ်နိုးလို့ယူထားတဲ့မိန်းမလေ အခွင့်အရေး လုပ်ပိုင်ခွင့်ရှိရမယ်။ အိမ်မှုကိစ္စတင်မကပဲ သူအလုပ်လည်းသိရမယ်
ထဲထဲဝင်ဝင်မသိတောင် အနည်းအကျဥ်းတော့သိသင့်တယ် ဘာတွေလုပ်နေလည်း ဘယ်သွားနေလည်း ။
သူလိုအပ်တဲ့အခါ အကြံဥာဏ်ပေးနိုင်ရမယ် ဝိုင်းစဥ်းစားပေးနိုင်ရမယ်။ သူပြသာနာတွေကို ရင်ဖွင့်ချင်အောင်
မျက်နှာရိပ်မျက်နှာကဲ သိရမယ်။ တချို့ကြ ရင်ဖွင့်ချင်တယ်ဒါပေမဲ့ ကိုယ်ဘာပြောပြောမိန်းမက ရန်ပဲလုပ်တာ
အဲ့လိုမိန်းမလည်းရှိတယ်နော်။ နောက်တစ်ခုက ကိုယ်ကိုယ့်ကိုယ်လှအောင်နေရမယ်။ ဆရာလင်းသိုက်ညွှန့်ပြောသလို့ပဲ ယောကျ်ားတွေက ကိုယ်ကသာအသက်ကြီးသွားမယ် အမြဲတမ်းကြိုက်တာကတော့ ၁၈နှစ်မိန်းကလေးတွေပဲ။ဆိုတော့ ကိုယ်ကိုယ့်ကိုယ်အလှပြင်ပါ။ဒါဟာ သူများကြည့်ဖို့မဟုတ်ဘူး ကိုယ်ကိုယ့်ကိုယ်
ယုံကြည့်မှုရှိဖို့ပဲ ဝတ်ကောင်းစားလှဝတ်သွားတဲ့အချိန်နဲ့
ဖြစ်သလိုသွားတဲ့အချိန် ခံစားမှုကမတူဘူးနော်။အဝတ်အစားသစ်နဲ့ ဖီးလိမ်းထားရင် စိတ်ကသူအလိုလို ကြွနေတာ။ဒါကလည်း ကိုယ်ကိုယ့်ယုံကြည်မှုရစေတယ်....
နောက်တစ်ခုက သူဘက်အမျိုးကိုယ်ဘက်အမျိုးချစ်ပါ
တချို့ကကြ ကိုယ်ဘက်မှကိုယ်သိတာ အဲ့လိုမလုပ်ပါနဲ့
သူဘက်ကအဖေအမေကိုလည်း နီးရင်နီးသလို ဟင်းခတ်ပို့တာ အဝတ်လျှော်ပေးတာ ပြုစုပေးပါ။ ဝေးရင်လည်း တစ်ပတ်တခါ တစ်လတခါ ဖုန်းဆက်တာမျိုး
သာကြောင်းမာကြောင်းမေးပါ ကိုယ်က သူမိဘချစ်မှ သူကလည်း ကိုယ်မိဘ ချစ်မှာ ။
ယူပီးရင် အိမ်ခွဲနေတာအကောင်းဆုံးပဲ ယောက္ခမအိမ်တက်နေရင် သဘောထားတိုက်ဆိုင်ချင်မှတိုက်ဆိုင်မှာလေ သူသမီးသူနိုင်ချင်မှ နိုင်မှာ ကိုယ်ကြတစိမ်းလူလေ နိုင်မှာပဲ ယောက္ခမနဲ့မတည့်လို့ကွဲသွားတဲ့လူတွေအများကြီးပဲ။
ပြောချင်တာက ကိုယ်ယောကျ်ားဘယ်လောက်တော်တော် ကိုယ်ကိုယ်တိုင်လည်း အစွမ်းအစရှိရမယ် ။
ဒါမှလည်း သဘောထားမတိုက်ဆိုင်တဲ့အခါ ကွဲကြကွာကြရင် ရဲရဲဝင့်ဝင့် ကွဲရဲမှာ။ ကိုယ်ကဘာအစွမ်းအစမှ မရှိရင် ယောက္ခမအိမ်မှာ ပေးတာယူကျွေးတာစား လင်လုပ်သူကလည်း အနိုင်ကျင့်နဲ့ ဘဝကို အဓိပ္ပါယ်မရှိ
ဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေအများကြီးရှိတယ်။
နောက်တစ်ခုက အခုခေတ်မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘူမသိကိုးမသိနဲ့ အိမ်ထောင်ကြကုန်ကြပီး ကိုယ်ရွာမှာဆို ရွာမှာရှိတုန်းက သူတို့တွေက ကလေးရှိသေးတာ အခု၈နှစ်လောက်ကြာတော့ အိမ်ဖုန်းဆက်ရင် ဘယ်သူသမီးကတော့ အိမ်ထောင်ကြသွားပီး ကြားနေရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ယူပီး ဘာမှ လုပ်မစားတက်၊မကိုင်စားတက်နဲ့ ဒီကြားထဲ ကလေးက ၂ ယောက်လောက်နဲ့ဆိုတော့ ပိုဆိုးပေါ့။ မွေးလာတဲ့ ကလေးကြလည်း ကျောင်းကောင်းကောင်းမထားနိုင်။
ဒီကလေးက အရွယ်ရောက်တော့ တောင်သူလိုလို
လက်ဖေရည်ဆိုင်စားပွဲထိုးလိုလိုနဲ့ ဒီလိုနဲ့ အိမ်ထောင်ကြ သံသာရာလည်နေတာ ။ဒီ နွန်ထဲက တို့မြန်မာအမျိုးသမီးတွေ ရုန်းထွက်သင့်ပီး။
အိမ်ကညီမကိုလည်း အမြဲဆုံးမဖြစ်တယ် ယောကျ်ားယူပီး ယောကျ်ားလုပ်စားထိုင်စားမယ်ဆိုတဲ့ ခပ်ညံညံအတွေးဘယ်တော့မှ မတွေးနဲ့လို့ ။ အမေအဖမိဘများကလည်း ငယ်ငယ်ကတည်းက ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဆုံးမပေးပါ။ ဒီနေ့ခေတ် လူငယ်တွေ ပျက်စီးနေတာ မဆုံးမတဲ့လူကြီးတွေကြောင့်လည်းပါတယ်။ ကိုယ်အိမ်မှာ ကလေးတွေ ရှိတဲ့အချိန်ဆို စာပေဟောပြောပွဲတို့ တရားတို့ ဗဟုသုတရမဲ့ဟာမျိုး ဖွင့်ပေးပါ ။ ကျွန်တော်တို့ငယ်ငယ်ကလည်း ကြာနီကန်ဆရာတော်တရားတွေနားပီး ကြီးပြင်းခဲ့ရတော့ စိတ်ထဲအထုံပါလာပီး အခုဆို တစ်ရက်တစ်ပုဒ်တော့ မဖြစ်မနေနာဖြစ်တယ်။ ကလေးတွေက အကျင့်ကောင်းတွေရအောင် လူကြီးတွေက သင်ပေးရမှာပါ ။ အခု ခေတ်စာသင်ကျောင်းတွေက သူကျောင်းကိုယ်ကျောင်း အောင်ချက်ကောင်းအောင်ပြိုင်နေကြတာ ။ ကလေးတွေကို ထိရောက်အောင်မဆုံးမနိုင်ဘူး။ဒီကလေးတွေက နောက်အနာဂတ်မှာ ကျွန်တော်တို့ကို ပြန်အုပ်ချုပ်မဲ့
နိုင်ငံဝန်ထမ်းတွေဖြစ်ကြမှာပဲ အဲ့တော့အခုကတည်းက
တရားဓမ္မနဲ့နေတက်အောင် အလေးအကျင့်ကောင်းတွေမွေးပေးကြပါလို့ပြောချင်ပါတယ်။
အဓိက ဒီနေ့ပြောချင်တဲ့အကြောင်းလေးကတော့
အမများညီမများ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ အတက်ပညာတစ်ခုသင်ထားပါ
အနည်းဆုံးဟင်းချက်တာဖြစ်ဖြစ် စက်ချုပ်တာဖြစ်ဖြစ် စျေးရောင်းတာဖြစ်ဖြစ် ကိုယ်ဝမ်းစာအတွက် တက်အောင်သင်ထားပါ ။ လူထုဒေါ်အမာပြောသလို့ဒါတွေဟာ ယောကျာ်းနဲ့ ကလေး ယောက္ခမကို ချက်ကျွေးပြုစုဖို့မဟုတ်ပါဘူး ကိုယ်ဘဝ ကိုယ်ရပ်တည်နိုင်အောင်
သင်ထားတက်ထားရမဲ့ အရာတွေပါ....
အားလုံးကို ချစ်ခင်လေးစားလျှက်....
စာအုပ်စာပေ လူမိတ်ဆွေ
#စာအုပ်စာပေ #ဗဟုသုတ
#အမျိုးသမီးများအတွက်