Mee Thin Baw - မီးသင်္ဘော

12/01/2026

ဗီပီအန်အခက်အခဲကြောင့် ဖေ့စဘုတ်မသုံးဖြစ်တော့တာ မနှစ်ထဲကပါ။

ဆိုရှယ်မီဒီယာမှာ မားကတ်တင်းဆင်းဖို့ရာလည်း သိပ်ပြီး အဆင်မပြေတော့တဲ့ အခြေအနေမလို့၊ အရင်ကထက်ပိုပြီး သိုသိုသိပ်သိပ် နေဖြစ်သွားတာပါပဲ။

တယ်လီမှာ ပုံမှန်အတိုင်း ဖြည်းဖြည်းနှေးနှေး ဆက်ရွေ့နေသလို၊ အခုတလော တစ်တော့မှာလည်း ဓာတ်ပုံလေးတွေနဲ့ စာလေးတွေ တင်နေပါတယ်။

ကွန်းမန့်မှာ လမ်းညွှန်ပေးထားပါမယ်။

မနှစ်က 'ငါ့ဘဝထဲက ရန်သူတော်ခိုငှက်တွေ' စာအုပ်ကို ပန်းဆိုးတန်းဖက်မှာ သွားရှာရင်း ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေ။ ရန်ကုန်နဲ့ ပတ်သ...
25/05/2025

မနှစ်က 'ငါ့ဘဝထဲက ရန်သူတော်ခိုငှက်တွေ' စာအုပ်ကို ပန်းဆိုးတန်းဖက်မှာ သွားရှာရင်း ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေ။

ရန်ကုန်နဲ့ ပတ်သက်ပြီး လတ်လွန်းဝေဦးရဲ့ အရေးအသားတွေက ရန်ကုန်အပေါ်မှာ ငါခံစားရမှုနဲ့ အတော် ထပ်တူကျတယ်။

05/04/2025

‼️

လှော်ကား 🍀Our favorite chill spot in YGN.
14/03/2025

လှော်ကား 🍀

Our favorite chill spot in YGN.

ရန်ကုန်မှာ အပူရှောင်ရင်း ဝိသောက်ချင်ရင် လှော်ကားဥယျာဉ်က အကောင်းဆုံးပဲ။

စားစရာ၊ သောက်စရာတွေ ယူသွားပြီး တစ်နေကုန် အေးဆေး အကြိုက် chill...။

ညနေ နေအေးလာရင် ရေကန်ထဲ ဆင်း။ ပုံထဲကလို ဘုတ်ကလေးနဲ့ လျှောက်လှော်။

ကန်က အကျယ်ကြီး။ လှော်ရတာ ညောင်းလာရင် ဘုတ်ပြားပေါ်မှာ ပက်လက်လှန် လှဲ။ ခြေနှစ်ဖက်ကို ရေထဲချ။ ကောင်းကင်ကြီးကို ငေးကြည့်ရင်း ဝိလေး ထုတ်ဖွာ။

လေအေးအေးက တဖြူးဖြူး။ ပတ်ဝန်းကျင်မှာလည်း ငှက်သံကလွဲပြီး ဘာမှကို မကြားရ။

ကန်ရေပြင်ထဲမှာ မျောချင်တိုင်း မျော။

ရန်ကုန်မှာဆိုတာတောင် မေ့သွားပြီး တကယ့် ရိုးမတောအုပ်ကြီးထဲ ရောက်နေတဲ့အတိုင်းကို ခံစားရလိမ့်မယ်။

သစ်ပင်ကြီးတွေ အုံ့ဆိုင်းစိမ်းစိုပြီး တိတ်ဆိတ်တဲ့ သဘာဝတရားကို သဘောကျရင် လှော်ကားကို သွားကြည့်ကြဖို့ တိုက်တွန်းချင်တာပဲ။

(ဓာတ်ပုံက ငါတို့အမှုတွဲတစ်ယောက်ရဲ့ ပုံပါ :")

ဒီလိုပဲ အရှိန်နည်းနည်းနဲ့ ပြေးရင်း လေထဲ ပျံတက်ခဲ့တယ် အိပ်မက်ဟာ ငါ့နောက်မှာတန်းလန်းကြီး ဒရွတ်တိုက် ပါလာတယ်ဘ၀ကို ဒါမှမဟုတ်...
22/02/2025

ဒီလိုပဲ အရှိန်နည်းနည်းနဲ့ ပြေးရင်း
လေထဲ ပျံတက်ခဲ့တယ်
အိပ်မက်ဟာ ငါ့နောက်မှာ
တန်းလန်းကြီး ဒရွတ်တိုက် ပါလာတယ်

ဘ၀ကို ဒါမှမဟုတ် ကြီးပြင်းခဲ့တဲ့ ခေတ်ကို
ဒါမှမဟုတ် ကိုယ့်အသည်း ခွဲသွားသူလေးကို
ငါဟာ တောင်တန်းတွေမှာ လိုက်ရှာတယ်

- ခင်အောင်အေး (ငှက်ကလေး ကဗျာမှ)

🍀
21/02/2025

🍀

မုန့်ပြဲသွားရည်စာ 🥦☁️(coming soon...)
17/02/2025

မုန့်ပြဲသွားရည်စာ 🥦☁️

(coming soon...)

နေ့ရှိသ၍အကြောတင်းလို့နေ့ရှိသ၍ယင်းထလို့။ဒဏ်ရာပေါ် ဒဏ်ရာဆင့်ငါတို့ အဆင့်တက်လာတယ်။အသည်းမှာ အနာပေါက်နေတယ်လက်ဖျံမှာ ကျီးပေါင်...
13/02/2025

နေ့ရှိသ၍
အကြောတင်းလို့
နေ့ရှိသ၍
ယင်းထလို့။

ဒဏ်ရာပေါ် ဒဏ်ရာဆင့်
ငါတို့ အဆင့်တက်လာတယ်။

အသည်းမှာ အနာပေါက်နေတယ်
လက်ဖျံမှာ ကျီးပေါင်းတက်နေတယ်။

တစ်ခါတလေ
အောက်ကို အဆုံးထိ ခုန်ချရတာလည်း
အရသာရှိတယ်။

သေလည်း ပြီးတာပဲ
ပြီးလည်း သေတာပဲ
ချောက်ချောက်ချားချား
သွားသောလမ်းက တူပါတယ်။

- ခင်ဇော်မြင့် (ဘိန်းစားနှင့်ကဗျာဆရာ)

ဇာတိမြေကို မပျံနိုင်တဲ့ ငှက်တွေလို ကိုယ် လမ်းမပျောက်ချင်ဘူး။- မိုးရဲ
11/02/2025

ဇာတိမြေကို မပျံနိုင်တဲ့ ငှက်တွေလို ကိုယ် လမ်းမပျောက်ချင်ဘူး။

- မိုးရဲ

နို့နဲ့ ဝိပဲ 🍼
18/01/2025

နို့နဲ့ ဝိပဲ 🍼

Address

Phnom Penh

Telephone

+85523880880

Website

Alerts

Be the first to know and let us send you an email when Mee Thin Baw - မီးသင်္ဘော posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mee Thin Baw - မီးသင်္ဘော:

Share

Category