17/08/2026
🌃တောလည်းမကျ မြို့လည်းမကျတဲ့ မြို့ငယ်လေးတွေရဲ့ ညဘက်အလှက တကယ်ကို အေးချမ်းတာနော်။
🥰မြို့ကြီးတွေလို ကားသံတွေ၊ လူသံတွေနဲ့ ဆူညံမွန်းကျပ်မနေသလို၊ တောရွာတွေလိုလည်း စောစောစီးစီး အမှောင်ချပြီး တိတ်ဆိတ်မသွားဘူး။
ညဘက် လသာရင် ကောင်းကင်ကြီးကို အတိုင်းသား မြင်ရပြီး၊ အဝေးက မြို့မီးရောင်မှိန်မှိန်လေးတွေ ကြည့်ရတာနဲ့တင် တော်တော် စိတ်အမောပြေတယ်။
ဒီလို "နေလို့ တကယ်ကောင်းတဲ့" မြို့လေးတွေမှာ အေးအေးဆေးဆေး နေရတာကိုပဲ သဘောကျမိတော့တယ်ဗျ🌆✨
ကိုယ့်လို ရွေးချယ်မှုတူတဲ့သူတွေ ရှိရင် ကောမန့်မှာ လာခဲ့ဦးနော်။ သူငယ်ချင်းတို့ရော ဘယ်လိုမြို့မျိုးမှာ နေရတာ သဘောကျလဲ? 👇
ခုဆက်ပြေးလိုက်အုံမယ်ဗျ