Moments of Nippon

Moments of Nippon Moments of Nippon, 写真・動画撮影サービス, Fujinomiya-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
(1)

14/06/2026

Odawara Castle

Shout out to my newest followers! Excited to have you onboard!Van Thuan, Ko Twan Linn, Day Mu Dar, Yar Jam, Shutter's Mo...
13/06/2026

Shout out to my newest followers! Excited to have you onboard!

Van Thuan, Ko Twan Linn, Day Mu Dar, Yar Jam, Shutter's Moment, Hla Myo Aung, ဖူး ပွင့် အောင်, ညိုလွင် ဦး, Myo Hlaing Tun, Myo Nan Da, Polypu TK, Chan Nyein Kyaw, Ko Nyi Nyi Naing, Sai Sai, Dal Thawn Thang, Lin Lin Tun, ရခိုင်သား ေချ, မိုး စက်, Kwm Vanj, Kuldeep Jatav, Eaint Chue Nge, Ko Thu Rain, Myint Myat Chan Thar, বাবু থধঙ, Chit Sun Gm San Maung, Cu Nguyen, Quyên Hà, Nguyễn Bình, နင်မချစ် တဲ့ငါအချစ်ခံသူ, Toi Toi, Nan Moe, Nadi Mon

Facebook၊ Messenger နှင့် Instagram တို့တွင် ချို့ယွင်းမှုဖြစ်ပွားဇွန် ၁၂ ရက်၊ ၂၀၂၆Meta ကုမ္ပဏီပိုင် လူမှုကွန်ရက်များဖြစ...
12/06/2026

Facebook၊ Messenger နှင့် Instagram တို့တွင် ချို့ယွင်းမှုဖြစ်ပွား

ဇွန် ၁၂ ရက်၊ ၂၀၂၆

Meta ကုမ္ပဏီပိုင် လူမှုကွန်ရက်များဖြစ်သော Facebook၊ Messenger နှင့် Instagram တို့တွင် ယနေ့ ကမ္ဘာတစ်ဝန်း အသုံးပြုသူအများအပြား ကြုံတွေ့နေရသည့် စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသုံးပြုသူများ၏ ပြောကြားချက်များအရ Facebook အကောင့်များ အလိုအလျောက် Logout ဖြစ်ခြင်း၊ Login ပြန်လည်ဝင်ရောက်မရခြင်း၊ News Feed မတက်ခြင်းနှင့် Messenger တွင် စာပို့လက်ခံရာ၌ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် Facebook Website နှင့် Application များတွင် Sorry, something went wrong ဟူသော Error Message များ ပေါ်ပေါက်နေပြီး အသုံးပြုသူအချို့မှာ ဝန်ဆောင်မှုများကို လုံးဝအသုံးပြု၍ မရနိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယင်းပြဿနာသည် အမေရိကန်၊ ဥရောပနှင့် အာရှနိုင်ငံများအပါအဝင် နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသဖြင့် ကမ္ဘာလုံးဆိုင်ရာ Outage တစ်ခု ဖြစ်နိုင်ကြောင်း နည်းပညာလေ့လာသူများက သုံးသပ်ထားသည်။

လက်ရှိအချိန်အထိ Meta ကုမ္ပဏီဘက်မှ ချို့ယွင်းမှုဖြစ်ပွားရသည့် အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။

ကျွမ်းကျင်သူများက Facebook အသုံးပြုသူများအား အကောင့် Hack ခံရသည်ဟု အလျင်စလို ယူဆခြင်းမပြုရန်နှင့် Password များကို မလိုအပ်ဘဲ ပြောင်းလဲခြင်း မပြုလုပ်ရန် အကြံပြုထားသည်။

Meta ကုမ္ပဏီဘက်မှ ပြဿနာအား ဖြေရှင်းပြီးပါက ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

— feeling relaxed with Chonge in Bangkok, Thailand.

ဒီChannel ကိုကြည့်မှ ကိုယ်လုပ်နေတဲ့အလုပ်ကဘာမှမဟုတ်သေးပါလား။ ကိုယ်ကြိုးစားနေတယ်ဆိုတာဘာမှမဟုတ်သေးပါလား။ လောကကြီးမှာ ဒီလိုတ...
10/06/2026

ဒီChannel ကိုကြည့်မှ ကိုယ်လုပ်နေတဲ့အလုပ်ကဘာမှမဟုတ်သေးပါလား။ ကိုယ်ကြိုးစားနေတယ်ဆိုတာဘာမှမဟုတ်သေးပါလား။ လောကကြီးမှာ ဒီလိုတော်ပြီး Strong ဖြစ်တဲ့သူတွေရှိပါလားဆိုပြီး ပိုသိလာရတယ်။

ဒီChannel လေးက 密着動画ပါ။ တကယ့်ကို တော်တဲ့သူတွေ၊ ကြိုးစားနေတဲ့သူတွေရဲ့ တစ်နေ့တာအစီအစဉ်ကိုရိုက်ပြထားတာပါ။ Motivation လည်းဖြစ် 言葉 လည်းတိုးသလို Business Japaneseကိုလည်းလေ့လာလို့ရပါတယ်။

English စာလေ့လာနေတဲ့သူတွေအတွက် ကိုယ်လေ့လာရင်လေ့လာနိုင်သလောက် အများကြီးအကျိူးဖြစ်ထွန်းမဲ့ တကယ်စာတတ်မဲ့ ရတနာသိုက် ဆရာကြီးဦ...
09/06/2026

English စာလေ့လာနေတဲ့သူတွေအတွက် ကိုယ်လေ့လာရင်လေ့လာနိုင်သလောက် အများကြီးအကျိူးဖြစ်ထွန်းမဲ့ တကယ်စာတတ်မဲ့ ရတနာသိုက် ဆရာကြီးဦးမြကြိုင် Channel ဖြစ်ပါတယ်။ အစားကောင်းစားရရင် ချစ်ရတဲ့သူကိုသတိရတယ်ဆိုတဲ့အတိုင်း တကယ်ကောင်းတဲ့အရာတွေဆို ကိုယ့်page ကသူတွေကိုသတိရပါတယ်။ သူများတွေကို shareပေးနေပေမဲ့ ကိုယ်တိုင်က English ဘက်မလှည့်နိုင်သေးပါဘူး။ ကိုယ်ဖြေဖို့ လုပ်နေတဲစာမေးပွဲ၂ခုပီးတာနဲ့ English ဘက်ပြန်လှည့်မှာပါ။ ပြောရရင် ဂျပန်စာထက်English ကိုအရမ်းသဘောကျတာပါ။ ငြိမ်းအတွက် English ကUni မှာအဓိကဘာသာရပ်ဖြစ်ခဲ့သလို ဆရာကောင်းတွေဆီမှာ အကြာကြီးသင်ယူခဲ့ရတာမို့ English စာကိုအရမ်းသဘောကျပါတယ်။

တရားထိုင်ချင်တဲ့သူများလည်း ဒီChannel ထဲမှာဆရာကြီး တရားပြထားတာရှိပါတယ်။ ငြိမ်းလည်းဆရာကြီးတရားပြတာနားထောင်ပြီး ခုတလောတရားထိုင်ဖြစ်ပါတယ်။

အားလုံးစာတကယ်တတ်ပြီး အများကိုဝေမျှနိုင်တဲ့သူတွေဖြစ်ကြပါစေ။

Crd

ဂျပန်နိုင်ငံမှာရှိတဲ့ (သို့မဟုတ်) ဂျပန်ကို "特定技能 (သတ်မှတ်ကျွမ်းကျင်လုပ်သား)" ဗီဇာနဲ့ လာရောက်ဖို့ ပြင်ဆင်နေကြတဲ့ မြန်မာမျ...
08/06/2026

ဂျပန်နိုင်ငံမှာရှိတဲ့ (သို့မဟုတ်) ဂျပန်ကို "特定技能 (သတ်မှတ်ကျွမ်းကျင်လုပ်သား)" ဗီဇာနဲ့ လာရောက်ဖို့ ပြင်ဆင်နေကြတဲ့ မြန်မာများအတွက် သတိပြုမိစေဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ အရမ်းကို ရေပန်းစားနေတဲ့ ထူးခြားသတင်းတစ်ပုဒ်ကို အကျဉ်းချုပ်ပြီး တင်ပြပေးလိုက်ပါတယ်။

ဂျပန်လူဝင်မှုကြီးကြပ်ရေးရဲ့ အလှည့်အပြောင်း - အောင်လက်မှတ်အားလုံးကို ၁၀၀% လိုက်လံစစ်ဆေးပြီ

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်တဲ့ Yomiuri Shimbun ရဲ့ ဖော်ပြချက်အရ ဂျပန်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဟာ "အတုအပပြုလုပ်ထားတဲ့ ဂျပန်စာအောင်လက်မှတ်အတု" ပြဿနာကို အမြစ်ပြတ်နှိမ်နင်းဖို့အတွက် စနစ်သစ်တစ်ခုကို ယခုနှစ် ဇန်နဝါရီလကစတင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ယခင်က လူဝင်မှုကြီးကြပ်ရေးဟာ 特定技能 ဗီဇာ လျှောက်ထားသူတွေရဲ့ ဂျပန်စာအောင်လက်မှတ်တွေကို စစ်ဆေးရာမှာ အလုပ်ရှုပ်သက်သာစေဖို့နဲ့ ဝန်ထမ်းအင်အားအရ သံသယရှိသူအချို့ကိုသာ ရွေးချယ်ပြီး စာမေးပွဲကျင်းပတဲ့အဖွဲ့အစည်းတွေဆီ လှမ်းမေး တိုက်ဆိုင်စစ်ဆေးခဲ့တာပါ။

ဒါပေမဲ့ ယခုနှစ် ၂၀၂၆ခုနှစ် ဇန်နဝါရီလကစတင်ပြီး ဗီဇာလျှောက်ထားသူ "အားလုံး" (၁၀၀%) ရဲ့ အောင်စာရင်း အစစ်အမှန် ဟုတ်မဟုတ်ကို ဂျပန်စာမေးပွဲကျင်းပတဲ့ အဖွဲ့အစည်းတွေထံ တစ်ယောက်မကျန် လိုက်လံစစ်ဆေးတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်ပါတယ်။

🔍 ဘာကြောင့် ဒီလိုတင်းကျပ်လိုက်ရတာလဲ။

ပြီးခဲ့တဲ့နှစ်အတွင်းက အိုဆာကာရဲတပ်ဖွဲ့ဟာ ဗီယက်နမ်နိုင်ငံသား အချို့ကို "ဂျပန်စာအောင်လက်မှတ်အတု" တွေ သုံးပြီး 特定技能 ဗီဇာ လျှောက်ထားရယူခဲ့မှုနဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ထိုဖြစ်စဉ်မှာ လူဝင်မှုကြီးကြပ်ရေးဘက်က အတုကို အစစ်အမှန်ထင်ပြီး ဗီဇာခွင့်ပြုပေးမိခဲ့တဲ့အထိ ဖြစ်သွားခဲ့တဲ့အတွက် စနစ်ရဲ့ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းဖို့ အခုလို အလုံးစုံ စစ်ဆေးတဲ့စနစ်ကို ပြောင်းလဲလိုက်ရခြင်း ဖြစ်ပါတယ်။

ယခုဇန်နဝါရီလ စနစ်သစ်စတင်ပြီးနောက်ပိုင်းမှာတင် လက်မှတ်အတု တင်ပြလာတဲ့အမှုပေါင်း အများအပြားကို လက်ပူးလက်ကျပ် ဖမ်းဆီးရမိခဲ့ပြီး ဗီဇာပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနကတော့ လက်မှတ်အတုမှန်း သေချာရင် ဗီဇာပယ်ချရုံတင်မကဘဲ ရဲစခန်းကိုပါ တိုက်ရိုက်တိုင်ကြား အရေးယူသွားမှာ ဖြစ်ပါတယ်။

📈 "စာမေးပွဲဖြေဆိုပြီး ဗီဇာပြောင်းသူ" အရေအတွက် ဒုံးပျံလို ထိုးတက်လာခြင်း

特定技能 ဗီဇာ ရယူရာမှာ အဓိက လမ်းကြောင်း (၂) ခု ရှိပါတယ်။

1 - 技能実習ルート (Technical Intern Route): 技能実習 (နည်းပညာသင်တန်းသား) အဖြစ် ၃ နှစ် လုပ်ကိုင်ပြီး စာမေးပွဲမလိုဘဲ ဗီဇာပြောင်းလဲခြင်း။

2 - 試験ルート (Exam Route): ဂျပန်စာ (JFT သို့မဟုတ် JLPT N4) နှင့် သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုစာမေးပွဲ (Skill Test) နှစ်ခုလုံးကို အောင်မြင်ပြီးမှ ဗီဇာလျှောက်ထားခြင်း။

စနစ်စတင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ ထရိန်နင်သင်တန်းသား (技能実習) ကနေ ပြောင်းတဲ့သူက ၉၀% ကျော်အထိ ရှိခဲ့ပြီး စာမေးပွဲဖြေပြီး လျှောက်တဲ့သူက ၁၁၅ ဦး (၇%) သာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ လစာပိုကောင်းတဲ့ လုပ်ငန်းခွင်ကို ၃ နှစ်မပြည့်ခင် အမြန်ကူးပြောင်းချင်ကြတဲ့အတွက် စာမေးပွဲဖြေဆိုပြီး လျှောက်ထားသူအရေအတွက်ဟာ နှစ်စဉ် အဆမတန် တိုးတက်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ စာမေးပွဲအောင်ပြီး လျှောက်ထားသူ ၁ သိန်းကျော်သွားခဲ့ပြီး
၂၀၂၅ ခုနှစ်မှာတော့ ၁၈၂,၂၄၈ ဦးအထိ (စုစုပေါင်း လျှောက်ထားသူရဲ့ ၄၇%) အထိ ရှိလာခဲ့ပါတယ်။

ဤကဲ့သို့ စာမေးပွဲဖြေဆိုပြီး ဗီဇာလျှောက်ထားသူ သောင်းနဲ့ချီ များပြားလာတာနဲ့အမျှ အောင်လက်မှတ်အတု ပြုလုပ်တဲ့ မှောင်ခိုဂိုဏ်းတွေလည်း ခေါင်းထောင်လာခဲ့တာ ဖြစ်ပါတယ်။

🛡️ နောက်ထပ် ဘာတွေ တင်းကျပ်လာဦးမလဲ။

1 - လုပ်ငန်းကျွမ်းကျင်မှု အောင်လက်မှတ်များပါ စစ်ဆေးမည်:

အခုလောလောဆယ်မှာ ဂျပန်စာ အောင်လက်မှတ် (JLPT နဲ့ JFT-Basic) တွေကိုပဲ အကုန်လိုက်
စစ်နေပေမယ့် နောက်ပိုင်းမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် စစ်ဆေးတဲ့ "လုပ်ငန်းကျွမ်းကျင်မှုစာမေးပွဲ အောင်လက်မှတ် (技能試験の合格証)" တွေကိုပါ ၁၀၀% လိုက်လံစစ်ဆေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

2 - လူစားထိုးဖြေဆိုမှုကို ကာကွယ်ခြင်း:

လက်မှတ်အတုအပြင် "လူစားထိုးဖြေဆိုပေးခြင်း" အမှုတွေကိုပါ ဖမ်းဆီးရမိထားတဲ့အတွက် စာမေးပွဲကျင်းပတဲ့ ဂျပန်နိုင်ငံတကာဖလှယ်ရေးဖောင်ဒေးရှင်းကနေ စာမေးပွဲနေ့မှာ ဖြေဆိုသူရဲ့ မျက်နှာဓာတ်ပုံနဲ့ နေထိုင်ခွင့်ကဒ်ကို သေချာဓာတ်ပုံရိုက်ပြီး ကွန်ပျူတာစနစ်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့ ဘေးကင်းလုံခြုံရေး အစီအမံတွေကို အဆင့်မြှင့်တင်နေပါတယ်။

💡 အယ်ဒီတာ့အမြင်နှင့် သတိပေးချက်

特定技能 (1 号) ဗီဇာဟာ စိုက်ပျိုးရေး၊ အစားအသောက်၊ လူနာစောင့်ရှောက်ရေး အပါအဝင် ကဏ္ဍ ၁၆ ခုမှာ ၅ နှစ်အထိ လုပ်ကိုင်ခွင့်ရပြီး၊ ပိုမိုကျွမ်းကျင်တဲ့ (2号) အဆင့် ရောက်ရင် အမြဲတမ်းနေထိုင်ခွင့် (Permanent Residency) ပါ လျှောက်ထားနိုင်တဲ့ အဖိုးတန် အခွင့်အရေး ဖြစ်ပါတယ်။

ဒါပေမဲ့ စာမေးပွဲမအောင်ဘဲ ဖြတ်လမ်းနည်း သုံးပြီး "အောင်လက်မှတ်အတု ဝယ်ယူခြင်း"၊ "လူစားထိုးဖြေခိုင်းခြင်း" တရားမဝင် လမ်းကြောင်းတွေကို အသုံးပြုမိရင်တော့ အနာဂတ်မှာ ဂျပန်မြေကို လုံးဝခြေချခွင့်မရတော့ဘဲ ရဲဖမ်းခံရတဲ့အထိ ဘဝပျက်သွားနိုင်ပါတယ်။

ဂျပန်အစိုးရရဲ့ စစ်ဆေးရေးမျက်လုံးတွေဟာ အရင်ကထက် အဆပေါင်းများစွာ စူးရှလာပြီဖြစ်လို့ မိမိတို့ရဲ့ အရည်အချင်းကို အမှန်တကယ် ကြိုးစားအားထုတ်ပြီး သန့်ရှင်းတဲ့လမ်းကြောင်းကနေပဲ လျှောက်လှမ်းကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

📝 ဝေါဟာရနှင့် ဝါကျများ

1.🇯🇵偽造(ぎぞう)の合格証(ごうかくしょう)を提出(ていしゅつ)したケースが複数件(ふくすうけん)あった。
🇲🇲အတုပြုလုပ်ထားသော အောင်လက်မှတ်ကို တင်ပြလာသည့် ဖြစ်စဉ်ပေါင်း အများအပြား ရှိခဲ့သည်။

2.🇯🇵入管(にゅうかん)は在留資格(ざいりゅうしかく)を許可(きょか)するかどうかを判断(はんだん)する。
🇲🇲လူဝင်မှုကြီးကြပ်ရေးသည် နေထိုင်ခွင့်ဗီဇာကို ခွင့်ပြု၊မပြုကို ဆုံးဖြတ်သည်။

3.🇯🇵信頼性(しんらいせい)を保(たも)つため、厳正(げんせい)に対応(たいおう)していきたい。
🇲🇲ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းရန်အတွက် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်သွားချင်သည်။

4.🇯🇵申請者(しんせいしゃ)全員(ぜんいん)の合格状況(ごうかくじょうきょう)を照会(しょうかい)する運用(うんよう)を始めた。
🇲🇲လျှောက်ထားသူ အားလုံး၏ အောင်မြင်မှုအခြေအနေကို လိုက်လံစစ်ဆေးသည့် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

5.🇯🇵警察(けいさつ)に虚偽(きょぎ)の申請(しんせい)で摘発(てきはつ)された。
🇲🇲ရဲတပ်ဖွဲ့ထံတွင် မဟုတ်မမှန်သော လျှောက်ထားမှုဖြင့် ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရသည်။

6.🇯🇵高い(たかい)給与(きゅうよ)を求めて(もとめて)特定技能(とていぎのう)への移行(いこう)を目指す(めざす)。
🇲🇲မြင့်မားသော လစာကို အလိုရှိသဖြင့် သတ်မှတ်ကျွမ်းကျင်လုပ်သားဗီဇာသို့ ကူးပြောင်းရန် ရည်မှန်းကြသည်။

7.🇯🇵運営団体(うんえいだんたい)への確認(かくにん)は一部(いちぶ)にとどまっていた。
🇲🇲စီမံကျင်းပသည့် အဖွဲ့အစည်းထံသို့ အတည်ပြုချက်ရယူခြင်းမှာ အစိတ်အပိုင်းအချို့တွင်သာ အကန့်အသတ်ဖြစ်ပွားခဲ့သည်။

8.🇯🇵人手不足(ひとでぶそく)の分野(ぶんや)で外国人労働者(がいこくじんろうどうしゃ)を受け入れる(うけいれる)。
🇲🇲လုပ်သားရှားပါးနေသော ကဏ္ဍများတွင် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံပေးသွင်းသည်။

9.🇯🇵試験(しけん)当日に(とうじつに)会場(かいじょう)で本人確認(ほんにんかくにん)を強化(きょうか)する。
🇲🇲စာမေးပွဲနေ့တွင် စာစစ်ဌာန(စုဝေးရာနေရာ)၌ ကာယကံရှင်ဟုတ်မဟုတ် စစ်ဆေးခြင်းကို တင်းကျပ်မည်။

10.🇯🇵日本語(にほんご)試験(しけん)の「替え玉受験(かえだまじゅけん)」で不正(ふせい)に資格(しかく)を取得(しゅとく)した。
🇲🇲ဂျပန်စာစာမေးပွဲတွင် "လူစားထိုးဖြေဆိုခြင်း" ဖြင့် မတရားသဖြင့် အရည်အချင်းလက်မှတ်ကိုရယူခဲ့သည်

#ဂျပန်သတင်း
#入管
#日本語能力試験

ဂျပန်မှာ အိမ်ပြောင်းရင် မြို့နယ်ရုံးအထိ သွားစရာမလိုဘဲ ဖုန်းနဲ့တင် လိပ်စာအထွက် လုပ်နည်း အိမ်ပြောင်းတော့မယ်ဆိုရင် အလုပ်တွေ...
07/06/2026

ဂျပန်မှာ အိမ်ပြောင်းရင် မြို့နယ်ရုံးအထိ သွားစရာမလိုဘဲ ဖုန်းနဲ့တင် လိပ်စာအထွက် လုပ်နည်း

အိမ်ပြောင်းတော့မယ်ဆိုရင် အလုပ်တွေရှုပ်၊ မြို့နယ်ရုံးကလည်းဝေး၊ ခွင့်ရက်ကလည်း ယူရခက်နေလို့ စိတ်ညစ်နေရတဲ့သူတွေ ရှိလား?

အရင်ကဆိုရင် မြို့နယ်ရုံးကို လူကိုယ်တိုင်သွားပြီး 転出届 (Tenshutsu-todoke) လိပ်စာအထွက် လုပ်ခဲ့ရပေမဲ့ အခုတော့ My Number Card ရှိရုံနဲ့ မိမိဖုန်းထဲကနေပဲ အလွယ်တကူ လုပ်လို့ရနေပါပြီနော်

---

မြို့နယ်ရုံး လိပ်စာအထွက် (Address Change) ကို ဖုန်းနဲ့လုပ်နည်း

📌ဘာတွေလိုအပ်မလဲ?
➡️My Number Card (Password 4လုံး မှတ်မိနေဖို့ လိုပါတယ်)
➡️NFC (Card ဖတ်လို့ရတဲ့) စနစ်ပါတဲ့ စမတ်ဖုန်း
➡️Mynaportal (マイナポータル) ဆိုတဲ့ App (နောက်ဆုံး Version ဖြစ်ရပါမယ်)

📌 လုပ်ဆောင်ပုံ အဆင့်ဆင့်
➡️Mynaportal App ကို ဖွင့်ပြီး Login ဝင်ပါ
➡️App ထဲက (引越しのお手続き) ဆိုတဲ့ Menu ကို ရွေးပါ။
➡️မိမိရဲ့ အိမ်ပြောင်းမယ့် ရက်စွဲ၊ လိပ်စာအသစ်နဲ့ ဖုန်းနံပါတ်တွေကို ဖြည့်စွက်ပါ
➡️My Number Card ကို ဖုန်းနောက်ကျောမှာကပ်ပြီး Digital Signature နဲ့ Scan ဖတ်ပါ
➡️အချက်အလက်တွေ မှန်ပြီဆိုရင် လျှောက်လွှာတင်လို့ ပြီးပါပြီ

----

စာတိုက်လိပ်စာပြောင်းတာ (e-Tenkyo) ကို Japan Post App နဲ့ တွဲလုပ်နည်း 📮

လိပ်စာဟောင်းကို ရောက်လာမယ့်စာတွေကို လိပ်စာအသစ်ဆီ ၁ နှစ်တိတိ အခမဲ့ ပြန်ပို့ပေးဖို့ စာတိုက်ကိုလည်းအကြောင်းကြားရပါမယ်

📌လုပ်ဆောင်ပုံ အဆင့်ဆင့်
➡️App Store (သို့) Play Store မှာ Japan Post သို့မဟုတ် 郵便局公式アプリ လို့ ရိုက်ရှာပြီး ဒေါင်းလုဒ်ဆွဲပါ
➡️Menu ကို ရွေးချယ်ပါ App ကို ဖွင့်ပြီး ပင်မစာမျက်နှာ (Home) မှာရှိတဲ့ 転居届 (e転居) ဆိုတဲ့ ခလုတ်ကို နှိပ်ပါ
➡️မိမိအသုံးပြုနေတဲ့ Email လိပ်စာကို ရိုက်ထည့်ပါ။ စာတိုက်ကနေ Link တစ်ခု ပို့ပေးပါလိမ့်မယ်။ အဲ့ဒီ Link ကို နှိပ်ပြီး ဆက်လုပ်ပါ။
➡️အချက်အလက်များ ဖြည့်စွက်ပါ
လိပ်စာဟောင်း၊ လိပ်စာအသစ်၊ ပြောင်းမယ့်သူအမည်နဲ့ ရက်စွဲတို့ကို ဖြည့်စွက်ပါ။(ဘယ်နေ့ကစပြီး လိပ်စာအသစ်ကို စာတွေ ပို့စေချင်သလဲဆိုတာကို ရွေးပါ)
➡️ My Number Card နဲ့ Identity Verify လုပ်ပါ။ マイナンバーカードで本人確認 ဆိုတာကို ရွေးပါ
➡️ဖုန်းရဲ့ NFC (Scan ဖတ်တဲ့နေရာ) မှာ My Number Card ကို ကပ်ထားပါ
➡️My Number Card ရဲ့ Password (ဂဏန်း ၄ လုံး) ကို ရိုက်ထည့်ပြီး Scan ဖတ်ပါ
➡️လျှောက်လွှာတင်ခြင်းကို အတည်ပြုပါ
ဖြည့်ထားတဲ့ အချက်အလက်တွေ အကုန်မှန်ပြီဆိုရင် 申請 (Apply) ကို နှိပ်ပြီး okပါပြီ ဒါဆိုရင် စာတိုက်ရုံးအထိ သွားပြီး ဖောင်ဖြည့်စရာ မလိုတော့ပါဘူး။

---

🚨Identity Verification အတွက် My Number Card မရှိရင် လူကိုယ်တိုင် မြို့နယ်ရုံး / စာတိုက်ရုံးကို သွားပြီး နေထိုင်ခွင့်ကတ် (Zairyuu Card) ပြကာ ဖောင်ဖြည့်ရပါမယ်

📌သတိထားရမယ့် အချက်ကတော့လိပ်စာအထွက် (Tenshutsu) ကို ဖုန်းနဲ့လုပ်ထားတဲ့အတွက် မြို့နယ်ရုံးဟောင်းကို သွားစရာ မလိုပေမယ့် လိပ်စာအဝင် (Tennayu) ၀င်ဖို့အတွက် မြို့နယ်ရုံးကို My Number Card ယူပြီး လူကိုယ်တိုင် (၁၄ ရက်အတွင်း) တစ်ကြိမ်သွားဖို့ လိုပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ကြိုတင် Reservation လုပ်ထားတာဖြစ်လို့ Mynaportal ထဲမှာ လျှောက်ထားမှုအခြေအနေ "Complete" ဖြစ်မဖြစ် အမြဲပြန်စစ်ဆေးရန်လိုပါတယ်
.

#履歴書 #職務経歴書

05/06/2026

富士宮ရောက်ရင် သွားသင့်တဲ့နေရာလေးတစ်ခု

04/06/2026

မင်းရဲ့ပုံကို my dayတစ်ခြားကောင်တွေလို၂၄နာရီ မဟုတ်ဘူး ၄၈နာရီထားပေးမှာ😉

၆လပိုင်းမှာ Ajisai ပန်းကိုသွားကြည့်လို့ရမဲ့နေရာ ၁၀ခု———————————————————————1️⃣ Isoyama Shrine (Tochigi)⛩️ ဘုရားကျောင်းလမ...
03/06/2026

၆လပိုင်းမှာ Ajisai ပန်းကိုသွားကြည့်လို့ရမဲ့နေရာ
၁၀ခု
———————————————————————

1️⃣ Isoyama Shrine (Tochigi)

⛩️ ဘုရားကျောင်းလမ်းတစ်လျှောက် Ajisai ပန်းများပွင့်လန်းနေပြီး Torii တံခါးတွေနဲ့ ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်

အနီးဆုံးဘူတာ - Kuzuu Station
ဝင်ကြေး -အခမဲ့

2️⃣ Amabiki Kannon Temple (Ibaraki)

💙 ရေကန်ထဲမှာ Ajisai ပန်းများကို မျောထားတဲ့“Floating Hydrangea” ကြောင့် နာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်

အနီးဆုံးဘူတာ - Iwase Station
ဝင်ကြေး -အခမဲ့

3️⃣ Odawara Castle (Kanagawa)

🏯 သမိုင်းဝင်ရဲတိုက်နှင့် Ajisai ပန်းများကို တစ်ပြိုင်တည်းခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်

အနီးဆုံးဘူတာ - Odawara Station
ဝင်ကြေး - ¥510

4️⃣ Hannyaji Temple (Nara)

🌸 ရောင်စုံပန်းများစွာဖြင့် နာမည်ကြီးပြီး Ajisai ရာသီတွင်လည်း လာရောက်လည်ပတ်သူများပြားပါတယ်

အနီးဆုံးဘူတာ - Kintetsu Nara Station
ဝင်ကြေး - ¥700

5️⃣ Kaisei Hydrangea Festival (Kanagawa)

🌿 လယ်ကွင်းပြင်မှာ စိုက်ထားတဲ့ Ajisai ပန်းခင်းကြီးများကို ကြည့်ရှု နိုင်ပါတယ်

အနီးဆုံးဘူတာ - Kaisei Station
ဝင်ကြေး -အခမဲ့

6️⃣ Hattori Farm Hydrangea House (Chiba)

💐 Ajisai အမျိုးအစားပေါင်းများစွာကို စုစည်းစိုက်ပျိုးထားတဲ့ ဥယျာဉ်ကြီးဖြစ်ပါတယ်

အနီးဆုံးဘူတာ - Mobara Station
ဝင်ကြေး- ¥600–800

7️⃣ Mimuroto-ji Temple (Kyoto)

💜 “Ajisai Temple” ဟု နာမည်ကြီးပြီး ပန်းသောင်းချီ ပွင့်လန်းနေတဲ့ Kyoto ရဲ့ အကျော်ကြားဆုံး Ajisai Spot တစ်ခုဖြစ်ပါတယ်

အနီးဆုံးဘူတာ - Mimurodo Station
ဝင်ကြေး - ¥1,000

8️⃣ Hayama Ajisai Park (Kanagawa)

🌊 Ajisai ပန်းများနှင့် ပင်လယ်ရှုခင်းကို အတူခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်

အနီးဆုံးဘူတာ - Zushi Station မှ ကားထပ်စီးရပါမယ်
ဝင်ကြေး - အခမဲ့

9️⃣ Hondo-ji Temple (Chiba)

💙 Ajisai ပန်းပေါင်း 50,000 ကျော် ပွင့်လေ့ရှိပြီး Kanto ဒေသ၏ နာမည်ကြီး Ajisai ဘုရားကျောင်းတစ်ခုပါ

အနီးဆုံးဘူတာ -Kita-Kogane Station
ဝင်ကြေး - ¥500

🔟 Hattasan Son-eiji Temple (Shizuoka)

🌳 သဘာဝတောတောင်များကြားမှာ Ajisai ပန်းများ
ကို အေးအေးဆေးဆေး ကြည့်ရှုနိုင်ပါတယ်

အနီးဆုံးဘူတာ - Kakegawa Station မှ Bus ကားထပ်စီးရပါမယ်
ဝင်ကြေး - အခမဲ့

📅 Ajisai ပန်းများရဲ့ အလှဆုံးကာလမှာ ဇွန်လအစမှ ဇူလိုင်လအစအထိ ဖြစ်ပါတယ်

住所

Fujinomiya-shi, Shizuoka

ウェブサイト

アラート

Moments of Nipponがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する