ဟက်ပီး Mobile&Electronic

ဟက်ပီး Mobile&Electronic Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de ဟက်ပီး Mobile&Electronic, Appareil photo/photo, Democratic Republic of the.

20/10/2022
ပစ္စည်းတွေ ရောက်ပြီနော် ပစ္စည်းရောက်မှ ငွေချေပါ မှော်ဘီ ထောက်ကြန့်
06/10/2022

ပစ္စည်းတွေ ရောက်ပြီနော် ပစ္စည်းရောက်မှ ငွေချေပါ မှော်ဘီ ထောက်ကြန့်

ေမှာ်ဘီ​​​အိမ်ရောက် ငွေချေအစုံရှိတယ်နော်  ဖုန်းလေးသာဆက်လိုက်ပါ 09420273421
05/10/2022

ေမှာ်ဘီ​​​အိမ်ရောက် ငွေချေအစုံရှိတယ်နော် ဖုန်းလေးသာဆက်လိုက်ပါ 09420273421

မဂ်လာပါ 🙏🙏ဟက်ပီးMobile&Electronic မှ ကြိုဆိုလိုက်ပါတယ်Samsonic 10kg #အဝတ်လျှော်စက်....... လေးကိုအိမ်တိုင်းမှာရှိသင့်တယ်န...
05/10/2022

မဂ်လာပါ 🙏🙏
ဟက်ပီးMobile&Electronic မှ ကြိုဆိုလိုက်ပါတယ်

Samsonic 10kg
#အဝတ်လျှော်စက်....... လေးကို
အိမ်တိုင်းမှာရှိသင့်တယ်နော်
လျှော်ပြီး
လေသလက်လိုက်တာနဲ့
ခြောက်ပြီးသားဘဲ
အခြောက်ညှစ်ပေးတာဆိုတော့
ပိုလို့တောင်အဆင်ပြေတယ်
ပစ္စည်းများကိုမိမိတို့စိတ်တိုင်းကျ

စျေးနှုန်းချိုသာစွားဖြစ်ရောင်းချပေးနေပါပြီ

စိတ်တိုင်းကျဝယ်ယူအားပေးလိုလဲရပါတယ် အိမ်ရောက်ငွေချေပါခင်ဗျာ မှော်ဘီ ထောက်ကြန့်ပို့ပေးပါတယ်

လက်လီ/လက်ကား

အသေးစိတ်သိရှိလိုပါက ဖုန်းဆက်ပြီးမေးမြန်းနိုင်ပါတယ်
09771159559,09420273421

05/10/2022
05/10/2022
ဝိပဿနာတရားဆိုတာ  ထိုင်အားထုတ်ရတာ  နာရတာမဟုတ်ဘူး ဟောရတာမဟုတ်ဘူး ဒီလိုမတွေးလေနဲ့။  ဝိပဿနာတရားကို ဟောရင်းနဲ့ဘဲ နာရင်းနဲ့ဘဲရ...
18/07/2022

ဝိပဿနာတရားဆိုတာ
ထိုင်အားထုတ်ရတာ
နာရတာမဟုတ်ဘူး
ဟောရတာမဟုတ်ဘူး
ဒီလိုမတွေးလေနဲ့။

ဝိပဿနာတရားကို
ဟောရင်းနဲ့ဘဲ နာရင်းနဲ့ဘဲ
ရဟန္တာဖြစ်သွားကြတာတွေ ရှိတယ်။

နားထောင်ရင်းက နေပြီးတော့
Apply လုပ်သွားတာ၊
အဲဒီလို
apply လုပ်သွားလို့ရှိရင်
ကျင့်ပြီးသား
တစ်ခါထဲဖြစ်သွားတယ်။

တရားကျင့်တယ်ဆိုတာ
အချိန်"အကန့်အသတ် မရှိဘူး၊
လူပေါ်မှာ မူတည်တယ်။

ကိုယ့်အရည်အချင်းရှိရင်
ရှိတဲ့အတိုင်း
တစ်မိနစ် နဲ့လည်း
ပေါက်ချင် ပေါက်သွားမယ်၊
တစ်စက္ကန့် နဲ့လည်း
ပေါက်ချင်ပေါက်မယ်။

လူ့ရဲ့အရည်အချင်းနဲ့ပဲ
သက်ဆိုင်တယ်၊
အချိန်နဲ့ မသက်ဆိုင်ဘူး။
ဒါကြောင့်မို့
ဝိသာခါတို့ ဆိုရင် (၇)နှစ်အရွယ်
သတို့သမီးငယ် ဘဝမှာကို
မြတ်စွာဘုရား
ဟောလိုက်တဲ့တရား
နားစိုက်ထောင်ရင်းကနေ
တရားပွဲအဆုံးမှာ
သောတာပန်"ဖြစ်တယ်။

အဲဒီလို တရားနာရင်းကနေ
တရားထူးရသွားတဲ့ ပုဂ္ဂိုလ်တွေ
နဲတာမှမဟုတ်ပဲ၊
သိန်း,သန်းထိအောင် ရှိတယ်ပေါ့။

ဒီပုဂ္ဂိုလ်တွေဟာ
မကျင့်ပဲဖြစ်သွားတာလား
သူတို့ဘယ်အချိန်
ကျင့်တာတုန်းဆိုရင်
တရားဟောနေတဲ့ အချိန်မှာ
နားစိုက်ထောင်တာဟာ
တရားကျင့်တာပဲလို့ ဆိုတယ်။

စာပေကျန်းဂန်တွေမှာ
ဆိုထားတာက
တလေးတစား အာရုံစိုက်ပြီးတော့
ကြိုးစား မှတ်သား
နာယူလိုက်တဲ့ တရားဟာ

သောတာပတ္တိမဂ် စသည်ကို
ပို့ဆောင်ပေးနိုင်စွမ်းရှိသည် လို့
ဒီလိုပြောတာ။

ဖြစ်တာ, မဖြစ်တာကတော့
ကိုယ့်အရည်အချင်းပေါ်မှာ
မူတည်တယ်၊

ကိုယ်ကြိုးစားအားထုတ်ခဲ့တဲ့ ဘာဝနာ၊
ကိုယ်ဖြည့်ဆည်းခဲ့တဲ့
ပါရမီကုသိုလ်ရဲ့
အစွမ်းအစပေါ်မှာ မူတည်ပြီးတော့
နားလည်သဘောပေါက်တဲ့
အချိန်ချင်းဟာ မတူကြဘူးပေါ့။

တရား နာယူနေတဲ့အခါ
နှလုံးသွင်းရမယ် ဆင်ခြင်နေရမယ်၊
နှလုံးသွင်း ဆင်ခြင်ရင်းနဲ့
နားလည်
သဘောပေါက်သွားတဲ့ အခါ
ထူးခြားတဲ့ အသိဉာဏ်တွေကို
ဖြစ်ပေါ်စေတာဘဲ ဖြစ်တယ်။

တရားကို
နှလုံးသွင်းနေခြင်းသည်ပင်လျှင်
သမ္မာသတိ၊

ကြိုးစားပြီးတော့ မှတ်နေခြင်း,
နားထောင်နေခြင်းသည်
သမ်မာဝါယမ၊

ဒေသနာအစဉ်ပေါ်မှာ
စိတ်ကိုစဉ်ဆက်မပြတ်
ပို့လွှတ်ထားခြင်းဟာ
သမ်မာသမာဓိ၊

တရားနာနေရင်းကို
သမ္မာသတိ၊
သမ်မာဝါယမ၊
သမ္မာသမာဓိတွေက
အလုပ်လုပ်နေတယ်၊

ခုနက
သီလ"ဆောက်တည်ထားတဲ့အတွက်
သီလမဂ္ဂင်သုံးမျိုးကလည်း
ကိုယ့်မှာရနေပြီ၊
တရားရဲ့အနှစ်သာရ သဘောကို
ဆင်ခြင်စဉ်းစားနေတာ
သမ္မာသင်္ကကပ္ပ၊

တရားရဲ့သဘာဝတရားကို သဘောပေါက်
နားလည်သွားခြင်းသည်
သမ္မာဒိဋ္ဌိ၊

အဲဒီ
သမ္မာဒိဋ္ဌိ၊
သမ္မာသင်္ကပ္ပ၊
သမ်မာဝါယမ၊
သမ္မာသတိ၊
သမ္မာသမာဓိ ဆိုတဲ့မဂ္ဂင်(၅)ပါးပေါင်းစည်းပြီးတော့
အလုပ်လုပ်နေတဲ့ သဘောကို
တရားအားထုတ်တယ်လို့ ပြောတာ။

ထိုင်ပြီးတော့ ရှုမှတ်နေမှ
တရားဖြစ်တယ်လို့
ဒီလို မအောက့်မေ့လေနဲ့။

မိမိရဲ့ စိတ်အစဉ်ထဲမှာ
ဒီမဂ္ဂင်ရှစ်ပါး
အလုပ်လုပ်နေခြင်းအားဖြင့်
ဝိပဿနာတရား
ရှုမှတ်ခြင်းကိစ္စ ပြီးသွားတယ်။

ပြီးသွားသည့်အတွက်ကြောင့်
တရားရဲ့အဆုံး ( သို့ )
သစ္စာလေးပါးကို
ဆင်ခြင်သုံးသပ်လိုက်နိုင်တဲ့
အခြေအနေမှာ
သောတာပန် စသည်
ဖြစ်သွားတယ်ဆိုတာ
ဒီသဘောကို ပြောတာ၊

တရားအားမထုတ်ပဲ ဖြစ်တယ်လို့
မယူဆနဲ့၊
ဘယ်အချိန် အားထုတ်တာတုန်း
ဟောနေတုန်းမှာ
နာယူရင်းက
အားထုတ်သွားတာ ။

(ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Cred: : မူရင်းပိုစ်တင်ပေးသူအား လေးစားစွာဂါရဝပြုပါသည် 🙏
ပြန်လည်မျှဝေပူဇော်ပါသည် 🙏

18/07/2022

🌼👉 နေ့စဉ်တရားထိုင်သင့်တဲ့အကြောင်းသိချင်ရင်
ဖတ်ကြည့်ပါ။

♦️ နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းအရင်း ၆ ချက်

(၁) Dopamine ဟော်မုန်းကို မြင့်တက်စေတယ်။
💫💫💫💫💫💫💫💫💫💫💫💫💫

ဒီဟော်မုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊
ဝမ်းနည်းခြင်းစတဲ့ ခံစားချက်တွေကို အပြောင်းအလဲ
ဖြစ်စေတဲ့ ဟော်မုန်းဓါတ်တွေ ဖြစ်ပါတယ်။
တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ
ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။
ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း
အထောက်အပံ့ဖြစ်စေပါတယ်။

(၂) Depression နည်းစေတယ်။
💫💫💫💫💫💫💫💫💫

စိတ်ဓါတ်ကျဆင်းခြင်း (Depression) ဖြစ်နိုင်ချေကို
သိသိသာသာကို ကျဆင်းစေပါတယ်။ အထီးကျန်ခြင်း၊
ဝမ်းနည်းခြင်းစတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို ရင်ဆိုင်ရာမှာ သင့်စိတ်တွေ
သန်မာလာပါတယ်။

(၃) စိတ်ကို ငြိမ်းအေးစေတယ်။
💫💫💫💫💫💫💫💫

ဒါကတော့ တရားထိုင်တဲ့သူတိုင်း ခံစားရပါတယ်။
တရားထိုင်ခြင်းဟာ သင့်စိတ်အေးချမ်းမှုရဲ့
ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။
တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ
စိတ်ကုထုံးအနေနဲ့ပါ အသုံးချလို့ရတာကြောင့်
လူအတော်များများဟာ တရားထိုင်ခြင်းကို
စွဲစွဲမြဲမြဲလုပ်ဆောင်လာကြပါတယ်။

(၄) ပျော်ရွှင်ခြင်းဆေးဝါး။
💫💫💫💫💫💫

တရားထိုင်နေတဲ့အချိန်မှာ သင့်ရဲ့စိတ်ကို ငြိမ်းအေးမှု
ပေးပါလိမ့်မယ်။ ဒီငြိမ်းအေးမှုဟာ သင့်ရဲ့မသိစိတ်က
ပျော်ရွှင်ခြင်းတွေကို နှိုးဆွပေးပါတယ်။ သင့်ကိုယ်သင်
စိတ်ကျေနပ်မှု ရှိလာမယ်။ လောကကြီးကို အကောင်း
မြင်တတ်လာမယ်။ ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း
အကောင်းမွန်ဆုံး တုံပြန်ရင်ဆိုင်လာနိုင်မယ်။
ပြောရရင်တော့ တရားထိုင်ခြင်းဟာ ပျော်ရွှင်ခြင်း
ဆေးဝါးတစ်လက်ပါပဲ။

(၅) အတွေးအခေါ်သစ်တွေကို ရစေတယ်။
💫💫💫💫💫💫💫💫💫💫💫

တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုးကျှေးဇူးတွေထဲမှာ
စိတ်ကိုငြိမ်းအေးစေတာ တစ်ခုတည်း မဟုတ်သေးပါဘူး။
သင့်ရဲ့ စိတ်ကူးဥာဏ်တွေကိုလည်း ကွန့်မြူးစေပါတယ်။
ဒါ့ကြောင့် အောင်မြင်တဲ့သူတိုင်းဟာ တရားထိုင်ခြင်းကို
သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ
ထည့်သွင်း လုပ်ဆောင်လေ့ရှိပါတယ်။

(၆) စျေးပေါသော ကျန်းမာရေးလက်ဆောင်။
💫💫💫💫💫💫💫💫💫💫💫

တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးတစ်ခုတည်းအတွက်
တင်မဟုတ်ပါဘူး။ ကိုယ်ကျန်းမာရေးကိုလည်း များစွာ
အထောက်အကူ ဖြစ်စေပါတယ်။
တစ်နေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက်၊ တစ်နာရီလောက်
တရားထိုင်ခြင်းနဲ့ကို သင့်အတွက် ငွေကုန်ကြေးကျနည်းတဲ့
ကျန်းမာရေးလက်ဆောင်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

Credit by ရွှေညာမောင်
ကုသိုလ်ပြု ပူဇော်ပါသည်@ ပုညသိန်းနိုင် - copy
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque ဟက်ပီး Mobile&Electronic publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager