Ayced's Pixels

Ayced's Pixels I believe people smile brightest when they're not faking it and I tell stories with my photography, framing one emotion at a time.
(3)

ဘဝမှာမှတ်မှတ်ရရ Elk နဲ့ပတ်သက်ပြီး memory ၂ ခုရှိခဲ့ဖူးတယ်။ပထမတခုကအခုပုံကိုရခဲ့တဲ့အချိန်တုန်းက။ ကိုယ်တွေ Banff National P...
07/10/2026

ဘဝမှာမှတ်မှတ်ရရ Elk နဲ့ပတ်သက်ပြီး memory ၂ ခုရှိခဲ့ဖူးတယ်။

ပထမတခုကအခုပုံကိုရခဲ့တဲ့အချိန်တုန်းက။ ကိုယ်တွေ Banff National Park ကို Vancouver ကနေ Roadtrip သွားကြတုန်းက အဲ့ကောင်ကိုပထမဆုံးမြင်ဖူးတဲ့အချိန်။ ဒီဘဲက သူ့ Territory ထဲ ကားအတန်းလိုက်ကြီးဖြတ်သွားတော့ ဒေါသပုံထပြီး ကိုယ့်ရှေ့ ၂ စီးကျော်လောက်ကကားကို ဂျိုနဲ့အတင်းပွတ်နေတုန်း အနားကပ်သွားရိုက်ထားတာ။ ပထမပုံထဲကကောင်ကပိုကြီးတယ်။ ဂျိုကလည်းပိုလှတယ်။ ဒုတိယနဲ့ တတိယပုံက တခြားတနေရာကနေရခဲ့တာ...အကောင်တူတူပဲ။ သူလမ်းလျှောက်သွားတာကို စောင့်ပြီးရိုက်ခဲ့တာ။

နောက် Memory တခုကကျတော့ အဲ့ခရီးအပြီး တနှစ်လောက်အကြာမှာဖြစ်တာ။ Kamloops မှာနေခဲ့တုန်းက Landlord နဲ့ကိုယ်တွေတော်တော်လေးရင်းနှီးခဲ့ကြတယ်။ သူတို့ Lillooet မပြောင်းသွားခင်ထိကိုယ်တွေနဲ့ အမြဲအဆက်အဆံရှိတုန်း။ သူကတောသားပေမယ့်လူလည်။ အိမ်ငှားခကို အခွန်မဆောင်ချင်တော့ အားရင်အားသလို ကိုယ့်ဆီလာလာလည်ပြီး Cash နဲ့ယူတယ်။ လဆန်းတိုင်းတော့လာတာတော့မဟုတ်ဖူး။ အားရင်အားသလိုလာတာမျိုး။ တခါကျတော့သူမလာ မလာနဲ့ ရက် ၅၀ ကျော်လောက်ပျောက်ထွက်သွားတယ်ဗျ။ ခါတိုင်းလည်းအချိန်မမှန်ပေမယ့် အခုလိုတော့ လနဲ့ချီမပျောက်ဖူးဘူးရယ်။ ကိုယ်တွေလည်းအိမ်လခကို ဘာလုပ်ရမှန်းမသိ...ဖုန်းဆက်တော့လည်းမကိုင်... text လည်းမပြန်နဲ့။

တနေ့အိမ်ရှေ့တံခါး ဒေါက်ဒေါက်ဒေါက်နဲ့လာခေါက်ပါရော။ အားပါး ပြင်းလိုက်တဲ့အနံ့ အောက်သိုးသိုးလိုလို ရေနံ့လိုလိုနဲ့ နှာခေါင်းမကောင်းတဲ့ကျနော်တောင်မခံနိုင်ဘူး။ ဖွင့်လိုက်တော့မှာ အားပါးပါး မောင်စတိ။ လက်ထဲမှာခွေးနှစ်ကောင်ကို Leash မပါဘာမပါနဲ့။ တော်သေးတယ်အဲ့ခွေးတွေကကိုယ်နဲ့ယဉ်နေလို့။ စပ်ဖြဲဖြဲ နံနံဟောင်ဟောင်နဲ့သွားဖြဲပြတယ်။ ဟေ့လူခင်ဗျားဘယ်ပျောက်နေတာတုန်းဆိုတော့...သကောင့်သားသူ့ညီနဲ့ Rivelstoke ထဲ camp ထိုးပြီးအမဲသွားလိုက်တာတဲ့ဗျ။ ရက် ၆၀ ကြာတယ်တဲ့။ ပြီးတော့သူ့ထုံးစံတိုင်း ဘောက်ဆက်ဆက်နဲ့ ဂွပ်ကနဲ အထုပ်ကြီးတထုပ် kitchen counter ပေါ်တင်သွားတယ်။ ဘာကြီးထင်တုန်း?

ညီအကို ၂ ကောင် Elk အထီးကြီးတကောင်ရလို့ ဝမ်းသာပြီး အသားတုံးကြီးပေးသွားတာဗျာ။ မေးသေးတယ် ခေါင်းကတအားလှတယ်ကြည့်အုန်းမလားဆိုပဲ။ နေပါစေလို့ လှမှန်းသိပါတယ်ဆိုပြီးမနည်းပြောယူလိုက်ရတယ်။ အိမ်လခ ရေချိုးပြီးမှပြန်လာယူလှည့်ဆိုတော့ သိမ်းထားအုန်းဆိုပြီး လစ်သွားလေရဲ့။ လှမ်းအော်သွားသေးတာ...စားပြီးပြန်ပြောတဲ့ ကြိုက်မကြိုက်။

နောက်နေ့လင်မယား ၂ ယောက် Steak လုပ်စားလိုက်တာပဲမှတ်မိတော့တယ်။ အရသာကတော့ ဒီလိုပါပဲ ဆတ်လိုလို ဆိတ်လိုလို... :D

Address

1415 Dundas Street E
Oakville, ON

Opening Hours

Monday 8:30am - 6:30pm
Tuesday 8:30am - 6:30pm
Wednesday 8:30am - 6:30pm
Thursday 8:30am - 6:30pm
Friday 8:30am - 6:30pm
Saturday 8:30am - 6:30pm
Sunday 8:30am - 6:30pm

Telephone

+959975063952

Alerts

Be the first to know and let us send you an email when Ayced's Pixels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayced's Pixels:

Shortcuts

Share