Kaung kaung

Kaung kaung I love you all

28/01/2025

ဝယ်ယူအားပေးသောCustomer တိုင်း စိတ်ချမ်းသာစေရမယ့် အာမခံနဲ့ရောင်းတဲ့ iTrue Mobile

26/02/2023

ဘ၀ကို လက်တွေ့
ဖြတ်သန်းတဲ့.. အခါ,,

"ချစ်ပါတယ်"ဆိုတာထက်
နားလည်မှုက ပိုအရေးကြီးတယ်။

"မြတ်နိုးပါတယ်" ဆိုတာထက်
အပေးအယူမျှဖို့က ပိုအရေးကြီးတယ်။

"သတိရပါတယ်" ဆိုတာထက်
ရိုးသားဖို့က ပိုအရေးကြီးတယ်။

"လွမ်းပါတယ်"ဆိုတာထက်
သစ္စာရှိဖို့က ပိုအရေးကြီးတယ်။

"ဂရုစိုက်ပါမယ်" ဆိုတာထက်
ခွင့်လွှတ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

နှုတ်ဖျားက ချိုသာတဲ့ စကားတွေထက်
လက်တွေ့ဆန်တဲ့ ပေးဆပ်နိုင်မှုက ပိုအရေးကြီးပါတယ်။ ။

Crd-

01/10/2022

ဆောက်လုပ်ရေးလုပ်ငန်းဆိုတာသာမာန်အလုပ်တွေထက်ပိုပြီးပင်ပန်းကြမ်းတမ်းပါတယ်။
Super Sunday တွင်အကြိုက်ဆုံးပုံ
#အိမ်လှလှလေးဆောက်ကြမယ်


11/09/2022

" ဘဝအတွက် ခွန်းအားဖြစ် စာစုများ "
💪💪💪💪💪💪💪💪💪💪

🌺 အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။
🌺 ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတက်ပါစေ။
🌺 အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။

🌺 ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။
🌺 မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

🌺 လောကဓံကို ကြံ့ကြံ့ခံနိုင်မှ……
🌺 လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

🌺 အပြေးသမားတစ်ယောက်က……
🌺 အမောမခံနိုင်ပဲ ပန်းတိုင်ရောက်အောင်……
🌺 မပြေးနိုင်ဘူးလေ။

🌺 လူ့ဘဝကလဲ ဒီလိုပဲ……
🌺 မောပန်းခြင်းကို အကြောင်းပြ……
🌺 ရောက်တဲ့နေရာ ရပ်နေသရွေ့……
🌺 လျှင်မြန်ပါတယ်ဆိုတဲ့''ယုန်''ကို……
🌺 "လိပ်''ကတောင် အနိုင်ယူသွားသေးတာပဲ။

🌺 ရှေ့ကလူကို နောက်ကလူက……
🌺 လိုက်မှီတယ်ဆိုရင် အဲ့ဒီလူကပဲ……
🌺 မြန်တာလား ရှေ့က လူကရပ်နေတာလား……
🌺 စဉ်းစားကြည့်ပါ။

🌺 ဘယ်ကိစ္စမဆို……
🌺 မှားမှာမကြောက်နဲ့……
🌺 ရှုံးမှာမကြောက်နဲ့……
🌺 ကြောက်တက်တဲ့ စိတ်ကိုပြင်……
🌺 စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။

🌺 ဘဝကိုမြှင့်မှ တိုးတက်တာပါ……
🌺 ဘဝင်မြင့်ရင်တော့……
🌺 အောက်ကျလိမ့်မယ်သတိထား။

🌺 ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့…
🌺 စိတ်ဓာတ်မကျပါနဲ့ ဒါပေမဲ့……
🌺 လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း……
🌺 အခက်အခဲ တစ်ခုပေးတိုင်း……
🌺 ပြဿနာတစ်ခုပေးတိုင်း……
🌺 သင်ခန်းယူဖို့တော့ မမေ့ပါနဲ့။

🌺 ဘာကြောင့်ဆို ……
🌺 အခက်အခဲနဲ့ ဒုက္ခဆိုတာ ……
🌺 ကျွန်တော်တို့ လူသားတွေအတွက် ……
🌺 ပြီးဆုံးတယ်ဟူ၍ မရှိနိုင်ပါဘူး။
____________________________________
မူရင်းရေးသူအား
ပေးပါသည်
__________________
မေတ္တာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမယ့် စာပေများဖတ်ချင်ရင်
ကျွန်တော်(Acc)ထဲကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
https://www.facebook.com/profile.php?id=100057121953908

30. ဘာညာပေါ့
09/09/2022

30. ဘာညာပေါ့

"၃၀ကျော်ဆိုတာ"😜

၃၀ကျော်အရွယ်ဆိုတာ
တကယ်တော့ အရိုးတွေ နူးပြီးမြည့်နေတဲ့
ငါးသလောက်ပေါင်းလိုပဲ အရမ်းမိုက်နေပြီ...
တနည်းအားဖြင့် ရေနံချေးတွေ ဝနေတဲ့
အိမ်တိုင်ကြီးတွေလိုပဲပေါ့ ခန့်ခန့်ကြီးတွေ...
ဒီမယ် ၃၀ ကျော်အရွယ်ဆိုတာက
ဒူးရင်းသီးလိုဆိုရင် ဘယ်အလုံးကိုခွဲခွဲ
လှည့်ကြည့်နေစရာကို မလိုဘူး
ဝါဝင်းချိုမွှေးပြီး အိစက်နေပြီသား
မှတ်ထား... 😏😏
ဒညင်းသီးကိုသာ
အရွယ်တွေနဲ့ တင်စားရမယ်ဆိုရင်လေ
၃၀ကျော် အရွယ်ဆိုတာက
ဆားရေစိမ်လည်းမဟုတ်ဘူး
ဒညင်းခွက်လည်းမဟုတ်ဘူး
ဒညင်းသီးပြုတ်လည်းမဟုတ်ဘူး
ဒညင်းသီးအုန်းနို့ဆမ်းဗျ
ပေါက်လား...
ပတ်သက်မိတဲ့သူကို တခါတည်း
ရီဝေမှိန်းမောပြီး ပျော်ဝင်သွားစေတယ်...
ဇာတ်ကားတစ်ကားမှာ မင်းသားနဲ့ မင်းသမီး(......)အခန်း တနည်းအားဖြင့်
ရုပ်ရှင်တစ်ကားလုံးရဲ့tempo အမြင့်ဆုံး အခန်းဆိုတာ
၃၀ ကျော်တွေရဲ့အရွယ်လိုပဲဗျ နော်
ရစ်ချင်စရာ ကျော်ချင်စရာ တစ်ကွက်မရှိဘူးရယ်
ဆလိုးမိုးရှင်းနဲ့တောင် ကြည့်သင့်တယ်... 😛😛
အေး ၃၀ ကျော် အရွယ်တွေကိုသာ
ဘောလုံးကန်ခိုင်းမယ်ဆိုရင်လေ သူတို့ဝတ်ရမယ့်
ကျောနံပါတ်ဟာ ၁၀ ပဲ
တစ်ကွင်းလုံးမှာ အရေးအကြီးဆုံးကောင်...
လူသားမျိုးနွယ်စုဟာ ကြေးအိုးတစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်
၃၀ ကျော်အရွယ်ဆိုတာ သူတို့အလယ်က ငုံးဥပဲ...😁😁
၅၄ ချပ်စီပါတဲ့ ဖဲ ၂ ထုပ်ကိုပေါင်းပြီး
ပိုကာဒေါင်းကြတဲ့အခါ ၄ ချပ်တည်း ပါလာမယ့်
ဂျိုကာတွေဟာ အခြားမဟုတ်ဘူး ဖဲထုတ်
၃၀ ကျော်အရွယ်တွေပဲ လူတိုင်းမရဘူးနော်
ကံကြမ္မာက မျက်စပစ်ပြတဲ့ကောင်မှရမယ်
အဟက်... 😁😁
ဂျော်နီဝေါ်ကာအရက်ပုလင်းတွေကို စီထားပြီး
၃၀ ကျော်အရွယ်တွေ သောက်သင့်တဲ့အရက်ကို
ရွေးပေးပါဆိုရင် Bartender က ရွေးပေးလိမ့်မယ်
Blue Label ပုလင်းကြီးကို...
ကုန်ကုန်ပြောမယ်ဗျာ
တကယ်တော့ ၃၀ ကျော်အရွယ်ဆိုတာ

"လက်ဖက်သုပ်ပန်းကန်ထဲက ရွှေပုဇွန်ခြောက်"

"လုံးချင်းတိုက်တစ်လုံးရဲ့ master bedroom"

"ပြက္ခဒိန်ရဲ့နေ့ရက်တွေထဲက စနေ တနင်္ဂနွေ"

"လူတစ်ယောက်ရဲ့မျက်နှာပြင်ပေါ်က ပါးချိုင့် "

"ဝက်သားဒုတ်ထိုးဗန်းထဲက နို့အုံသား"

"ရွာဦးကျောင်း ကျက်သရေခန်းထဲက
ရွှေငှက်ပျောသီး"နော်
"တစ်ပြားသားမှ မလျှော့ဘူး ယုံလိုက်"😜
#ဘဝရဲ့ခရီးသည်
Credit to original writer.

09/09/2022

အင်ဂျင်အပေါ်သံထွက်ခြင်း နှင့် Rocker arm ပြစ်ချက်

အင်ဂျင်ကျလို့ ပတ်ကားကိုင် အစအဆုံးပြန်လုံးပြီးတာတောင် အပေါ်သံမပျောက်သေးဘူး။ အဲ့ဒါမျိုးကြုံဖူးကြလားခင်ဗျ။ ကြုံဖူးတယ် ဒါပေမဲ့ ဗားသံ ၊ နော်ဇယ်သံ ၊ တိုင်မင်ချိန်းသံ ၊ တိုက်ပစ်သံ စသဖြင့် အဖြေရှာကြပါတယ်။ တကယ်လည်း tapping sound အများစုက ဗားနဲ့ဆိုင်တာမျိုးတွေကလည်း ပြစ်ချက်ပေါ်လေ့ရှိပါတယ်။ ဒါပေမဲ့ ရိုကာအန်း (rocker arm) ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကျွန်တော် တခါကြုံဖူးတယ်။ ရိုကာအန်းကျိုးသွားတာ။ အင်ဂျင်အပေါ်သံထွက်ပါတယ်။ လုံးဝသုံးမရအောင်ကျိုးသွားရင် ဗားထောက်သွားတတ်ပါတယ်။ ရိုကားအန်းသည် ကမ်းလု ပေါ်မှာ ပွတ်ရော့ကို တည်ပြီး အဲ့ဒီက အားနဲ့ ဗားကို အဖွင့်အပိတ်လုပ်တာမျိုးဖြစ်ပါတယ်။ ရိုကာအန်းဟာ ဘာနဲ့တူလည်းဆိုရင် ပတ္တာချက်ပါတဲ့ မောင်းတံနဲ့တူပါတယ်။ နိမ့်တုံမြင့်တုံ ကစားနေပြီး တဖက်က ပွတ်ရော့နဲ့တဖက်က ဗားကို ချိန်ခွင်ရှာကဲ့သို့ လှုပ်ရှားပြီး ဗားအဖွင့်အပိတ်ကို တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ ရိုကာအန်းသည် မာကြောတဲ့ စတိန်းလက်စတီးနဲ့ ပြုလုပ်ထားပေကာ factory fault ကြောင့် ပျက်စီးရပါတယ်။ အများစုကပေါ့။ တချို့ ရိုကာအန်းတွေသည် ချိန်ညှိပေးရပါတယ်။ stand တိုင်တစ်ခုတပ်ဆင်ပေးထားတဲ့ ရိုကားအန်းတွေသည် stud nut ကို adjust လုပ်ပေးပြီး ချိန်ညှိနိုင်ပါတယ်။ ရိုကာအန်း၏ ပတ္တာချက်အမှတ်သည် ဗဟိုမှလွှဲပေးထားကာ အလုပ်လုပ်စေပြီး အမှန်တကယ် ရိုကာအန်းအချိုးသည် ကမ်လုထက် ပို၍ငယ်သည်။ အများစုတွေ့ရတာက OHC အင်ဂျင်များမှာ ဗား ကို ဟိုက်ဒရောလစ်လစ်တာတစ်ခုခုသုံးပြီး အဖွင့်အပိတ်လုပ်သကဲသို့ ၊ OHV အင်ဂျင်တွေမှာတော့ ပွတ်ရော့သုံးပြီး ဗားအဖွင့်ပိတ်လုပ်ကြပါတယ်။ ဒီဇယ်ကားတွေမှာ ရိုကာအန်းနဲ့ဘဲ အင်ဂျက်တာတွေကို အလုပ်လုပ်စေပါတယ်။ ရိုကာအန်းပျက်စီးနေမယ်ဆိုရင် clicking or ticking (တတတ်တက်) သတ္တုရိုက်သံ ကဲ့သို့ အသံမျိုးတွေ ထွက်လာပါတယ်။ အထက်ပါ အသံမျိုးတွေသည် ဗားသံနဲ့ အခြားသကဲ့သို​့ မျက်မြင်စစ်ဆေးမှဘဲ သိနိုင်ပါတယ်။ နောက် misfire ဖြစ်မယ် ၊ စက်ထိုးရပ်မယ် ၊ စက်နိုးသေ ဖြစ်မယ်။ efi ကားတွေမှာ ချက်မီးတွေဘာလင်းမယ်။ ချက်မီးလင်းတာနဲ့ ဘာဆိုင်လို့လည်းမေးရင် ဆိုင်ပါတယ် ဗားအဖွင့်အပိတ် အမှန်ရင် အရုန်းအဆွဲ ကျမယ် အရုန်းအဆွဲကျသွားရင် ချက်မီးဆိုတာ လင်းတတ်ပါတယ်။

#ဝပ်ရှော့ဆရာညီအကိုတွေ အားတဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်3အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ
♦️စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ♦️

#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/

မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476
📞09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏❤️ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏🏿❤️

🛠 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ 💁‍♂️👇
https://t.me/automechanicsbook14 (ချန်နယ်)
https://t.me/+X2wga8MUZlw4M2Vl (ဂရု)

09/09/2022

စက်ဆရာများ သာယာသော မဂ်လာညချမ်းလေးဖြစ်ပါစေ ♥🙏
ကိုယ်စိတ်ချမ်းသာကြပါစေခင်ဗျာ ♥💪🙏

09/09/2022

၃၀၀၀ ပညာဒါနဆိုတာ ဒီပတ်တန်ကို
စနစ်ကျကျ သင်ပေးတာပါ။
ဒီပတ်တန်တတ်ရင်
စာအုပ်ဖတ်လို့ရပြီ☺️

09/09/2022

ဆီပျောက် ၊ မီးပျောက် ၊ ရေပျောက် ၊ ဝိုင်ပျောက် .... အင်ဂျင်တစ်လုံး၏ ပျောက်(4)ပျောက်

ခေတ်ဟောင်းကားတွေမှာ ဆီပျောက် ၊ မီးပျောက် ပြဿနာက တော်တော်လေး ရေပန်းစားတဲ့ စကားဖြစ်ပါတယ်။ စက်ဆရာအချင်းချင်း ခနဲ့ချင်ရင် မင်းကွာ ဆီပျောက် ၊ မီးပျောက်တောင်မရသေးဘူး စသဖြင့် အချင်းချင်းစနောက်ကြပါတယ်။ old model ဓာတ်ဆီကားတွေမှာကား ဆီဖြန်းစနစ်ကို carburetter type နဲ့လာတယ်။ မီးပေးစနစ်ကတော့ distributor နဲ့လာပါတယ်။ အဲ့တော့ ဆီလိုင်းဆိုရင် ကာဗရိုက်တာနိုင်ရင်ကိစ္စပြီးတယ်။ မီးလိုင်းမှာဆိုလည်း ဒစ်စတီဗျူတာပိုင်ရင် မီးလိုင်းအိုကေပါတယ်။ ဒါပေမဲ့ မော်ဒယ်မြင့်ကားတွေမှာကျတော့ ခုလိုမဟုတ်တော့ဘူး။ ဆီလိုင်းတစ်ခုတည်းမှာကိုးက အင်ဂျက်တာ တစ်ခုတည်းနဲ့ မပြီးဘူး။ တနွယ်ခင် တစဥ်ပါ အကုန်လုံး ပတ်သက်ဆက်နွယ်နေတာမျိုးရှိပါတယ်။ ဥပမာ P0171 ကုဒ်မျိုးတတ်ခဲ့ရင် စစ်ဆေးရမဲ့ အပိုင်းတွေက ၇မျိုးလောက်ရှိတယ်။ မီးလိုင်းလည်း ထို့အတူပါဘဲ။ ဥပမာ P0300 - P0399 စစ်ဆေးရမှာတွေကများတယ်။ ဒါကတော့ အီလက်ထရစ်ကယ်ပိုင်းပေါ့။ မဂ္ဂင်းနစ်ကယ်ပိုင်းမှာဆိုရင် ဘာတွေရှိမလဲ။ ရေပျောက်တာတို့ ၊ အင်ဂျင်ဝိုင် ပျောက်တာတို့က အဖြစ်များတဲ့ ပြဿနာတွေပါဘဲ။ မော်ဒယ်မြင့်ကားတွေမှာ ဆီပျောက်မီးပျောက်လို့ ဘယ်သူမှမသုံးတော့ဘူး။ ဆီလိုင်းပြစ်ချက် ၊ ဆီလိုင်းပြစ်ချက်ကုဒ်တွေလို့သုံးနှုန်းပါတယ်ခင်ဗျ။

▶ ဆီလိုင်းပြစ်ချက်မှာဆိုရင် နာမည်ကြီး fault codes တွေဖြစ်တဲ့ P0171 / P0172 တို့သည် အကုန်လုံး သိမ်းကြုံးရိုက်တဲ့ codes တွေအဖြစ်လူသိများတယ်။ အဖြစ်များတဲ့ ကုဒ်တွေဖြစ်ပါတယ်။ ဆီပျောက်မီးပျောက်ကုဒ်တွေအဖြစ်မှတ်ယူနိုင်ပါတယ်။ P0200 စတဲ့ codes တွေက injector သီးသန့်ကုဒ်တွေဖြစ်ပေမဲ့ ၎င်းတို့သီးသန့်တက်တာတော့ရှားလှပါတယ်။ ဒါ့ကြောင့် P0171/P0172 တက်ခဲ့ရင် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အခက်မသင့်ရင် ပြဿနာရှာတဲ့ ကုဒ်တွေထဲမှာထိုကုဒ်မျိုးတွေပါတယ်။ ဒါကိုဘဲ ဝပ်ရှော့ဆရာတွေက ကုဒ်ကြီး ၊ ကုဒ်လေး ဟုခေါ်ကြတယ်။ P0171/P0172 တို့သည် ကုဒ်ကြီးထဲမှာပါတယ်။ ကုဒ်လေးတွေကတော့ ဆင်ဆာကုဒ်တွေဖြစ်ပါတယ်။ ဥပမာ P0340 / P0101 / P0113 / P0500 / P0122 / P0118 တို့သည် ဆင်ဆာကုဒ်တွေဖြစ်ပါတယ်။ ဆင်ဆာတစ်လုံးချင်းစီရဲ့ ပြစ်ချက်ကုဒ်တွေဖြစ်တာကြောင့် ဆင်ဆာတစ်မျိုးချင်စီနဲ့သက်ဆိုင်နေပါတယ်။

▶အင်ဂျင်တစ်လုံးရဲ့ ရေပျောက်တယ်ဆိုတာ မိတ်​ဆွေတို့ အကျွမ်းတဝင်ရှိပြီးသားပါ။ အင်ဂျင်တစ်လုံးရဲ့ ရေပျောက်တာကို သိရဖို့ scan tools နဲ့ စစ်လို့မရပါဘူး။ Mechanical ပိုင်းဖြစ်တာမို့ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံနဲ့ဘဲ ဘာလုပ်ရမလဲဆိုတာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အင်ဂျင်တစိလုံးမှာ ရေပျောက်ခဲ့ရင် အင်ဂျင်ဟိတက်မယ်။ ဟိတက်တာကြောင့် ကူးလန့်လိုက်ရမယ်။ အင်ဂျင်ဟိတက်သောကြောင့် ဆီစားလည်းများမယ်။ ပုံမှန် 15km/L ဆိုရင် 18km/L လောက်လဲ စားချင်စားနေမယ်။ နောက် ဆီပိုစားသောကြောင့် မီးခိုးမဲ ၊ မီးခိုးဖြူပြာထွက်မယ်။ များသောအားဖြင့် မီးခိုးပြာထွက်တာများတယ်။ ရေပျောက်နေတယ်ဆိုရင် များသောအားဖြင့် ရေဆူတယ်တယ်။ ဟိတတက်တယ်။ ဒါက သိသာတယ်။ အဲ့ဒီဖြစ်ရပ်မှာ ဟက်တွေ ၊ ဘ​လောက် စစ်ရမယ် ရေလုံမလုံ ၊ ရေပိုက်တွေ စစ်ရမယ်။ သာမိုစတတ်စစ်ရမယ်။ ရေတိုင်ကီ ၊ ရေပန့် ၊ ကိုးပလပ် ၊ ရေပိုက် ၊ ရေပြန်ဘူး ၊ ကူးလန့် စတဲ့ အစိတ်အပိုင်းတွေ အယိုအစိမ့် အကွဲအပြဲရှိမရှိ စစ်ဆေးပေးရပါမယ်။

▶အင်ဂျင်ဝိုင်ပျောက်တယ်ဆိုတာကလည်း အင်ဂျင်ဝိုင် ယိုနေပါရင် အင်ဂျင်ဝိုင်ပျောက်တယ်။ နောက်ပြီး အင်ဂျင်ကျနေပါက လည်း အင်ဂျင်ဝိုင်ပျောက်တတ်တယ်။ အင်ဂျင်လဲ မကျဘူး။ အင်ဂျင်ဝိုင်လဲ မနည်းဘူး။ အင်ဂျင်ဝိုင်လဲ မယိုဘူးဆိုရင် ဟက်စတ်တွေ ၊ ရှပ်စီးတွေ ၊ အဝိုင်းစီးတွေစစ်ရပါမယ်။ အင်ဂျင် ဂတ်စကတ်တွေ အပေါ်အောက် အကုန်စစ်ရမယ်။ နောက်ပြီး ဟတ်မှာပါတဲ့ ဗားစိ ၊ ဗားဂိုက်တွေ ကလည်း အင်ဂျင်ဝိုင်ယိုစိမ့်နိုင်တဲ့ အစိတ်အပိုင်းတွေမို့ ၎င်းတို့ကိုလည်း စစ်ဆေးပေးရပါမယ်။ နောက် ဆီခံခွက်တွေ အက်ကွဲ ပေါက်ပြဲနေရင်လည်း အင်ဂျင်ဝိုင်ယိုစိမ့်နိုင်ပါတယ်။ PCV ဗားတွေ ကိုလည်း မေ့လို့မရဘူး။ ကားကြီးတွေမှာ အင်ဂျင်ဝိုင်လိုင်းတွေက ကျယ်ပြန့်စွာရှိနေတာမို့ တာဘိုအစိတ်အပိုင်းတွေ ၊ ဝိုင်ကူလာ ၊ ရီထရပ်တာ ၊ အင်တာကူလာ ၊ ဖန်ကူလာ စတဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတွေကိုလည်း အယိုအစိမ့်ရှိမရှိ စစ်ဆေးပေးရပါမယ်။

👨‍🔧 ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် မဂ္ဂင်းနစ်မိတ်ဆွေများအားလုံး ဘေးကင်းကြပါစေ ♥🙏

Address

Dubai

Alerts

Be the first to know and let us send you an email when Kaung kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung kaung:

Share

Category