copy pages

copy pages may you be happy & healthy always

12/04/2025
23/02/2025

💛

23/02/2025
တခါတ​လေ လူဆိုတာကိုယ့်ထက်အသက်ကြီးပေမယ့်ကိုယ့်လောက် သဘောထားမကြီးနိုင်ကြတဲ့ လူတွေနဲ့လည်း ခဏခဏကြုံ ဖူးတယ်... တစ်ခါတလေ လူဆိုတ...
30/09/2022

တခါတ​လေ လူဆိုတာ
ကိုယ့်ထက်အသက်ကြီးပေမယ့်ကိုယ့်လောက်
သဘောထားမကြီးနိုင်ကြတဲ့ လူတွေနဲ့လည်း
ခဏခဏကြုံ ဖူးတယ်...

တစ်ခါတလေ လူဆိုတာ
သူ့ဘက်ကတော့ ဘာမှမဟုတ်ပဲ ပြောလိုက်ပေမယ့်
ကိုယ့်ဘက်မှာတော့ ခံရတာအောင့်သက်သက်နဲ့
ခဏခဏ ကြုံဖူးတယ်...

တစ်ခါတလေ လူဆိုတာ
ကိုယ့်ဘက်ကဘယ်လောက်ကောင်းခဲ့ပါစေ
နည်းနည်းလေး မကောင်းမိတာနဲ့
ပြောလို့ဆိုလို့မပြီးတတ်ကြဘူး...

တစ်ခါတလေ လူဆိုတာ
ကိုယ့်ဘက်ကတော့
အားရပါးရ ပြုံးပြနှုတ်ဆက်လိုက်ပေမယ့်
သူ့ဘက်ကတော့
မသိချင်ယောင်ဆောင်ပြီး တဖက်လှည့်သွားတာမျိုး ခဏခဏကြုံဖူးတယ်...

တစ်ခါတလေ လူဆိုတာ
ကိုယ့်ဘက်ကတော့ အလကားလုပ်ပေးလိုက်ပေမယ့်
စေတနာဆိုတာ လူတိုင်းနဲ့တော့ မတန်ဘူးဆိုတာ
သိလာတယ်...

original writer

တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။ ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။သူ့အပေါ်နင်းသွားလည...
30/09/2022

တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။

တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း
သည်းခံနိုင်ခြင်း ပါရမီပြည့်ဝတယ်။

တစ်ချို့သူတွေက "လေမုန်တိုင်း" နဲ့တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးဝေးဆုံးကို တွန်းပို့တယ်။

တစ်ချို့သူတွေက "မီး" နဲ့တူတယ်။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ်။

တစ်ချို့သူတွေက "နေ" နဲ့တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့်
အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။

တစ်ချို့သူတွေက "လ"နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုပေမယ့်
သူ့ပေါ်ရောက်ရင် မညီညာမှုတွေနဲ့ ...

တစ်ချို့သူတွေက "သစ်ပင်"နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။
အသီးအပွင့်တွေ လည်းပေးတယ်။
စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။

original writer

Address

Dubai

Website

Alerts

Be the first to know and let us send you an email when copy pages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category