Minn Thu Kha 𝐄𝐍𝐆𝐈𝐍𝐍𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃

  • Home
  • Minn Thu Kha 𝐄𝐍𝐆𝐈𝐍𝐍𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃

Minn Thu Kha 𝐄𝐍𝐆𝐈𝐍𝐍𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minn Thu Kha 𝐄𝐍𝐆𝐈𝐍𝐍𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃, Camera/Photo, .

သိန်း 440ဝန်းကျင် ကျသင့်မယ့် ၂ ထပ်ခွဲ အိမ်ပုံစံ ❤အကျယ် (15×35) ပေ
07/05/2022

သိန်း 440ဝန်းကျင် ကျသင့်မယ့် ၂ ထပ်ခွဲ အိမ်ပုံစံ ❤

အကျယ် (15×35) ပေ

ရန်ကုန်တိုင်း အလုံမြို့မှာလက်ရှိဆောက်နေတဲ့ကွန်ဒိုအလုံးလေးကျောက်လောင်းနေပုံလေးတွေပါ
07/05/2022

ရန်ကုန်တိုင်း အလုံမြို့မှာလက်ရှိဆောက်နေတဲ့ကွန်ဒိုအလုံးလေးကျောက်လောင်းနေပုံလေးတွေပါ

25/10/2021
✍ slab & stair.    Long column ထိ အခြေခံ ရေးပြီးပီမို့ စလပ်နဲ့ လှေကားး ဆင်ပုံ နဲ့ ဆောင်ရန် ရှောင်ရန်များ ထပ်ရေးပေးပါ့မယ်...
24/10/2021

✍ slab & stair.

Long column ထိ အခြေခံ ရေးပြီးပီမို့ စလပ်နဲ့ လှေကားး ဆင်ပုံ နဲ့ ဆောင်ရန် ရှောင်ရန်များ ထပ်ရေးပေးပါ့မယ် ၊ အိမ်ရှင်နဲ့ ကန်ထရိုက်တာ ၊ လေဘာတွေ သိဖို့ ရည်ရွယ်ပါတယ် ။ သိတဲ့ဆရာများ ကျော်သွားပါ ။
စလပ်မဆင်ခင် ကြမ်းခင်း (floor) အရင်လောင်းရပါ့မယ် ။ တစ်ချို့က မလောင်းပဲ ဆင်တာတွေ ရှိပါတယ် ။ လောင်းရမှာပါ ။ လောင်းထားတဲ့ အတွက် လုပ်ငန်းဆောင်ရွက်ရတာ လွယ်ကူလျှင်မြန်ပြီးး စလပ်ရဲ့ Level ကို အတိအကျ လုပ်ဆောင်လို့ရမယ့် စတဲ့ အားသာချက်တွေ ရရှိမှာပါ ။ R.C ဆိုရင်တော့ ကြိမ်းသေလောင်းရပါ့မယ် ။ မြေကြီးပေါ် စလပ်ဆင်ပြီး လောင်းမယ်ဆို စိတ်မချရပါ ။
T- တိုင်တွေ အရင်ထောင်ရပါ့မယ် ၊ မထောင်ခင် ထောင်ရမယ့် အမြင့်တွေ သေချာတွက်ချက်ပြီး T-တိုင် Level ပေးထားရပါ့မယ် ။ T-တိုင် အကွာအဝေးဟာ နည်းဆုံး တစ်ပေခွဲကနေ များဆုံး နှစ်ပေထက် မပိုသင့်ပါ ။ ထောင်ပြီးရင် Tတိုင်တွေကို အနီးစပ်ဆုံးး ချိန်မက်နေအောင် ချုပ်ခိုင်းရပါ့မယ် ။ အားလုံးပြီးရင်တော့ ဧရာပြား ခင်းလို့ရပါပြီ ။
ဧရာပြား ခင်းတဲ့နေရာမှာလဲ တိုင်နှစ်တိုင်ကြား တိကျနေရပါ့မယ်။ အပိုအလို မရှိသင့်ပါ ။ သံခေါင်းတွေ အဆုံးထိ မရိုက်ပဲ ဖော်ထားရပါ့မယ် ။ ဧရာစုံမှ ကြိုးဆွဲ အဖြောင့် ချုပ် ၊ လိုချင်တဲ့ အတိုင်းအတာတွေ စစ်၊ အားလုံးရပြီ ၊ အိုကေပြီဆိုမှ သံခေါင်းရိုက်မြုတ်ရပါ့မယ်။
စလပ်အခင်းပြားတွက် ဆင့် စီတဲ့နေရာမှာ ယက်မ ကြိမ်းသေ ထည့်ပေးရပါ့မယ့် ၊ သူ့အောက်က I တိုင် ထောက်ပေးရပါ့မယ် ။ အကွာအဝေးကတော့ နည်းဆုံး သုံးပေကနေ များဆုံး လေးပေထိ မကျော်သင့်ပါ ။ သူ့အတွက် 4"×2" သုံးပေးရပါ့မယ် ။ သင့်သလို မျှဝေပြီး ထည့်ပြီးရင် ဆင့် စီလို့ ရပါပြီ ။
ဆင့်စီတဲ့နေရာမှာ 10" ကြား(C/C 1') သာ ထားသင့်ပြီး Level တွေ သေချာ ညှိုပေးရပါ့မယ် ။ ဖြုတ်ရ လွယ်အောင် ဆင့်တွေကို အတိအကျကြီး မထည့်ထားသင့်ပါ ။ ဘင့် ဘေးထောင်နဲ့ ဆင့်ကို ထိပ်တိုး သံ မရိုက်ထားရပါ ။
ဆင့်စီပြီးး ၊ အခင်းပြား ခင်းလို့ရပါပြီ ။ အခင်းပြားကို အချပ်ပြည့်တွေ အရင် ခင်းရပါ့မယ် ။ အချပ်ပြည့်တွေကို ဖြတ်တောက် ခင်းခြင်း မလုပ်ရပါ ။ သူက ကျင်တွယ်ရနေလို့ပါ ။ သူ့အတိုင်း ကျင်တွယ်ရယ် အဖြောင့်ရယ် ရအောင် ဘေးဒေါင်ကို ကစားပြီး ခင်းပေးရပါ့မယ် ။ အာ့ကြောင့် ဘေးဒေါင်ကို သံ မရိုက်ခိုင်းပဲ အရှင် ထားခိုင်းတာပါ ။ ပြီးမှ လိုချင်တဲ့ အတိုင်းအတာ တိုင်း ဖြတ်စတွေလိုက် ထည့် ။ စပ်ကြောင်းတွေ တိပ်ကပ်ပြီးရင် သန့်ရှင်းရေးလုပ် ပြီးရင် သံဆင်လို့ ရပါပြီ ။
- beam အတွက် သတ်မှတ် Width & depth ပြည့်မပြည့်၊ ကွန်ကရစ် cover ကျန်မကျန်၊ stirrup spacing တွေ မှန်မမှန် စစ်ပါ။
- Slab အတွက် သံဆင်ရာမှာ main steel (shorter direction) တွေကို ဘယ်ဘက်ကနေပြေးရင် အမှားအနည်းဆုံးဖြစ်မလဲ ဆိုတာကြည့်ပြီး အမှားအနည်းဆုံးဖြစ်တာကို ရွေးပါ။ (short direction သံချောင်းက main steel ဖြစ်လို့ အောက်မှာရှိရမှာဖြစ်ပြီး , long direction က distribution steel ဖြစ်တာကြောင့် အပေါ်မှာရှိရမှာပါ။ )
- slab အတွက် bar spacing၊ concrete cover, thickness တွေစစ်ပါ။
- သွပ်နန်းကြိုးတွေကို အကွက်ပြည့်ချည်ခိုင်းပါ။
- concrete block တုံးတွေ လိုက်ခုခိုင်းပါ။ (top steel နဲ့ bottom steel ကြားမှာလည်းမှာလည်း block တွေခုခိုင်းပါ။ ဒါအရေးကြီးပါတယ်။)
အားလုံး ရယ်ဒီဖြစ်ရင် သန့်ရှင်းရေးလုပ် ရေလောင်း ကွန်ကရစ် လောင်းလို့ ရပါပြီ ။
မလောင်းခင် ကွန်ကရစ် Top level ကို သံတိုင် အခြေတွေမှာ တိပ်ကပ်ပြီး ပေးထားရပါ့မယ် ၊ သံတွေကို ကွန်ကရစ် အနှစ်တွေ မပေကျံအောင် ကာထားရပါ့မယ် ။ ဘိလပ် အိပ်ခွံ့လေးနဲ့ပေါ့ ။
ကွန်ရစ်လောင်းစဉ် ကွန်ကရစ် နှင့် အခြား ဆက်စပ် ပစ္စည်းများး၊ လေဘာ လုပ်သားတို့ဧ။် လှုပ်ရှားမှု့ ၊ လေ မိုးးး ကဲ့သို့သော ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များ ကြောင့် ဖြစ်ပေါ်လာသော ဝန်များကို မပြတ် စောင့်ကြည့်ရပါ့မယ် ။
ကွန်ကရစ်ကို တည်ငြိမ်မှု့ နှုန်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လောင်းရပါတယ် ။ ဝန်ကို ဖြန့်ကျတ် လောင်းပေးရပါတယ်။ လောင်းနေစဉ် formwork တည်ငြိမ်မှု့ ရှိ မရှိ ၊ အလျှားလိုက် ဒေါင်လိုက် ရွေ့လျား မှု့ ရှိ မရှိ စောင့်ကြည့်ရပါတယ် ။ လုပ်သား အားလုံးကိုလဲ formwork ရဲ့ အနေအထား သတင်းအချက် အလက်တွေ မပြတ်ပေးပို့ ရပါ့မယ် ။ ဒါက Safety အတွက်ပါ ။
ကွန်ကရစ် အချိုးမှန်မမှန်၊ w/c ratio (ရေများမများ) ကြည့်ပြီး ညွှန်ကြားပါ။
- ကွန်ကရစ်လောင်းတဲ့ချိန် Vi****or သေချာထိုးခိုင်းပါ။ (တစ်ချို့ဆိုဒ်မှာ slab formwork အောက်မှာ labour တစ်ယောက်၀င်ခိုင်းပြီး တူလေးနဲ့ လိုက်ခေါက်ခိုင်းတာတွေရှိပါတယ်။ ကောင်းပေမယ့် safety အရ slab လောင်းနေတဲ့ချိန် formwork အောက်မှာ လူရှိမနေရပါ။)
- curing အတွက် အနည်းဆုံး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်ရေလောင်းပေးပါ။ သို့ လောင်းပြီး လူနင်းလို့ရလောက်ပြီဆိုတဲ့ချိန် ပလပ်စတစ်စတွေနဲ့ အုပ်ပေးပါ။
- အောက်ခင်း fromwork တွေကိုတော့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး အနည်းဆုံး 14 ရက်လောက်ထားပြီးမှ ဖြုတ်လေ့ရှိပါတယ်။ သူ့ထက်စောရင်တော့ ၁၀ လောက်နဲ့ တစ်တိုင်ခြားစမ်းဖြုတ်လေ့ရှိကြပါတယ်။ (အခင်းပြားတွေကို လောင်းပြီး 28 ရက်နေမှ ဖြုတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အမှတ်မမှားရင် ပညာရေးတင်ဒါမှာတော့ လောင်းပြီး အနည်းဆုံး 24 ရက်ပြည့်မှ ဖြုတ်ရမယ်လို့ သတ်မှတ်ထားတယ်။)

လှေကား ( stair)

လှေကားး ဝေနည်းကတော့..

အမြင့် 11' ပေ ရှိမယ်။ တစ်ဝက် ဝက်လိုက် ။ 5'6" ကျန်မယ် ။(5'6"မှာ landing ခွေးကတက်ခုံရှိရမယ် ၊ အ ပေါ်ကို ဆက်တက်ဖို့ အတွက်လေ။)
5'6"ကို လက်မ ပြောင်းလိုက်။ 5.5÷12 = 66"လက်မ ထွက်တယ်နော် ။ ဟုတ်ပြီ ။
ရိုးရာ အရ လှေကားကို 'မ' ထားမယ် ။ ဆယ့်တစ်မီးငြိမ်းတို့ ဘာတို့ညာတို့နဲ့ 11 ထစ် ဝေကြည့်မယ်။
​အထစ်ထက် တစ်နင်းပိုတဲ့တွက် 11ထစ်လိုချင်ရင် 12နဲ့ စားပေးရပါ့မယ်။
ဒါကြောင့် အ စောက 66"လက်မကို 12နဲ့ စားး။ 66÷12=5.5"လက်မ ပေါ့။ ဒါဆို အ ကျော် လက်မ5.5 ဖြစ်ပြီ ။(ဥပမာ တွက်ပြတာပါ။)
အထစ်နဲ့အ ကျော် အတိုင်းအတာ ရပြီ။ အနင်း ဘယ်နှစ်လက်မလဲ စဉ်းစားမယ် ။
အခန်း အကျယ်က 14'ပေ 8" လက်မ
landing (ခွေးကတက်)က 5'
လှေကားဝေ ဖို့ ကျန်တဲ့အကျယ်က
14'8"-5'= 9'8" ကျန်တယ် နော် ။
9'8" ကို လက်မ ပြောင်းလိုက် ။ 116 "လက်မ ရပါတယ်။

အနင်း အကျယ်ကို လိုချင် ရင်
လှေကားဝေမယ့် အကျယ်ကို
အထစ် အ ရေအတွက်နဲ့ စား
116"÷ 11 = ??? ဒါဆို ok ပြီ ။
- formwork ရိုက်ရာမှာ ပေးထားတဲ့အစောင်း degree (landing ချိုးရမယ့်အမြင့်) မှန်မမှန် အရင်စစ်ပါ။
- formwork ငြိမ်မငြိမ်၊ သတ်မှတ် အကျယ်၊ အကျော်၊ အနင်း နဲ့ ဗိုက်သားအထူတွေပြည့်မပြည့် စစ်ပါ။
- bar spacing, concrete cover တွေစစ်ပါ။
- concrete block တွေခုခိုင်းပါ။
- ကွန်ကရစ်မလောင်းခင် အခင်းသန့်ရှင်းရေးလုပ်ပါ။ ရေလောင်းခိုင်းပါ။
- ကွန်ကရစ် အချိုးနဲ့ ရေများမများ စစ်ပါ။
- Vi****or သေချာထိုးခိုင်းပါ။
- curing အတွက် အနည်းဆုံး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေပုံမှန်လောင်းပေးပါ။

✍✍✍✍✍

Digital measurements of diameter of rods
23/10/2021

Digital measurements of diameter of rods

Address


Website

Alerts

Be the first to know and let us send you an email when Minn Thu Kha 𝐄𝐍𝐆𝐈𝐍𝐍𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Photography Service?

Share