Mahadevi gyungkham monastery

  • Home
  • Mahadevi gyungkham monastery

Mahadevi gyungkham monastery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahadevi gyungkham monastery, Camera/Photo, .

10/02/2024
26/03/2023

လက်တစ်ဖက် မသန်စွမ်း ခဲ့တာတောင်
မြန်မာ့စာပေ သမိုင်းမှာ
ထိပ်တန်း စာဆိုကြီး 'စလေဦးပုည ' ရယ်လို့
ဖြစ်လာ နိုင်ခဲ့သေး တာ။

လယ်တောထဲ မှာ နွားကျောင်း နေရတဲ့
ဒီပဲရင်း နယ်သားလေး ကတောင်
'မဟာဗန္ဓုလ စစ်သူကြီး 'ရယ်လို့
ဖြစ်လာ နိုင်ခဲ့သေး တာ။

ကျပ်မပြည့် တဲ့ ကောင်လေး ပဲလို့
ဆရာ/မတွေရဲ့ ကဲ့ရဲ့ ခံရတဲ့
ခပ်ကြောင်ကြောင် ကလေးငယ်လေး ကတောင်
'သောမတ်အယ်ဒီဆင် 'ရယ်လို့
ဖြစ်လာနိုင်ခဲ့ သေးတာ။

နားမကြား တဲ့ ကလေးငယ် ကတောင်
ဂီတ စာဆိုကြီး' ဗီသိုဗင် 'ရယ်လို့
ဖြစ်လာနိုင်ခဲ့ သေးတာ။

မျက်မမြင်. .နားမကြား. .
စကားမပြောတတ်တဲ့ မိန်းကလေးငယ် ကတောင်
နပိုလီယန် နဲ့ အပြိုင်
ကမ္ဘာကျော်အောင် ထူးချွန် ခဲ့တဲ့
'ဟယ်လင်ကဲလား 'ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

ကျောင်းတစ်နှစ်ခွဲသာ နေဖူးခဲ့တဲ့
ကလေးငယ် ကတောင်
အတွေးအခေါ် ပညာရှင်
'ဘင်ဂျမင် ဖရင်ကလင် 'ရယ်လို့
ဖြစ်လာ နိုင်ခဲ့သေးတာ။

မီးပုံဘေးမှာ စာဖတ်ရ လောက်အောင်
ဆင်းရဲစုတ်ချာ မွဲတေ ခဲ့ရတဲ့
ကလေးငယ် ကတောင်
အမေရိကန် သမ္မတ' အေဗရာဟင်လင်ကွန်း 'ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။

စာမတတ်တဲ့ မိသားစု ပတ်ဝန်းကျင်ကြားမှာ
ရှင်သန်ခဲ့ရတဲ့ လူတစ်ယောက် ကတောင်
ပြဇာတ်စာရေးဆရာကြီး' ရှိတ်စပီးယား' ရယ်လို့
ဖြစ်လာနိုင်ခဲ့ သေးတာ။

ဆန္ဒ . .သာ အကြီးအမှူး ထား ဖြစ်ခဲ့ရင်
ဝီရိယ . . သာ အကြီးအမှူး ထားဖြစ်ခဲ့ရင်
စိတ်ဓာတ်. .သာ အကြီးအမှူး ထားဖြစ်ခဲ့ရင်
ပညာ. .သာ အကြီးအမှူး ထား ဖြစ်ခဲ့ရင် . . .
အင်္ဂါ. .ခြေလက် ပြည့်စုံသူတွေ အတွက်
ကိုယ့် ရည်ရွယ်ချက် . . . .
ကိုယ့် . .ပန်းတိုင် တိုင်းဟာ
မဖြစ်နိုင်ဘူး ဆိုတာ ရှိပါဦး မလား. .။

လူသား ပီသသူ တစ်ယောက် အနေနဲ့
ရည်ရွယ်ချက် တစ်ခုခု . .
ပန်းတိုင် တစ်ခုခု ရှိထားဖို့က
အရေးကြီးပါတယ် .။

အနာဂတ် ရဲ့ တစ်နေရာစာ အတွက်
ရည်ရွယ်ချက် လည်း မရှိ. . .
ပန်းတိုင်လည်း မရှိတဲ့သူ ဟာ
အင်္ဂါ. .ခြေလက် ပြည့်စုံနေလည်း
ဘာ အဓိပ္ပါယ် မှ မရှိပါဘူး. . .။

လှေတစ်စင်း ဟာ လှော်ခတ်သူ မပါခဲ့ရင်
ရေစီး အတိုင်းလည်း မျောနိုင်တယ်။
လေတိုက်ရာ ဘက်ကိုလည်း ပါသွားနိုင်တယ်။
ဘယ်အချိန် ဘယ်သောင်နဲ့ တိုက်မိလို့
ဘယ်ကမ်းဆီ ဆိုက်ကပ်မယ် ဆိုတာလည်း မသိနိုင်ဘူး။

ရည်ရွယ်ချက် မရှိတဲ့ ဘဝ . . .
ပန်းတိုင်မရှိတဲ့ ဘဝဟာလည်း
လှော်ခတ်သူ မပါတဲ့ လှေနဲ့ အတူတူ ပါပဲ။
လဲကျခဲ့တာ တွေကို သင်ခန်းစာ မယူတတ်သလို
ပြန်ထရတဲ့ အရသာကိုလည်း မခံစားတတ်ဘူး။

ဘဝမှာ အောင်မြင်မှု ကြီးကြီးမားမားတွေကို
ပြုလုပ်ဖို့ မစွမ်းနိုင်ရင် တောင်မှ
အကျိုးရှိတဲ့ ရည်ရွယ်ချက်. .တစ်ခုခု
ပန်းတိုင် တစ်ခုခု ကိုတော့
ချမှတ် ထားဖို့ အရေးကြီးပါတယ်။

ရည်ရွယ်ချက်. .ပန်းတိုင် ဆီရောက်ဖို့
အလုပ်လုပ် နေသင့်ပါတယ်။

အောင်မြင်မှု ကြီးကြီးမားမား မဟုတ်ရင်တောင်မှ
ကိုယ်နဲ့ ထိုက်တန်တဲ့
ဘဝ အောင်မြင်မှုကို ရခဲ့ရင်
အဲ့ဒီ လူရဲ့ ရှင်သန်မှုဟာ အဓိပ္ပါယ် ရှိပါတယ်။
တန်ဖိုး ရှိပါတယ်။

အင်္ဂါ. .ခြေလက် ပြည့်ပြည်စုံ့စုံ ရှိပါလျက်နဲ့
အကျိုးရှိတဲ့ ရည်ရွယ်ချက် တစ်ခုခု . . .
ဘဝအောင်မြင်မှု တစ်ခုခု . . .ကို
ဖြစ်ဖြစ် မြောက်မြောက် မလုပ်နိုင်ဘဲ
လူ့ ပတ်ဝန်းကျင် မှာ
လူပိုတစ်ယောက်လို နေမိခဲ့ရင် . . .

အင်္ဂါ ခြေလက် မပြည့်စုံသူတွေ. . .
အညတြ ဘဝသမားတွေ ရဲ့အောင်မြင်မှု က
ပြောင်လှောင် ပျက်ချော်
သရော် သွားကြ ပါလိမ့်မယ်။

ဆရာကြီး အောင်သင်း ရဲ့ လေသံအတိုင်း
ပြောလိုက်ရရင်. . .
"ကောင်းတော့ ကောင်းပါတယ်..
ဘာကောင်းသလဲ ဆိုတော့ ရှက်ဖို့ ကောင်းတာပေါ့"။

Credit to original writer
ပြန်လည်ဝေမျှခြင်း

ဝၼ်းလိူၼ်ၵဝ်ႈမူၼ်း 11.8.2022ဝတ်ႉမႁႃႇ​​တေႇဝီႇၵျွင်းၶမ်းႁဝ်းၶႃႈ ၶိုၼ်း​​မေးၽွတ်ႈၸုမ်း ပုၼ်ႈတႃႇလွတ်ႈ​​ႁေႃး ထမ်ႇမၸၵ်ႉၵျႃႇ ယဝ...
11/08/2022

ဝၼ်းလိူၼ်ၵဝ်ႈမူၼ်း 11.8.2022
ဝတ်ႉမႁႃႇ​​တေႇဝီႇၵျွင်းၶမ်းႁဝ်းၶႃႈ ၶိုၼ်း​​မေးၽွတ်ႈၸုမ်း ပုၼ်ႈတႃႇလွတ်ႈ​​ႁေႃး ထမ်ႇမၸၵ်ႉၵျႃႇ ယဝ်ႉတူဝ်ႈလီငၢမ်း ၸဵမ်ၽီၸဵမ်ၵူၼ်းႁႂ်ႈလႆႈသႃႇထု ဢဝ်ၵုသူဝ်ႇယႂ်ႇယႂ်ႇၼမ်ၼမ်​​သေၵ်းလူၺ်ႈတႃႉ

13/06/2022

မႂ်ႇသုင် ၼႂ်ဝၼ်းလိူၼ်ၸဵတ်းမူၼ်း ဝၼ်ႃမႁႃႇသမယသုတ်ႈ

Now we are processing our work. မိူဝ်ႈလဵဝ် သိမ်ႇႁဝ်းၶႃႈတိုၵ်ႉၶတ်းၸႂ်တႃးၼမ်ႉယႃႈယူႇၶႃႈ
23/05/2022

Now we are processing our work. မိူဝ်ႈလဵဝ် သိမ်ႇႁဝ်းၶႃႈတိုၵ်ႉၶတ်းၸႂ်တႃးၼမ်ႉယႃႈယူႇၶႃႈ

ႁႂ်ႈယူႇလီၵိၼ်ဝၢၼ်​​သေၵမ်းၶႃႈ
23/05/2022

ႁႂ်ႈယူႇလီၵိၼ်ဝၢၼ်​​သေၵမ်းၶႃႈ

Address


Website

Alerts

Be the first to know and let us send you an email when Mahadevi gyungkham monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Photography Service?

Share