Akari nge

Akari nge Real life🤍🍀

인과응보네 😊😊
31/07/2026

인과응보네 😊😊

11/07/2026

ကြောက်ရွံ့မှု Fear ဆိုတာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ကိစ္စတစ်ခုကို စိုးရိမ်တယ်ဆိုတာကအဲဒီအရာဟာကိုယ့်အတွက်အရေးကြီးနေလို့ပါ။

ဒါကြောင့် သေချာပြန်ပြီးစဉ်းစားကြည့်ပါ။ ကိုယ့်အတွက်အရေးမပါတဲ့အရာ ကိုယ်သိပ်ဂရုမစိုက်တဲ့အရာကို ကြောက်နေတယ်ဆိုတာ ရှိလို့လား။ ကိုယ့်သူငယ်ချင်းတစ်ယောက်က စင်ပေါ်တက်ပြီးစကားပြောမယ်။ သူ့အတွက် ကြောက်ပေးနေတတ်သလား။ မိတ်ဆွေတစ်ယောက်က သူချစ်တဲ့သူတစ်ယောက်ကို ချစ်ခွင့်ပန်မယ်။ ချစ်ခွင့်ပြန်မရရင် ဒုက္ခပါပဲလို့ သူ့အစားတွေးပူပြီးကြောက်ပေးနေတတ်သလား။ မဟုတ်ဘူးနော်။

တစ်ခုခုကိုကြောက်နေတယ်ဆိုရင် အဲဒီအရာဟာ ကိုယ့်အတွက်အရေးကြီးနေလို့ပါ။ လူရှေ့သူရှေ့စကားပြောရမှာကြောက်တယ်ဆိုတာ အဲ့ဒီအရာက ကိုယ့်အတွက်အရေးကြီးလို့ပါ။ ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့အကြောင်းပြောဖို့ ကြောက်နေတယ်ဆိုတာ အဲဒီသူဟာ ကိုယ့်အတွက်အရေးကြီးလို့ပါ။

ကျွန်မ အခုအချိန်မှာ Public Speaker တစ်ယောက်အနေနဲ့ စကားပြောတဲ့အလုပ်ကို Professionally လုပ်လာခဲ့ရပါတယ်။ တက္ကသိုလ်တက်တုန်းက အထူးသဖြင့် မဟာဘွဲ့သင်တန်းတက်တုန်းက ခင်ခဲ့ဖူးတဲ့ သိခဲ့ဖူးတဲ့ အတန်းဖော်မိတ်ဆွေသူငယ်ချင်းတွေဟာ ကျွန်မကို စင်ပေါ်မှာ မိုက်တစ်လုံးနဲ့ စကားပြောနေတာကိုတွေ့ရတဲ့အခါ တော်တော်လေးကိုမယုံနိုင်လောက်အောင်အံ့အားသင့်ခဲ့ကြပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကျွန်မ ကျောင်းတက်တုန်းက စင်ပေါ်တက်ပြီးစကားပြောရဖို့ဆိုရင် ပတ်ပြေးနေခဲ့ကြတာ သူတို့သိလိုပါ။ ခင်တဲ့မင်တဲ့သူနဲ့ဆိုရင် စကားတွေအများကြီးပြောတတ်ပေမယ့် တော်တော်များများမှာတော့ ပါးစပ်ပိတ်နေတာများပါတယ်။ လူတကာနဲ့လည်း သိပ်သူငယ်ချင်းမလုပ်ဘဲ သီးသီးသန့်သန့်လေးနေတတ်ခဲ့ပါတယ်။ အခုအချိန်မှာ မိတ်ဆွေတွေလည်းများ စကားတွေလည်းများဆိုတော့ သူတို့က ကျွန်မနဲ့ပြန်တွေ့တဲ့အခါ တော်တော်အံ့အားသင့်ကြပါတယ်။ ကျွန်မတို့ MBA Program မှာ Lecture တွေက All in English ဖြစ်ပါတယ်။ တကယ်ကို Competent ဖြစ်တဲ့ Program ပါ။ Participants တွေကလည်း Presentation လုပ်ရင် အင်္ဂလိပ်လိုလုပ်ကြရပါတယ်။ ကျွန်မတို့အတန်းမှာ မှတ်မှတ်ရရ နိုင်ငံခြားသားနှစ်ယောက်လည်း ပါဝင်ပါတယ်။ ဂျပန်အမျိုးသမီးတစ်ယောက်နဲ့ အင်ဒိုနီးရှားအမျိုးသားတစ်ယောက်ပါ။

နိုင်ငံခြားသားတွေပါပါတဲ့ Program ဖြစ်တဲ့အတွက်ကြောင့် Presentation တွေလုပ်ရတဲ့အခါမှာ မြန်မာလိုတစ်လုံးမှတောင် ထည့်လို့မရတော့ပါဘူး။ ကျွန်မပထမဦးဆုံးလူရှေ့သူရှေ့ထွက်စကားပြောခဲ့ဖူးတာ အဲဒိ Program မှာပါပဲ။ Study Group တွေနဲ့စာကျက်ရတော့ တစ်လှည့်စီ Presentation လုပ်ကြရတယ်။ ကျွန်မအလှည့်ကိုရောက်လာတော့ အတန်းရှေ့ထွက်ပြီး စင်ပေါ် စကားပြောရမယ့်ကိစ္စမှာ ကြောက်လို့တုန်နေတော့တာပါပဲ။ အင်္ဂလိပ်လိုပြောရမှာလေ။ ပြောစရာတွေ မေ့သွားရင်ဘယ်လိုလုပ်မလဲ။ သူများတွေက မေးတဲ့မေးခွန်းတွေကိုမဖြေနိုင်ရင် ဘယ်လိုလုပ်မလဲ။ ငါပြောတာပုံမကျလို့ သူများတွေက အထင်သေးသွားမလား။ ဒီလိုအတွေးတွေဟာ ကျွန်မရဲ့ကြောက်ရွံမှုတွေဖြစ်ပါတယ်။

ငါမပြောရင်ကောင်းမယ်ထင်ပါတယ်။ ငါ့အစားတစ်ယောက်လောက် ပြောပေးကြပါလား။ ဒါမျိုးတွေလည်း တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်ဘာကိုယ်ပြန်စဉ်းစားကြည့်တဲ့အခါ ငါဘာဖြစ်လို့ဒီကိစ္စကို ဒီလောက်ကြောက်ရတာလဲ။ အဲဒီမှာ အဖြေထွက်ပါတယ်။ ဒီအရာဟာ ကျွန်မအတွက် အရေးကြီးတာကိုး။ အန္တရာယ်ဖြစ်မှာကိုကြောက်တာမဟုတ်ဘူး။ မအောင်မြင်မှာကိုကြောက်တာ။

ဒီလိုနဲ့ပဲ ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်လှုပ်လှုပ်စကားပြောခဲ့ရတယ်ပေါ့။ အင်္ဂလိပ်လိုပြောရတာလေ။ ဒါပေမဲ့ အဲဒါပြီးသွားတော့ ကျွန်မရဲ့အတန်းဖော်တွေအားလုံးက သိပ်ကောင်းတာပဲလို့ချီးကျူးခဲ့ကြပါတယ်။

ကျွန်မဆရာမစဖြစ်တော့ ကျောင်းမှာ Middle School / High School ကိုသင်ရတာပါ။ အတန်းထဲကိုမဝင်ခင် အတန်းရှေ့မှာ ချွတ်ထားတဲ့ဖိနပ်တွေကိုကြည့်ပြီး တော်တော်ကြောက်သွားမိပါတယ်။ သူတို့ဖိနပ်တွေက ကျွန်မဖိနပ်ထက် လေးဆလောက်ကြီးတဲ့ဖိနပ်တွေပါ။ ဒီဖိနပ်တွေကိုကြည့်ပြီး သူတို့ရဲ့ အလုံးအထည်တွေ ဘယ်လောက်ကြီးမလဲဆိုတာ စဉ်းစားပြီးအတန်းထဲမဝင်ခင် အထဲမှာရောက်နေတဲ့တပည့်တွေကို ကြောက်ခဲ့ဖူးတာလည်းရှိပါတယ်။ ကလေးတွေပေမယ့် ဒီလောက်ကြီးတဲ့လူကောင်ကြီးတွေကြားထဲမှာ ဘယ်လိုများစာသင်ရပါမလဲ။ သူတို့ကိုယ်ပြောတဲ့စကားကို နားထောင်ပါ့မလား။ မလေးမစားလုပ်နေရင်တော့ ဒုက္ခပါပဲဆိုပြီး အတန်းထဲဝင်ဖို့ကိုကြောက်တာပါ။

ဒါပေမဲ့ အဲဒီမှာလည်း အသိတစ်ခုကိုရခဲ့တယ်။ ကြောက်တယ်ဆိုတာ တစ်ခါတစ်လေမှာ ကျွန်မတို့လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အသိတစ်ခုကိုပေးတဲ့ ဆိုင်းဘုတ်တွေပါ။

ကြောက်ရွံ့မှုနဲ့အန္တရာယ်ဟာ မတူညီပါဘူး။
နေရာတကာကြောက်နေလို့လည်း ဘဝက အဆင်မပြေပါဘူး။ ဒါပေမယ့် ကြောက်စိတ်ဆိုတာ ကိုယ့်ကို ကာကွယ်ပေးတာမျိုးလည်းဖြစ်တတ်တယ်။ ကားတိုက်ခံရမှာကိုကြောက်လို့ ကားကိုကြည့်ရှောင်တာပေါ့။ ရေနွေးထည့်တဲ့အခါ သတိထားထည့်တာက ရေနွေးအပူလောင်မှာကြောက်လို့ပေါ့။ တချို့ကြောက်ရွံ့မှုတွေကတော့ ကိုယ့်ကို နောက်ပြန်ဆုတ်သွားအောင် ဆွဲထားတာမျိုးလုပ်တတ်ပါတယ်။ တချို့က အောင်မြင်သွားမှာကိုကြောက်တတ်ကြတယ်။ လူသိများမှာကိုကြောက်တယ်။ ချီးကျူးခံရမှာကိုကြောက်တယ်။ ဒါမျိုးလည်းရှိတတ်ကြပါတယ်။

နောက်အပိုင်းမှာတော့ပုံစံအမျိုးမျိုးရှိတဲ့ကြောက်ရွံ့မှုတွေကိုဆရာက ဆက်ပြီးရေးပြပါလိမ့်မယ်။ ကြောက်ရွံ့မှုကိုအသုံးချပြီး
ဘဝရဲ့နေထိုင်နည်းတွေကိုဘယ်လိုပြောင်းလဲပြင်ဆင်မလဲ..ဆိုတဲ့အကြောင်းတွေကိုဆက်ဖတ်ကြည့်ရအောင်ပါ။

🧠The Psychology of Fear as a Guide
Min Hla (spm)

Fear ကြောက်စိတ်ကို လူတွေကအဆိုးမြင်တတ်ကြပေမဲ့ အင်မတန်အရေးကြီးတဲ့ Emotion ပါ။ လူသားတွေဖြစ်တည်လာကတည်းက ကြောက်စိတ်ကအရေးကြီးတဲ့နေရာကပါခဲ့ပါတယ်။ အန္တရာယ်တွေကြုံလာရင်ကြောက်တတ်လို့ လူတွေ၊အဖြစ်ဆိုးတွေက ကာကွယ်နိုင်နေတာပါ။ ရှေးရှေးက အမဲလိုက်၊ သားကောင်ဖမ်းတဲ့အချိန်တွေတုန်းကဆို ကြောက်စိတ်ကြောင့် လူတွေက အကာအကွယ်ယူဖို့သိတတ်ခဲ့ပါတယ်။

ဥပမာ ကျားလိုအကောင်တွေနဲ့တွေ့ရင်ကြောက်မယ်။အန္တရာယ်ရှိတယ်လို့ ယူဆရင် Fight or Flight Response ပေါ်လာပြီး ကျားကို တိုက်မလား၊ ထွက်ပြေးမလားဆိုတဲ့ အတွင်းထဲကတုံ့ပြန်မှုစနစ် ပေါ်လာပါတယ်။

အခုခေတ်မှာတော့ တောထဲ အမဲလိုက်နေတဲ့ကာလတွေက ကျော်လွန်ပြီး လူတွေ ပုံစံသစ်နဲ့နေထိုင်နေကြပါပြီ။ ဒါပေမဲ့ Fear ကတော့ အရေးပါဆဲပါ။ ကားလမ်းဖြတ်ကူးရင်း မောင်းနေတဲ့ကားတွေက ကိုယ့်ကို မထိခိုက်မိအောင်ရှောင်လွှဲနိုင်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်နားရောက်ရင် မတော်တဆမှုကြုံလာခဲ့ရင်ဆိုတဲ့စိတ်နဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်တယ်။ အဲဒါတွေက ကြောက်စိတ်ရဲ့ကောင်းကျိုးတွေပါ။

Negativity Bias (အနုတ်လက္ခဏာဆောင်တဲ့အရာတွေကို ဘက်လိုက်ခြင်း)

Negativity Bias က လူတွေမှာရှိပြီး အဲဒါကြောင့်သာလူသားမျိုးနွယ်တွေ ခုထိရှင်သန်ခဲ့တာပါ။

အဖြစ်အပျက်တွေအများကြီး ကြုံတဲ့ထဲ Positive ဘယ်လောက်များများ Negative ကိုသာပိုအာရုံစိုက်မိတတ်ကြပါတယ်။ ဥပမာ ကိုယ်က Online မှာ Post တစ်ခုတင်တယ်ဆိုပါစို့။ ကောင်းတဲ့၊ ချီးမွမ်းအားပေးတဲ့ Comment တွေအများကြီးကြားက ကိုယ်မနှစ်သက်တဲ့အရာကို ပိုပြီးအာရုံစိုက်မိတာ၊ ခံစားမိတာ လူတိုင်းကြုံဖူးမှာပါ။ လူသားမျိုးနွယ်အစကတည်းက ကောင်းတာကို အာရုံစိုက်ရင် ဆိုးကျိုးမရှိပေမဲ့ မကောင်းတာ (အန္တရာယ်)ကိုအာရုံမစိုက်မိရင် အသက်ဘေးကြုံရနိုင်ပါတယ်။ အဲဒါကြောင့်ကြောက်စိတ်က လူသားတွေ သမိုင်းတစ်လျှောက်အရေးကြီးတဲ့အပိုင်းက ပါ၀င်နေခဲ့ပါတယ်။

ဆရာမအရှေ့ပိုင်းမှာရေးထားသလို ကြောက်တယ်ဆိုတဲ့အရာက ကိုယ့်အတွက်အရေးကြီးတဲ့အရာဖြစ်နေတတ်ပါတယ်။

ကြောက်စိတ်နဲ့ ပတ်သက်ပြီး Psychologist တစ်ဦးဖြစ်သူ Dr. Pippa Grange ပြောပြတာကိုအမှတ်ရမိပါတယ်။ ပုံမှန်ဆို လူတွေက Fearless ဆိုပြီးသုံးကြတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် အကြောက်တရားကင်းရမယ်လို့ဆိုလိုတာပါ။ သူမရဲ့ စာအုပ်နာမည်ကို Fear Less ဆိုပြီး ကြားထဲ Space ခြားခဲ့ပါတယ်။ ကြောက်စိတ်ကင်းတာမဖြစ်နိုင်ဘူး။ အကြောက်တရားနည်းအောင်၊ အကြောက်တရားကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ဦးတည်တာက လက်တွေ့ကျတယ်ဆိုတာကို ဆိုလိုထားတာပါ။

သူမဆက်လက်ပြောဆိုထာတာက အနုတ်လက္ခဏာရှိတဲ့ခံစားချက်တွေအားလုံးနီးပါး ကြောက်စိတ်ကလာတာပါ။ အထီးကျန်တယ်ဆို ကိုယ်က လူတွေကဖယ်ကျဉ်မှာကိုကြောက်တယ်။ မနာလိုတာဆိုရင်လည်း သူများမှာရှိတာက ကိုယ့်မှာမရှိမှာကို ကြောက်တယ်။ ခုနောက်ပိုင်းပွင့်ပွင့်လင်းလင်းပြောဆိုနေကြတဲ့ Anxiety ဆိုတာလည်းကြောက်စိတ်ပါပဲ။ Unfocused Fear လို့ ပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အလုပ်၊ Project တစ်ခုလုပ်တော့မယ်ဆို ကျရှုံးရင်ဘယ်လိုလုပ်မလဲဆိုတာကလည်း တကယ်လို့ကျရှုံးခဲ့ရင် အများက ဘယ်လိုမြင်မလဲဆိုတဲ့ ကြောက်စိတ်ပါနေပါတယ်။

Fear ကို Protective Fear နဲ့ Anticipatory Fear ဆိုပြီး ယေဘုယျနှစ်ပိုင်းခွဲလို့ရပါတယ်။

◾️Protective Fear ကတော့ လက်ရှိအချိန် အမှန်တကယ်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာပေါ်လာပါတယ်။ ကားတစ်စီး ကိုယ့်ရှေ့ အရှိန်ပြင်းပြင်းဖြတ်မောင်းတယ်ဆို ကြောက်စိတ်နဲ့ နှလုံးခုန်နှုန်းတိုးလာမယ်။ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက ခံစားမှုတွေပေးမယ်။ အဲဒီကြောက်စိတ်က ကိုယ့်ကိုကာကွယ်ပေးတယ်။ အသက်ဘေးကလွတ်စေနိုင်တယ်။ အလိုအလျောက်လူက လုပ်ဆောင်မှုပါ။ အလိုအလျောက်ဆိုပေမယ့် ကိုယ်ခန္ဓာက လုပ်ဆောင်ချက်တွေကို အမြန်အဆန်လုပ်သွားတာပါ။ အန္တရာယ်တွေ့တယ်။ ဦးနှောက်က တစ်ခုခု Action ယူဖို့ နှိုးဆွပေးတယ်။ လူကလည်း ဘေးကင်းဖို့လုပ်မိလိုက်တယ်။

◾️နောက်တစ်ခုက Anticipatory Fear ပါ။ အဲဒါကတော့ နောင်ဖြစ်လာနိုင်မယ့် အန္တရာယ်ကို ကြိုတွေးပြီး ကြောက်တာပါ။ဥပမာ Presentation လုပ်တော့မယ်ဆိုရင် ကြိုတင်ပြီး ရက်အနည်းငယ်လောက်ကတည်းက မလုပ်ခင်အချိန်အထိ ကိုယ်က Public Speaking ကြောက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ပြောမယ့်အကြောင်းအရာတွေကို စိတ်တိုင်းမကျလို့ လူတွေကြား အရှက်ကွဲနိုင်တယ်ဆိုပြီးကြောက်စိတ်ဖြစ်ပါတယ်။

Protective Fear နဲ့မတူတာက တကယ်အသက်ဘေးလောက်အန္တရာယ်မရှိလောက်ပေမဲ့ စိတ်ထဲက၊ အတွေးထဲက ကြိုတင်တွေးပူတာမျိုးဖြစ်ပါတယ်။ အဲဒီကြောက်စိတ်က အသုံး၀င်သင့်သလောက် ၀င်ပါတယ်။ Presentation မကောင်းမှာကြောက်လို့ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ဖြစ်လာမယ်။ ဒါပေမဲ့ လိုတာထက်ပိုလာရင်တော့ စိုးရိမ်ပူပန်မှုတွေ စိုးမိုးသွားတတ်ပါတယ်။ Anticipatory Fear ကြောင့် လုပ်သင့်လုပ်ထိုက်တာတွေကို ရှောင်မိတတ်တာကို သတိပြုဖို့လိုပါတယ်။

🧠ကြောက်ပေမဲ့ လုပ်သာလုပ်ပါ

ကျွန်တော် ငယ်စဉ်က ဖတ်ဖူးခဲ့တဲ့ နာမည်ကျော် Feel the Fear and Do it Anyway စာအုပ်ကို အမှတ်ရမိပါတယ်။ စာအုပ်နာမည်နဲ့ တင် ဘာတွေပါမလဲဆိုတာကို မှန်းကြည့်လို့ရပါတယ်။ အထက်မှာရေးခဲ့သလို Fear က အကျိုးရှိစေနိုင်သလို ဘ၀မှာ အဟန့်အတားတွေလည်း ပေးစေနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကြောက်ပေမဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်ဖို့အရေးကြီးပါတယ်။ Fear ကြောင့် Limit တွေမဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်ကြောက်တဲ့အရာက ကိုယ်အမှန်တကယ် အထူးကြိုးစားလုပ်ကြည့်ရင် ကိုယ်ထင်ထားသလိုမဟုတ်ဘဲ လုပ်နိုင်နေတာတွေတွေ့နိုင်ပါတယ်။

ဆရာမလိုပဲ ကျွန်တော်လည်း Personal Story လေး Share ချင်ပါတယ်။ ကျွန်တော်က Shy ဖြစ်တဲ့ Introvert တစ်ဦးပါ။ Public Speaking ကို ငယ်ငယ်ကတည်းက လွန်စွာကြောက်ရွံ့ခဲ့ပါတယ်။ ကျောင်းမှာ Presentation တွေဆို လုပ်ရမယ့်ရက် စသိကတည်းက ကြိုတင်ကြောက်နေပြီး လူကပြာနေခဲ့မိပါတယ်။ တကယ်လည်းလုပ်တော့ တင်ပြမှုပိုင်းမှာ အမှတ်တွေနည်းခဲ့ပါတယ်။ ဒါပေမဲ့ အဲလိုဖြစ်တာကြောင့်ကျွန်တော်လက်မလျှော့ခဲ့ပါဘူး။

စိတ်ကျန်းမာရေးနယ်ပယ်ရောက်တော့ Talk တွေစပြောခဲ့ရပါတယ်။ အစပိုင်း အရင်လို Fear, Limiting Belief တွေစိုးမိုးခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီးအထူးကြိုးစားခဲ့ပါတယ်။ စစချင်းလေ့ကျင့်တဲ့အနေနဲ့ Zoom ကနေ ကိုယ်ရဲ့ ကျောင်းနေဖက်ဟောင်းတွေ၊ ကိုယ် Comfortable ဖြစ်တဲ့လူတွေကို အကူအညီတောင်းပြီး နားထောင်ပေးဖို့ပြောခဲ့ပါတယ်။ နာရီပေါင်းမျာစွာကျင့်ခဲ့ပါတယ်။ အသီးအပွင့်တွေကိုစတွေ့လာခဲ့ပါတယ်။ ပထမ Zoom Talk Show တွေမှာ ပါခဲ့ပါတယ်။ ဖန်သားပြင်ရှေ့ Note လေးတွေ ချရေးထားတာမို့မခက်ခဲ့ပါဘူး။ နောက်တစ်ဆင့် Live Talk Show တွေမှာ ပါ၀င်ခဲ့ပါတယ်။ Zoom ထက်အများကြီးခက်ပါတယ်။ Live လည်းဖြစ် Recorded လည်းဖြစ်တဲ့အတွက် တစ်ခုခုမှားမှာ စိုးရိမ်ခဲ့ပေမဲ့ ကြိုးစားပြင်ဆင်ခဲ့လို့ကောင်းမွန်စွာပြောဆိုနိုင်ခဲ့ပါတယ်။ နောက်ဆုံး အခက်ဆုံးကတော့ အပြင်မှာ Hall တစ်ခုမှာ စင်မြင့်ပေါ်ကနေ Discussion လုပ်တာပါပဲ။ တစ်ဆင့်ချင်း ဖြည်းဖြည်းမှန်မှန် လုပ်လာခဲ့တာတွေကြောင့် ကြောက်စိတ်ရှိနေခဲ့ပေမဲ့ ကောင်းမွန်အောင်မြင်စွာလုပ်နိုင်ခဲ့ပါတယ်။ Feel the Fear and Do it Anyway ဆိုတဲ့အတိုင်း ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ။

ပညာရှင်တွေရဲ့ အဆိုအရ လူတွေအကြောက်ဆုံးအရာတွေ အများကြီးရှိတဲ့ထဲ Public Speaking လည်းအပါအ၀င်ဖြစ်ပါတယ်။ ဆရာမရော ကျွန်တော်ပြောခဲ့တာတွေမှာ အဲဒီကြောက်စိတ်ကို ကိုင်တွယ်လို့ရတာက သက်သေပဲဖြစ်ပါတယ်။ အခြား Fear တွေလည်း ထိုနည်းတူစွာပါပဲ။ ဖြည်းဖြည်းချင်းလွယ်တာကစပြီး တိုးတိုးပြီးလုပ်သွားရင် နောက်ဆုံး ကိုယ်မလုပ်နိုင်ဘူးထင်တာတွေ လုပ်နိုင်လာတာ တွေ့လာမှာပါ။ Unlimited ဆိုတဲ့အတိုင်းပါပဲ ကိုယ့်မှာ Limit လို့ထင်ထားတာတွေက တစ်ခါတလေ အံအားသင့်စရာ လုပ်နိုင်လာဖို့ အခြေအနေတွေရှိပါတယ်။

Unlimited Life ဆိုတာကြောက်စိတ်မရှိတဲ့ဘဝမဟုတ်ပါဘူး။ကြောက်စိတ်ရှိနေသေးပေမဲ့ မရပ်ဘဲ ဆက်လှမ်းနိုင်တဲ့ဘဝသာ ဖြစ်ပါတယ်။
Fear ကို နားထောင်တတ်လာတဲ့အချိန် စိတ်က Limit ထဲမှာ မနေတော့ပါဘူး။ကြောက်စိတ်ကိုပိတ်ဆို့ ကာဆီးထားတဲ့နံရံအဖြစ်မမြင်တော့ဘဲတံခါးတစ်ခုရဲ့ ခေါက်သံ လို့ မြင်လာပါလိမ့်မယ်။




Address

Pinlaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Akari nge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share