10/02/2025
ဓာတ်ပုံရိုက်တယ်/ဓာတ်ပုံဆရာဆိုတာနဲ့ ဖုန်းထိုးပေးပြီး “ဓာတ်ပုံဆရာဆိုတော့ ကဲဆရာသမား ရိုက်ပေးစမ်းပါဦး ခပ်မိုက်မိုက်လေး” ဆိုတာမျိုးတွေက ဘယ်လိုနိုင်ငံကြီးမှာပဲနေနေ င်္အဂါဂြိုလ်ပေါ်ပဲနေနေ အနုပညာကို ခံစားတတ်တဲ့ နှလုံးသား သိမြင်နားလည်
တွေးတောဆင်ခြင်နိုင်စွမ်းမရှိရင် ဘယ်ကမ္ဘာရောက်ရောက် တွေ့နေ မြင်နေ ရှိနေကြဦးမှာပဲ။
ကိုယ့်ဘဝအတွက် ပြန်မရတော့မယ့် အမှတ်တရတွေကို ကိုယ့်ဘာသာ အလကားပဲတင်း စျေးပေါပေါနဲ့ စျေးဖြတ်ရင် ကိုယ့်အမှတ်တရရဲ့ တန်ဖိုးကို ကိုယ့်ဘာသာ တွေးကြည့်ပေါ့။
ကိုယ်ကသာ စီးပွါးရေးလုပ်တာ သူများအနုပညာကျ အလကားလိုချင်တာမျိုးကျ ကိုယ့် EQ အဆင့် ဘယ်လောက်ရှိလည်း တွေးကြည့်ကျပေါ့။
“မင်းက အခုမှ ဒီရောက်လာတာ။ ငါ့မြို့ကိုလာခဲ့။ ဒီမှာထမင်းစားသွား။ လူမသိသေးတော့ ငါ့ကို အလကားရိုက်လိုက်။ အဲတာနဲ့ ငါလူသိအောင် လုပ်ပေးမယ်။ မင်းလည်း လက်"တက်” တာပေါ့” ဆိုတာမျိုးတွေကို မေးကြည့်ချင်တယ်။ ခင်ဗျားတို့တွေ စားသောက်ဆိုင် အသစ်ဖွင့်လို့ လူတွေကလာပြီး ငါတို့ အလကားလာစားမယ်။ မင်းဆိုင် လူမသိသေးတော့ စမ်းကြည့်တဲ့သဘောကွာ။ မင်းဆိုင်က အစားအလေသာက်တွေအတွက် လက်တက်တာပေါ့လို့ သွားပြောကြည့်ပါလား။
ခင်ဗျားတို့ စီးပွါးရေးတစ်ခုလုပ်ပြီး အသိမိတ်ဆွေတွေက ရရင်ရသလို ကြိတ်တာမျိုး၊ ငါတစ်ဝက်ပဲ ပေးမယ်ဆိုတာမျိုး၊ ကားဆီဖိုးလောက်ပေးမယ်လေဆိုတာမျိုး လုပ်ခံရရင် ဘယ်လိုတုံ့ပြန်မလဲ။
အနုပညာအမျိုးအစားမှာ ပိုတောင်ဆိုးသေးတယ်။ ရင်းနှီးရင် စျေးဆစ်တာ၊ အလကားတောင်းတာ၊ ဦးနှောက်ဖောက်စားတာ၊ လူ့စွမ်းစားအရင်းအမြစ်ကို abuse လုပ်တာ စတာတွေက မထူးဆန်းသလို ထမင်းစားရေသောက်ဖြစ်နေပြီ။
IQ နိမ့်တာမြင့်တာ အတိုင်းအတာ တစ်ခုအထိ သက်ရောက်ပေမယ့် EQက ကိုယ့်ဘာသာ နိမ့်ကျလို့ နိမ့်ကျနေကြမှန်းမသိဖြစ်ကုန်ပြီ။ ပေးတဲ့သူကလည်းပေးတော့ ရရင်ရသလို ယူတတ်တဲ့လူမျိုးတွေကလည်း များလာတော့ သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်တော့ဟုတ်နေကြတာပဲ။
မုန့်ဟင်းခါးဆိုင်တောင် သူ့ပရိသတ်နဲ့သူ။ ကိုယ်မကြိုက်ရင် မကောင်းဘူးမဟုတ်သေးဘူး။ စားတဲ့သူ လက်ခံတဲ့သူတွေရှိသေးတယ်။ မကြိုက်ရင် အစကတည်းက သွားမစားနဲ့။ မိတ်ဆွေဖွင့်တဲ့ ဆိုင်မို့လို့ အလကားလညိး ခဏခဏ သွားကြိတ်သေးတယ် မကောင်းပါဘူးလည်း လေသံပစ်သေးတယ်။
နှစ်ဦးနှစ်ဖက် သဘောတူပြီး collaboration လုပ်ကြတယ်ဆိုတာမျိုး၊ ဓာတ်ပုံဆရာက offer စလုပ်ပြီး art တစ်ခုကို ဖန်တီးကြတာမျိုးဆို ကိုယ့်ကိစ္စနဲ့ကိုယ်ပေါ့။
အဓိကက လေးစားသမှုပဲ။ ဒီနေရာမှာ လူလူချင်းဆိုတာထက် အနုပညာဖန်တီးပေးသူကိုရော သူ့ art ကိုရော သူ့ passion ကိုပါ လေးစားသမှုထားတယ်လို့ ပြောရင် ပိုကောင်းပါမယ်။ ကိုယ့်က အစကတည်းက respect မရှိဘူး ရမလားလို့ ကြိတ်ကြည့်မယ်ဆိုတာမျိုးကတော့ ကိုယ့် အဆင့်အတန်းကိုယ် သိကြပေါ့လေ။
သာမန်ရုံးဝန်ထမ်းလုပ်တဲ့ ကလေးမလေးတစ်ယောက် လခမှ တစ်လ ၄-၅ သိန်းဝန်းကျင်ရတယ်။ အဆင့်မြင့်ပညာ ဘာဘွဲ့ညာဘွဲ့ကြီးတွေမရှိဘူး။ သာမန်ဆိုပါဆို့။ ဓာတ်ပုံရိုက်ချင်တယ်။ စျေးမတတ်နိုင်ဘူး။ စုလိုက်ဦးမယ်ပြောတယ်။ စျေးမဆစ်ဘူး။ ကိုယ့်ဘက်က adjustment လုပ်ပေးလိုက်တယ်။ Win-win နော်။
ဟိုနိုင်ငံကြီးမှာနေတာ ဒီတိုင်းပြည်မှ အခြေချတာ ဘာဘွဲ့တွေရထားတာ ဒေါ်လာပဲကိုင်တာ ဘာညာ ဘလာဘလာက ဟာ သားကြီး လုပ်လေ အချင်းချင်းတွေ ရိုက်ပေး ပြီးရင် ညကျရင် စားကြသောက်ကြမယ် အေးဆေးပေါ့ အချင်းချင်းတွေပဲနဲ့ကျတော့ respect level က အများကြီးကွာသွားပြီ။ ဟိုကလေးမနဲ့ဆိုအရမ်းရင်းနှီးတာ။ personal life မှာ ကိုယ့်ကို အများကြီး ကူညီပေးဖူးတယ်။ ခေတ်စကားနဲ့ ပြောရရင် ကုန်းမဆင်းဘူး။ အဲတော့ သူ့ prewedd ကို ဖလင်နဲ့ရိုက်ပြီး ပုံကိုပါ ကိုယ့် printer နဲ့ စိတ်ကြိုက်ကာလာ မရမရချင်း ထုတ်ပေးလိုက်တယ်။
“Respect နဲ့ result ကွာခြားချက်ဆိုတာ ကိုယ့်ဘာသာ လုပ်ယူနေကြတယ်ဆိုတာ သိထားဖို့ပြောတာပါ”
လောကကြီးမှာ အသက်ရှင်နေသရွေ့ ကိုယ့်ဘာသာ အလကား အပေါစား လူအဖြစ်မခံချင်စမ်းပါနဲ့။
“Think before you speak”