M2TV Channel

M2TV Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M2TV Channel, Baltimore, MD.

M2TV Channel သည်အမှီအခိုကင်းပြီးမရာ၊မြန်မာနှင့်ကမ္ဘာ့ထူးခြားနိစ္စဓူဝသတင်းအကြောင်းအရာများကိုတင်ဆက်ပေးနေသော Channel တစ်ခုဖြစ်ပါသည်။

M2TV Channel is an independent channel that is always trying to present the unique news of Mara,Myanmar and the world.

◾️Mizoram, LADC တွင်စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများကို အိမ်ငှါးရမ်းခွင့်ပိတ်ပင်=========================ဧရာဝတီတိုင်...
09/02/2026

◾️Mizoram, LADC တွင်စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများကို အိမ်ငှါးရမ်းခွင့်ပိတ်ပင်
=========================

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

▪️အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် (LADC) တွင်စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများကို အိမ်ငှားရမ်းခွင့်ကို ကန့်သတ်လိုက်ကြောင်းသိရှိရပါသည်။

▪️LADC လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ဦးဆောင်မှုဖြင့် သြဂုတ်လ ၃၁ ရက်နေ့တွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ လောင်တလိုင်ခရိုင်ရှိ နေအိမ်နှင့် ဟိုတယ်များတွင် စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများအနေဖြင့် အိမ်ငှားရမ်းခွင့် ရရှိတော့မည် မဟုတ်ကြောင်း သိရှိရပါသည်။

▪️LADC မှတရားဝင်အမိန့်စာမထုတ်ပြန်သေးသော်လည်း အစည်းအဝေးဆုံးဖြတ်ချက်အရ မကြာမှီထုတ်ပြန်လာနိုင်ဖွယ်ရှိသည်ဟုမြန်မာဒက္ခသည်တစ်ဦးကပြောဆိုထားပါသည်။ LADC လောင်တလိုင်ခရိုင်တွင် ချင်းစစ်ဘေးရှောင်များအများစု နေထိုင်ကြသလို ရခိုင်ကုန်သည်များ အဓိက ကုန်ကူးသည့်နေရာလည်းဖြစ်ပါသည်။

▪️လောင်တလိုင်ခရိုင်အတွင်း မြန်မာ ချင်းဒုက္ခသည် ၆,၃၂၈ ဦးနေထိုင်လျက်ရှိကြောင်းသိရှိရပါသည်။

◾️ အာဏာသိမ်း စကစ စစ်သင်္ဘော (၃)စီးတိုက်ခိုက်ခံပြီး (၁)စီး နစ်မြုပ် ကျန်(၂)စီးလက်နက်ချ‎==========================‎‎​▪️ကချ...
09/02/2026

◾️ အာဏာသိမ်း စကစ စစ်သင်္ဘော (၃)စီးတိုက်ခိုက်ခံပြီး (၁)စီး နစ်မြုပ် ကျန်(၂)စီးလက်နက်ချ
‎==========================

‎​▪️ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံအနီးတွင် ရွေးတုအစိုးရစစ်တပ်၏ တပ်မ (၃၃) ဒုတိယတပ်မမှူး ဦးစီး၍ ရွှေကူမှ ထွက်ခွာလာသည့် စစ်ရေယာဉ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီးမှာ လူအများအပြားနှင့်အတူ ရေထဲသို့ နစ်မြုပ်သွားပြီး အခြားတစ်စီးမှာလည်း ပျက်စီးသွားခဲ့ပါသည်။

‎"သင်္ဘောတစ်စီးက လုံးဝနစ်မြုပ်သွားတာမှာ လူတွေလည်း ပါသွားတယ်။ ညကြီးကတည်းက မန္တလေးကနေ ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းပဲခြားပြီးတက်လာတာ။ မနက်ကျတော့ ကြဲတော့တာပဲ" ဟုဒေသခံတစ်ဦးကပြောဆိုထားပါသည်။ ထို့အပြင် စင်ခန်းအနီးတွင် နောက်ထပ် စစ်သင်္ဘောတစ်စီး ပျက်စီးသွားခဲ့သဖြင့် စုစုပေါင်း စစ်သင်္ဘော သုံး စီး ပျက်စီးခဲ့ရကြောင်းသိရှိရပါသည်။

‎▪️အထိနာနေသည့် စစ်တပ်သည် ဂျက်ဖိုက်တာ အစီး ၂၀ကျော်သုံး၍ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ ရေထဲခုန်ချ၍ ကစဉ့်ကလျား ထွက်ပြေးရသည်များရှိခဲ့ကြောင်း သိရသည်။

‎​▪️ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း စစ်သင်္ဘောတစ်စီးကို KIA က သိမ်းပိုက်ရရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့ပါသည်။ ဩဂုတ် ၃၁ ရက်နေ့ကလည်း ရွှေကူမှ ဗန်းမော်သို့ တက်ရန်ပြင်ဆင်သည့် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၍ ဇင်းဘုံရှိ စစ်တပ်ခြေကုတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်တပ်၏ လေကြောင်းပစ်ကူဖြင့် ပြန်လည်စစ်ကြောင်းထိုးမှုကို KIA က ခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်တပ်မှာ ဆုတ်ခွါသွားခဲ့ရပါသည်။

စက်တင်ဘာ ၀၂.၂၀၂၆
M2TV Channel

09/02/2026

▪️ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုဆီ လေယာဉ်ဆီ စီးဆင်းဝင်ရောက်မှုကို တားဆီး ပိတ်ပင်ဖို့ ဖြစ်ပါတယ်။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ OHCHR ရဲ့ အစီရင်ခံစာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကလေးသူငယ်တွေအပါအဝင် အရပ်သား ပြည်သူတွေကြုံတွေ့နေရတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ဘေးဒုက္ခတွေရဲ့ တခုတည်းသော အကြီးမားဆုံး အကြောင်းရင်းဖြစ်ပါတယ်။

▪️အကြမ်းဖက်စစ်တပ်ဟာ စာသင်ကျောင်းတွေနဲ့ ပညာသင်ကြားရေးနေရာတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေဟာ ဘေးကင်းလုံခြုံစွာ သင်ယူနိုင်မယ့် နေရာနဲ့ ပညာသင်ကြားခွင့်ကို အခြေခံအားဖြင့် ဆုံးရှုံးခဲ့ရပါတယ်။
၎င်းရဲ့အကျိုးဆက်အဖြစ် မြန်မာနိုင်ငံရှိ ကလေးသူငယ်အချို့ဟာ ကတုတ်ကျင်းတွေ သို့မဟုတ် ယာယီစခန်းတွေမှာ ပညာသင်ကြားနေကြရပါတယ်။ ကောင်းကင်ယံက တိုက်လေယာဉ်တစ်စင်းရဲ့ အသံကို ကြားရတာနဲ့ ဘေးလွတ်ရာကို ရှောင်တိမ်းနည်းတွေကို ကျင့်သုံးနေကြရတဲ့ မြန်မာနိုင်ငံကကလေးသူငယ်တွေရဲ့ ဗီဒီယိုမှတ်တမ်းတွေက သက်သေအဖြစ် ရှိနေပါတယ်။ ဒါကြောင့်စာသင်ကျောင်းတွေနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို့အတွက် အကြမ်းဖက်စစ် အာဏာရှင်အုပ်စုဆီ လက်နက်ကိရိယာတွေ၊ လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးအသုံးပြုနိုင်တဲ့ အခြားပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ စီးဆင်းဝင်ရောက်နေမှုကို ဖြတ်တောက်ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုအပ်ပါတယ်။

▪️သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဘာသာရပ်အောက်မှ “ကလေး သူငယ်များ၏ ပညာရေးကို အကာအကွယ်ပေးမှု အားကောင်းစေရေးနှင့် ကြီးလေးသော ချိုးဖောက်မှုများ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအတွက် နိုင်ငံတကာဥပဒေ ဆိုင်ရာအကာအကွယ်များကို ပြန်လည်အတည်ပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် တံခါးဖွင့်အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်

====================

▪️First, prevent the flow of jet fuel to the military junta.

▪️The recent OHCHR report stressed that airstrikes by the military junta remained the single largest cause of destruction and suffering among civilians, including children.

▪️Deliberate and targeted aerial attacks on schools and learning centers by the military have essentially deprived children of their safe spaces to learn and their right to education.

▪️As a result, some children in Myanmar are learning in bunkers or makeshift camps. There are videos of our children executing evacuation procedures upon hearing a fighter jet in the sky.

▪️Therefore, I appeal to Member States to cut the flow of arms, weapons, jet fuel, other dual-use items, and related technologies to the military junta to protect our children and our schools.

စက်တင်ဘာ ၀၂.၂၀၂၆
M2TV Channel

08/30/2026

◾️စစ်အုပ်စု အနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အမြဲတစေလက်နက်သဖွယ်အသုံးချပြီး ဒုက္ခရောက်တဲ့ အသိုက်အဝန်းတွေထံကို အကူအညီတွေမရရှိစေဖို့နဲ့ မပို့ဆောင်နိုင်ဖို့ နှောင့်ယှက် တားဆီး လျက်ရှိပါတယ်။
မကြာသေးမီကပဲ စစ်အုပ်စုအနေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခြေခံကျတဲ့ လူသားစာနာ ထောက်ပံ့ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရေဘေးသင့်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ သာမာန် ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ သာဓကဖြစ်စဉ်များစွာ ရှိနေပါတယ်။
ယခင်က လုံခြုံရေးကောင်စီအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိရေးနဲ့ ပို့ဆောင်ရေးတို့ကို အဟန့်အတားဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူခဲ့ပါတယ်။

◾️ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက် ထပ်မံ ချမှတ်ပေးရန်နဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ ဖြတ်တောက်ဖို့ အလေးအနက် တောင်းဆိုပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ကုလသမဂ္ဂ၊လုံခြုံရေးကောင်စီ၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေသော စားနပ်ရိက္ခာအကျပ်အတည်းအား ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တံခါးဖွင့် အစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်

ဩဂုတ် ၃၀.၂၀၂၆
M2TV Channel

◾️ဖလမ်းမြိုအားဘုရားသခင်ထံပြန်လည်အပ်နှံပြီး ဆုတောင်းပွဲ ဟုဆိုကာ ဒုက္ခသည်များအားပြန်လည်လက်ခံ===========================▪️ဖ...
08/29/2026

◾️ဖလမ်းမြိုအားဘုရားသခင်ထံပြန်လည်အပ်နှံပြီး ဆုတောင်းပွဲ ဟုဆိုကာ ဒုက္ခသည်များအားပြန်လည်လက်ခံ
===========================

▪️ဖလမ်းမြို့ကို ဘုရားသခင်ထံ အပ်နှံပွဲ အစီအစဉ်ကို ဩဂုတ်လ (၂၉)ရက် စနေနေမနက် (၁၀)နာရီမှာ ဖလမ်းနှစ်ခြင်းအသင်းတော် (FBC) ဘုရားကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

▪️ဆုတောင်းပွဲကို ဖလမ်းမြို့မိမြို့ဖဆိုသူများမှဦးဆောင်စီစဉ်ပေးခြင်းဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ထားကြောင်းသိရှိရပါသည်။ စစ်ဘေးရှောင်နေတဲ့ ဖလမ်းဒေသခံ (၉၆) ဦးကလည်း ဩဂုတ် (၂၈)ရက်မှာ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး နေရပ်ပြန်လာသူတွေကို စစ်ကောင်စီရဲ့တာဝန်ရှိသူတွေနဲ့ ပြန်လည်ထူထောင်ရေးကော်မတီဝင်တွေက ဖလမ်းမြို့ ဆုတောင်းပြည့်စေတီအနီးမှာ ကြိုဆိုပြီး စာရင်းကောက်ယူခဲ့သလို ဆန်၊ ဆီနဲ့ အခြားအခြေခံစားသောက်ကုန်တွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါသည်။

▪️ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်တဲ့ ဖလမ်းဒေသခံတစ်ဦးက “မြို့မိမြို့ဖတွေက ဦးဆောင်ပြီး လုပ်ပေးတာပါ။ အားလုံးစုပြီး ဖလမ်းမြို့အတွက် ဆုတောင်းပြီး ဘုရားသခင်ထံ အပ်နှံဖို့ ရည်ရွယ်ထားတာဖြစ်တယ်၊ကျွန်တော်လည်း တက်ခဲ့တယ်။ မြို့အေးချမ်းဖို့နဲ့ ပြန်လာတဲ့သူတွေအားလုံး အဆင်ပြေပြေ နေထိုင်နိုင်ဖို့ ဆုတောင်းပေးခဲ့ပါတယ်” လို့ ပြောဆိုထားပါသည်။

▪️၂၀၂၆ ခုနှစ် မေလ (၆)ရက်ကနေ ဩဂုတ် (၂၇)ရက်အထိ ဖလမ်းမြို့ပေါ် ရပ်ကွက် ၈ ခုကို နေရပ်ပြန်လာသူ၃,၆၀၀ ကျော်ရှိပြီး ဖလမ်းမြို့နယ်တစ်ခုလုံးမှာတော့ စုစုပေါင်း (၄၁,၅၀၀) ကျော် နေရပ်ပြန်လာပြီဖြစ်ကြောင်း သိရှိရပါသည်။

Ref: Zelan,Vessy, Bingbipar Laisak
ဩဂုတ် ၂၉.၂၀၂၆
M2TV Channel

◾️စကစက အငှားယာဉ်မောင်း “Pa Do Sian Mang”ဆိုသူကို စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်========================▪️အကြမ်းဖက်စစ်ကောင...
08/27/2026

◾️စကစက အငှားယာဉ်မောင်း “Pa Do Sian Mang”ဆိုသူကို စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်
========================
▪️အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေးမြို့တွင် နေထိုင်သည့် Pa Do Sian Mang (အသက် ၂၇ နှစ်) ကို စစ်ဆေးမေးမြန်းရာမှ ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ Pa Do Sian Mang သည် တက္ကစီမောင်းနှင်ပြီး အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦးဖြစ်ပြီး မည်သည့်အပြစ်မှ မရှိဘဲ ဖမ်းဆီးစစ်ဆေးကာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

▪️စစ်ကောင်စီဘက်ကမူ Pa Do Sian Mang သည် စိတ်မနှံ့ဘေ [စိတ်ဝေဒနာကြောင့်] သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း လိမ်လည်လှည့်ဖြားပြောဆိုခဲ့ပြီး ၎င်း၏ရုပ်အလောင်းကိုလည်း ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ခဲ့ကြသည်

▪️Pa Do Sian Mang သည် Calvary ZBCM အသင်းတော်ဝင်တစ်ဦးဖြစ်ပြီး ဂွိသဲ (Guite) မျိုးနွယ်၊ ဟဲလိုင် (Heilei) ရွာဇာတိဖြစ်သည်ဟုသိရှိရပါသည်။

Credit: MOMNO News Media
ဩဂုတ် ၂၇.၂၀၂၆
M2TV Channel

◾️အကြမ်းဖက် စကစ မှ MDF လေ့ကျင့်ရေးစခန်းအား ဗုံးကြဲတိုက်ခိုက် =======================▪️ချင်းညီနောင်-CB အဖွဲ့ဝင် မရာအုပ်ချ...
08/26/2026

◾️အကြမ်းဖက် စကစ မှ MDF လေ့ကျင့်ရေးစခန်းအား ဗုံးကြဲတိုက်ခိုက်
=======================

▪️ချင်းညီနောင်-CB အဖွဲ့ဝင် မရာအုပ်ချုပ်ရေးကောင်စီ Maraland Defence Force (MTC/MDF) တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က ဩဂုတ်(၂၅)နေ့ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော် (၅)ဦး ကျဆုံးခဲ့ပြီး ရဲ​ဘော် (၅)ဦးဒါဏ်ရာရှိခဲ့ကြောင်း သိရှိရပါသည်။

▪️အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း MDF ရဲဘော် ၁ ဦး၊ CNDF ရဲဘော် ၂ ဦးနှင့် Zoland ရဲဘော် ၂ ဦး စုစုပေါင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သိရပါသည်။

ဩဂုတ် ၂၆.၂၀၂၆
M2TV Channel

🔰𝗠𝗜𝗭𝗢𝗥𝗔𝗠 အလှမယ် 𝗠𝗜𝗦𝗦 𝗣𝗢𝗣𝗨𝗟𝗔𝗥 𝗔𝗪𝗔𝗥𝗗 ရရှိ🔰ဩဂုတ်လ/၂၃/၂၀၂၆ တွင်ကျင်းပပြီးစီးခဲ့သော Miss Universe India ပြင်ပွဲတွင် Mizoram အ...
08/24/2026

🔰𝗠𝗜𝗭𝗢𝗥𝗔𝗠 အလှမယ် 𝗠𝗜𝗦𝗦 𝗣𝗢𝗣𝗨𝗟𝗔𝗥 𝗔𝗪𝗔𝗥𝗗 ရရှိ

🔰ဩဂုတ်လ/၂၃/၂၀၂၆ တွင်ကျင်းပပြီးစီးခဲ့သော Miss Universe India ပြင်ပွဲတွင် Mizoram အလှမယ် Lalrinchhani က Miss Popular Award ရရှိခဲ့ပါသည်။

🔰Mizoram အလှမယ် Lalrinchhani (497 Million share) Manipur အလှမယ် Thadoi Yumnam က (484 million share)
Miss UTTARAKHAND က (60 Million share) အသီးသီးရရှိကာ
Miss Popular award ဆုကို Miss Mizoram ကရရှိဆွတ်ခူးခဲ့ခြင်းဖြစ်ပါသည်။



ဩဂုတ် ၂၄.၂၀၂၆
M2TV Channel

🔰အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ် Baltimore မြို့တွင် MCCUSA-MD မှကြီးမှူးကျင်းပသော လေးကြိမ်မြောက် မရာရိုးရာ Lyuva K...
08/23/2026

🔰အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ် Baltimore မြို့တွင် MCCUSA-MD မှကြီးမှူးကျင်းပသော လေးကြိမ်မြောက် မရာရိုးရာ Lyuva Khutla ကျင်းပမှုသတင်းမြင်ကွင်း။

🔰 မရာရိုးရာ Lyuva Khutla ပွဲကို Siaha DC, Mizoram, India တွင်စတင်ကျင်းပခဲ့ပြီး ယခုအခါ မရာလူမျိုးများနေထိုင်ရာ အမေရိကန်ပြည်ထောင်စု ပြည်နယ်များ၌လည်းကျင်းပလျှက်ရှိပါသည်။

Credit: Mara Community Committee-USA Branch Maryland
ဩဂုတ် ၂၂.၂၀၂၆
M2TV Channel

Address

Baltimore, MD

Website

Alerts

Be the first to know and let us send you an email when M2TV Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share