Burma Spring - NYC

Burma Spring - NYC Burma Spring Revolution ဗမာပြည် ဒီမိုကရေစီအရေး တတပ်တအား ပါဝင်ဆင်နွှဲရန်
(268)

05/02/2026
မန်းမြို့က အာဇာနည်ဘာမထီခွပ်ဒေါင်း။ 😢😢😢
10/07/2024

မန်းမြို့က အာဇာနည်

ဘာမထီခွပ်ဒေါင်း။ 😢😢😢

နယူးယောက်မြို့မှာ ဆုံကြပါစို့ ။ Sep 21 ( Saturday )1 PM at 47 street and 2 nd Ave , Manhattan
09/20/2024

နယူးယောက်မြို့မှာ ဆုံကြပါစို့ ။
Sep 21 ( Saturday )
1 PM at 47 street and 2 nd Ave , Manhattan

၁၉ ဇူလိုင် မမေ့နိုင်၊အာဇာနည်နေ့ ဒို့မမေ့၊အာဇာနည်မျိုး သေရိုးမရှိ၊အာဇာနည်တိုင်း သမိုင်းမသေ၊         Graphic Design KoMyoe
07/19/2024

၁၉ ဇူလိုင် မမေ့နိုင်၊

အာဇာနည်နေ့ ဒို့မမေ့၊

အာဇာနည်မျိုး သေရိုးမရှိ၊

အာဇာနည်တိုင်း သမိုင်းမသေ၊

Graphic Design KoMyoe

ငါအညာမှာ‌နေတယ်။ညာချင်သူ ညာဒါ သူ့သမိုင်းလာချင်သူ လာဒါ သူ့သမိုင်း။အညာသမိုင်းက ဘာမှိုင်းမှ တိုက်လို့မရမိုက်သင့်လို့ မိုက်တယ...
05/29/2024

ငါ
အညာမှာ‌နေတယ်။

ညာချင်သူ ညာ
ဒါ သူ့သမိုင်း
လာချင်သူ လာ
ဒါ သူ့သမိုင်း။

အညာသမိုင်းက
ဘာမှိုင်းမှ တိုက်လို့မရ
မိုက်သင့်လို့ မိုက်တယ်
တိုက်သင့်လို့ တိုက်တယ်
အပွဲပွဲ နွှဲ
ပြေးရဲမှ မှိုင်ရတာလည်း ရှိ
အလဲလဲ အကွဲကွဲ
သွေးရဲမှ အနိုင်ရတာလည်း ရှိ။

သေနတ် တလက်နဲ့
ဇာတ်ထွက်သူလည်း ရှိ။
သေနတ်တကားကားနဲ့
လပ်ယား လပ်ယားသူလည်း ရှိ။
ခွေး လက်တကမ်း
မိုင်းစမ်းသူလည်း ရှိ။
ခွေးကြိုခွေးကြား
မိုင်း သွားထားသူလည်း ရှိ။
ထမင်းထုပ် ထမ်း
ဟင်းထုပ် ထမ်းနဲ့
သေနတ် တကမ်းမှာ
လက်ပန်းမကျသူလည်း ရှိ
သက်တမ်း ခ သူလည်း ရှိ။

ပြေတိုင်း ကျော်အောင်
လေလှိုင်းပေါ်မှာ ကျော်ချင်သူများ
မော်ချင်သူများ
အညာအကြောင်းကို
လာလာ ခေါင်းတယ်
အညာအလောင်းတွေ ဘယ်လောက်ရှိပြီလဲ
ခင်ဗျားတို့သိလား။

ကဗျာဖွဲ့သူ ဖွဲ့
ပြန်ဖြုတ်ချင် ဖြုတ်
အထာ ခနဲ့သူ ခနဲ့
မာန်လုပ်ချင် လုပ်
အညာကတော့ မရှူပ်ဘူး
အညာကတော့ ဒုပ်မတူး။

ဂွင်ဖန်သူက တမျိုးမြှောက်
ဆင်ကြံသူက တမျိုး‌ထောက်နဲ့
ဘယ်သူ လာလာ
ဘယ်သူ ညာညာ
အညာဟာ အညာပဲ
ရှိုက်စရာရှိရင် ရှိူက်တယ်
မိုက်စရာရှိရင် မိုက်တယ်
တိုက်စရာရှိရင် တိုက်တယ်။

ဆဲဆိုကြိမ်းမောင်း
လက်ခမောင်းလည်း ထခတ်တယ်။
အသဲတဖိုဖို ဗိန်းမောင်းနဲ့
တလက်တမောင်းလည်း ချတတ်တယ်။

အညာသားက
အညာမြေမှာ တိုက်တယ်
တရွာသားတို့လည်း
တရွာမြေမှာ တိုက်တယ်
အညာပဲဖြစ်ဖြစ်
အကြေပဲဖြစ်ဖြစ်
ဘယ်သူပဲဖြစ်ဖြစ်
လေသက်သက်တော့ မတိုက်နဲ့လေ။

ကိုယ့်ယမ်း ကိုယ်ထောင်း
ကိုယ့်အလောင်း ကိုယ်ထမ်း
အညာဟာ မမောပန်းခဲ့ဘူး
အညာက ရွှေ
အညာက ငွေ
အညာမြေအတွက်လို့ မတွေးခဲ့ဘူး
အညာသားကို အရူးလို့ထင်ချင် ထင်ပေါ့။

ရွာတွေ ရွာတွေ
ပြာတွေ ပြာတွေ
အညာမြေလေ အညာမြေလေ
ဘာတွေ ငြင်းနေကြသလဲ
ဘယ်သူ ရှိူ့တာလဲ
ဘယ်သူ အို့ တာလဲ
အညာသားတွေက
မျက်ခြေ မပြတ်ကြဘူး။

အလှူကို ဗုံးကြဲ ပစ်ခတ်တယ်
လူကို ဒုန်းဆွဲ ပစ်သတ်တယ်
ဘယ်သူ သက်သက်သတ်တာလဲ
ဘယ်သူ လက်ယပ်တာလဲ
အညာသားတွေက
မျက်ခြေ မပြတ်ကြဘူး။

ခင်ဗျားတို့ ငြင်းချင်ငြင်း
အညာက ဝင်မငြင်းဘူး
ခင်ဗျားတို့ ပျင်းချင်ပျင်း
အညာက ဝင်မပျင်းဘူး
အကြောင်း မဟုတ်မမှန်ရင်
အညာက ခေါင်းငုံ့မခံဘူး။

အညာဟာ
အာဏာရှင်ကို မျက်ခြေမပြတ်ဘူး
အာဏာရှင်စနစ်ကို မျက်ခြေမပြတ်ဘူး
ခေါင်းဆောင်တာလည်း သိတယ်
ခေါင်းရှောင်တာလည်း သိတယ်
ခေါင်းကြောင်တာလည်း သိတယ်
တကယ်တော့
ခွေးအဆွဲဆုံးဟာ အညာ
သွေးမကွဲဆုံးဟာ အညာ
သွေးအရဲဆုံးဟာအညာ
အပေးအနည်းဆုံးဟာ အညာလို့တော့ မဖြစ်ပါ‌စေနဲ့။

#အောင်သစ်

27/5/2024

ယနေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ဖွဲ့စည်းထူထောင်ခြင်း(၈၈)နှစ်ပြည့် ဖြစ်ပါသ...
05/08/2024

ယနေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ဖွဲ့စည်းထူထောင်ခြင်း(၈၈)နှစ်ပြည့် ဖြစ်ပါသည်။

- ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
- ဒီမိုကရေစီပညာရေး
- ဒီမိုကရေစီရေး
- ငြိမ်းချမ်းရေး
- အမျိုးသားရေး(ခ)စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဟူသော မူ(၅)ချက်ကိုစွဲကိုင်ပြီး အောင်မြင်သည့်အထိ ဆက်လက် လက်ဆင့်ကမ်း တိုက်ပွဲ၀င်နိုင်ပါစေ။

ဗကသများအဖွဲချုပ် အဓွန့်ရှည်ပါစေ။

တကသအဆောက်အဦ ပြန်လည်တည်ဆောက်နိုင်ပါစေ။

( ၁၉၃၆-၂၀၂၄ )

Credit

ကျိန်စာသင့် တိုင်းပြည်မှာ ကျုံးသွင်းခံလာရတဲ့ လူငယ်တွေရဲ့ လက်ရှိဘဝမောင်ဝိ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတ...
05/05/2024

ကျိန်စာသင့် တိုင်းပြည်မှာ ကျုံးသွင်းခံလာရတဲ့ လူငယ်တွေရဲ့ လက်ရှိဘဝ

မောင်ဝိ

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာတွေကို မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားပြီး၊ "ထွက်ခွာခွင့် ကိစ္စများ ပိုမို အချိန်ယူစိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားကြောင်း" ဆိုတဲ့ ဖြေရှင်းချက်ထုတ်ပြန်ထားရှိပါတယ်။

အခုလို အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာဟာ၊ စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီအဓမ္မ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်၊ လူငယ်အများအပြား ပြည်ပကို အလုပ်အကိုင်ဖြင့် ထွက်ခွာခဲ့ကြတဲ့အတွက် လက်ရှိ ၃ လ နီးပါးအကြာ မေလ ၁ ရက်နေ့မှာ အမျိုးသားများ ပြည်ပကို အလုပ်နဲ့ ထွက်ခွာခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရတယ်။

ပြည်ပအလုပ်လုပ်ခွင့် ရပ်ဆိုင်းလိုက်တာဟာ လူငယ်တွေ ပြည်ပကို ထွက်ခွာပြီးနောက်ပိုင်း၊ Disabled people (မသန်စွမ်းသူ)၊ Old age people (အသက်အရွယ်ကြီးသူ) တွေပဲ အများဆုံးကျန်တဲ့နောက်မှာ၊ စစ်တပ်အတွက် အင်အားဖြည့်တင်းဖို့ ခက်ခဲလာတာကြောင့် ဖြစ်ကြောင်း သုံးသပ်နိုင်သလို၊ ကျန်ရစ်တဲ့အမျိုးသမီး အင်အားတွေကလည်း လိုအပ်တဲ့ တိုက်ခိုက်ရေးအင်အား ဖြစ်မလာနိုင်တာကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်ပဲ စစ်တပ်ဟာ အမျိုးသမီးစစ်သည်တွေကို ရုံးဌာနအများစုမှာပဲ နေရာပေးလေ့ရှိပြီး၊ တပ်ထဲဝင်ရောက်ပြီးသူ မသန်စွမ်းတဲ့ စစ်သားတွေကိုလည်း ဂိတ်စောင့်၊ ရုံးအစောင့် စတဲ့ နေရာတွေမှာသာ တာဝန်ပေးလေ့ရှိပါတယ်။

တကယ်တမ်း တိုက်ခိုက်နိုင်တဲ့ စစ်သားအင်အားဟာ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ လူငယ်လူရွယ်တွေပဲ ဖြစ်တယ်လို့ စစ်ကောင်စီယူဆထားပုံပါ။ လူငယ်တွေအနေနဲ့ ဆန္ဒပါသည် ဖြစ်စေ/ မပါသည် ဖြစ်စေ သေချာပေါက် စစ်ထဲဝင်ကြရမှာဖြစ်တယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ။ စစ်တပ်ဘက်က အခုကာလမှာ ဆုံးရှုံးနယ်မြေတွေကို ပြန်ပြီး ထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားကို ရသလောက်တည်ဆောက်မှာအသေအချာပါပဲ။

နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ အခုထက်ပို ငတ်ပြတ်လာကြဦးမယ်၊ အခုထက်ပို စစ်ဘေးတွေကြုံတွေ့လာရမှာပါ။ ဒါတွေဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်ကြောင့်ဖြစ်တယ်။ ငယ်ငယ်က အချင်းချင်း မုန့်ဖြစ်စေ တခုခု လုယက်စားသောက်မိခဲ့ရင် "နင်တို့က အီသီယိုပီးယားကလာတာလား" ဆိုပြီး လူကြီးတွေရဲ့ ပြောဆိုမှုတွေကိုကြုံခဲ့ရဖူးတယ်။ အခုက ဝဋ်လည်တာလား၊ ကျိမ်စာသင့်နေတာလားမသိ၊ စားသောက်ဖို့အတွက် မနက်နဲ့ နေ့လည်အလျင်မှီအောင် ရုန်းကန်နေကြရတယ်။ တချို့ မိသားစု မစုံလင်ကြတော့သလို၊ နေစရာအိမ် မရှိကြတော့။ ကမ္ဘာမှာ နေ့စဥ်သေဆုံးမှုအများဆုံး နိုင်ငံတွေထဲမှာလည်း မြန်မာဟာ ထိပ်ဆုံးကနေရပ်တည်နေပါတယ်။

အာဏာမသိမ်းခင် တစ်ဒေါ်လာ- ၁၃၀၀ ကျပ်ကနေလက်ရှိ တစ်ဒေါ်လာ- ၃၉၀၀ ကျပ်၊ အခေါက်ရွှေတကျပ်သား ၁၃ သိန်းကနေ အခု ၃၅ သိန်းကျော်နေပြီ။ အခြေခံစားသောက်ကုန် ဆန်တပြည် ၂၀၀၀ ကနေ အခု ၆၀၀၀ နီးပါးဖြစ်နေပြီး၊ ကုန်ဈေးနှုန်းတွေက အဆပေါင်း ရာနဲ့ချီခုန်တက်သွားခဲ့ကြတယ်။ သာမန် အလုပ်သမားတယောက်အနေနဲ့ တနေ့ကို ၆၀၀၀ မှ ၁၀၀၀၀ ထိ နေ့စားခရခဲ့ရင်တောင် လောက်ငခြင်းမရှိပါဘူး။ ဒါ့ကြောင့် အခြေခံလစာကောင်းတဲ့ အိမ်နီးချင်း ထိုင်း၊ မလေးအပါအဝင်၊ ဂျပန်၊တောင်ကိုယ်ရီးယား စတဲ့နိုင်ငံတွေမှာ မိသားစု ဘဝရပ်တည်ရေးအတွက် စွန့်စားပြီး အလုပ်လုပ်ကိုင်ကြရတယ်။

အခုလို ပြည်ပရောက်အလုပ်မားတွေအတွက်လည်း စစ်ကောင်စီဘက်ကနေ အခွန်ကောက်ခံဖို့ကလွဲပြီး အခြားသော တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ကိုင်ပေးထားတာ မတွေ့ရပေ။ ဒါ့အပြင်ပိတ်ပင်ထားတဲ့ ပြည်ပအလုပ်‌ခေါ်စာတွေနဲ့ ထွက်ခွာခွင့်ကိုလည်း ဘယ်အချိန်မှာ ပြန်လည်ဖွင့်ပေးမယ်ဆိုတာ မသေချာသေးပေမယ့် ပြန်လည်ဖွင့်လှစ်ချိန်မှာ နိုင်ငံတော်ကိုအခွန် ငွေပြန်ပို့ရတာတာ၊ ပြည်တွင်းသို့ပြန်လည်စစ်မှုထမ်းတာ အစရှိတဲ့အချက်တွေနဲ့ပတ်သက်ပြီး ခံဝန်ထိုးပြီးမှ ထွက်ခွာခွင့်ပြုတော့မှာဖြစ်တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရသိရှိရတယ်။

အခုလို အဘက်ဘက်က ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်အင်အားဥပဒေတွေကို လျှင်မြန်စွာအသက်သွင်းပုံဖော်ခဲ့ပြီး Non CDM တွေရဲ့ စစ်မှုထမ်းစာရင်းကိုပါ စတင်ကောက်ခံနေပြီပဲဖြစ်တယ်။ စစ်မှုထမ်းဖို့အတွက် Non CDM တွေကို စာရင်းကောက်ရာမှာ မိမိသဘောဆန္ဒအရ စစ်မှုထမ်းချင်သူတွေကိုသာ စာရင်းပေးခိုင်းတာဖြစ်သော်လည်း စာရင်းပေးမယ့်သူမရှိလို့ အထက်လူကြီးတွေပဲ ဌာနအချင်းချင်းညှိနှိုင်းပြီး စာရင်းပေးပို့နေတယ်လို့လည်းသိရှိရတယ်။

စစ်ကောင်စီရဲ့ အခုလုပ်နေတဲ့ အချက်တွေကိုကြည့်ရင် သာမယ်ထင်လို့ စစ်ဖိနပ်အောက် အလုပ်လုပ်ခဲ့တဲ့ စစ်ကျွန် Non CDM တွေကိုလည်း စစ်ကောင်စီက သူတို့အခက်ကြုံချိန်မှာ ချနင်းအသုံးချလာပြီပဲဖြစ်တယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ လက်အောက်မှာ အကြောင်းပြချက်မျိုးစုံနဲ့ ရုံးမထွက်နိုင်သူတွေအနေနဲ့လည်း ကျိမ်စာသင့်နေတဲ့တိုင်းပြည်မှာ စစ်ကောင်စီနဲ့အတူတူ ပျက်စီးခံကြမလား၊ တော်လှန်ရေးဘက်မှာ ပြတ်သားစွာရပ်တည်ပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမလားဆိုတာကို ပြတ်သားစွာ စဉ်းစားဆုံးဖြတ်ရမည့် အချိန်ရောက်လာပြီပဲဖြစ်ပေတယ်။ ။

မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက  စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ်■ ...
05/02/2024

မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ်
■ ရွှေက္ကိုလ်အပါအဝင် တစ်ကမ္ဘာလုံးရှိ ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်ရှိ
ရန်ကုန်၊ မေ ၂
ကရင်ပြည်နယ်၊ မြ၀တီမြို့သိမ်းတိုက်ပွဲတွင် အမှန်တကယ် အနိုင်ရ အကျိုး အမြတ်ဖြစ်ထွန်းခဲ့သူမှာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဖြစ်ပြီး ကရင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားနှင့် လူ့အခွင့်အရေးများကို ကင်ဆာရောဂါကဲ့သို့ BGF က ဖျက်ဆီးလိမ့်မည်ဟု နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့က AlJazeera သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဧပြီလအတွင်း ဖြစ်ပွားခဲ့သော မြ၀တီမြို့သိမ်းတိုက်ပွဲအခြေအနေများတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ စစ်တပ်နှင့် KNU နှစ်ဖက်စလုံးကို ၎င်း၏ အကျိုးအမြတ်အတွက် ဦးတည်ကစားခဲ့ကြောင်း၊ အမှန်တကယ် အကျိုးအမြတ်ထွက်ခဲ့သူမှာ BGF ခေါင်းဆောင် စောချစ်သူဖြစ်ကြောင်း အမေရိကန်အခြေစိုက် USIP (United States Institute of Peace) မှ ဒါရိုက်တာ Jason Tower က ပြောဆိုသည်။
"အခုဆိုရင် သိသာထင်ရှားလာတာက BGF က နှစ်ဖက်စလုံးကို ကစားသွားပြီးတော့ နောက်ဆုံးမှာ စစ်တပ်ကို ၂၇၅ တပ်မှာ အလံတင်နိုင်အောင် နဲ့ စစ်အာဏာရှင်ကို ကူညီခဲ့တာဖြစ်တယ်။ တကယ်တမ်း အနိုင်ရသွားတဲ့သူက BGF ပါပဲ။ ဒီလို အနိုင်ရသွားတဲ့အတွက်ကြောင့်လည်း တရားမဝင် ရာဇဝတ်ဂိုဏ်းတွေအတွက် BGF ရဲ့ ထိန်းချုပ်နယ်မြေတွေက ပိုပြီးတော့ ကျယ်ပြန့်လာမှာဖြစ်ပါတယ်" ဟု USIPမှ ဒါရိုက်တာ Jason Tower က ဆိုသည်။
လက်ရှိတွင် တရုတ်အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းများ အပါအဝင် ရာဇဝတ်ဂိုဏ်းများကို အကာအကွယ်ပေးမှုမှ BGF အနေဖြင့် အကျိုးအမြတ်ရရရှိမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်များ ရှိကြောင်း USIP ကဆိုသည်။
မြန်မာ့အရေးလေ့လာသူ Kim Jollifeကမူ လက်ရှိတွင် မြ၀တီသည် BGF လက်ထဲတွင်သာရှိနေပြီး မြန်မာစစ်တပ်အနေဖြင့် မြ၀တီကို လုံး၀ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ အမှန်တကယ် လက်တွေ့ ဘာတွေဖြစ်ခဲသလဲဆိုသည်ကို အတိအကျ မသိရှိရကြောင်း၊ စောချစ်သူက နှစ်ဖက်စလုံးကို ကစားခြင်းမှ အကျိုးအမြတ် ထုတ်သွားခြင်း ဖြစ်နိုင်သကဲ့သို့ BGF အတွင်းတွင်လည်း စစ်တပ် ထောက်ခံသူနှင့် KNU ထံသို့ ပူးပေါင်းလိုသူ ကွဲပြားနေမှုများလည်း ရှိနိုင်ကြောင်း၊ စောချစ်သူ မည်သည့် ဘက်ကို လိုက်မလဲဆိုသည်မှာလည်း မကွဲပြားသေးကြောင်း သုံးသပ်သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertsonကမူ စောချစ်သူသည် ကရင်ပြည်နယ်ကို ကင်ဆာရောဂါကဲ့သို့ ဖျက်ဆီးမှုကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကိုယ်တွယ်ရလိမ့်မည်ဟု သုံးသပ်သည်။
"တရုတ်ရာဇဝတ်ကောင်တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော် လည်ပတ်နေတဲ့ ရွှေက္ကိုလ်ဟာ ကျားဖြန့် လိမ်လည်မှု၊ လူကုန်ကူးမှု၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ ဒုစရိုက်မြို့တော်အဖြစ် စောချစ်သူရဲ့ နယ်ခြားစောင့်တပ်တွေက အဓိက ကာကွယ်မှာပဲ။ စောချစ်သူက ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို ဆုံးရှုံးစေမယ့် ကင်ဆာရောဂါဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်နည်းမဟုတ်တစ်နည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါလိမ့်မယ်" ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertson ကပြောဆိုသည်။

Credit to Khit Thit Media

05/02/2024

NYCBC မှဦးဆောင်ကျင်းပခဲ့သော စစ်မှုထမ်းဥပဒေ ကန့်ကွက်ဆန္ဒပြပွဲတွင် တင်ဆက်ခဲ့သော Performance.

Video by Ar Kar Haine






military_draft_law

Breaking News အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်ပင်-------အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ...
05/02/2024

Breaking News

အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်ပင်
-------

အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ယနေ့နေ့လည်ပိုင်းတွင် အတည်ပြုခဲ့သည်။

မည်သည့်အကြောင်းပြချက်ဖြင့် ကန့်သတ်ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူက ကပြောဆိုခြင်းမရှိသော်လည်း စစ်တပ်ကအလုံးအရင်းဖြင့် လူသစ်ခေါ်ရန်ပြင်ဆင်နေသည့် စစ်မှုထမ်းဥပဒေကြောင့် ယင်းကဲ့သို့ကန့်သတ်ခြင်းဟု Myanmar Now က နားလည်းထားသည်။

"ဘယ်နိုင်ငံမဆိုပါပဲ။ဒီ (မေ ၁) ရက်နေ့ကစပြီး Demand(အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများအကြုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲမူတည်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်" ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် ထိုကဲ့သို့ကန့်သတ်ခြင်းဟုတ်မဟုတ် Myanmar Now က မေးမြန်းသော်လည်း အခြေအနေလိုအပ်ချက်အရဆောင်ရွက်ခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဆိုသည်။

ကန့်သတ်ချက်သည် PJ အမျိုးအစား Passport ကိုင်ဆောင်သူများအပေါ် သက်ရောက်မည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကဆိုသည်။

ထိုကန့်သတ်ချက်ကို စစ်ကောင်စီက တရားဝင်စာဖြင့် ညွှန်ကြားစာထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က စစ်ကောင်စီ အလုပ်သမား ဝန်ကြီး ဦးမြင့်နောင်နှင့် အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီအသင်းတို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အသိပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

"ရန်ကုန်လာတော့ ခေါ်တွေ့ပြီးတော့ အဲ့ဒီလိုပြောလိုက်တယ်။ ယောက်ကျားလေးတွေကို လောလောဆယ် Temporary(ယာယီ) ပိတ်မယ်ပေါ့်နော်။ အမှန်တော့ သူပိတ်တာမဟုတ်ဘူး။ အပေါ်က ပိတ်ခိုင်းတယ်ပေါ့။ တခြားအကြောင်းတွေလည်းပါတာပေါ့။ စစ်မှုထမ်းဥပဒေကြောင့် ကလေးတွေအရမ်းထွက်တယ်ပေါ့" ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးပြောဆိုချက်ကို ၎င်းက ပြန်လည်ပြောပြသည်။

စစ်မှုထမ်းဥပဒေကြောင့် တရားဝင်နှင့် တရားမဝင်လမ်းကြောင်းနှစ်ခုစလုံးမှ ပြည်ပနိုင်ငံများသို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လူငယ်များထွက်ခွာနေသဖြင့် ထိုကဲ့သို့ပိတ်ပင်ကြောင်း၊ ထိုပိတ်ပင်မှုကြောင့် တရားမဝင်ထွက်ခွာမှုပိုတိုးလာနိုင်ကြောင်း သူက ဆိုသည်။
"နောက်ပိုင်း တရားမဝင်တွေက ပိုများသွားလိမ့်မယ်။ ကလေးတွေကတော့ ထွက်မှာပဲလေ" ဟု ၎င်းက ဆိုသည်။

ပြည်ပမှ အလုပ်ခေါ်စာအသစ်များတင်ပြခြင်းကို ယနေ့တွင် တင်ပြခွင့်ယာယီပိတ်ပင်ထားကြောင်း အလုပ်အကိုင်အေဂျင်စီများထံ သိရသည်။
ပြည်သူလူထုဆန့်ကျင်နေသည့် အာဏာသိမ်းစစ်တပ်အတွင်း မဝင်ရောက်လိုသဖြင့် လူငယ်အများအပြား ပြည်ပကို အုံလိုက်ကျင်းလိုက်ထွက်ခွာတိမ်းရှောင်နေသလို တော်လှန်ရေးတပ်ဖွဲများထံ ဝင်ရောက်နေချိန် အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့်ကို တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်သည်။

စစ်မှုထမ်းဥပဒေကိုရှောင်ရှားရန် ပြည်ပထွက်ခွာခြင်းနှင့် တော်လှန်ရေးအင်အားစုများထဲသို့ဝင်ခြင်း နည်းလမ်းနှစ်ခုရှိရာ ယခုအခါ ရွေးချယ်စရာတစ်ခုသာရှိတော့ကြောင်း ပြည်ပထွက်ရန်စီစဉ်နေသည့် ဧရာဝတီတိုင်းမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

"တကယ်လို့ သူက အလုပ်သမားအနေနဲ့ ထွက်ခွင့်မရှိဘူးဆိုရင် တခြားနည်းလမ်းနဲ့‌ရောဖြစ်နိုင်မလား။ ဥပမာ Visit နဲ့သွားပြီးကျောင်းတက်တဲ့ပုံစံမျိုးဖြစ်နိုင်မလား။ ပြန်ကြည့်ရမှာပေါ့။ တကယ်လို့သာ အကုန်လုံးလမ်းကြောင်းတွေ Visit လည်းပိတ်မယ်ဆိုရင် ရွေးချယ်စရာက တစ်ခုပဲရှိတယ်။ စိုးရိမ်စရာတော့ တော်တော်ဖြစ်လာပြီ" ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက ခေါ်ယူနေပြီး လက်ရှိတွင် အပတ်စဉ် ၂ ကိုဆက်လက်ခေါ်ယူနေသည်။

သတင်းအပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/51821/

(ပုံစာ- ၂၀၂၃ ခုနှစ်က ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသော မြန်မာလူငယ်များ။ Myanmar Now)

Address

Brooklyn, NY

Website

Alerts

Be the first to know and let us send you an email when Burma Spring - NYC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category