M2TV Channel

M2TV Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M2TV Channel, Baltimore, MD.

M2TV Channel သည်အမှီအခိုကင်းပြီးမရာ၊မြန်မာနှင့်ကမ္ဘာ့ထူးခြားနိစ္စဓူဝသတင်းအကြောင်းအရာများကိုတင်ဆက်ပေးနေသော Channel တစ်ခုဖြစ်ပါသည်။

M2TV Channel is an independent channel that is always trying to present the unique news of Mara,Myanmar and the world.

◾️ UFC Champion Joshua Van မီဇိုရမ်ရောက်ရှိ===================▪️UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ US-Myanmar ချင်းဖိုက်...
05/30/2026

◾️ UFC Champion Joshua Van မီဇိုရမ်ရောက်ရှိ
===================

▪️UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ US-Myanmar ချင်းဖိုက်တာ Joshua Van တစ်ရောက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ရောက်ရှိနေကြောင်းသိရှိရပါသည်။

Malaysia မှတဆင့် ၂၉ ရက်နေ့တွင် Mizoram သို့ ရောက်လာ ခြင်းဖြစ်ပြီး မေ.၃၀ ရက်ညတွင် Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းကာ Mualpui ရပ်ကွက်၊ R.Dengthuama ခန်းမတွင် ကျင်းပမည့် MISMA Fight Night ပွဲတွင် အထူးဧည်သည်တော် အဖြစ် တက်ရောက်မည်လည်းဖြစ်ပါသည်။

▪️အဆိုပါ MISMA Fight Night ပွဲစဉ်အတွက် လက်မှတ်များစတင်ရောင်ချနေပြီဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံဘတ်များတွင်ဆက်သွယ်နိုင် ကြောင်းသိရှိရပါသည်။ (Miss Timtim, Finance Secy, MISMA ( 8794833652 )For information & others: Samuel Lalrozâma, General Secretary, MISMA & Liaision Officer ( 9886447684))

Joshua Van သည် UFC ကမ္ဘာ့ချန်ပီယံများထဲမှ အိန္ဒိယနိုင်ငံကို ပထမဦးဆုံးလာရောက် သည့် Champion ဖြစ်ပါသည်။

Ref: Zonet
မေ ၂၇.၂၀၂၆
M2TV Channel

◼️MTC မှ သိန်း(၁၄၀) ကျော်တန်ဖိုးရှိ သက်တမ်းလွန် အစားအသောက်များနှင့် ဆေးဝါးများကို မီးရှို့ဖျက်ဆီး=======================...
05/20/2026

◼️MTC မှ သိန်း(၁၄၀) ကျော်တန်ဖိုးရှိ သက်တမ်းလွန် အစားအသောက်များနှင့် ဆေးဝါးများကို မီးရှို့ဖျက်ဆီး
=====================================

▪️MTC/MDF မရာနယ်မြေ လိုင်လင်းပီမြို့ရှိ သက်တမ်းလွန် အစားသောက်နှင့် ဆေးဝါးကြီးကြပ်စစ်ဆေးရေးကော်မတီမှ (၁၈-၅-၂၀၂၆) ရက်နေ့တွင် လိုင်လင်းပီမြို့အတွင်းရှိဆိုင်ပေါင်း (၂၁) ဆိုင်ကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ကာလပေါက်‌ဈေးအရ ကျပ်သိန်းပေါင်း (၁၄၀) ကျော် တန်ဖိုးရှိ သက်တမ်းလွန်အစားအသောက်နှင့် ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းခဲ့ပါသည်။ အဆိုပါ သက်တမ်းလွန် ကုန်စည်နှင့်ဆေးဝါးများကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီမှ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် ပညာရေးဌာနမှ အမှုဆောင်အတွင်းရေးမှူး၊ ဥပဒေနှင့် တရားရေးဌာနမှ အမှုဆောင်အတွင်းရေးမှူး၊ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေးမှူး၊ လိုင်လင်းပီမြို့ရပ်ကွက် (၄)ခုမှ အုပ်ချုပ်ရေးမှူးများ၊ မရာလူငယ်အသင်းမှ ခေါင်းဆောင်များ၊ မရာအမျိုးသမီးရေးရာအဖွဲ့မှ ခေါင်းဆောင်များနှင့် လိုင်လင်းပီမြို့ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရှိရပါသည်။

*****************************************************
🔺မရာစာဖြင့်

▪️EXPIRED DATE KHÔ CHIEHPA DAOH HMO NATA THOHNAZY MEI TA PAHLEIPALÔPA A CHÂ

▪️May 19, 2026
Mara râh chhôh, Lialaipi khihpi liata expired date khô chiehpa Thohna, Niedo theipa chi nano nanopa nata athuthâpa zy Daoh liata mopasiapa ta patupa nata mei ta pahleipalôpa a châ.

▪️He hawhta taona chhâpa cha Mara râh, Lialaipi khihpi tawhta pathaopa ta khi to zydua liata zawpizy ta Thohna nata daoh hmo nano nanopa zy thlalôhpata ama nie thei do thei n'awpa pachâpa ta Maraland Territorial Council, Second Vice President chhithana ry liata paduapa Committee ta Târi 18 Pamih, 2026 pata Lialaipi khih chhôh liata daoh a ypa mia (21) zy tawhta expired date khô chiehpa Thohna, Niedo theipa chi nano nanopa nata athuthâ zy, Tlaw 140 Lakh mâ aphapa cha patu papuapa châ ta, Târi 19 Pamih, 2026 my dawh 07:00 Am pata mei ta pahleipalôna Program cha hlaotlohpata hnei patlôpa châ.

▪️He Program he NB. Sila, Second Vice President chhithana ry liata hmâpa châ ta, MTC Department nano nanopa tawhta ES zy nata hriatuhpa zy, Lialaipi Town Administration Council nata Ward Administration Council mia (4) liata hriatuhpa zy, MTP Branch, Lialaipi zy, MCHP Headquarters nata Branch, Lialaipi liata hriatuhpazy nata Khihpi nôpawzy chhaota hmaohkhata taopa a châ.

▪️He dei adaih leipa ta, Mara râh khi to lia chhaota Expired date khô chiehpa Thohna nata daoh hmo nano nanopa cha zua pasaipa châ khao leipa ta, maohphaona hneituhpazy ta ama vaw mohpasia lymâ bâ aw tahpa thâtih chhao eimâ pahnosa.

Credit: Information and Publicity Department
Maraland Territorial Council
မေလ ၂၀.၂၀၂၆
M2TV Channel

◼️အမေရိကန်-မြန်မာ ချင်းဖိုက်တာ Joshua Van ပါဝင်မည့် အမေရိကန်အိမ်ဖြူတော် UFC ပွဲ=========================================...
05/19/2026

◼️အမေရိကန်-မြန်မာ ချင်းဖိုက်တာ Joshua Van ပါဝင်မည့် အမေရိကန်အိမ်ဖြူတော် UFC ပွဲ
=========================================

▪️အမေရိကန်ပြည်ထောင်စု Washington DC The White House မှာ ကျင်းပမယ့် UFC Freedom 250 ပွဲမှာ အမေရိကန်- မြန်မာဖိုက်တာ မြန်မာ ချင်းနွယ်ဖွား Jusha Van ပါဝင်မည့်အကြောင်း UFC ကထုတ်ပြန်ချက်ကြောင်းသိရှိရပါသည်။

▪️UFC Freedom 250 Fan Fest Meet & Greet မှာ ILIA TOPURIA Vs JUSTIN GAETHJE(UFC LIGHTWEIGHT CHAMPIONSHIP), ALEX PEREIRA Vs CIRYL GANE
INTERIM (UFC HEAVYWEIGHT CHAMPIONSHIP) တို့အပြင် Champion ဟောင်းများ၊ Ranking မြင့်ကစားသမားများနှင့် နာမည်ကြီး Fighter စုစုပေါင်း(၂၄)ယောက်ပါဝင်တာမည့်ဟုသိရှိထားရပါသည်။

▪️ဒီပွဲဟာ သမ္မတ ထရန့်ရဲ့ကမကထပြုလုပ်ထားတဲ့ အမေရိကန်လွတ်လပ်ရေးရတဲ့ နှစ် ၂၅၀ ပြည့်အနေနဲ့ ကျင်းပတဲ့ ပွဲဖြစ်ပြီး ဇွန်လ ၁၃ – ၁၄ ရက်တွင် ကျင်းပသွားပါမည်။ အထူးအစီအစဉ်များအဖြစ် UFC အားကစားသမားများနှင့် WWE စူပါစတားများ ပါဝင်သည့် Live Show Entertainment အစီအစဉ်များ၊ Meet & Greet အစီအစဉ်များ၊ Live Music နှင့် UFC Freedom 250 Ceremonial Weigh-in တို့ ပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

▪️UFC အသက်မွေးဝမ်းကျောင်းကိုစတင်ကတည်းက Joshua Van ဟာ မြန်မာကိုကမ္ဘာပိုမိုသိလာစေရန် UFC ပွဲများတွင် မြန်မာအလံကို ခြုံလွှမ်းခြင်း အလံနှင့် ချင်းဆောင်များကို ဖက်ရှင်ကျကျဝတ်စားခြင်းဖြင့် ပြသခဲ့ပါသည်။ အာရှနွယ်ဖွား UFC Champion အဖြစ်ရပ်တည်နေသော The Fearless Van ကြောင့်မြန်မာကိုကမ္ဘာက ပိုမိုသိရှိလာသည်ဟုဆို လျှင်ငြင်းနိုင်မည်မထင်ပါ။

🔺ပွဲစဉ်ကို live လွှင့်ပေးပါမည်🔺
❤️Like and follow လုပ်ပေးထားကြပါ ❤️

မေလ ၁၉.၂၀၂၆
M2TV Channel

◼️Salai Yaw Mang ရဲ့ ချင်းနဲ့ယောအကြား တိုက်တွန်းစကား========================================ယောသူ၊ ယောသား... ယောတော်လှန်...
05/15/2026

◼️Salai Yaw Mang ရဲ့ ချင်းနဲ့ယောအကြား တိုက်တွန်းစကား
========================================

ယောသူ၊ ယောသား... ယောတော်လှန်ရေးအဖွဲ့များ

ယောသူ၊ ယောသား... ယောတော်လှန်ရေးသမားနဲ့ ပတ်သက်လို့ ဒီရက်ပိုင်း ပွဲဆူတာတွေ့ရတယ်။ အဓိက ကတော့ ယောတော်လှန်ရေးအဖွဲ့တွေကို အားမရတာပါ။ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး တဖွဖွ သတိပေးနှိုးဆော်နေတဲ့ကြားက... ယောတလရအဖွဲ့တွေ နေသာသလို နေခဲ့၊ ရေလိုက်ငါးလိုက်နေခဲ့တဲ့ရလဒ်ကို ထောက်ပြချင်တာလို့ မြင်ပါတယ်။ ပြီးတော့... ၂၀၂၁ - ၂၂ ဝန်းကျင် မင်းတပ်၊ ကန်ပက်လက် မြို့ပေါ်မှာ စကစ တွေပတ်ရမ်းလို့... မြို့နေပြည်သူတွေ ဒုက္ခရောက်လို့ ယောနယ်၊ ဆောနယ်ထဲ စစ်ဘေးရှောင်ရချိန်မှာ ဘူးလေးရာဖရုံဆင့် အိမ်ခန်းခတွေတိုးတဲ့ ဝိမလလောဘသား ယောသားတစ်ချို့ကို ပြောရင်း ဝါးလုံးသိမ်းသလို ဖြစ်နေတာပါ။ ကိုယ့်မွေးရပ်မြေ၊ ကိုယ့်အိမ်၊ ကိုယ့်ယာ စွန့်ပြီး... မိသားစုဝင်တွေကို မနိုင်မနင်း၊ မလောက်မင မိုးထဲလေထဲ စစ်ပြေးရှောင်ရတယ်ဆိုတာ ကြုံဖူးရင်တော့ ပိုစာနာ နားလည်ပေးနိုင်တာပေါ့လေ။

ယောနယ်က တော်လှန်ရေးကို အားမရကြပေမဲ့... ယောသူ၊ ယောသားတွေကတော့ တော်လှန်ရေးမှာ အင်မတန် တာဝန်ကျေတဲ့ ပြည်သူတွေပါ။
၂၀၂၁ ခုနှစ် အစောပိုင်း မင်းတပ်မှာ တော်လှန်ရေးစလုပ်ကြတော့ လက်နက်ကိုင်မဲ့ လူငယ်တွေအတွက် (ဟာအွမ်တို့၊ ထန်းတိတ်မာန်တို့) မြို့ပေါ်မှာ တစ်အိမ်တက်ဆင်း တိုးတိုးတိတ်တိတ် အလှူငွေတွေ ကောက်ခံတုန်းက ဒေသခံချင်းလူမျိုးတွေထက်တောင် ပိုပြီး ရက်ရက်ရောရော ထည့်ခဲ့ကြတဲ့ ယောသူယောသားတွေ၊ အောက်သားတွေ အများကြီးပါ။

၂၀၂၁ ခုနှစ် မေလထဲမှာပဲ စကစ က လေကြောင်းကနေ လူချပြီး မင်းတပ်မြို့ကို စီးနင်းတိုက်ခိုက်တော့ မြို့ကနေစစ်ဘေးရှောင်ရတဲ့ ချင်းပြည်သူထောင်နဲ့ချီတဲ့တွေကို ယောသူယောသားတွေ လှိုက်လှိုက်လှဲလှဲ ကူညီကြတယ်။ နေရာထိုင်ခင်းပေးတယ်။ စားသောက်စရာတွေ ပေးကမ်းကျွေးမွေးခဲ့ကြတယ်။ ယောနယ်ထဲ စစ်ဘေးရှောင်စခန်းဆောက်ပြီး နှစ်နဲ့ချီ အခြေချနေထိုင်နိုင်အောင် ကူညီခဲ့ကြပါတယ်။ ယောနယ်မှာ တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် အနေနဲ့ တိုက်ပွဲဖော်တိုင်းမှာလည်း စားသောက်ဖွယ်ရာတွေ လိုလေသေးမရှိ ကူညီကြတယ်။ ချင်းတော်လှန်ရေးအဖွဲ့မှ မဟုတ်ပါဘူး.. ယောတော်လှန်ရေးအဖွဲ့တွေ (Yaw PDF, YA, YDF) အကုန်လုံးကိုလည်း အစကနေ ဒီအချိန်အထိ (၅) နှစ်ကျော်ကာလ တောက်လျှောက် ယောပြည်သူတွေက ဆန်၊ ဆီ၊ ဆား၊ အသား၊ ဟင်းသီးဟင်းရွက်.. လုံးဝမပြတ်ရအောင် (ဝယ်စရာမလိုအောင်ကို) ရွာအလိုက် ပံ့ပိုးပြီး တော်လှန်ရေးကို ပါဝင်ကြတာ တွေ့မြင်နိုင်ပါတယ်။

ယောတော်လှန်ရေးအဖွဲ့တွေမှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ ယောပြည်သူတွေကတော့ ပြည်သူ့တာဝန်ကောင်းကောင်း ကျေပွန်ကြပါတယ်။ အခုထက်ထိကို ကိုယ့်စီးပွားရေးအရှုံးခံပြီး ချင်းတော်လှန်ရေးအဖွဲ့တွေကို အကြွေးနဲ့ ကူညီလုပ်ဆောင်ပေးတဲ့ ယောကုန်သည်တွေ၊ ယောပြည်သူတွေ အများကြီး ရှိကြပါတယ်။

ယောတော်လှန်ရေးအဖွဲ့တွေ (အထူးသဖြင့် တောင်ယောကအဖွဲ့တွေ) ကို... ကျနော်တို့အနေနဲ့ စကားကြုံတိုင်း၊ လမ်းကြုံတိုင်း တပ်ကို အားကိုးရတဲ့ တပ်တွေ ဖြစ်လာအောင် လုပ်ဖို့ အားပေး၊ အကြံပေးပါတယ်။ ဒါပေမဲ့... တကယ်လုပ်တဲ့အခါ ခက်တော့... လူမုန်းမခံချင်တော့၊ အပင်ပန်းမခံချင်တော့ လူကြီးကြိုက်လုပ်ရင်း၊ အဖြစ်လုပ်ရင်း တပ်တွေ လုံးပါးပါးသွားတာ တွေ့ရတယ်။ ယောအဖွဲ့တွေ... အရင် တူမီးကိုင်တုန်းက စစ်ကြောင်းထွက်လာရင် မိုင်းဆွဲ၊ ရှိတဲ့ မောင်းပြန် ၁ လက်၊ ၂ လက်နဲ့ စကမ ကို ပစ်ခတ် တော်လှန်ခဲ့ကြသေးတယ်။ အထက်က ချပေးလို့ ယူနီဖောင်းနဲ့ မောင်းပြန် အလက် ၃၀၊ ၄၀ ဝန်းကျင် ရှိလာတဲ့ နောက်ပိုင်း စစ်ကြောင်းကို တိုက်ခိုက်တာမျိုး မကြားရတော့ဘူး။ ချင်းဘက်မှာ တလရအဖွဲ့က ဝဥအခွန်ကောက်၊ တော်လှန်ရေး ရန်ပုံငွေကောက်ခံတာကနေ လွတ်မြောက်အောင်၊ စကစ စစ်ကြောင်းတွေကို ကာကွယ်ပေးခဲ့ကြတယ်။ ပြီးတော့ မိုင် (၃၀) လောက် အသွားအလာခရီးမှာ ဂိတ်တွေ (၅) ခုလောက် ဖွင့်ပြီး အခွန်အမျိုးမျိုးကောက်ခံတော့... အခွန်ပေးရတဲ့ပြည်သူတွေက ထွက်လာတဲ့ စကမ စစ်ကြောင်းကို တိုက်ခိုက်တာ၊ ပြည်သူတွေကို တတ်နိုင်သလောက် အကာအကွယ်ပေးတာမျိုး လိုချင်ကြတာပေါ့။

ဒါပေမဲ့.. မင်းတို့လည်း လက်နက်ကိုင်၊ ငါတို့လည်း လက်နက်ကိုင်... လက်နက်ကိုင်ချင်းအတူတူ အကျောမခံချင်သလို၊ အထင်သေးမခံချင်သလို ဖြစ်တာ တွေ့ရတယ်။ ပုခုံးချင်းယှဉ်တာမျိုးတွေ တွေ့ရတယ်။ တကယ်တော့ လက်နက်ကိုင် တော်လှန်ရေးဆိုတာကို မသိနားမလည်သူတွေချင်း အတူတူ... သိနားလည်တဲ့အဖွဲ့တွေဆီက နည်းယူ လေ့လာပြီး အချင်းချင်း ဖေးမကူညီကြရင် ပိုကောင်းဖို့ပါ။

သေနတ်လွယ်ထားရုံနဲ့တော့... လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်မသွားဘူး။ လူဆိုတာချင်းတော့ တူပေမဲ့ အသက်ရှူပုံ၊ အသက်ရှင်ပုံတော့ တူမှာ မဟုတ်သလိုပေါ့။
၂၀၂၅ ခုနှစ်မှာပဲ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ အင်အားကောင်း၊ အရှိန်ကောင်းတော့... ထီးလင်း၊ ကျောက်ထု၊ ဆော အစရှိတဲ့မြို့က စခတွေ ငြိမ်ခဲ့ရတယ်။ တပ်ခြံဝင်းအပြင်တောင် သိပ်မထွက်ရဲဘူး။ ဆိုတော့... ဆောလို မြို့ပေါ်မှာ ရဲနှင့်တပ် စုပေါင်းနေကြပေမဲ့ တော်လှန်ရေးသမားတွေ မြို့ထဲ သေနတ်လွယ် အေးဆေးသွားလို့ရခဲ့တယ်။ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်တာမှာ သာယာတာပေါ့။ မြို့တွင်းမှာရှိတဲ့ စခကို ဆတ်ကြေးပေးတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတယ်။

အမှန်တော့ ပြီးခဲ့တဲ့ (၂) နှစ်အတွင်းမှာ ဆောမြို့ပေါ်က စခတွေကို ဝိုင်းကိုင်တွယ်ခဲ့ကြရင် အရမ်းကြီးမခက်ခဲဘဲ ရနိုင်ခြေရှိခဲ့တာ။ မင်းတပ်၊ ကန်ပက်လက် လွတ်မြောက်ပြီးနောက်ပိုင်း ချင်းညီနောင်အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ယောဒေသ လွတ်မြောက်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ရှိပါတယ်။ (Fundraising တစ်ခုမှာ ယောဒေသလွတ်မြောက်ဖို့ ဝိုင်းကြိုးစားခဲ့တဲ့ ကျနော်တို့ဟာ စောလူးမင်းကို လာကယ်တဲ့ ကျန်စစ်သားလို အဆက်ဆံခံခဲ့ရတယ်လို့ ကျနော်ပြောဖူးပါတယ်။) ဒါပေမဲ့ အကြောင်းတချို့ကြောင့် ကျနော်တို့ ကူညီဖို့ကြိုးစားတာ အထမမြောက်ခဲ့ဘူး။

တစ်ဘက်မှာလည်း တောင်ယောဒေသမှာ အထူးသဖြင့် ဆောလိုမြို့ကို သိမ်းဖို့ ပူးပေါင်းလုပ်ကြမယ်ပြောတိုင်း.. စီးပွားရေး အကြောင်းပြ၊ လမ်းကြောင်း အကြောင်းပြရင်း... နေသာသလိုနေခဲ့တာ။ ကိုယ့်နေရာလေး ကွက်ပြီးအေးတော့ နွေကို မပူဘူးထင်ရသလိုပေါ့လေ။
ဒီလိုနဲ့ ရုတ်တရက်လိုမျိုး စခတွေ လောင်းရှည်ကို အင်အားဖြည့်၊ တနေ့က လောင်းရှည်ကိုရောက်တော့ စခတွေ ဆောကိုဦးတည်ပြီး ထွက်လာတာ တစ်ရက်နဲ့ သီးကုန်းရွာ ရောက်တယ်။ သီးကုန်းကနေ မနေ့ကပဲ ဆောမြို့ထဲဝင်သွားတယ်။ မြို့ပေါ်က လူတွေတချို့၊ ဆိုင်တွေ တချို့တော့ စစ်ဘေးမရှောင်ဘဲ စကမနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ပြင်ဆင်ကြတယ်နဲ့ တူပါတယ်။ ဆောမြို့ ရဲဝင်းထဲက တပ်နဲ့ရဲတွေနဲ့ တောက်လျှောက် အတူနေခဲ့သလိုပေါ့။ ရန်သူဟာ MRTV, MWD ကလိုပဲ လူတွေပြောသလောက် မဆိုးလောက်ပါဘူးလို့ မျက်ကန်း တစ္ဆေမကြောက် ဖြစ်ခဲ့တာမျိုး ဖြစ်ရင်ဖြစ်မှာပေါ့လေ။

အခုတော့ ဆောမြို့ထဲရောက်လာတဲ့ စခတွေက တစ်အိမ်တက်ဆင်း လူငယ်တွေ၊ လူကြီးတွေ ဖမ်းဆီးတာ၊ ဆွဲခေါ်သွားတာ (၂၀) ဦးဝန်းကျင် ရှိတယ် သိရတယ်။ စိတ်မကောင်းစရာပဲ။ ဒီ့ထက်ဆိုးပြီး.. အဲဒီ အဖမ်းခံရတဲ့ လူတွေကို စခတွေက သူတို့စစ်ကြောင်းမှာ လူသားဒိုင်းလုပ်တာမျိုး၊ စစ်ကြောင်းရှေ့ကနေ မိုင်းရှင်းဖို့နေရာမှာ အသုံးပြုတာမျိုး ဖြစ်လာနိုင်တယ်။

ဘာပဲပြောပြော... ခုချိန်မှာ ကိုယ့်အခြေအနေမှန် ကိုယ်သိပြီး ပူးပေါင်းကြဖို့ ညီညွတ်ကြဖို့ပါ။ စကမ ဟာ ယောတွေကို အသုံးချပြီး ချင်းတွေကို ဒုက္ခပေးမယ်။ နောက်တော့ ချင်းတွေကို အသုံးချပြီး ယောတွေကို ဒုက္ခပေးမှာပဲ။ ချင်းနဲ့ယော မတည့်ကြရင်... အဲဒါကို စကမ က အမြတ်ထုတ်မှာပဲ။ သူ့အကြိုက်ဖြစ်မှာပဲ။

ယောသူ၊ ယောသားတွေလည်း သူတို့ တတ်အားသမျှ ပါဝင်တဲ့အတိုင်း တော်လှန်ရေးရလဒ် မြင်ချင်ကြမှာပါ။ လူမျိုးတစ်မျိုးစီက ကိုယ့်အားသားချက်နဲ့ကိုယ်ပါ။ ဖြစ်ပြီးသားတွေ... ဖြစ်ခဲ့တာတွေ ကျနော်တို့ ထားလိုက်ပြီး အိမ်းနီးချင်းတွေ အချင်းချင်း ပူးပေါင်းကြမယ်၊ ကူညီရိုင်းပင်းကြမယ်ဆိုရင် စစ်ကော်မရှင်ကို ခုခံတွန်းလှန်တာမှာ အများကြီး ပိုထိရောက်မှာ ဖြစ်ပါတယ်။ သင်ခန်းစာတွေယူကြပြီး အမှန်တွေ ပြင်ကြတယ်၊ အတူတူ အလုပ် လုပ်ကြတယ်ဆိုရင် ကျနော်တို့ စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိကြတဲ့ လူတွေပဲ။ ချင်းနဲ့ယော ဘိုးဘေးခေတ်ကစလို့ ကူးလူးသွားလာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာ နှစ်ပေါင်း ထောင်ချီနီးပါးတောင် ရှိတော့မယ်။ လက်သည်းဆိတ်ရင် လက်ထိပ်နာ ဆိုသလို ဖြစ်ရတဲ့လူတွေပါ။ မဆလ၊ နဝတ၊ နအဖ ခေတ်အဆက်ဆက် စစ်အစိုးရ အဆက်ဆက်က ဖွံဖြိုးတိုးတက်မှု မရှိအောင် လျစ်လျူရှုတာ၊ ချန်လှပ်တာမှာ.. ယောနဲ့ချင်းဟာ ကံကြမ္မာတူ၊ သမိုင်းတူ ပါပဲ။

ဒီတစ်ကြိမ် တော်လှန်ရေးမှာတော့... လွတ်မြောက်တဲ့သမိုင်းရေးဖို့၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးကြဖို့ အခက်အခဲတွေ၊ အတားအဆီးတွေကြားက တစ်ဦးနဲ့တစ်ဦး နားလည်သည်းခံပြီး အပြန်အလှန် ရိုင်းပင်း ပူးပေါင်းကြဖို့ပါ။

Credit: Salai Yaw Maung
မေလ ၁၅.၂၀၂၆
M2TV Channel

■ မီဇို-ချင်း ပေါင်းစည်းရေးနဲ့ စည်းလုံးရေး မီဇိုရမ် ဝန်ကြီးချုပ် ထပ်မံတိုက်တွန်း======================▪️မီဇို - ချင်း လူ...
05/03/2026

■ မီဇို-ချင်း ပေါင်းစည်းရေးနဲ့ စည်းလုံးရေး မီဇိုရမ် ဝန်ကြီးချုပ် ထပ်မံတိုက်တွန်း
======================

▪️မီဇို - ချင်း လူမျိုးစုအကြား အမျိုးသားချင်း ပေါင်းစည်းရေး (Mizo Integration) နဲ့ပတ်သက်လို့ ရိုင်းပင်းကူညီရမယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် (Chief Minister) Pu Lalduhoma က ထပ်မံ ပြောကြားလိုက်ပါသည်။

▪️ဧပြီလ ၂၉ ရက်နေ့က အိုက်ဇောမြို့မှာ ကျင်းပတဲ့ Mizo Students’ Union (MSU) ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားမှာ အခုလိုပြောကြားခဲ့ခြင်းဖြစ်ပါသည်။

▪️“Chin Hills lamah pawh kan inunauna hi sawi tam a tul hle a. Mizote hi inpumkhat tura buatsaih mek kan ni.”

“ချင်းတောင်တန်း ဒေသမှာ ငါတို့ရဲ့ ညီအစ်ကိုမောင်နှမအရင်းအချာစိတ်ကို ပိုပြီးပြောဆိုဖော်ထုတ်ဖို့ လိုအပ်တယ်။ မီဇိုတွေဟာ စည်းလုံးညီညွတ်ဖို့ ပြင်ဆင်နေကြရပါမယ်။” လို့ ဝန်ကြီးချုပ် (Chief Minister) Pu Lalduhoma က ပြောခဲ့ပါသေးသည်။

▪️MSU လို ကျောင်းသားအဖွဲ့အစည်းတွေအနေနဲ့ မီဇို-ချင်း မျိုးနွယ်စုဟာ မည်သူမည်ဝါဖြစ်ကြောင်း (Identity) ကို ခိုင်မာအောင် တည်ဆောက်ရာနဲ့ စည်းလုံးညီညွတ်မှု ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရမည်ဟုလည်း ပြောဆိုခဲ့ပါသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် (Chief Minister) Pu Lalduhoma ဟာ ချင်းတော်လှန်ရေးအဖွဲ့တွေအကြား သဘောထားကွဲလွဲမှုကို သဘောထားကြီးစွာ ဖြေရှင်းကြဖို့အပါအဝင် မီဇိုရမ်ရောက် စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး ချင်း - မီဇိုမျိုးနွယ်စုဟာ ညီအစ်ကိုရင်းချာဖြစ်ကြောင်းအစဉ် ပြောကြားလေ့ရှိပါသည်။

Credit: Mizo Student’s Union
မေလ ၀၃.၂၀၂၆
M2TV Channel

◼️ဖလမ်းမြို့‌‌ လေဆိပ်အပါအဝင် နေရာအချို့ကို စစ်တပ်ပြန်သိမ်း======================▪️ချင်းညီနောင် (CB) အဖွဲ့က တစ်နှစ်ကျော်သ...
04/25/2026

◼️ဖလမ်းမြို့‌‌ လေဆိပ်အပါအဝင် နေရာအချို့ကို စစ်တပ်ပြန်သိမ်း
======================

▪️ချင်းညီနောင် (CB) အဖွဲ့က တစ်နှစ်ကျော်သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က ဆူရ်းဘုန်းလေဆိပ်အပါအဝင် နေရာအချို့ကို စစ်ကောင်စီက ဧပြီ ၂၅ နေ့လည်ခန့်က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်းသိရှိရပါသည်။

▪️ဖလမ်းမြို့ဟာ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဆက်သွယ်ထားသလို အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းကြောင်းမြို့တစ်ခုလဲဖြစ်ပါသည်။ ၂၀၂၄ ကုန်ပိုင်က CB နဲ့မဟာမိတ်တွေက ဖလမ်းကိုသိမ်းပိုက်ထားပြီး ၂၀၂၅ တွင် CNA/F နဲ့မဟာမိတ်တစ်ချို့က CNO/CNDF ထံမှပြန်လည် သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါသည်။ ယခု စကစ ထိုးစစ်ကို CNDF, CB, CC ချင်းတပ်များခုခံခဲ့ကြသော်လည်းလေကြောင်းစစ်ကူ မခုခံနိုင်၍ နေရာအချို့လက်လွှတ်ခဲ့ရခြင်းဖြစ်ပါသည်။

M2TV Channel

▪️တေးသံရှင် David Lai မှ"Kimchi Land Music Concert" ကိုရီးယားပွဲကနေရရှိခဲ့တဲ့အလှူငွေတွေကို Mizoram ရောက်ဒဏ်ရာရရဲဘော်များ...
04/21/2026

▪️တေးသံရှင် David Lai မှ"Kimchi Land Music Concert" ကိုရီးယားပွဲကနေရရှိခဲ့တဲ့အလှူငွေတွေကို Mizoram ရောက်ဒဏ်ရာရရဲဘော်များဆေးကုစရိတ်အဖြစ်သွားရောက်ပေးအပ်
========================

▪️ David ရဲ့လူမှုစာမျက်နှာမှာလည်း

"သင်္ကြန်ရေနဲ့ အေးမြကြပါစေ…"

▪️Kimchi Land Music Concert ကိုရီးယားပွဲကနေ ကျနော့်လက်ထဲရောက်လာတဲ့ ငွေတချို့ကို ချင်းပြည်နယ်စပ်၊ အိုင်ဇောမြို့ဖက်မှာ ဆေးကုသဖို့ရောက်လာကြတဲ့ ဒဏ်ရာရရဲဘော်ညီကိုတွေအတွက် ကိုယ်ပိုင်အသုံးစရိတ်အဖြစ် ကျနော်ကိုယ်တိုင်သွားရောက် မျှဝေခဲ့ပါတယ်။

▪️အဖွဲ့အစည်းမရွေးဘဲ လက်လှမ်းမီတဲ့ safe house တွေကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။

Total in INR 629000 (ကျပ်ငွေ ၂၈၃ သိန်းကျော်)

အစစအရာရာ ကူညီလိုက်ပို့ပေးတဲ့ ဆရာဇော်ထွန်း၊ ကာမောင်းပို့ပေးတဲ့ ကိုထောင်ဘွေး တို့အပေါ် အရမ်းပဲကျေးဇူးတင်ပါတယ်". လို့‌ ‌‌ ကျေးဇူးတင်စကား ပြောဆိုဖေါ်ပြထားပါတယ်။

Credit: David Lai
ဧပြီလ ၂၁.၂၀၂၆
M2TV Channel

◼️အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ချင်းကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကာ ချင်းပြည်သူလူထုနဲ့ အာရက္ခပြ...
04/21/2026

◼️အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ချင်းကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကာ ချင်းပြည်သူလူထုနဲ့ အာရက္ခပြည်သူများအကြားအိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် တိုင်ပင်ဆွေးနွေး
==========================================

▪️ချင်းပြည်သူ့အစည်းအရုံး (CCO) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ရခိုင်ခရီးစဉ်အတွင်း အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက် သတင်းထုတ်ပြန်ပါတယ်။

▪️ဒီတွေ့ဆုံဆွေးနွေးပွဲမှာ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့သလို ချင်းပြည်သူလူထုနဲ့ အာရက္ခပြည်သူတွေအကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

▪️ဒီရခိုင်ခရီးစဉ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ချင်းပြည်သူ့အစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာတွေကိုလည်း လိုက်လံ ပြသပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

▪️ဒီခရီးစဉ်ဟာ ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာတွေနဲ့ တကွ အလွန်တရာ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Credit: Narinjara
ဧပြီလ ၂၀.၂၀၂၆
M2TV Channel

▪️Democrats အမတ် Ilhan Omar ပိုင်ဆိုင်မှု စစ်ဆေးခံရပြီးနောက် သူမရဲ့သန်းကြွယ်ဘဝ တစ်ခန်းရပ်ခဲ့ရ======================▪️ Mi...
04/20/2026

▪️Democrats အမတ် Ilhan Omar ပိုင်ဆိုင်မှု စစ်ဆေးခံရပြီးနောက် သူမရဲ့သန်းကြွယ်ဘဝ တစ်ခန်းရပ်ခဲ့ရ
======================

▪️ Minnesota US Democrats ကွန်ဂရက်အမျိုးသမီးလွှတ်တော်အမတ် ဆိုမာလီအမေရိကန် (Ilhan Omar) ကသူ့ရဲ့ ပိုင်ဆိုင်မှုဒေါ်လာသန်း (၃၀) အထိရှိခဲ့ဖူးကြောင်း စာရင်းမှားရွင်းဖြည့်သွင်းခဲ့မှုကြောင့် သန်းကြွယ်သူဌေးဘဝကို နှုတ်ဆက်အဆုံးသက်လိုက်ရ‌ ကြောင်းသိရှိရပါသည်။ ယခု ပြန်လည်ပြင်ဆင်လိုက်သော ပိုင်ဆိုင်မှုဖိုင်တွင်မူသူမနှင့် သူမ၏ခင်ပွန်းပိုင်ဆိုင်မှုသည် တန်ဖိုး $95k( ၉၅၀၀၀) မျှသာရှိသည်ဟု ဖေါ်ပြထားပါသည်။ ယခု ၂၀၂၆ နှစ်အစောပိုင်းတွင် Minnesota ကွန်ဂရက်အမျိုးသမီးလွှတ်တော်အမတ်(Ilhan Omar)၏ ချမ်းသာကြွယ်ဝမှုကို‌ ဝေဖန်ခံရမှုမြင့်တက်လာပြီးနောက် ကွန်ဂရက်လွှတ်တော်က ကျင့်ထုံးများအရ ပိုင်ဆိုင်မှုစစ်ဆေး တောင်းဆိုပြီးနောက် ယခုလိုပြန်လည်ပြင်ဆင်ထားသည့် ထုတ်ဖော်မှုထွက်ပေါ်လာခြင်းလည်းဖြစ်ပါသည်။

Ref: Fox News
ဧပြီလ ၂၀.၂၀၂၆
M2TV Channel

◼️ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် သင်္ကြန်ပွဲကျင်းပ=======================================▪️အမေရိကန်ပြည်ထောင်စု...
04/19/2026

◼️ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် သင်္ကြန်ပွဲကျင်းပ
=======================================

▪️အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် (DMV area) မှာနေထိုင်ကြတဲ့ မြန်မာပြည်ဖွားများ အတူတကွ အတာင်္သကြန်ပွဲတော်ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။

“၂၀၂၆ စည်းလုံးခြင်းသင်္ကြန်” ပွဲမှာ မြန်မာ့ရိုးရာအစားအစာ၊ တေးသီချင်း၊ အဆိုအက များဖြင့်စညိကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။

▪️မြန်မာ့နှစ်သစ်ကူးမျိုးဆက်သစ်များဖြင့်ဆက်လက်ရှင်သန်ကြမယ်၊နှစ်သစ်မှစ၍နေရာမှန်လူမှန်ဖြင့်သာယာအေးချမ်းတဲ့နိုင်ငံတော်အဖြစ်အမြန်တည်ထောင်နိုင်ပါစေ လို့လည်းဆုမွန်ကောင်းတောင်းထားကြပါတယ်။

ဧပြီလ ၁၈.၂၀၂၆
Ref: Anti Dictatorship in Burma - DC Metro Area
M2TV Channel

Address

Baltimore, MD

Website

Alerts

Be the first to know and let us send you an email when M2TV Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share