Swal Lhaay လှော်တက်တွေ ညီနေရင် ရေစီးကြမ်းလည်း
ဖောင်တော် ကို ဆွဲနိုင်ပါတယ်

01/05/2026

အားလုံးပဲ မင်္လာပါရှင့်

📌📌ဒီလ ကျွန်မတို့ အမှတ် 1009 တပ်ရင်း
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်အတွက်
3 လစာ ဆန်အိတ် အလုံး 180 ကို
ထောက်ပို့ပြည်သူတွေထံ
အကူညီတောင်းချင်ပါတယ် ။

အစစအရာရာကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ ဆန်ဈေးတွေလဲ တရိပ်ရိပ်တက်နေတာမို့
3 လစာ ဆန်ကြိုစုထားချင်လို့ပါ။

ဆန်တစ်အိတ် -130,000 ကျပ်

ပမာဏ သတ်မှတ်ထားတာမျိုးမရှိလို့
ကိုယ်နိုင်ရာပမာဏနဲ့ပါ၀င်ပေးလို့ရပါတယ်ရှင့် ။

ပို့စ်ကို လူများများမြင်လေ ကူနိုင်တဲ့သူ ပိုများလေမို့
RCS လုပ်ပေးခြင်းဖြင့်လဲ ကူညီပေးကြပါနော်

#အင်းလေးသို့အပြန်

#ဆန်အိတ်

01/05/2026

အင်းလေးတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စစ်မှုထမ်းကြေးကြောင့် ဒေသခံများ စီးပွားရေးကြပ်တည်းနေ၊

ငွေမကောက်သည့် အုပ်ချုပ်ရေးမှူးများပါ ခြိမ်းခြောက်ခံနေရ

​အင်းလေး #၃၀- ဧပြီ -၂၀၂၆

​ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးထွက်နှုန်းများ
ကျဆင်းနေချိန်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လမ်းပန်းဆက်သွယ်ရေခက်ခဲမှု့ လောင်စာဆီ ဈေးမြင့်တက်
မှု့တို့ကြောင့် ထွက်ကုန်များ ဈေးမရသည့်အတွက်စစ်မှုထမ်းကြေး ကောက်ခံမှုများကြောင့် ဒေသခံပြည်သူ
များ စားဝတ်နေရေး အကြီးအကျယ် ကြပ်တည်းလျက်ရှိကြောင်း သိရသည်။

အင်းလေးဒေသ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများမှာ ရာသီဥတုဒဏ်ကြောင့် အထွက်
နှုန်း သိသိသာသာ လျော့နည်းနေပြီး၊ တစ်ဖက်တွင်လည်း အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အဆ
မတန် မြင့်တက်လျက်ရှိသည်။ ထိုသို့သော အခြေအနေတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်း
ရန်အတွက် ငွေကြေးများကို အဓမ္မကောက်ခံနေပြီး၊ ငွေမထည့်နိုင်ပါက စစ်တပ်ကိုခေါ်၍ ဖမ်းဆီးခိုင်းမည်
ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

​ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က သန်းထောင်ဈေးတွင် ဈေးရောင်းဈေးဝယ်လုပ်နေစဉ် ကားတစ်စီးနောက်
တွင် လူများရပ်၍ မောင်းနှင်လာသည်ကို မြင်တွေ့ရသဖြင့် စစ်တပ်လာပြီအထင်နှင့် လူထုမှာ ထိတ်လန့်
တကြား ထွက်ပြေးခဲ့ကြသောကြောင့် ဈေးခေတ္တပျက်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းဖြစ်
ရပ်က ဒေသခံပြည်သူများအကြား စစ်တပ်အပေါ် မည်မျှအထိ ကြောက်ရွံ့ထိတ်လန့်နေရသည်ကို မီးမောင်း
ထိုးပြနေသည်။

​​လူထု၏ ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာသဖြင့် စစ်မှုထမ်းကြေး မကောက်ခံသည့် ရပ်ကျေးဥက္ကဋ္ဌအချို့ကို
လည်း စစ်တပ်ထောက်ခံသူများက ပြန်လည်ခြိမ်းခြောက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

​အလားတူ ငဖယ်ချောင်းအုပ်စုတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမဲဆန္ဒနယ်
တွင် ဝင်ရောက်ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သူ မိအို (ခ) စန္ဒာလွင် ကိုယ်တိုင် စစ်မှုထမ်းကြေးများကို ဖိအားပေး
အဓမ္မကောက်ခံနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

​လက်ရှိတွင် အင်းလေးဒေသခံများသည် သဘာဝဘေးအန္တရာယ်ကြောင့် စီးပွားရေးပျက်ပြားနေသည့်
အပြင်၊ လူသားချင်းစာနာမှုကင်းမဲ့သည့် ဖိအားပေးငွေကောက်ခံမှုများကြောင့် ဘဝရပ်တည်ရန် ခက်ခဲ
နေကြကြောင်း သတင်းရရှိပါသည်။

27/04/2026

"မင်းအောင်လှိုင်သမ္မတဖြစ်ရေး သေပေးရတာကို တိုင်းပြည်အတွက် သေရတာ"ဟု အယူ မှားနေကြဆဲ

#အာဏာရူးအတွက်သေကြသူများ
#နေပြည်တော်သတင်း

လူထု သတင်းစာတိုက်

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Swal Lhaayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Swal Lhaay:

ทางลัด

แชร์