12/07/2025
ဆိတ်တစ်ကောင်က မြည်းတစ်ကောင်ကို
ကြိုက်မိသွားတယ်။
မြည်းက ပြောတယ်... " ငါ နင့်ကိုငေါက်တာ၊ ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကို တကယ်ချစ်လို့ပေါ့" တဲ့။
ဒီလိုနဲ့ ဆိတ်ဟာ မြည်းအလိုကို လိုက်ခဲ့တယ်၊ သည်းခံခဲ့တယ်။ မြည်းငေါက်တာ ကန်တာကို လက်ခံနိုင်ခဲ့တယ်။ ၁ နှစ်... ၂ နှစ်... ဆယ်နှစ် အကြာမှာတော့ မြည်းကို ဆိတ်က ထားခဲ့လိုက်တော့တယ်။
၁၀ နှစ်တောင် စွဲစွဲမြဲမြဲ ရှိခဲ့တာပဲ ဘာလို့ တစ်သက်တာအထိ မထိန်းထားသလဲ လို့ ဆိတ်ကို တစ်ချို့က မေးတော့ ဆိတ်က...
"၁၀ နှစ်တာ ကာလနဲ့ ငါ့ရဲ့စစ်မှန်ခြင်းကို
ငါ သက်သေ ပြခဲ့ပြီးပြီ။
အခုလက်ကျန် အချိန်နဲ့ ငါ့ရဲ့ဂုဏ်သိက္ခာကို
ငါ ကာကွယ်ရတော့မယ်"တဲ့ ဒါကြောင့် ဘယ်လောက်ပဲ မြတ်နိုးနေပါစေ ဘယ်လောက်ပဲ ချစ်နေပါစေ တန်ဖိုး မထားရင် ငါလည်း လက်လွှတ်တတ်၊ စွန့်ပစ်တတ်တယ် ဆိုတာမျိုးပေါ့ စီးပွားရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊ ဒါမှမဟုတ် အိမ်ထောင်ရေးပဲ ဖြစ်ဖြစ် အရာအားလုံး အားလုံးက တန်ဖိုးထားတတ်မှ ပိုင်ဆိုင်ဖို့ ထိုက်တယ်။
သင့်အလို လိုက်လျောသူဟာ မစဉ်းစား မတွေးခေါ်တတ်သူ မဟုတ်ပါဘူး။ သင့်အနား မခွာရက်နိုင်သူပါ။ ဘာမဆို သင့်ကို လုပ်ခွင့်ပေးသူဟာ ငတုံးငအ,မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။
နေကောင်းလား၊ ဘာလုပ်နေလဲ မကြာခဏ မေးသူဟာ ပြောစရာစကား မရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဂရုစိုက်သူပါ။ သင့်အပေါ်ကောင်းတာဟာ သင့်ကို ပေးဆပ်စရာရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဆွေမျိုးသားချင်းလို သဘောထားလို့ပါ။
စစ်မှန်သူ အချင်းချင်းက လျှောက်ရင်း လှမ်းရင်း ရင်ထဲ တိုးဝင်ကြတယ်။ ဟန်ဆောင်သူက လျှောက်ရင်း လျှောက်ရင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။
လူလူချင်း တွေ့ဆုံဖို့ အတွက် ကံတရား လိုတယ်။ လူလူချင်း ပေါင်းသင်းဆက်ဆံဖို့ အတွက် ရိုးသားစစ်မှန်ခြင်း လိုပါတယ်။