เว็บไซต์

HAK VAULT https://www.behance.net/studiohakvlogs Keeping all the good memories of my life!

ကျွန်တော့်ဘဝရဲ့ နောက်ဆုံးစီးကရက် 🚬📅 June 8, 2026 | 8:17 PMဒီဓာတ်ပုံထဲက ဆေးလိပ်တစ်လိပ်ဟာ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးဆေးလိပ်...
14/10/2026

ကျွန်တော့်ဘဝရဲ့ နောက်ဆုံးစီးကရက် 🚬

📅 June 8, 2026 | 8:17 PM

ဒီဓာတ်ပုံထဲက ဆေးလိပ်တစ်လိပ်ဟာ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးဆေးလိပ်တစ်လိပ်ပါပဲ…

ကျွန်တော် အသက် ၂၀ ကတည်းက ဆေးလိပ်ကို နေ့တိုင်းလိုလို သောက်ခဲ့တာ… အခုဆို အသက် ၃၉ နှစ်ပြည့်ခါနီးပါပြီ…

တကယ်တော့ ဒါ ဒုတိယအကြိမ် ဆေးလိပ်ဖြတ်တာပါ…

၂၀၁၆ ခုနှစ်တုန်းက Photoshoot တစ်ခုမှာ ပြေးရင်း ရင်ဘတ်ထဲ စူးစူးရှရှ နာခဲ့လို့ ဆေးလိပ်ဖြတ်ခဲ့ဖူးတယ်… ၂၀၁၉ ခုနှစ်အထိ မသောက်ဖြစ်ခဲ့ဘူး…

ဒါပေမဲ့ COVID-19 တတိယလှိုင်းမှာ ရောဂါကနေ ပြန်ကောင်းလာပြီးနောက် ဆေးလိပ်ပြန်သောက်ဖြစ်ခဲ့တယ်…

တော်တော်မိုက်မဲခဲ့တာပါပဲ…

အခုတော့ ကျွန်တော့်ရဲ့ LDL (မကောင်းတဲ့ Cholesterol) က ရှိသင့်တာထက် အများကြီး မြင့်နေပြီ…

ဒီအခြေအနေမှာ ဆေးလိပ်ဆက်သောက်နေရင် နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် အန္တရာယ်ပိုများလာနိုင်တယ်… နောင်တစ်ချိန်မှာ ကြီးမားတဲ့ ဆေးကုသမှုတွေ ခံယူရတဲ့အထိ မဖြစ်ချင်ဘူး…

တစ်ခုတော့ ဝန်ခံပါရစေ…

ကျွန်တော် ဆေးလိပ်သောက်ရတာ တကယ်ကြိုက်ပါတယ်…

ကော်ဖီတစ်ခွက်နဲ့ ဆေးလိပ်တစ်လိပ်… အလုပ်တွေပြီးလို့ အနားယူချိန် ဆေးလိပ်တစ်လိပ်… ဒါတွေက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့တာ နှစ်ပေါင်းများစွာပါပဲ…

ဒါပေမဲ့…

ကျွန်တော် ဆေးလိပ်ထက် ကျွန်တော့်ဘဝကို ပိုချစ်ပါတယ်…

ကျွန်တော် မသေချင်သေးဘူးဗျ…

လုပ်ချင်တာတွေ၊ အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တွေ အများကြီး ကျန်သေးတယ်… ချစ်ရတဲ့သူတွေနဲ့လည်း အချိန်တွေအများကြီး ထပ်ဖြတ်သန်းချင်သေးတယ်…

အဲ့ဒါတွေကို ဆေးလိပ်တစ်လိပ်နဲ့တော့ မလဲနိုင်ဘူး…

ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်း အသက်ရှူရတာ ပိုကောင်းလာတယ်… လှုပ်ရှားရတာ ပိုသက်သောင့်သက်သာရှိလာတယ်… အသားအရေလည်း ပိုကြည်လာသလို ခံစားရတယ်… နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာသလို ခံစားမိတယ်…

ဆေးလိပ်ဖြတ်တာက လွယ်တော့ မလွယ်ပါဘူး… ဒါပေမဲ့ တန်ပါတယ်…

ဒီစာဖတ်နေတဲ့ ဆေးလိပ်သောက်သူတွေကိုလည်း ပြောချင်တာတစ်ခုရှိတယ်…

ဆေးလိပ်ဖြတ်ပါ… ကိုယ့်အတွက်တင် မဟုတ်ဘူး… ကိုယ့်ကိုချစ်တဲ့သူတွေအတွက်ပါ…

ကိုယ်ရှူထုတ်တဲ့ ဆေးလိပ်ငွေ့က ကိုယ့်အနားမှာရှိတဲ့သူတွေကိုပါ ထိခိုက်စေနိုင်တယ်… ကိုယ်ကျန်းမာရေးထိခိုက်တဲ့နေ့မှာလည်း ကိုယ်တစ်ယောက်တည်း ခံစားရတာ မဟုတ်ဘူး… ကိုယ့်ကိုချစ်တဲ့သူတွေလည်း ခံစားကြရမှာပါ…

ဆေးလိပ်ဖြတ်ဖို့ နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး…

နောက်ဆုံးအနေနဲ့ ကျွန်တော့်အတွက် အနာကျင်ရဆုံး အကြောင်းအရာတစ်ခုကိုလည်း ပြောပြချင်ပါတယ်…

ကျွန်တော့်အဖေက ဆေးပေါ့လိပ်ကို အရမ်းကြိုက်ခဲ့တဲ့သူပါ… နှစ်ပေါင်းများစွာ ဆေးပေါ့လိပ်‌တွေသောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကျွန်တော်တို့ကို ထားခဲ့ပါတယ်…

ဆေးလိပ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကျွန်တော် စာအုပ်ထဲမှာတင် ဖတ်ခဲ့ရတာ မဟုတ်ပါဘူး…

ကိုယ့်အဖေကိုယ်တိုင်ကို ဆုံးရှုံးခဲ့ရတဲ့အထိ ကြုံခဲ့ရတာပါ…

ဒါပေမဲ့ အဲ့ဒီလို ကြုံခဲ့ရတဲ့ ကျွန်တော်ကိုယ်တိုင်ကပဲ မိုက်မဲစွာဆေးလိပ်ပြန်သောက်ခဲ့မိတယ်…

အခု ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် မေးမိတယ်…

အဖေ့ကို ဆုံးရှုံးခဲ့ရတာတောင် ငါ ဘာလို့ သင်ခန်းစာ မယူနိုင်ခဲ့တာလဲလို့…

အဖေ့ကို ဒီနေ့အထိ သတိရနေတုန်းပါပဲ…

ကျွန်တော်ချစ်တဲ့သူတွေကိုလည်း တစ်နေ့ကျရင် ကျွန်တော့်ကြောင့် ဒီလိုခံစားချက်မျိုး မခံစားစေချင်ဘူး…

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ဟာ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးဆေးလိပ်တစ်လိပ်ကို သောက်ခဲ့တဲ့နေ့ပါပဲ...

13/10/2026

လေတွေမိုးတွေရှယ်ကြမ်း 😲

13/10/2026

ကျွတ်ဆင်ကြီးကွာ 😯😯😯

13/10/2026

YYSS Portraits EP: I don't even know 📸
feat: Thein Mwave Than Sin
©HakVault

11/10/2026

ဆရာမလေးကို အပြေးပြိုင််ပွဲ လိုက်ပို့ပြီး အိမ်ပြန်အိပ်ပျော် 😆

Fisheye Lens နဲ့လည်း Portrait Photography ရိုက်လို့ရပါတယ်… 📸Photography မှာ Lens တစ်လုံးကို ဘာအတွက်ထုတ်ထားလဲဆိုတာထက် ကို...
10/10/2026

Fisheye Lens နဲ့လည်း Portrait Photography ရိုက်လို့ရပါတယ်… 📸

Photography မှာ Lens တစ်လုံးကို ဘာအတွက်ထုတ်ထားလဲဆိုတာထက် ကိုယ်က အဲ့ဒီ Lens ရဲ့ Character ကို ဘယ်လောက်နားလည်ပြီး အသုံးချနိုင်လဲဆိုတာ ပိုအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်…

ဒီပုံတွေကို Fujifilm X-T4 နဲ့ Samyang 8mm f/2.8 UMC Fisheye II Lens အသုံးပြုပြီး ရိုက်ကူးထားတာပါ…

Location ကတော့ အဖြူရောင် Tiles တွေနဲ့ ကာထားတဲ့ Bathroom သေးသေးလေးတစ်ခုပါပဲ… Lighting အတွက်လည်း Aputure MC RGB Light အသေးလေးတွေကို အသုံးပြုထားပါတယ်…

Fisheye Lens နဲ့ Portrait ရိုက်လို့ရလား…?

ပုံမှန်အားဖြင့် Fisheye Lens တွေကို Architecture, Landscape နဲ့ Creative Photography တွေအတွက် အသုံးများကြပါတယ်… ဘာကြောင့်လဲဆိုတော့ သူတို့မှာ အလွန်ကျယ်ပြန့်တဲ့ Field of View ရှိသလို ပုံမှန် Wide Angle Lens တွေထက်လည်း Distortion ပိုသိသာလို့ပါ…

ဒါပေမဲ့ ကျွန်တော့်အတွက်တော့ Fisheye Lens က Creative Portrait Photography အတွက်လည်း တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ Lens တစ်လုံးပါပဲ…

အဓိကက Distortion ကို ဘယ်လို Control လုပ်မလဲဆိုတာပါ…

Fisheye Lens မှာ Subject ကို Frame ရဲ့ ဘယ်နေရာထားမလဲ၊ Camera နဲ့ ဘယ်လောက်အကွာအဝေးမှာထားမလဲ၊ ဘယ်လို Angle ကနေ ရိုက်မလဲဆိုတာတွေက အရမ်းအရေးကြီးပါတယ်…

ဥပမာ မျက်နှာကို Frame ရဲ့ အလယ်ပိုင်းနားမှာထားရင် ပိုပြီး Natural ဖြစ်တဲ့ Facial Proportion ကို ရနိုင်ပါတယ်… Frame ရဲ့ အစွန်းပိုင်းတွေကို ရောက်သွားရင်တော့ Distortion ပိုသိသာလာနိုင်ပါတယ်…

Camera နဲ့ အရမ်းနီးတဲ့ လက်တွေ၊ ခြေထောက်တွေကိုလည်း ပုံမှန်ထက် အများကြီးကြီးမားနေသလို မြင်ရစေနိုင်ပါတယ်…

ဒါကို မသိဘဲရိုက်ရင် Portrait တစ်ပုံက ပုံပျက်နေသလို ဖြစ်နိုင်ပေမဲ့ သိသိကြီးနဲ့ အသုံးချရင်တော့ အဲ့ဒီ Distortion ကိုယ်တိုင်က Creative Element တစ်ခု ဖြစ်လာနိုင်ပါတယ်…

ဒီပုံတွေထဲမှာလည်း တချို့ပုံတွေကို Subject ရဲ့ Proportion မပျက်အောင် ထိန်းပြီးရိုက်ထားသလို တချို့ပုံတွေမှာတော့ Distortion ကို တမင် Exaggerate လုပ်ပြီး Perspective ကို ပိုပြီး Dramatic ဖြစ်အောင် အသုံးချထားပါတယ်…

Lighting နဲ့ Location အကြောင်းပြောရရင်…

Bathroom ရဲ့ အဖြူရောင် Tiles တွေက RGB Lighting အတွက် အတော်လေးအသုံးဝင်ပါတယ်… အလင်းရောင်တွေက Tiles ပေါ်မှာ Reflect ဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အရောင်လွှမ်းသွားစေပါတယ်…

Cyan, Blue, Orange နဲ့ Magenta Tone တွေကို အသုံးပြုပြီး Color Contrast ဖန်တီးထားတာပါ…

Tiles တွေရဲ့ Grid Lines တွေကလည်း Fisheye Lens ရဲ့ Curved Perspective ကို ပိုပြီးသိသာစေသလို Composition အတွက် Leading Lines တွေအဖြစ်လည်း အသုံးဝင်ပါတယ်…

နောက်တစ်ချက်က ဒီ Samyang 8mm Lens ဟာ Manual Focus Lens ဖြစ်ပါတယ်… Autofocus မရှိတဲ့အတွက် Focus ကို ကိုယ်တိုင်ချိန်ရပါတယ်… Manual Lens ဖြစ်တယ်ဆိုတာ Creative Portrait ရိုက်လို့မရဘူးလို့ မဆိုလိုပါဘူး…

ဒီလို Lens မျိုးမှာ Focus, Distance, Perspective နဲ့ Subject Placement တွေကို ပိုပြီးသတိထားဖို့ပဲ လိုပါတယ်…

နောက်ဆုံးပြောချင်တာက…

Portrait Photography ဆိုတာ 35mm, 50mm, 85mm လို Lens တွေနဲ့ပဲ ရိုက်ရမယ်ဆိုတဲ့ စည်းမျဉ်းမရှိပါဘူး…

Fisheye Lens နဲ့လည်း Portrait ကောင်းကောင်းရိုက်နိုင်ပါတယ်… Distortion ကို လုံးဝဖျောက်ပစ်ဖို့ ကြိုးစားတာထက် အဲ့ဒီ Distortion ကို ဘယ်နေရာမှာ ထိန်းမလဲ၊ ဘယ်နေရာမှာ အသုံးချမလဲဆိုတာ သိဖို့ပဲလိုပါတယ်…

Location အကြီးကြီး၊ Lighting Equipment အများကြီး မရှိလည်း ကိုယ့်မှာရှိတဲ့ Equipment တွေရဲ့ Character ကို နားလည်ပြီး Creative ဖြစ်အောင် အသုံးချတတ်ရင် စိတ်ဝင်စားစရာ ပုံတွေ ဖန်တီးနိုင်ပါတယ်…

Photography မှာ Equipment ရဲ့ Limitation ကို သိဖို့လိုသလို အဲ့ဒီ Limitation ကို Creative Advantage အဖြစ် ပြောင်းလဲအသုံးချတတ်ဖို့လည်း လိုပါတယ်…

feat : May Thu Kyaw

ရိုးရိုးရှင်းရှင်း Portraits လေးတွေ မရိုက်ဖြစ်တာကြာတော့ ပြန်ရိုက်ဖြစ် 📷feat: Thein Mwave Than Sin
10/10/2026

ရိုးရိုးရှင်းရှင်း Portraits လေးတွေ မရိုက်ဖြစ်တာကြာတော့ ပြန်ရိုက်ဖြစ် 📷

feat: Thein Mwave Than Sin


09/10/2026

what about this phone? why?


Social Media ပေါ်က Quality နဲ့ တကယ်ပေးတဲ့ Service Quality တူရဲ့လား…?အခုခေတ် Social Media ပေါ်မှာ Reels တွေ၊ Shorts တွေ၊ ...
08/10/2026

Social Media ပေါ်က Quality နဲ့ တကယ်ပေးတဲ့ Service Quality တူရဲ့လား…?

အခုခေတ် Social Media ပေါ်မှာ Reels တွေ၊ Shorts တွေ၊ Promotional Videos တွေ ကြည့်လိုက်ရင် အတော်လေးကို အထင်ကြီးစရာကောင်းပါတယ်…

Cinematic ရိုက်ချက်တွေ၊ လှပတဲ့ Lighting တွေ၊ Professional ဆန်တဲ့ Editing တွေနဲ့ Content တွေက အကောင်းစားတွေချည်းပါပဲ…

ဒါပေမဲ့ တကယ်တမ်း အဲဒီလုပ်ငန်းတွေရဲ့ Service ကို သွားယူကြည့်တဲ့အခါမှာတော့ ကြော်ငြာထဲက Quality နဲ့ လက်တွေ့ရရှိတဲ့ Quality က တခြားစီဖြစ်နေတတ်ပါတယ်…

ဒီကိစ္စက Photography, Videography လုပ်ငန်းတွေတင် မဟုတ်ပါဘူး…

စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ Beauty Services တွေ၊ ကားရောင်းဝယ်ရေး၊ အိမ်ခြံမြေနဲ့ အခြား Service Industry တွေအထိ အကျုံးဝင်ပါတယ်…

ကြော်ငြာထဲမှာတော့ အရာအားလုံး Perfect ပါပဲ…

တကယ်တမ်း Customer တွေ ပေးလိုက်ရတဲ့ငွေနဲ့ ပြန်ရတဲ့ Service ကို နှိုင်းယှဉ်ကြည့်တဲ့အခါ Price to Performance က လုံးဝမကောင်းတာမျိုးတွေ ရှိနေပါတယ်…

နောက်ထပ် စဉ်းစားစရာကတော့ Social Media Influencer Marketing ပါပဲ…

လုပ်ငန်းတချို့က နာမည်ကြီး Influencer တွေ၊ Content Creator တွေကို Fees ပေးပြီး သူတို့ရဲ့ Product တွေ၊ Service တွေကို ကြော်ငြာခိုင်းကြပါတယ်…

ဒါက Marketing နည်းလမ်းတစ်ခုဖြစ်လို့ အပြစ်ပြောစရာ မရှိပါဘူး…

ပြဿနာက တကယ်မကောင်းတဲ့ Product ဒါမှမဟုတ် Service ကိုတောင် အခကြေးငွေယူထားတာကြောင့် အကောင်းချည်း ပြောပေးနေတဲ့အခါမျိုးပါ…

တကယ်သုံးကြည့်ပြီး Honest Review ပေးတာနဲ့ ပိုက်ဆံယူပြီး ကြော်ငြာပေးတာဟာ မတူပါဘူး…

ဒါပေမဲ့ တချို့ Content တွေမှာ အဲဒီနှစ်ခုကြားက ကွာခြားချက်ကို ပရိသတ်က မသိနိုင်အောင် ဖြစ်နေတတ်ပါတယ်…

Influencer ကတော့ Fees ရသွားတယ်…

လုပ်ငန်းကတော့ အရောင်းတက်သွားတယ်…

နောက်ဆုံးမှာ တကယ်ပိုက်ဆံပေးပြီး ဝယ်ယူသုံးစွဲတဲ့ Customer တွေကပဲ မျှော်လင့်ထားသလို မရတဲ့အခါ နစ်နာရပါတယ်…

ဒီနေရာမှာ Influencer အားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး… ကိုယ်တိုင်စမ်းသပ်ပြီး အမှန်အတိုင်း Review ပေးတဲ့သူတွေ၊ Paid Promotion ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြတဲ့သူတွေလည်း ရှိပါတယ်…

ဒါပေမဲ့ ကိုယ့်ကို ယုံကြည်အားပေးနေတဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို အခကြေးငွေနဲ့ လဲလှယ်ပြီး မကောင်းတာကို ကောင်းတယ်လို့ ပြောပေးနေတယ်ဆိုရင်တော့ ဒါဟာ တာဝန်ယူမှုမရှိတဲ့ လုပ်ရပ်တစ်ခုပါပဲ…

တကယ်တော့ လုပ်ငန်းတစ်ခုအနေနဲ့ Marketing ကောင်းတာ၊ Branding ကောင်းတာ၊ Influencer တွေသုံးပြီး ကြော်ငြာတာတွေဟာ မှားယွင်းတဲ့အရာတွေ မဟုတ်ပါဘူး…

Marketing Quality မြင့်လာတာနဲ့အမျှ တကယ်ပေးတဲ့ Product နဲ့ Service Quality ကလည်း လိုက်မြင့်လာဖို့ လိုပါတယ်…

Customer တွေကလည်း Social Media ပေါ်က လှပတဲ့ Content တွေ၊ နာမည်ကြီးသူတွေရဲ့ ထောက်ခံပြောဆိုမှုတွေကိုပဲ အခြေခံပြီး ဆုံးဖြတ်မယ့်အစား တကယ့်အသုံးပြုသူတွေရဲ့ Reviews နဲ့ အတွေ့အကြုံတွေကိုပါ လေ့လာဖို့ လိုပါတယ်…

Content ကောင်းတစ်ခုက Customer ကို ပထမတစ်ကြိမ် ရောက်လာအောင် ဆွဲဆောင်နိုင်ပါတယ်… ဒါပေမဲ့ Service ကောင်းမှသာ ဒုတိယအကြိမ် ပြန်လာချင်အောင် လုပ်နိုင်မှာပါ…

နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခုလည်း ပြောပြချင်ပါတယ်…

ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က Social Media Influencer လို့ ခေါ်ကြတဲ့ အလုပ်တွေ လုပ်ခဲ့ဖူးပါတယ်…

အဲဒီအချိန်မှာ ကိုယ့်ရဲ့ Honest Opinion ကို လွတ်လွတ်လပ်လပ် ပြောခွင့်မပေးဘဲ သူတို့ပြောစေချင်တာကိုပဲ ပြောခိုင်းတဲ့ Clients တချို့နဲ့လည်း ကြုံခဲ့ဖူးပါတယ်…

Product တစ်ခု၊ Service တစ်ခုကို ကိုယ်တိုင်မြင်တဲ့အတိုင်း၊ ခံစားရတဲ့အတိုင်း ပြောပြချင်ပေမဲ့ တစ်ဖက်ကတော့ သူတို့လိုချင်တဲ့ အကောင်းမြင်စကားတွေပဲ ပြောစေချင်တာမျိုးပေါ့…

စီးပွားရေးအရ သူတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်ပေးလို့ရပါတယ်… ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကိုယ့်ကို ယုံကြည်အားပေးနေတဲ့ ပရိသတ်တွေကို အမှန်မဟုတ်တာတွေ ပြောပြဖို့က တော်တော်လေး ခက်ခဲပါတယ်…

အဲဒါကြောင့်လည်း ကျွန်တော်ဟာ အဲဒီလို Social Influencer အလုပ်တွေကနေ တဖြည်းဖြည်း အနားယူပြီး ကိုယ့်ရဲ့ မူလအသက်မွေးဝမ်းကျောင်းဖြစ်တဲ့ Professional Photography Career ဘက်ကိုပဲ ပြန်ပြီး အာရုံစိုက်လာခဲ့တာပါ…

ပိုက်ဆံဆိုတာ ဘယ်သူမလိုချင်ဘဲ နေမှာလဲဗျာ…

ကျွန်တော်လည်း လိုချင်တာပေါ့…

ဒါပေမဲ့ ပိုက်ဆံရဖို့အတွက် ကိုယ့်ရဲ့ Honest Opinion ကို ဘေးဖယ်ထားပြီး သူများခိုင်းသမျှ အကောင်းချည်း လိုက်ပြောပေးရမယ့် အလုပ်မျိုးကိုတော့ ကျွန်တော့်အတွက် ဆက်လုပ်ဖို့ တော်တော်ခက်ပါတယ်…

အလုပ်တစ်ခုမှာ Professional ဖြစ်ဖို့ လိုသလို ကိုယ့်ရဲ့ စကားတစ်ခွန်းအပေါ် ယုံကြည်ထားတဲ့သူတွေအတွက်လည်း တာဝန်ယူမှုရှိဖို့ လိုတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်…

လူတစ်ယောက်ရဲ့ Lifestyle ကောင်းကောင်းကို မြင်ရင်“ဒီလူ တော်တော်အဆင်ပြေတာပဲ” လို့ ကျွန်တော်တို့ အလွယ်တကူ ထင်တတ်ကြတယ်…အိမ်ကေ...
06/10/2026

လူတစ်ယောက်ရဲ့ Lifestyle ကောင်းကောင်းကို မြင်ရင်
“ဒီလူ တော်တော်အဆင်ပြေတာပဲ” လို့ ကျွန်တော်တို့ အလွယ်တကူ ထင်တတ်ကြတယ်…

အိမ်ကောင်းကောင်းနေတာ
ကားကောင်းကောင်းစီးတာ
ဖုန်းနောက်ဆုံးပေါ်သုံးတာ
စားသောက်ဆိုင်ကောင်းကောင်းတွေ သွားတာ
ခရီးတွေ မကြာခဏထွက်တာ
ကိုယ်ကြိုက်တဲ့ပစ္စည်းတွေ ဝယ်နိုင်တာ…

အပြင်ကကြည့်ရင် အောင်မြင်ပြီး Lifestyle ကောင်းကောင်းနေနိုင်တဲ့သူတစ်ယောက်လိုပဲ။

ဒါပေမယ့် ကျွန်တော်တို့ မမြင်ရတာတွေ ရှိတယ်…

အဲ့ဒီ Lifestyle ကို ထိန်းထားဖို့ တစ်လဘယ်လောက်ကုန်နေလဲ
အိမ်၊ ကားနဲ့ ပစ္စည်းတွေအတွက် အကြွေးဘယ်လောက်ကျန်သေးလဲ
လစဉ်ပေးစရာတွေ ဘယ်လောက်ရှိလဲ
ဝင်ငွေရပ်သွားရင် ဘယ်နှလလောက် အေးအေးဆေးဆေး နေနိုင်မလဲ…

ဒါတွေကို အပြင်ကနေ မမြင်နိုင်ဘူး။

အထူးသဖြင့် အရစ်ကျနဲ့ ပစ္စည်းဝယ်တဲ့အခါ လူတော်တော်များများ တွက်မိတတ်တာတစ်ခုရှိတယ်…

“တစ်လ ဒီလောက်ပဲ ပေးရမှာဆိုတော့ တတ်နိုင်ပါတယ်”

ဆိုတဲ့ တွက်နည်းပါ။

တကယ်တော့…

တစ်လဘယ်လောက်ပေးနိုင်လဲဆိုတာနဲ့
အဲ့ဒီ Lifestyle ကို ကိုယ်တကယ်တတ်နိုင်လားဆိုတာ မတူပါဘူး။

ကားတစ်စီးဆိုလည်း အရစ်ကျရှိမယ်
အတိုးရှိမယ်
ဆီဖိုးရှိမယ်
ပြုပြင်ထိန်းသိမ်းစရိတ်ရှိမယ်
အာမခံ၊ အခွန်နဲ့ တခြားကုန်ကျစရိတ်တွေရှိမယ်
နောက်ဆုံး တန်ဖိုးကျသွားတာလည်း ရှိသေးတယ်…

အိမ်၊ ဖုန်း၊ ပစ္စည်းတွေလည်း အတူတူပါပဲ။

တစ်ခုချင်းစီကြည့်ရင်
“ဒီလောက်လေးပါ” ဆိုပေမယ့်…

အကုန်ပေါင်းလိုက်တဲ့အခါ ကိုယ့်ဝင်ငွေရဲ့ အများစုက လက်ထဲမရောက်ခင်ကတည်းက ပေးစရာရှိပြီးသား ဖြစ်နေနိုင်ပါတယ်။

အရစ်ကျတစ်ခုယူလိုက်တိုင်းလည်း…

ကိုယ့်ရဲ့ အနာဂတ်ဝင်ငွေတစ်စိတ်တစ်ပိုင်းကို ဒီနေ့ကတည်းက ကြိုသုံးထားလိုက်တာနဲ့ တူပါတယ်။

Lifestyle က တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ
အဲ့ဒီ Lifestyle ကို ထိန်းထားဖို့ လိုအပ်တဲ့ ဝင်ငွေကလည်း တဖြည်းဖြည်းမြင့်လာတယ်။

နောက်ဆုံး…

ပိုက်ဆံရှာနေတာက ကိုယ်လိုချင်တဲ့ဘဝအတွက် မဟုတ်တော့ဘဲ
ကိုယ်ဖန်တီးထားတဲ့ Lifestyle ကို မကျသွားအောင် ထိန်းထားဖို့အတွက် ဖြစ်လာနိုင်တယ်။

တစ်ဖက်မှာတော့…

သာမန်အိမ်မှာနေတယ်
သာမန်ကားပဲစီးတယ်
ဖုန်းလည်း နှစ်အနည်းငယ်ကြာမှ တစ်ခါလဲတယ်
အမြဲတမ်း စျေးကြီးတဲ့နေရာတွေ မသွားဘူး…

ဒါပေမယ့် အကြွေးမရှိဘူး
စုဆောင်းထားတာရှိတယ်
အရေးပေါ်အခြေအနေဖြစ်ရင် မပူရဘူး
အနားယူချင်ရင် အနားယူနိုင်တယ်
မိသားစုအတွက် အချိန်ပေးနိုင်တယ်
မလုပ်ချင်တဲ့အလုပ်ကို “မလုပ်တော့ဘူး” လို့ ပြောနိုင်တယ်…

အပြင်ကကြည့်ရင် သူ့ Lifestyle က သိပ်မမြင့်ဘူးလို့ မြင်ရနိုင်တယ်။

ဒါပေမယ့်…

သူ့ဘဝကို သူပိုပိုင်တယ်။

အသက်ကြီးလာလေလေ နားလည်လာတာတစ်ခုက…

ဇိမ်ခံတယ်ဆိုတာ စျေးကြီးတဲ့ Lifestyle တစ်ခုကို လူတွေမြင်အောင် နေနိုင်တာတစ်ခုတည်း မဟုတ်ဘူး။

မနက်အိပ်ရာနိုးလာတိုင်း ပေးစရာတွေကို စိတ်ပူစရာမလိုတာ…

မကြိုက်တဲ့အလုပ်ကို ပိုက်ဆံကြောင့် မဖြစ်မနေ ဆက်လုပ်စရာမလိုတာ…

ကိုယ်ပင်ပန်းတဲ့အချိန် အနားယူနိုင်တာ…

မိသားစုနဲ့ အချိန်ဖြုန်းနိုင်တာ…

ကိုယ်လုပ်ချင်တာ၊ မလုပ်ချင်တာကို ကိုယ်တိုင်ရွေးချယ်နိုင်တာ…

တစ်ခါတလေ အဲ့ဒါတွေက ပိုကြီးတဲ့ ဇိမ်ခံမှုတွေပါ။

ဒါပေမယ့် Lifestyle ကောင်းကောင်းနေတာ မှားတယ်လို့တော့ မဆိုလိုပါဘူး…

ကိုယ်တကယ်တတ်နိုင်တယ်
ဝယ်ပြီးသုံးပြီးလည်း ငွေရေးကြေးရေးအရ ဖိအားမဖြစ်ဘူး
အရေးပေါ်အတွက် စုထားတာကို မထိခိုက်ဘူး
ကိုယ့်အနာဂတ်ကိုလည်း မထိခိုက်ဘူးဆိုရင်…

ကောင်းကောင်းနေပါ၊ ကောင်းကောင်းစားပါ၊ ကောင်းကောင်းစီးပါ၊ ခရီးသွားပါ၊ ကိုယ်ရှာထားတဲ့ပိုက်ဆံနဲ့ ကိုယ်ပျော်အောင်နေပါ။

ပြဿနာက Lifestyle ကောင်းတာမဟုတ်ဘူး…

ကိုယ်မတတ်နိုင်သေးတဲ့ Lifestyle ကို တတ်နိုင်သလို နေပြနေရတာပါ။

ဒါကြောင့် နောက်တစ်ခါ Lifestyle ကို Upgrade လုပ်တော့မယ်ဆိုရင်…

“ဒါကို တစ်လဘယ်လောက်ပေးရမလဲ” ဆိုတာတစ်ခုတည်း မမေးဘဲ

“ဒီ Lifestyle ကို ထိန်းထားဖို့ ငါ့ရဲ့ ပိုက်ဆံ၊ အချိန်နဲ့ လွတ်လပ်မှု ဘယ်လောက်ပေးရမလဲ”

ဆိုတာပါ ထည့်စဉ်းစားကြည့်ပါ။

တစ်ခါတလေ…

ဘယ်လောက်ကောင်းတဲ့ Lifestyle နေနိုင်လဲဆိုတာထက်
ဘယ်လောက်လွတ်လပ်တဲ့ဘဝ နေနိုင်လဲဆိုတာက ပိုပြီး ချမ်းသာတာပါ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ HAK VAULT โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่