13/05/2026
နင် ငါ့ကို ရိုက်ရဲလားလို့ စိန်ခေါ်လိုက်ရာကနေ တကယ်ပဲ ကိုင်ပေါက်ခံလိုက်ရတဲ့ အမျိုးသမီး!" (Comment မှာ သဘောထားပေးခဲ့ပါ)ထိုင်းနိုင်ငံ၊ အူဒွန်းဌာနီမြို့တွင် လင်မယားချင်း စကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးအား လမ်းမပေါ်၌ ကိုင်ပေါက်မှုဖြစ်ပွား
ထိုင်းနိုင်ငံ၊ အူဒွန်းဌာနီမြို့တွင် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက လင်မယားအချင်းချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား လမ်းမပေါ်၌ ကိုင်ပေါက်လိုက်သဖြင့် သတိလစ်မေ့မြောကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လာအိုနိုင်ငံသား ခင်ပွန်းနှင့် အသက် ၄၇ နှစ်အရွယ် ထိုင်းနိုင်ငံသူ ဇနီးတို့သည် ထမင်းဆိုင်တစ်ဆိုင်တွင် လာရောက်စားသောက်စဉ် အိမ်၌ ကျန်းမာရေးမကောင်းသည့် ဖခင်ဖြစ်သူအား စိတ်ပူသဖြင့် အိမ်သို့ ပါဆယ်ထုတ်ယူသွားရန် ခင်ပွန်းဖြစ်သူက တိုက်တွန်းခဲ့သည်။ သို့သော် ဇနီးဖြစ်သူက လက်မခံဘဲ ဆိုင်တွင်သာ စားသောက်ခဲ့ပြီး စားသောက်နေစဉ်တစ်လျှောက်လုံး ခင်ပွန်းဖြစ်သူအပေါ် ပြစ်တင်ဝေဖန်မှုများ (ပွစိပွစိပြောဆိုခြင်း) ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထမင်းစားပြီးချိန်အထိ ပြောဆိုမှုများ ရပ်တန့်ခြင်းမရှိသည့်အပြင် "နင် ငါ့ကို ရိုက်ရဲလို့လား" ဟု စိန်ခေါ်ရာမှ ခင်ပွန်းဖြစ်သူက ဒေါသအလျောက် ဇနီးအား ပွေ့ချီ၍ ဆိုင်ရှေ့လမ်းမပေါ်သို့ ကိုင်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဇနီးဖြစ်သူမှာ မြေပြင်နှင့် ရိုက်မိပြီး သတိလစ်သွားခဲ့ကာ ခင်ပွန်းဖြစ်သူမှာ လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ၏ အကြောင်းကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူ အမျိုးသမီးအား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
Presented by TM-Monitor.