Htwe Htwe-ပုဂံမြေစာပေချစ်သူ

Htwe Htwe-ပုဂံမြေစာပေချစ်သူ စာပေချစ်သူအားလုံး‌ကျေးဇူးပါရှင့်

Htwe Htwe & War

ဒီပေ့လေးမှာ ရှိမယ်နော်❤️❤️❤️
15/07/2026

ဒီပေ့လေးမှာ ရှိမယ်နော်❤️❤️❤️

နိုင်ငံခြားသွားရရန် အုန်းမှုတ်ခွက်ကို
လင်းကွင်းကဲ့သို့ တီးရေသာ ယတြာတစ်မျိုး
-မင်းသိင်္ခ-
*************************
တစ်နေ့တွင် အသက် ၂၀ ကျော်အရွယ်ရှိ မိုးသီတာဆိုသည့် မိန်းကလေးတစ်ဦးသည် ကျွနု်ပ် ထံသို့ ရောက်ရှိလာလေသည်။ သူသည်ကျွနု်ပ်၏ တပည့်ဗေဒင် ဆရာမ အေးချမ်းမြင့်၏ သမီးကေလး ဖြစ်၏။ ကျွနု်ပ်လည်း သူ့ကိုမြင်လျှင်မြင်ချင်း -
"ကဲဆိုစမ်းပါဦး မိုးသီတာ ... မျက်လုံးကြီး လည်း အစ်လို့၊ ငိုထားတယ်နဲ့တူတယ်။ ငါ့ကိုပြောစမ်း ပါဦး၊ ဘာဖြစ်လာသလဲ"ဟု ကျွနု်ပ်က မေးလိုက်မိ လေ၏။ ထိုအခါ မိုးသီတာက -
'သမီးက အမေနဲ့နေတာ မဟုတ်ပါဘူး အဘ။ သမီးအမေရဲ့ အစ်မသမီးကြီးတော်နဲ့ သွားနေ တာပါ။ သမီးကြီးတော်ရဲ့ ယောကျ်ားက ကြယ်ငါးပွင့် က အရာရွိပါ။ အဲဒီကြီးတော်ယောကျ်ားက ဂျပန် ပြည်ကို အလုပ်ကိစ္စနဲ့ ပြောင်းတော့မယ် အဘရယ်။ သူ့မိသားစုတစ်စုလုံး လိုက္သြားရမွာ။ သမီးတစ် ယောက်တည်း အဲဒီအိမ်မှာကျန်ခဲ့မှာ။ သမီးက လိုက် ခွင့်မရဘူး။ သမီး အရမ်းလိုက်ချင်တာပဲ။
အဲဒါ ကြောင့် နေ့တိုင်း ငိုနေရ တယ်။ သမီးကို သူတို့ မိသားစုနဲ့ လိုက် ခွင့်ရအောင် အဘပညာနဲ့လုပ်ပေးပါ"ဟု ပြော၍ငိုလေတော့၏။
ကျွနု်ပ်လည်း မကြံတတ်အောင် ဖြစ် သွားလေတော့၏။ ထို့ကြောင့် မျက်နှာကို ကောင်းကင်ဆီသို့ မော့ပြီးလျှင် မျက်လုံးမှိတ် ၍ အာရုံခံလိုက်လေ၏။ ထိုသို့အာရုံခံလိုက်စဉ် ကျွနု်ပ်၏ အာရုံထဲတွင် မိုးသီတာက အုန််းမှုတ်ခွက် နှစ်ခုကိုကြိုးတပ်၍ လင်းကွင်းတီးနေသည်ကို တွေ့ရ လေ၏။ ကျွနု်ပ်လည်း အုတ်မှုတ်နှစ်ခုကို ရွာ၍ ကြိုး တပ်ပြီး မိုးသီတာကို ပေးရင်း -
"အဲဒီကြိုးတပ်ထားတဲ့ အုန်းမှုတ်ခွက်ကို လင်းကွင်းတီးသလို သာတီးပေတော့။ ဘယ်နှစ်ချပ် ရယ် မဟုတ္ဘူး။ ညအိပ်ခါနီးတိုင်း ဂျပန်ပြည်ကို ရောက်ပြီလို့ အာရုံပြုပြီးတီးရောက်သွားလိမ့်မယ်" ဟုပြောလိုက်လေ၏။
မိုးသီတာလည်း အုန််းမှုတ်ခွက်နှစ်ခုကို ကျွနု်ပ် ပြောသည့်အတိုင်းပင် ညစဉ်ညတိုင်း တဂွမ်းဂွမ်း တီးလေတော့၏။ ငါးရက်မြောက်သောနေ့တွင် ၎င်းင်းကြီးတော်ကြီးယောကျ်ားက မိုးသီတာကေလး တစ်ယောက်တည်း ထားဖြစ်ခဲ့ရမည်ကို သနားသဖြင့် မိသားစုစာရင်းတွင် သွင်းကာ ခေါ်သွားရန် စီစဉ်လေ တော့၏။ အမှန်တကယ် ဂျပန်ပြည်သို့သွားရာတွင် လည်း မိုးသီတာသည် စလိုက်ပါသွားရလေတော့ ၏။ ထိုသို့သွားရာတွင် မိုးသီတာသည် ထိုအုန််းမှုတ် ခွက်နှစ်ခုကို ဂျပန်ပြည်သို့ထည့်၍ သွားလေ၏။
၎င်းင်းမိုးသီတာသည် ဂျပန်ပြည်တွင် ခုနစ်နှစ် နေပြီးနောက် မြန်မာပြည် ပြန်လည် ရောက်ရှိနေပြီဖြစ်၏။ ယခုအခါတွင် အိမ်ထောင်ကျ၍ သားသမီးများပင် ထွန်းကားနေပြီဖြစ်၏။
မှတ်ချက်။ ။အကယ်၍ အကြောင်းအရာကို မယုံကြည်သူရှိပါငြားလည်း ကျွနု်ပ်သည် ထိုသူကို မိုးသီတာနှင့် တွေ့ပေးနိုင်ပါသည်။ နောက် နောင်တွင်လည်း နိုင်ငံခြားသွားရန် အခက်ကြုံနေသူ အပေါင်းကို အုန်းမှုတ်ခွက်ယတြာပြုလုပ်ပေးမြဲဖြစ်ရာ အောင်မြင်သည်ချည်းသာ ဖြစ်ပေတော့၏။
မင်းသိင်္ခ
#ဆရာမဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ
#ဇာဇာဗေဒင်ယတြာများ #

New Star. စာပေချစ်သူ⭐⭐⭐
မှပြန်လည်မျှဝေပါသည်🙏🙏🙏
ုဂံမြေစာပေချစ်သူ

⚜️နတ်လူချစ်၍ စန်းပွင့်လာဘ်ပွင့်စေသောဂါထာတော်⚜️ဥုံ သဗ္ဗေမနုဿာ ပိယာ မမသဗ္ဗေဒေဝါ ပိယာ မမသဗ္ဗေဗြဟ္မာ ပိယာ မမ။မနက်အိပ်ယာထချိန...
15/06/2026

⚜️နတ်လူချစ်၍ စန်းပွင့်လာဘ်ပွင့်စေသောဂါထာတော်⚜️

ဥုံ သဗ္ဗေမနုဿာ ပိယာ မမ
သဗ္ဗေဒေဝါ ပိယာ မမ
သဗ္ဗေဗြဟ္မာ ပိယာ မမ။

မနက်အိပ်ယာထချိန်တွင် မျက်နှာသစ်မည့်ရေအား (၉)ခေါက်မန်းကာ မျက်နှာသစ်ပါက တစ်နေ့တာလုံးစန်းပွင့်လန်း၍ နတ်လူချစ်ခင်စေသည်။

မိမိလိမ်းကြံလေ့ရှိသော သနပ်ခါး၊အလှပြင်ပစ္စည်း၊ရေမွှေးတို့ကိုရွတ်မန်း၍လည်းအသုံးပြုနိုင်သည်။

နေ့စဉ်မပြတ်ရွတ်ဖတ်လုပ်ဆောင်ပါက မျက်နှာပွင့်လန်း၍ရောက်ရာအရပ်တွင် လူချစ်လူခင်ပေါများစေသည့်အပြင် စီးပွါးအလုပ်ကိုင်တိုးတက်၍ငွေကံကောင်းစေသည်။


#ဒေဝမဟိဒ္ဓိကတော်လေးပါးပညာခွင်
🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

ကျရှုံးချိန်မှာ   ခေါင်းမော့ပါကြိုးစားချိန်မှာ  နှုတ်လုံပါအောင်မြင်ချိန်မှာ  မာန်ချပါပြည့်ဝချိန်မှာ      မျှဝေပါကြိုးစား...
14/06/2026

ကျရှုံးချိန်မှာ ခေါင်းမော့ပါ
ကြိုးစားချိန်မှာ နှုတ်လုံပါ
အောင်မြင်ချိန်မှာ မာန်ချပါ

ပြည့်ဝချိန်မှာ မျှဝေပါ
ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ

ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်
အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့
လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ

ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ
ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်
ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

ရည်မှန်းချက်တွေမပျက်ပါစေနဲ့
အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့
သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်
တချိန်ချိန်မှာ ချိုမြိန်လာမှာပါ

မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်
ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်
လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်

ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်
မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

ရုန်းထွက်နိုင်အောင်ကြိုးစားပါ
စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ ခွန်းအားဖြစ်စေလိမ့်မယ်.
သင့်ဘဝတွက် ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေအတွက် အချိန်ကုန်မခံပါနဲ့... ။

ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်

လူကိုမကြည့်နဲ့. မူကိုကြည့်

ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်

အပြောမကြည့်နဲ့. မနောကိုကြည့်

အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ အဓိပ္ပါယ်ဟာ လွဲမှားနေအုံးမှာပါ

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

13/06/2026

ခုတစ်လော

လူကော စိတ်ကော

နေမကောင်းဘူး

🥹🥹🥹

12/06/2026

Hello

 #ခြင်္သေနဲ့ကျားအတူထား #ဆွေသားမိတ်ဖက်စီးပွားတက်မိမိအိမ် မိမိစျေးဆိုင် စီးပွားတက်စေဖို့ငွေရှာရလွယ်ကူစေဖို့ အင်္ဂါနံ ဆန် န...
12/06/2026

#ခြင်္သေနဲ့ကျားအတူထား
#ဆွေသားမိတ်ဖက်စီးပွားတက်

မိမိအိမ် မိမိစျေးဆိုင် စီးပွားတက်စေဖို့
ငွေရှာရလွယ်ကူစေဖို့

အင်္ဂါနံ ဆန် နဲ့ တနင်္လာ နံ ငွေ
ကို အတူယှဉ်တွဲထားရပါတယ်
ဖန်ခွက် နဲ့ ဖြစ်စေ
လင်ဗန်း နဲ့ ဖြစ်စေ
ကြွေပန်းကန် နဲ့ ဖြစ်စေ
ပြည်တောင်း နဲ့ ဖြစ်စေ
ဆန် နဲ့ ငွေကို
အတူယှဉ်တွဲထားပြီး
ဓာတ်ဆင်ထား ရပါတယ်။

ပြုလုပ်ရမယ် အချိန်က •••

မိမိ မွေးနေ့၉နာရီ မှ ၁၀နာရီခွဲ အတွင်း
ပြုလုပ်ပေးပါ ( ၁ )လ လုံး
အိမ်မှာဆိုလည်း အဆင်ပြေသော
နေရာလေးမှာထားပေးပါ ။
စျေးဆိုင်မှာ ဆိုလည်း
လူမြင်သာတဲ့ ကောင်တာမှာ
တင်ထားပေးလို့ ရပါတယ် ။

( ၁ ) လ ပြည့်ပါက •••
အိတ်တစ်ခုထဲ ဆန်ကော ငွေကော
ရောထည့်ပြီး မည်သူကို မဆို
ဒါနကုသိုလ် အဖြစ်
လှူ ဒါန်းနိူင်ပါတယ် ။

ထိုသို့လှူ ဒါန်းပေးခြင်းဖြင့်
သင်တို့ စီးပွားကို
အထူး တိုးတက်စေပါတယ်။

နောက်လ တွင်လည်း
ဒီအတိုင်း ထပ်မံ ဓာတ်ဆင်
ထပ်မံ လှူဒါန်း ပေးပါ။

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

ကောင်းကျိုး ကိုယ်၌ တည်ပါစေ•••။
🙏 🙏 🙏

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

 #စိတ်သာချအတည်ဝိဇ္ဇာမပြီခုချက်ချင်းဆုတောင်းပြီး ရှဲလိုက် ှပြန်လည်မျှဝေပါသည်
12/06/2026

#စိတ်သာချအတည်ဝိဇ္ဇာမပြီ

ခုချက်ချင်းဆုတောင်းပြီး ရှဲလိုက်

ှပြန်လည်မျှဝေပါသည်

ဘာကြောင့် အရှေ့အရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုပြီး အိပ်သင့်တာလဲ?လူတွေဟာနေ့စဉ်အိပ်စက်ကြတဲ့အခါ အိမ်အနေအထား၊ အခန်းအခင်းအကျင်...
12/06/2026

ဘာကြောင့် အရှေ့အရပ်နဲ့ တောင်အရပ်ကို
ခေါင်းပြုပြီး အိပ်သင့်တာလဲ?

လူတွေဟာနေ့စဉ်အိပ်စက်ကြတဲ့အခါ အိမ်အနေအထား၊ အခန်းအခင်းအကျင်းကိုလိုက်ပြီး အဆင်ပြေရာအရပ်ကို ခေါင်းပြုအိပ်လေ့ရှိကြပါတယ်။ တကယ်ကတော့ လှဲချပြီးအိပ်လိုက်တဲ့အချိန်မှာ မိမိရဲ့ဦးခေါင်းရှိသင့်တဲ့အရပ်က သတ်သတ်မှတ်မှတ်ရှိပါတယ်။ အဲ့ဒီအရပ်ကတော့ အရှေ့အရပ်နဲ့ တောင်အရပ်တို့ပဲဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်တွေကတော့ ဘယ်အရပ်ကိုပဲ ခေါင်းပြုအိပ်အိပ်အတူတူပဲ မဟုတ်ဘူးလားလို့ စောဒကတက်ချင်ကြမှာပါ။ ဒါကြောင့် ဘာဖြစ်လို့ အဲ့ဒီအရပ်တွေကို ခေါင်းပြုအိပ်သင့်တာလဲဆိုတာကို ရှင်းပြပါမယ်။

ငယ်စဉ်ကတော့ အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုပြီး အိပ်ရတာကို ဘာသာရေးအရ၊ ထုံးတမ်းစဉ်လာအရ အိပ်ရတယ်လို့ပဲ ထင်မှတ်ခဲ့တာပါ။ တကယ်ကတော့ အရှေ့အရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုအိပ်ခြင်းကြောင့် ကောင်းကျိုးတွေရရှိနိုင်ကြောင်းကို လူငယ်တွေလက်ခံနိုင်လောက်တဲ့ သိပ္ပံနည်းကျအချက်အလက်တွေ ရှိပါတယ်။

သိပ္ပံနည်းအရပဲဖြစ်ဖြစ်၊ ဘာသာရေးအရပဲဖြစ်ဖြစ် အရှေ့အရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုအိပ်ခြင်းက ကောင်းကျိုးတွေ အများကြီးကို ရရှိစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကြာ၀ဠာအတွင်းမှာရှိတဲ့ အရာ၀တ္ထုတိုင်းမှာ သံလိုက်စက်ကွင်းရှိသလို လူသားတွေရဲ့ ခန္ဓာကိုယ်မှာလည်း သံလိုက်စက်ကွင်းရှိပါတယ်။ လူသားတွေရဲ့ သံလိုက်စက်ကွင်းက ဦးခေါင်းပိုင်းမှာ အဖိုဓာတ်ရှိပြီး ခြေရင်းပိုင်းမှာတော့ အမဓာတ်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီလူ့ခန္ဓာကိုယ်မှာရှိတဲ့ သံလိုက်စက်ကွင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြုမူခြင်းက ကောင်းကျိုးတွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။

အရှေ့အရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုအိပ်ခြင်းဖြင့် ရရှိနိုင်တဲ့ကောင်းကျိုးတွေကတော့
- အရှေ့ဘက်ကို ခေါင်းပြုအိပ်တဲ့အခါ နေရဲ့ စွမ်းအင်တွေက ဦးခေါင်းဘက်ကနေ ဝင်လာပြီး ခြေထောက်တွေမှာ တည်ရှိနေတာကြောင့် ခေါင်းအေးစေတဲ့အပြင် ခန္ဓာကိုယ်ကအပူတွေက ခြေထောက်ကနေထွက်သွားပြီး ကျန်းမာရေးကောင်းစေပါတယ်။
- တောင်ဘက်ကို ခေါင်းပြုအိပ်မယ်ဆိုရင်လည်း လူဦးခေါင်းပိုင်းမှာရှိတဲ့ အဖိုဓါတ်နဲ့ တောင်အရပ်မှာရှိတဲ့ အမဓါတ်တို့ ဓါတ်မတူတာကြောင့် ဆွဲငင်အားဖြစ်ပေါ်စေပြီး ကျန်းမာရေးကောင်းကျိုးကို ဖြစ်စေနိုင်ပါတယ်။
- နောက်ထပ် သုတေသနတစ်ခုအရလည်း အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုအိပ်သူတွေက အခြားသူတွေထက် နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ အိပ်ချိန်ကိုလည်း ပုံမှန်ဖြစ်စေပါတယ်။
- အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုအိပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်သွေးကြောမျှင်လေးတွေကို ကောင်းကျိုးဖြစ်စေပါတယ်။
- စိတ်ဖိစီးစရာအလုပ်တွေ လုပ်ရသူများအဖို့ တောင်ဘက်ကို ခေါင်းပြုအိပ်မယ်ဆိုလျှင် ဦးဏှောက်နဲ့ စိတ် ကို ပေါ့ပါးစေပြီး ကြည်လင်စေပါတယ်။
- တောင်ဘက်ကို ခေါင်းပြုအိပ်ခြင်းဖြင့် ဦးဏှောက်လုပ်ဆောင်မှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ဒါကြောင့် လူကြီးတွေက အရှေ့နဲ့ တောင်ဘက်ကိုပဲ ခေါင်းပြုအိပ်ဖို့ပြောကြတာဖြစ်ပါတယ်။

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

"ငါးသေတ္တာပေါ်မီးထွန်းရသောယတြာ"***************************ဒီယတြာဟာလည်းထူးခြားအစွမ်းထက်လို့မိတ်ဆွေတို့လုပ်ကြည့်စေချင်ပါတယ...
12/06/2026

"ငါးသေတ္တာပေါ်မီးထွန်းရသောယတြာ"
***************************

ဒီယတြာဟာလည်းထူးခြားအစွမ်းထက်လို့
မိတ်ဆွေတို့လုပ်ကြည့်စေချင်ပါတယ်

ငွေကြေးနဲ့ပတ်သက်ပြီး အမြန်ဆုံးငွေဝင်စေလိုပါက
မနက်အိပ်ရာနိုးနိုးခြင်း သရဏဂုံ(၃)ပါးရွတ်ဆိုပေးပါ
ညဘက်ဘုရားရှိခိုးပြီးချိန်တွင် ငါးသေတ္တာဘူးပေါ်
ဖယောင်းတိုင် အစိမ်းရောင်(သို့)အဖြူရောင်ထွန်းပြီး

ငွေနဲ့ပတ်သက်တဲ့အခက်အခဲများပြေလည်သွားပါစေ
ငွေတွေသိန်းချီဝင်လာပါစေ ဆုတောင်းပေးပါ
တစ်ပတ်လောက်ဆက်တိုက်ထွန်းပေးပါ။

(ယတြာဆိုတာကံကိုအထောက်အပံ့ပေးတာပါ
ကိုယ်တိုင်ကလည်း ညဏ်နဲ့ဝီရိယပါအားစိုက်ပေးပါ)

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

မှန်ကိုချိတ်လေ အိမ်အေးစေအချိူ့သော အိမ်တွေမှာ အလိုလိုအိမ်အလုပ်သမားမမြဲခြင်း   မိသားစုဝင်များမသင့်မြတ်ခြင်း အလုပ်အကိုင်အဆင...
12/06/2026

မှန်ကိုချိတ်လေ အိမ်အေးစေ

အချိူ့သော အိမ်တွေမှာ အလိုလိုအိမ်အလုပ်သမားမမြဲခြင်း မိသားစုဝင်များမသင့်မြတ်ခြင်း အလုပ်အကိုင်အဆင်မပြေ လာဘ်ပိတ်ခြင်းများ ဖြစ်နေပါက ပြုလုပ်ပါ

ကြည့်မှန်တစ်ချပ်ကို ထမင်းစားစားပွဲရှေ့ နံရံတွင် ချိတ်ပါ

မှန်ကို နေ့စဉ် သပြေခက်ဖြင့်ရိုက်ပြီး လာဘ်ဝင်စေရန် ဆုတောင်းပါ

မိသားစုဝင်များသည် မှန်ထဲမှ မိမိရုပ်ပုံကိုကြည့်ပြီး ဘုရားစာများ ရွတ်ဆိုပါ

ထမင်းစားစားပွဲပေါ်တွင် လတ်ဆတ်သောသစ်သီးများ ပန်းအိုးငယ်များ တင်ထားပါ။

အိမ်တွင်းရေးများ အဆင်ပြေပြီး လာဘ်လာဘများပွင့်လာပါလိမ့်မယ်

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

ที่อยู่

Bangkok
10150

เบอร์โทรศัพท์

+6628513088

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htwe Htwe-ပုဂံမြေစာပေချစ်သူผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Htwe Htwe-ပုဂံမြေစာပေချစ်သူ:

ทางลัด

แชร์