New Power Generation NPG

New Power Generation NPG Politics

လေယာဉ်ဆီဖြတ်တောက်ရေး ပြည်တွင်းပြည်ပ ပါဝင်အားဖြည့်ပေးကြပါ။Phyo Paing New Power Generation NPG
11/03/2024

လေယာဉ်ဆီဖြတ်တောက်ရေး ပြည်တွင်းပြည်ပ ပါဝင်အားဖြည့်ပေးကြပါ။
Phyo Paing
New Power Generation NPG

လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှု အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် လေယာဉ်ဆီ ဖြတ်တောက်ရေး လ...
07/03/2024

လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှု

အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ လွတ်မြောက်ရန် လေယာဉ်ဆီ ဖြတ်တောက်ရေး လူထု လှုပ်ရှားမှုကို ၂၀၂၄ မတ်လ မှ စတင်၍ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ပြည်သူလူထု၏ တောင်းဆို လှုပ်ရှားသံများကို လေယာဉ်ဆီ ပိတ်ဆို့ရေးတွင် အရေးပါသော နိုင်ငံတကာ အစိုးရများကြား သိစေရန်အတွက် online photo campaign နှင့် Twitter တွင် Mass Trending ရရှိရန်အတွက် Twitter campaign တို့ကို မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၃ ရက်တိုင်တိုင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ပြည်သူတစ်ဦးချင်းစီ အနေဖြင့် လုံခြုံရေး ၊ စားဝတ်နေရေး အခက်အခဲများ ရှိနေပြီး
မြေပြင် ဆန္ဒပြပွဲများတွင် ပါဝင်ရန် အခက်အခဲများ ရှိနေသည်ကို အသေအချာ နားလည်သဘောပေါက်ပါသည်။
ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော စစ်တိုက်လေယာဉ်များ မပျံသန်းနိုင်စေရန် လေယာဉ်ဆီ ဖြတ်တောက်ရေး အတွက် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ဆန္ဒထုတ်ဖော်ခြင်းသည်လည်း အလွန်ထိရောက်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။

လှုပ်ရှားမှုနှင့် ပတ်သက်သော အကြောင်းအရာများကို Blood Money - သွေးစွန်းငွေ ပေ့်ချ်မှတစ်ဆင့် အချိန်နှင့် တပြေးညီ တင်ပြသွားမည်ဖြစ်ပါသဖြင့် လူထုအနေဖြင့် ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။





ပိုမိုသိရှိရန်။ https://www.facebook.com/BloodMoneyCampaignMM

ပြည်ပ‌ရောက်ညီအကို‌မောင်နှမများရောက်လာမဲ့ဖေဖော်ဝါရီ(၁ရက်)နေ့မှာ ရောက်ရာအရပ်ကနေ လှုပ်ရှားမူတွေ လုပ်ကြပါ။ပြည်တွင်းပြည်ပညီအက...
27/01/2024

ပြည်ပ‌ရောက်ညီအကို‌မောင်နှမများရောက်လာမဲ့ဖေဖော်ဝါရီ(၁ရက်)နေ့မှာ ရောက်ရာအရပ်ကနေ လှုပ်ရှားမူတွေ လုပ်ကြပါ။ပြည်တွင်းပြည်ပညီအကို
မောင်နှမတွေအားလုံး အကြမ်းဖက်စစ်အုပ်စုကိုအမြစ်ပါမကျန်အောင်တော်လှန်ကြပါ။

Phyo Paing
New Power Generation

ကရင်နီစစ်ဘေးရှောင်တွေအတွက်ကျနော်အတတ်နိုင်ဆုံးထပ်ကြိုးစားပေးပါမယ်။Phyo Paing New Power Generation
27/01/2024

ကရင်နီစစ်ဘေးရှောင်တွေအတွက်ကျနော်အတတ်နိုင်ဆုံးထပ်ကြိုးစားပေးပါမယ်။
Phyo Paing
New Power Generation

07/01/2024

ပြည်ပသို့ ပေးစာ

သို့

ချစ်ခင်ရသော ပြည်ပရောက် မိဘပြည်သူများ၊

ဒီဇင်ဘာလအတွင်း ကြေငြာချက်ထုတ်ထားတဲ့ နိုင်ငံတကာရှိ စစ်ကောင်စီရဲ့ အာဏာရှင် သံရုံးများမှ မြန်မာနိုင်ငံ သားများရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံမည့် ကြေငြာချက်များကို နည်းအမျိုးမျိုးဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖေါ်ပြသကြရန်နှင့် အကြမ်းဖက် စစ်အုပ်စုထံ သွေးစွန်းငွေ၊ သွေးစွန်းခွန် များ ဖြတ် တောက်ရာမှာ ပူးပေါင်း ပါဝင်ပေးကြဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားများထံ ပြည်တွင်းမှ ပြည်သူများက ချစ်ခင် ရင်းနှီးစွာဖြင့် စာရေးသား တောင်းဆိုလိုက်ပါတယ်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု ကြိုးစားနေခြင်း နောက်ကွယ်မှာ မြန်မာနိုင်ငံဟာ ဆိုးရွားစွာ မှောင်မိုက် ပျက်စီးလာခြင်းနှင့်အတူ လူငယ်တွေရဲ့ အနာဂတ်၊ အိမ်မက်များစွာဟာ ပျောက်ဆုံးလာခြင်း ကြောင့် လမ်းသစ်ဖောက်ရန် အိမ်ကို စွန့်ခွာပြီး စွန့်စားနေကြရသော မိဘ ပြည်သူများ၊ လူငယ်များ တစ်နေ့ထက် တစ်နေ့ များပြားလာသည်ကို အားလုံးသိရှိပြီး ဖြစ်ပါတယ်၊

လက်ရှိအချိန်တွင် နိုင်ငံတကာသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား လူဦးရေသည်လည်း ယခင်ကထက် စစ် အာဏာသိမ်းရန်ကြိုးစားပြီး နောက်ပိုင်းတွင် အလုပ်၊ ကျောင်း နှင့် နိုင်ငံရေးခိုလှုံမှုများကြောင့် တိုးသည်ထက်တိုး များပြားလာလျက်ရှိပါတယ်၊

မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စည်းမျဉ်း၊ စည်ကမ်းများ၊ လုပ်ကိုင်ပုံများ မတူညီခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယခုလက်ရှိ နေထိုင်နေတဲ့ နိုင်ငံရဲ့ တရားမဝင် အာဏာလု စစ်သံရုံးထံ ပတ်စပိုစ့် (Passport) သက်တမ်းတိုးရန် သွေးစွန်းခွန်များ ဆောင်မှသာလျှင် ထိုနိုင်ငံများတွင် ဆက်လက် နေထိုင်ခွင့် (သို့) အမိမြန်မာနိုင်ငံကို ပြန်လာခွင့် ( ဗီဇာသက်တမ်း ) ရရှိကြရမည့် အကျပ်အတည်းကိုလည်း သိရှိပြီးဖြစ်ပါတယ်၊

သို့ပေမယ့် ပတ်စပိုစ့် သက်တမ်း ကုန်ဆုံးနေသော်လည်း ဗီဇာ ( Visa) သက်တမ်း ထုတ်ပေး၊ တိုးပေးသော နိုင်ငံ များတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ကလေးငယ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ် နေတဲ့ အကြမ်းဖက် စစ်အုပ်စု ထံ ပြည်သူလူထုရဲ့ အသက်သွေးများဖြင့် သွေးစွန်းခွန်များ မစီးဆင်းစေရေး နှင့် ဖြတ်တောက်စေရေးအတွက် အတူတူ တိုက်ပွဲဝင် ပါဝင်စေလိုပါတယ်။
ပြည်ပရောက် မြန်မာများအနေဖြင့် မိမိတို့ရဲ့ ဉာဏ်အားသင့်သလို မျက်စိဖွင့်၊ နားစွင့်ပြီး အမြန်ဆုံး သွေးစွန်းခွန်များ ဖြတ်တောက်မှ နွေဦး တော်လှန်ရေး အမြန်ဆုံး အပြီးသတ်နိုင်မှာ ဖြစ်ပြီး အမိမြန်မာပြည်မှာ အောင်တံခွန်စိုက် အတူတကွ ပြန်လည်ဆုံစည်းကြရမှာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် တစ်နိုင်ငံချင်းအလိုက် သွေးစွန်းငွေများ၊ သွေးစွန်းခွန်များ မစီးဆင်းနိုင်သည့် နည်းလမ်းများကို လည်း ဆက်တိုက် ဖော်ပြပေးသွားမှာဖြစ်ပြီး မိမိတို့ ပါဝင်နိုင်မည့် နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အလျင်းသင့် သလို ပါဝင်ပေးကြဖို့ ပြည်တွင်းရှိ အာဏာရှင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများမှ ပြည်ပရောက် မြန်မာနိုင်ငံသားများထံ လေးစားစွာ အထူးမေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုအပ်ပါတယ်။
..

ပြည်တွင်းမှ အာဏာရှင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများ

" သွေးစွန်းခွန်တွေ ဖြတ်တောက်ဖို့ တို့တွေအားလုံး ပူးပေါင်းစို့ "

#သွေးစွန်းခွန်တွေဖြတ်တောက်ပစ်

Taxation

စစ်အုပ်စုထံ စီးဝင်မည့် သွေးစွန်းခွန်များအား တားဆီးနိုင်ရန် မိမိတို့ တတ်နိုင်သည့်နည်းလမ်းများဖြင့် ဘက်ပါင်းစုံမှ ပူးပေါင်...
07/01/2024

စစ်အုပ်စုထံ စီးဝင်မည့် သွေးစွန်းခွန်များအား တားဆီးနိုင်ရန် မိမိတို့ တတ်နိုင်သည့်နည်းလမ်းများဖြင့် ဘက်ပါင်းစုံမှ ပူးပေါင်းပါဝင်ပေးကြရန် ပြည်ပရောက် မြန်မာနိုင်ငံသားများ ထံသို့ "ပြည်ပသို့ ပေးစာ” အမည်ရှိသော တောင်းဆိုစာဖြန့်ဝေပေးပို့ခြင်း

မီဒီယာ သတင်း ထုတ်ပြန်ချက်

ဇန်နဝါရီလ (၈) ရက်၊ ၂၀၂၄ခုနှစ်။

အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင် အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ တစ်ရပ်အဖြစ် တရားမဝင်ပြဌာန်းခဲ့ပြီး၊ ၂ဝ၂၃ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပြည်ပမှ ရရှိသည့် လစာဝင်ငွေ အပေါ် မူတည်ပြီး ဝင်ငွေခွန် စည်းကြပ် ကောက်ခံရမည်ဟု တရားမဝင် ကြေညာခဲ့ပါသည်။

ထိုတရားမဝင် ဥပဒေသည် ပြည်ပတွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ သံရုံးများတွင် ပတ်စ်ပို့စ် (Passport) သက်တမ်းတိုးချိန်၌ သွေးစွန်းခွန်များ ဆောင်မှသာလျှင် လက်ရှိရောက်ရှိနေသော နိုင်ငံများတွင် ဆက်လက် နေထိုင်ခွင့် ဗီဇာရရှိခြင်းနှင့် အမိမြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိနိုင်ခြင်း စသည့် အကြပ်အတည်းဖြင့် ရင်ဆိုင်ကြုံတွေ့စေပါသည်။

ထိုအခွန်ငွေများသည် အကြမ်းဖက် စစ်အုပ်စုက ပြည်သူများကို ဆက်လက် သတ်ဖြတ်ရန် အသုံးပြုမည့် ကျည်ဆံဖိုးများ၊ လေယာဉ်ဆီဖိုးများ အဖြစ် စီးဆင်းသွားမည့် သွေးစွန်းခွန်များ ဖြစ်ပါသည်။

ထို့ကြောင့် ၂ဝ၂၄ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့ (တနင်္လာနေ့) တွင် ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများ စုပေါင်း၍ အကြမ်းဖက် စစ်အုပ်စုထံ စီးဝင်မည့် သွေးစွန်းခွန်များအား တားဆီးနိုင်ရန် မိမိတို့ တတ်နိုင်သည့် နည်းလမ်းများဖြင့် ဘက်ပေါင်းစုံ မှ ပူးပေါင်းပါဝင်ပေးကြရန် ပြည်ပရောက် မြန်မာနိုင်ငံသားများ ထံသို့ "ပြည်ပသို ့ပေးစာ" အမည်ရှိသော တောင်းဆိုစာ တစ်စောင်ကို ဆိုရှယ်မီဒီယာများထံမှ တစ်ဆင့် ပေးပို့ ဖြန့်ဝေခဲ့ပါသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့်လဲ အကြမ်းဖက် စစ်အုပ်စု၏ သွေးစွန်းခွန်များ ကောက်ယူခြင်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုများ နှင့် မတရားမှုများကို အားပေးနေခြင်းဖြစ်ပြီး ဒီမိုကရေစီအရေး တက်တက်ကြွကြွလှုပ်ရှားနေကြသော မြန်မာပြည်သူများအား ဖိနှိပ်ရာ ရောက်ပါသည်။

ထိုကြောင့် အကြမ်းဖက် စစ်အုပ်စု၏ သွေးစွန်းခွန် ကောက်ယူနေမှုများကို ပူးပေါင်းပါဝင်ခြင်း မပြုဘဲ မြန်မာပြည်သူများကို ကူညီပေးကြရန် တိုက်တွန်းအပ်ပါသည်။
ပိုမို သိရှိလိုပါက ဆက်သွယ်ရန် -

[email protected]

Signal နံပါတ်များဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

+818041271487

+19025170242

+37281537129

+66658498734

စနစ်ဆိုး စစ်ကျွန်ဘဝကို အောင်မြင်ပြီးဆုံးတဲ့အထိတော်လှန်နေကြတဲ့ညီအကိုမောင်နှမတွေကိုအောင်သပြေပန်းနဲ့ကြိုဆို ဂုဏ်ပြုကြရအောင်...
11/11/2023

စနစ်ဆိုး စစ်ကျွန်ဘဝကို အောင်မြင်ပြီးဆုံးတဲ့အထိတော်လှန်နေကြတဲ့ညီအကိုမောင်နှမတွေကိုအောင်သပြေပန်းနဲ့ကြိုဆို ဂုဏ်ပြုကြရအောင်
အရေးတော်ပေါ် အောင်ရမည်။
Phyo Paing
New Power Generation

စင်ကာပူအစိုးရအနေနှင့် အောက်ပါအချက်များအား လုပ်ဆောင်ပေးပါရန် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စင်္ကာပူသံရုံးအိတ်ဖွင့်ပေ...
28/10/2023

စင်ကာပူအစိုးရအနေနှင့် အောက်ပါအချက်များအား လုပ်ဆောင်ပေးပါရန် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စင်္ကာပူသံရုံးအိတ်ဖွင့်ပေးစာဖြင့်တောင်းဆိုသွားပါမည်။

၁. စစ်အုပ်စုထံ လက်နက်များ၊ အရပ်ဖက်-စစ်ဖက်သုံးကုန်ပစ္စည်းများ၊ နည်းပညာများ၊ လေယာဉ်ဆီများအပါအဝင် စစ်အုပ်စုနှင့်ဆက်စပ်သောငွေကြေးလွှဲပြောင်းမှုများ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းလမ်းဖြင့် လွှဲပြောင်းရောင်းချနေခြင်းများရပ်တန့်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ပေးရန်။

၂. စင်ကာပူနိုင်ငံအတွင်းရှိ ငွေကြေးစနစ်များအားလုံးကို မြန်မာအကြမ်းဖက်စစ်တပ်မှ မည်သည့် နည်းနှင့်မျှ အသုံးပြုခွင့် မရစေရန်နှင့် စင်ကာပူနိုင်ငံပိုင် ဘဏ်များတွင် ထားရှိသည့် မြန်မာနိုင်ငံ၏ တရား၀င်အစိုးရသာလျှင် ပိုင်ဆိုင်သည့် နိုင်ငံခြား အရံငွေကြေးဖြစ်သော (ရံပုံငွေ) အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံကျော်ကို တရားမဝင် စစ်အုပ်စု လုံးဝ သုံးစွဲခွင့် မရစေရန် အတွက် သေချာစေရန် ငွေကြေးခဝါချမှု၏ အရေးယူ ပြဌာန်းချက်များကို အသုံးပြုပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြလုပ်ရန်။

၃. စင်ကာပူနိုင်ငံမှတဆင့် စစ်အုပ်စုထံသို့ လက်နက်များ၊ စစ်ဖက် -အရပ်ဖက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများကို လွှဲပြောင်း ရောင်းချခြင်းတို့ ပါဝင်ပတ်သက်သော စင်ကာပူအခြေစိုက် ကုမ္ပဏီများအား လူသိ ရှင်ကြား စုံစမ်းစစ်ဆေးမှုများကို ပို၍ မြန်ဆန် အလုပ်တွင်စေရန်နှင့် ပိုမို ဆောင်ရွက်‌ပေးပါရန်။
ပြည်တွင်းပြည်ပမြန်မာပြည်သူများကိုယ်စားကျနော်တို့ထိုင်းရောက်တော်လှန်ရေးအင်အားစုတောင်းဆိုပါမည်။
Phyo Paing
New Power Generation

ကချင်ပြည်နယ်လိုင်ဇာ မုန်တိုင်ခက်စစ်‌ဘေးရှောင်ဒုက္ခသည်တွေကိုကူညီလှူဒါန်းလိုပါက အခုpostတင်ထားအကိုနဲ့တိုက်ရိုက်ဆက်သွယ်လို့ရ...
16/10/2023

ကချင်ပြည်နယ်
လိုင်ဇာ မုန်တိုင်ခက်စစ်‌ဘေးရှောင်ဒုက္ခသည်တွေကိုကူညီလှူဒါန်းလိုပါက အခုpostတင်ထားအကိုနဲ့တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။စစ်ဘေးစခန်းအထိတိုက်ရိုက်သွားကူညီပေးနေတဲ့ မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂများဖြစ်ကြပါတယ်။စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးပေါ်ဆေးဝါး စားနပ်ရိက္ခာ အမိုးအကာ ခြင်ထောင်အဝတ်အစားများလိုအပ်နေတယ်လို့သိရပါတယ်။
တိုက်ရိုက်ချိတ်ဆက်ပြီး ပါဝင်လှူဒါန်းပေးကြပါလို့ကျနော်မေတ္တာရပ်ခံလိုက်ပါတယ်။
ကျေးဇူးပြု၍အများပြည်သူတွေသိအောင် ဝိုင်းဝန်းShareပေးကြပါ။
ဆက်သွယ်ရန် Facebook Account Link
https://www.facebook.com/justin.aungni?mibextid=ZbWKwL

28/09/2023

ที่อยู่

Bangkok

เบอร์โทรศัพท์

+66658498734

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ New Power Generation NPGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง New Power Generation NPG:

แชร์