Music & Videos Edit

Music & Videos Edit music and share

တက္ကသိုလ် တတိယအသုတ်များ အသင့်ပြင်ထားပါ...see moe
07/12/2025

တက္ကသိုလ် တတိယအသုတ်များ အသင့်ပြင်ထားပါ...see moe

07/12/2025

✅ခေတ်ကိုက သူခိုးအားပေးခေတ် ကိုယ်ကျင့်တရားထက် social တရားကို အားပေးတဲ့ခေတ်✅စတိုးဆိုင်ပိုင်ရှင်အမကြီးက အမှုရင်ဆိုင်နေစဉ်မှ...
28/10/2025

✅ခေတ်ကိုက သူခိုးအားပေးခေတ် ကိုယ်ကျင့်တရားထက် social တရားကို အားပေးတဲ့ခေတ်✅

စတိုးဆိုင်ပိုင်ရှင်အမကြီးက အမှုရင်ဆိုင်နေစဉ်မှာ
အိမ်မှာနေရင်း ဆရာဂျွန်လွင်ဆီကအလှူငွေဆယ်သိန်း အခြားသောအနုပညာရှင်များဆီက သိန်း ၉၀ စုစုပေါင်းသိန်း ၁၀၀ ကျော် ရရှိနေပြီဖြစ်တဲ့ဒေါ်ရခိုင်မ
゚viralシfypシ゚ ゚viralシfypシ゚viralシalシ

✅မကွေးတိုင်း၊ဂန့်ဂေါ မှာ အသံတိတ်လှုံ့ဆော်မှု✅ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေ...
27/10/2025

✅မကွေးတိုင်း၊ဂန့်ဂေါ မှာ အသံတိတ်လှုံ့ဆော်မှု✅

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ...

အောက်တိုဘာ ၂၇ ၊ ၂၀၂၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်က ရွေးကောက်ပွဲကို "သင့်မဲဖြင့် လူသတ်ခွင့်မပေးနဲ့" ၊ "တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ" အစရှိတဲ့စာသားတွေပါတဲ့ စာရွက်တွေကို ဂန့်ဂေါမြို့ထဲက အမှတ်(၄)ရက်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီး၊အမှတ်(၂)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တစ်နေရာအပြင် မြို့တောင်ဖက်အထွက်ရှိ We loveစစ်ဆေးရေးဂိတ်အနီး အစရှိတဲ့နေရာတွေမှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုကို ပြုလုပ်ခဲ့တယ်လို့ ယောအလင်းတန်းဆီက သိရပါတယ်။

မြို့ထဲက အခြားနေရာတွေမှာလည်း ရွေးကောက်ပွဲ လက်မခံကြောင်း စာရွက်တွေကပ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ လုံခြုံရေးတွေက အချိန်ပြည့်ရှိနေတာကြောင့် လုပ်ဆောင်လို့ရတဲ့နေရာတွေမှာပဲ ပြုလုပ်ပြီး မှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့မှာ အခုလို စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကန့်ကွက်ကြောင်း စာရွက်တွေကပ်ပြီး အသံတိတ်ဆန္ဒပြမှုပြီးတဲ့နောက် မြို့လုံခြုံရေးကို ပိုမိုတင်းကြပ်ထားတယ်လို့လည်း မြို့ခံပြည်သူတွေဆီက သိရပါတယ်။

`"ဂန့်ဂေါမြို့ပေါ်မှာ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းစာရွက်တွေကပ်ပြီး လုပ်ဆောင်ပြတာဟာ ဂန့်ဂေါမြို့နယ်က ပြည်သူတွေကလည်း ၎င်းတို့ရဲ့အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာကို ပြတာပါပဲ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နောက်ထပ်ပြီးလည်း ရတဲ့နည်းလမ်းဖြင့် ဆန့်ကျင်ကြောင်းလုပ်ဆောင်မှုများကို ထပ်မံလုပ်ဆောင်သွားဖို့ ရှိ​တယ်။ နောက်ကိုတော့ ဒီထက်ပိုကောင်းတဲ့နည်းလမ်းတွေပြုလုပ်ဖို့ စီစဥ်ထားပါတယ်" လို့ အခုအသံတိတ်သပိတ်လှုပ်ရှားမှုကို ဦးဆောင်စီစဥ်သူတစ်ယောက် ပြောကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်အနေနဲ့ ဂန့်ဂေါမြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် နယ်မြေစိုးမိုးရေး လုပ်ဆောင်ဖို့ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲပြုလုပ်ဖို့ နီးကပ်လာချိန်တွေမှယ စစ်ရေးအထူးသတိရှိဖို့လည်း လိုအပ်တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ယောက်က ပြောဆိုချက်ကို ယောအလင်းတန်းက သတင်းဖော်ပြထားပါတယ်။

ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေနဲ့ အောင်မြင်ရွာ(ရှောက်ပင်)အထိုင်ချကာကင်းစခန်း၊ မြစ်သာဆည်တမံလုံခြုံရေးကာကင်းစခန်း၊ မြို့ မြောက်ပိုင်းရှိ ပျုစောထီးတွေ အားကောင်းရာကျေးရွာတွေမှာသာ နယ်မြေစိုးမိုးထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
#မောင်း page မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်
゚viralシfypシ゚ ゚viralシfypシ゚viralシalシ #ဂန့်ဂေါမြို့

😢💔 မွေးနေ့ပွဲတစ်ပွဲက… ဘဝတစ်လျှောက် မမေ့နိုင်တဲ့အဖြစ်အပျက်ဖြစ်သွားခဲ့တယ်…မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အ.ထ.က (၁...
27/10/2025

😢💔 မွေးနေ့ပွဲတစ်ပွဲက… ဘဝတစ်လျှောက် မမေ့နိုင်တဲ့အဖြစ်အပျက်ဖြစ်သွားခဲ့တယ်…

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အ.ထ.က (၁)
၁၀တန်းကျောင်းသူလေးတစ်ဦးကို ၁၂တန်းကျောင်းသား ၄ ယောက်အဖွဲ့က
အတူတကွ ညှဉ်းပန်းမှုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းကြားလိုက်တာနဲ့
လူအများ စိတ်မကောင်းသွားကြတယ်…

😔 ပိုနာကျင်စရာကတော့… အဲ့ထဲက တစ်ဦးက သူမရဲ့ ချစ်သူ ဖြစ်တာပဲ။
“မွေးနေ့လုပ်ပေးမယ်” ဆိုတဲ့ အကြောင်းနဲ့ ခေါ်သွားတာက
ပျော်ရွှင်ဖို့အတွက်ပဲထင်ပေမဲ့
နောက်ဆုံးမှာတော့ အရာအရာ ပြောင်းသွားခဲ့တယ်။

အရက်နဲ့ ပျော်ရွှင်မှုအောက်မှာ
အပြုအမူအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး
ကျောင်းသူလေးက သတိလစ်သွားရတာတောင် ဖြစ်လာတယ်။

လက်ရှိမှာ တာဝန်ရှိသူတွေ စုံစမ်းနေကြပေမဲ့
လူအများကတော့ –
“လူ့ဘောင်ကျော်သွားပြီ…”
“ကျောင်းသားဆိုတာ နာမည်ပဲရှိတော့မယ်” လို့
ဒေါသဖြင့် ပြောနေကြတယ်။

😡 ဒီလိုဖြစ်ရပ်တွေ မတားဆီးနိုင်တော့ရင်
တန်ဖိုးရှိတဲ့ လူ့အသိနဲ့ ဂုဏ်သိက္ခါတွေ ပျောက်သွားမှာပဲ။

🕯️ အသက်ငယ်ငယ်တွေအတွက် ဘဝတန်ဖိုး၊ သဘောထားတန်ဖိုးတွေ ပြန်သုံးသပ်ဖို့ အချိန်ပါ။

✅မြန်မာ့သတင်း‼️❗❗❗❗❗✅KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့် အောက်တိုဘာ ၂၄၊ ၂၀၂၅ကရင်ပြည်နယ်၊ မြဝတီ...
25/10/2025

✅မြန်မာ့သတင်း‼️❗❗❗❗❗✅

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

အောက်တိုဘာ ၂၄၊ ၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ရွှေကုက္ကိုလ်မြို့က ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို ဝင်စီးပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးလာသူတွေလည်း ရှိသလို မြဝတီမြို့ထဲကို ထွက်ပြေးသူတွေလည်း ရှိနေတာပါ။

“အခု မြဝတီလာတော့မယ်ဆို တည်းစရာ အိမ်ရှိမှရမယ်။ ဟိုတယ်တွေ အကုန်အပြည့်ပဲ။ ကျားဖြန့်က ပြေးလာတဲ့သူတွေ တည်းနေတာ။ မြို့ထဲမှာကတော့ ပုံမှန်ပဲ။ ဒါပေမယ့် အဆင်းကားတွေတော့ ဈေးတက်နေတယ်” လို့ မြဝတီမြို့ခံတယောက်က ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ အများအပြား ထွက်ပြေးနေကြပေမယ့် နိုင်ငံတကာကနေ အလိုရှိတဲ့ ခေါင်းဆောင်ပိုင်းလူတွေကိုတော့ BGF၊ KNU-PC နဲ့ DKBA တပ်တွေက အကာအကွယ်ပေးထားတယ်လို့ မြို့ခံတွေက ယုံကြည်ကြပါတယ်။

နောက်ထပ်မြို့ခံတယောက်က “ရွှေကုက္ကိုလ်က အဆောက်အဦး ၃ခုကို မနေ့က BGF တွေပဲ သူတို့ကိုယ်တိုင် ဗုံးခွဲပြီး ဖြိုလိုက်တာရှိတယ်။ ပြီးတော့ နိုင်ငံတကာက လိုချင်နေတဲ့ ခေါင်းဆောင်ပိုင်းတွေကိုက သူတို့ကယ်ထုတ်ထားပြီး BGF ဆက်ဆံရေးရုံးအဖြစ်ဖွင့်ထားတဲ့ ဟိုတယ်မှာ ဖွက်ထားတယ်လို့ သိရတယ်။ တချို့ကျလည်း ဘားအံတွေ၊ မော်လမြိုင်တွေ ဆင်းပြေးကုန်ကြပြီ.. လောလောဆယ်ကတော့ အဲ့လို အခြေအနေပဲ” လို့ ဆိုပါတယ်။

BGF တပ်ဖွဲ့ ဆက်ဆံရေးရုံးအဖြစ် ဖွင့်လှစ်ထားတဲ့ ဟိုတယ်ကလည်း စစ်တပ်က အာဏာသိမ်းကာလအစောပိုင်းမှာ ချိတ်ပိတ်ထားပြီးနောက်မှာမှ BGF တွေက နေရာယူ နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ KK park ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထဲကို နယ်စပ်ကျော်ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူဦးရေဟာ ၁ထောင်ကျော်ရှိနေပြီ ဖြစ်ပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးလာသူတွေထဲမှာ ရေနစ်သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - ကျားဖြန့်လုပ်ကိုင်သူများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ကျန်ရစ်ခဲ့သည့် KK Park မြင်ကွင်း

ဓာတ်ပုံ - ゚viralシfypシ゚ #သတင်းစုံ ゚viralシfypシ゚viralシalシ #မောင်း

✅ထိုင်းနိုင်ငံသတင်း✅ထိုင်းနိုင်ငံ ပါကျင်ပူလီမှာ 10လပိုင်း24ရက်နေ့ ဒီနေ့မှာပဲ၊ အသက်၂၂ နိုင်ထွေးဆိုတဲ့ မြန်မာမောင်လေး၊ပီလေ...
24/10/2025

✅ထိုင်းနိုင်ငံသတင်း✅
ထိုင်းနိုင်ငံ ပါကျင်ပူလီမှာ 10လပိုင်း
24ရက်နေ့ ဒီနေ့မှာပဲ၊ အသက်၂၂ နိုင်ထွေးဆိုတဲ့ မြန်မာမောင်လေး၊ပီလောပီနံ စိုက်ခင်း တောထဲမှာ၊ လက်တွေ ကျိုးတုပ်၊ တကိုယ်လုံး ဒဏ်ရာ ၂၀-ချက်အပြင်၊ နိုင်ထွေးရဲ့ လည်ပင်းကို၊ လှ-ီး-ဖြ-တ်-သွားတာ၊အနက်ကြီးပဲရှင့်။
နိုင်ထွေး ဆုံးတဲ့ ခန့်မှန်းရက်က ၃ရက်လောက်ရှိပီ။ အလောင်းက ပုပ်ပွ နေပေမဲ့ ဘယ်သူဆိုတာ သိသေးတယ်ရှင့်။
မောင်လေးနိုင်ထွေးရဲ့ မိန်းမကလဲ မြန်မာပဲ၊ မိန်းမလဲ ရောက်လာခဲ့ပီး ၊ပြန်ပြောပြတာ၊ နိုင်ထွေးဟာ 21ရက်နေ့ထဲက၊ သူငယ်ချင်းဖြစ်သူ၊ မြန်မာ ပြည်သားဖြစ်တဲ့၊ မစ်စတာထူးနဲ့ အပြင်ထွက်သွားကြတယ်။
21ရက်နေ့က မစ်စတာထူးက ညီမလေးဆီကို ဖုန်းဆက်လာခဲ့တယ်ရှင့်။
မစ်စတာထူးက ငါပိုက်ဆံ ဘတ် ၅သောင်း လိုနေတယ် ၊ငါ့ကို ခုချက်ခြင်းရှာလာပေး၊ မရှာလာပေးရင်၊ နိုင်ထူးကို၊ €-တ်-မယ်လို့ ပြောပီး၊ ပြန်ပေးစွဲ သွားခဲ့တယ်။
ညီမလေးက နိုင်ထွေး၊ကို စိတ်ပူပီး၊ ပိုက်ဆံ သွားရှာတာ၊ဘတ် ၁သောင်း၊ရလာခဲ့တယ်။ ပီးနောက် မစ်စတာ
ထူး၊ဆီကို ပိုက်ဆံ လွဲပေးခဲ့တယ်။
ခနနေတော့၊ မစ်စတာ ထူး၊ဆီကို ဆက်သွယ်လို့ မရတော့ဘူး။
အဲနေ့က စပီး ယောက်ကျားက ပျောက်သွားခဲ့တယ်လို့ ပြောပြတယ်။
ရဲသုံးသပ် ချက် ကတော့ ၊တ-ရား-ခံ-ဟာ မစ်စတာထူး၊ဖြစ်ဖို့များတယ်။ နိုင်ထွေး၊ ဘယ်မှာ ရှိနေတယ်၊ နောက်ဆုံး၊ ဖုန်းဆက်ခဲ့သူ မစ်စတာထူး ၊ဖြစ်လို့ပဲရှင့်။
အခုရဲက မစ်စတာထူး၊ဆိုတဲ့ သူကို လိုက်နေတယ်။ မမိသေးဘူး။ အမြန်မိပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။
ဆုံးသွားသူ နိုင်ထွေးနဲ့၊မစ်စတာထူး
တို့က မြန်မာပြည်သားတွေပါ။ (သူတို့ရဲ့ နမည်တွေက သတင်းက ဖော်ပြထားတဲ့၊ အတိုင်း၊ ပြောပါပေးတာပါရှင့်။ )
#သတင်းစုံ ゚viralシfypシ゚ ゚viralシfypシ゚viralシalシ

Shout out to my newest followers! Excited to have you onboard! Shwe Yee Phoo
24/10/2025

Shout out to my newest followers! Excited to have you onboard! Shwe Yee Phoo

24/10/2025

゚viralシfypシ゚viralシalシ ゚viralシfypシ゚

ที่อยู่

Lat Phrao Road (No. 3278)
Bang Kapi
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Music & Videos Editผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์