Nyan & Thu Wander

Nyan & Thu Wander 👫A Couple documenting favorite moments, travel adventures, and life together..
🇲🇲🇹🇭🇸🇬🇲🇾🇮🇩🇹🇼🇯🇵🇹🇷🇳🇵🇬🇧🇨🇳…?

29/05/2026

This is how we go down from the Great Wall of China.🤗
Mutianyu Section ရဲ့ East route မှာဆိုလို့ရှိရင် အတက်ကို Chairlift နဲ့တက်ပြီး အဆင်းကျ Toboggan ride စီးလို့ရတာမို့ exiting ဖြစ်ပါတယ်..

ဒီ Toboggan ကတော့

နှင်းပေါ်မှာ စီးရတာမျိုး မဟုတ်ဘဲ Steel နဲ့လုပ်ထားတဲ့လမ်းကြောင်း ထဲမှာ Plastic wheeled cart ပေါ် ထိုင်စီးရတာမျိုးပါ.
အရှိန်ရအောင် စက်နဲ့မောင်းတာမျိုး မဟုတ်ဘဲ Gravityနဲ့ Momentum ကို သုံးပြီး တောင်ပေါ်ကနေ အောက်ကို လျှောဆင်းရတာပါ
တစ်ယောက်ကို Cart တခုနဲ့ ဘရိတ်ပါတာမို့ အဆင်းက မြင့်ရင်တောင် ကိုယ့်အရှိန်ကိုထိန်းပြီး စီးလို့ရတာပေါ့..
But…ကိုယ့်ရှေ့က စီးတဲ့သူက ကြောက်တတ်ပြီး ဘရိတ်ဘဲတချိန်လုံးဖမ်းဆွဲထားပြီး ဖြေးဖြေးလေး လိမ့်နေရင်တော့ ကံပေါ့ ...🥹
ကိုယ်တွေ့ နာကျင်မှုတွေ.. 🥹
အရှိန်နဲ့ ဆင်းချင်းတာ ရှေ့၅ယောက်မြောက်က အန်တီကြီးက Break ပဲဆွဲထားတော့ တောက်လျှောက် အိပဲ့အိပဲ့လေးနဲ့ stuck ဖြစ်သွားတာပေါ့ 🥹

Toboggan ride at the Great Wall of China is fun until the person ahead of you decides to white-knuckle the handbrake the whole way down.😆

#တရုတ်ခရီးစဉ်


#ဂရိတ်ဝေါ

တရုတ်ပြည်ကို Tour နဲ့မဟုတ်ဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် သွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီး ဖုန်းထဲ Download လုပ်သွားရမယ့် App လေ...
25/05/2026

တရုတ်ပြည်ကို Tour နဲ့မဟုတ်ဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် သွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီး ဖုန်းထဲ Download လုပ်သွားရမယ့် App လေးတွေအကြောင်း ပြောပြပေးမယ်နော်

ကျမတို့သွားတာ Beijing, Xi’an နဲ့ Shanghai ၃မြို့ကိုရောက်ခဲ့ပါတယ်

1- Payment system 💰💳
တရုတ်နိုင်ငံမှာ ငွေသား ဒါမှမဟုတ် Credit Card ထက်ကို ဖုန်းနဲ့ Scan ဖတ်ပြီး ငွေပေးချေတာက ၉၉% ရှိပါတယ်

WeChat (တရုတ်လို Weixin):
တရုတ်ပြည်ရဲ့ Super App ပါ. App ထဲမှာတင် mini programs တွေရော သုံးလို့ရတယ်. ငွေရှင်းတဲ့နေရာမှာ ပိုသုံးဖြစ်ခဲ့ပါတယ်.
မသွားခင်တည်းက Acc ကြိုဖွင့်ပြီး Visa card နဲ့ Payment ကို setup ကြိုလုပ်ထားပါ. တချို့ Step တွေကို Region မတူတာကြောင့် verification လုပ်မရတာဖြစ်တတ်တယ်
ဒါပေမယ့် တရုတ်ပြည်ထဲရောက်သွားရင် Verified ဖြစ်သွားပါတယ်။

Alipay :
Card ချိတ်ရတာ WeChat ထက် ပိုလွယ်ကူပြီး App ထဲကနေပဲ တက္ကစီခေါ်တာ၊ ရထားလက်မှတ်ဖြတ်တာတွေ လုပ်လို့ရပါတယ်။
မသွားခင်တည်းက ကြို acc ဖွင့်, Visa card နဲ့ link လုပ်ပြီး Verification လုပ်လို့ရသလောက် ကြိုလုပ်သွားပါနော်.

2-Maps 🗺️📍
တရုတ်နိုင်ငံမှာ Google Maps က သိပ်အလုပ်မလုပ်ပါဘူး

Amap:
English လိုသုံးလို့ရလို့ Amap နဲ့ပဲ ပိုသုံးဖြစ်ပါတယ်။ မြေအောက်ရထား လမ်းကြောင်းတွေ လမ်းညွှန်တွေကို အတိအကျ ပြပေးပါတယ်။

Baidu Maps:
ဒီ App ကတော့ တရုတ်လိုမဖတ်တတ်ရင် အဆင်မပြေလို့ ကျမတို့တော့ Amap နဲ့တင် အဆင်ပြေခဲ့ပါတယ်.

Apple Maps:
iPhone သုံးတယ်ဆိုရင် Apple Maps က တရုတ်ပြည်မှာသုံးလို့အဆင်ပြေပါတယ်။

3-Transportation 🚕💺🚆

DiDi :
တရုတ်ပြည်ရဲ့ Uber/Grab လို့ပြောရမယ်. စီးရတာတန်တယ်ရှင် ဈေးသက်သာတယ်။ရွေးတဲ့ကားအမျိုးအစားပေါ်မူတည်ပြီးတော့ ဈေးတော့ကွာသွားတယ်။
Alipay or WeChat ထဲက Mini Programထဲကနေလည်း သုံးလို့ရတယ်
ကျမတို့တော့ App သီးသန့် Download ဆွဲပြီးသုံးပါတယ်။

Trip.com:
Hotel booking ၊ Air tickets နဲ့ High-speed train(Bullet Train) လက်မှတ်တွေ အကုန် Trip.com ကပဲ ဝယ်လိုက်ပါတယ်. တရုတ်ပြည်ခရီးသွားပြီးနောက် Trip.com fan ဖြစ်သွားတာ တအားသုံးရတာ အဆင်ပြေလို့😄
Public transportation သုံးမယ်ဆိုရင် Metro/subway ဆို Visa card နဲ့စီးလို့ရလို့ရပါတယ်

4-Communication and Translation 🗣️📝

Google Translate:
ဘယ်နိုင်ငံသွားသွား ဖုန်းထဲရှိထားသင့်တဲ့ Translation app.
Local ဆိုင်တွေမှာ သွားစားရင် Menu က တရုတ်လိုတွေပဲဖြစ်နေတဲ့အခါ ဓာတ်ပုံရိုက်ပြီး Translate လုပ်နဲ့ အဆင်ပြေနေရော
သူတို့လူမျိုးတွေကလည်း Translation နဲ့ပြောပေးတယ် စိတ်လည်းရှည်ကြပါတယ်. ဘာသာစကားအခက်အခဲတော့ အရမ်းမဖြစ်ခဲ့ပါဘူး

5- Restaurants, Shopping and Attractions recommendations 🍽️ 🛍️🎢

Red note (Xiao hong Shu):
ဒီ App က English translation နဲ့သုံးလို့ရတယ်. ကိုယ်သွားမယ့်မြို့ကို ရိုက်ထည့်လိုက်ရင် သူတို့တင်ထားတဲ့ Post တွေ (စားသောက်ဆိုင်/Cafe Recommendation, ဓာတ်ပုံရိုက်လို့ကောင်းတဲ့ Location, etc..) အစုံထွက်လာတယ်
မသွားခင်တည်းက ကြို download လုပ်ပြီး ကိုယ်ကြိုက်တဲ့ post လေးတွေ save ထားလို့ရပါတယ်. သုံးလို့ကောင်းလို့ App ထဲဝင်ပြီးရင် ပြန်မထွက်ချင်😄

Dianping :
TripAdvisor လို app ပေါ့နော်
အနီးနားက နာမည်ကြီး စားသောက်ဆိုင်တွေ၊ လည်ပတ်စရာနေရာတွေရဲ့ Review နဲ့ ဈေးနှုန်းတွေကို ကြည့်နိုင်ပါတယ်။ (app ကို translate လုပ်ပြီးသုံးလို့ရပါတယ်)

Taobao:
Taobao ကတော့ လူတိုင်းသိတဲ့အတိုင်း ဈေးဝယ်ဖို့အစုံရတဲ့ App ပေါ့နော်. Taobao သုံးနေကျသူဆိုပိုအဆင်ပြေပါမယ်. English version နဲ့လည်း Region ပေါ်မူတည်ပြီးရတယ် (Eg. စင်ကာပူမှာဆို English version နဲ့ရတော့ တရုတ်စာမဖတ်တတ်ပေမယ့်သုံးနေအဆင်ပြေနေတာ)
ကိုယ်မှာချင်တာကို တည်းမယ့် Hotel လိပ်စာထည့်ပြီး ပို့ခိုင်းထားလိုက်တာ Hotel Check in ဝင်တော့ မှာထားတဲ့ ပစ္စည်းတွေက ရောက်နှင့်နေပြီ Nice….😄😄

‼️Another important tips

💡- တရုတ်နိုင်ငံရဲ့ Firewall ကြောင့် Facebook, Messenger, Viber, YouTube, Instagram, Google တွေကို သုံးနိုင်ဖို့အတွက် မသွားခင်ကတည်းက စိတ်ချရတဲ့ VPN တစ်ခု ဒါမှမဟုတ် International Roaming eSIM/SIM Card ကို ကြိုဝယ်သွားဖို့ လိုပါတယ်။
အကြံပေးချင်တာကတော့ Trip.com ကနေ eSIM ဝယ်သွားဖို့ပါ.. ကျမတို့ဝယ်တဲ့ eSIM ကို ပုံထည့်ပေးထားမယ်နော်. ကိုယ်သွားမယ့်ရက်အလိုက် ရွေးဝယ်လို့ရပါတယ်. လေယာဉ်ဆိုက်တာနဲ့ activate လုပ်လိုက်ပြီး သုံးလို့ရပါပြီ

💡- တချို့ Attraction နေရာတွေရဲ့ Entrance ticket က တစ်ရက်ကြိုဝယ်ရတာမျိုးရှိပါတယ် နေရာတိုင်း Walk-in ဝယ်မရတာမို့ မသွားခင် ကြိုတင်ကြည့်ပြီး ဝယ်ဖို့လိုတာ ဝယ်သွားပါနော်.

💡- Passport ကိုသွားလေရာ ဆောင်သွားရပါတယ်
အမြန်ရထား Train ticket ဆိုသီးသန့် ထုတ်စရာ, ထိုင်ခုံ reserve လုပ်စရာမလိုပါဘူး Trip.com မှာဝယ်တာနဲ့ Seat number ပေးပြီးသားပါ. Station ရောက်ရင် ကိုယ်စီးမယ့် Boarding gate မှာ Passport scan ရုံပါပဲ..

💡- တရုတ်ပြည်ကိုဝင်ရင် Arrival card လည်းဖြည့်ရတာမို့ မသွားခင်မှာ Arrival card လည်းကြိုဖြည့်သွားဖို့ အကြုံပြုပါတယ်

ဒါကတော့ မသွားခင်ကြိုတင်ပြင်ဆင်သွားသင့်တာနဲ့ ကိုယ့်အတွေ့အကြုံလေးတွေ Sharing လုပ်လိုက်ပါတယ်ရှင်. Post ထဲမပါဘဲ ကျန်ခဲ့တာ လိုအပ်တာလေးတွေရှိရင်လည်း comment မှာ ဖြည့်သွားပေးဦးနော်..

Happy Travel,

#တရုတ်ခရီးစဉ်

48 hrs in Xi’an/Chang AnHighlights: Terracotta Army, Bell tower, Muslim square night market, Ancient city wall 🗿Xi’an မြ...
17/05/2026

48 hrs in Xi’an/Chang An
Highlights: Terracotta Army, Bell tower, Muslim square night market, Ancient city wall

🗿Xi’an မြို့ကိုရောက်ရင် Terracotta Warrior ကမဖြစ်မနေလည်သင့်တဲ့ထဲပါတယ်
၁၉၇၄ ခုနှစ်မှာ လယ်သမားတွေ ရေတွင်းတူးရင်း မတော်တဆ ထောင်နဲ့ချီတဲ့ စစ်သားရုပ်တုတွေ၊ မြင်းရုပ်တွေ၊ ရထားတွေရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ခန့်မှန်းခြေ လွန်ခဲ့တဲ့ ၂,၂၀၀ ကျော်က တည်ဆောက်ခဲ့ပြီး ပထမဆုံး တရုတ်ဧကရာဇ် Qin Shi Huang ရဲ့ Afterlife မှာကာကွယ်ဖို့ စစ်သားရုပ်ထုတွေ ထောင်နဲ့ချီဖန်တီးထားတာလို့ ယုံကြည်ရတယ်။

အထူးခြားဆုံးက ရုပ်တုတစ်ရုပ်ချင်းစီရဲ့ မျက်နှာပုံစံ၊ ဆံပင်ပုံစံ၊ အမူအရာတွေ၊ Facial expressions တွေကအစ မတူကြဘူး။

အခုချိန်မှာတော့ စနစ်တကျ restore လုပ်ပြီး (တချို့ရုပ်ထုတွေက Under restoration ပါ) UNESCO World Heritage Site အဖြစ် သတ်မှတ်ထားပါတယ်။

Transportation and tour package
Didi (ride-hailing app) နဲ့ကားငှားပြီးသွားလို့ရပါတယ်. မြို့ထဲကနေ မိနစ်၄၀လောက်စီးရတယ်

Trip.com မှာ bus service + English guided group tour ဒါမှမဟုတ် Private tour တွေလည်းရှိပါတယ်

ကျမတို့သွားတာက -
Entrance ticket ကိုပဲ Trip.com ကနေဝယ်ပြီး အထဲရောက်မှ private English guide ကိုငှားလိုက်ပါတယ်.
Pit 1 entrance က counter မှာ Guide service ဝယ်လိုက်တာ 500 yuan for 2 persons ကျပါတယ်
သူကတော့ Pit1,2,3 ကိုပဲရှင်းပြတာပေါ့

တစ်ယောက်ကို Entrance ticket- S$22.4
Guide - S$ 94/2= S$47
S$ 69.4 per person ကျသွားတာပေါ့နော်

🏯Xi’an City wall မြို့ရိုးပတ်လည် အရှည်က ၁၄ km လောက်ရှည်လို့ စက်ဘီးနဲ့တစ်ပတ်စီးမယ်ဆိုရင် ၁နာရီခွဲလောက်ကြာပြီး အေးဆေးရှုခင်းကြည့်လို့ကောင်းပါတယ်
ကိုယ်တွေသွားခဲ့တုန်းကတော့ မိုးဖွဲကျနေတာမို့ စက်ဘီးမစီးခဲ့ရဘူး Wall ပေါ်လမ်းခဏပတ်လျှောက်ခဲ့ပါတယ်

Bell tower and Drum tower : တည်းတဲ့ Hotel ကို မြို့လည်ခေါင်မှာရှိတဲ့ Bell tower အနီးတဝိုက်မှာ book ရင် ပိုအဆင်ပြေပါတယ်

Muslim quarter food street လည်း အဲ့နားပဲမို့ ညဘက်အစားအသောက်ကောင်းတွေအများကြီးရှိတယ်
တစ်မျိုးကို 7 yuan - 15 yuan နဲ့စုံစိနေအောင် ပတ်စားခဲ့ပါ
Must try- Biang Biang Noodle, Meat burger
Bbq အကင်တွေ ဆိတ်သား,အမဲသားနဲ့ ရေဘဝဲတော်တော်များများတွေ့ရတယ်

———————————။———————————————
ပုံလေးတွေအောက်မှာလည်း Detail caption လေးတွေထည့်ထားပေးထားတယ်နော်

#တရုတ်ခရီးစဉ်

တရုတ်ပြည်ရောက်တော့ အတွေ့ရများတဲ့ Local businesses ထဲမှာ Attractions နေရာတွေမှာ Camera ရယ် Tablet လေးရယ်ကိုင်ပြီး ဓာတ်ပုံ...
16/05/2026

တရုတ်ပြည်ရောက်တော့ အတွေ့ရများတဲ့ Local businesses ထဲမှာ Attractions နေရာတွေမှာ Camera ရယ် Tablet လေးရယ်ကိုင်ပြီး ဓာတ်ပုံရိုက်ပေးကြတာပါတယ်
ရိုက်ပြီး ၃မိနစ်ဆို Filter ထည့်ပြီးသားပုံလေးတွေရပြီ

Pose မပေးတတ်ရင်လည်းစိတ်ပူစရာမလိုဘူး သေချာသင်ပေးတယ်. ရိုက်ပေးသမျှပုံတွေထဲ စိတ်ကြိုက်ရွေးယူရုံပဲ
မရိုက်ခင် ဈေးမေးကြည့် ဆစ်ပြီးမှ ရိုက်ကြတာပေါ့
၁ပုံကို 15-25 yuan ထိ ဈေးတော့ဆစ်ရင်းနဲ့ အစားစားကွာသွားတယ် (တချို့ တစ်ပုံ35-50 yuan ထိတောင်းတတ်ကြတယ်)
ကိုယ်တွေကတော့ ၃ပုံပဲရိုက်မယ်အရင်ပြောဈေးညှိပြီး ကြိုက်လို့ရွေးရင်း ၇ပုံရလာတယ်
Filter လေးထည့်ပေးထားတာ Glow နေရော🤩

ရိုက်ဖူးတဲ့သူတွေရော တစ်ပုံဘယ်လောက်နဲ့ဆစ်ပြီးရိုက်လို့ရခဲ့လည်း Comment မှာပြောသွားဦးနော် ❤️

📍 Location: Temple of Heaven, Beijing, China
#တရုတ်ခရီးစဉ် #ခရီး #ပေကျင်း

A day at Mutianyu Great Wall of China 🛕🏰Beijing ရောက်တဲ့အခါ အသွားချင်ဆုံးဖြစ်တဲ့ Great Wall ကိုသွားတဲ့ Itinerary လေး အနည...
14/05/2026

A day at Mutianyu Great Wall of China 🛕🏰

Beijing ရောက်တဲ့အခါ အသွားချင်ဆုံးဖြစ်တဲ့ Great Wall ကိုသွားတဲ့ Itinerary လေး အနည်းငယ် Sharing လုပ်မယ်နော်

Beijing ကနေဆို Great Wall ကိုသွားလို့ရတဲ့ Badaling နဲ့ Mutianyu ဆိုပြီးSection 2 ခုရှိပါတယ်

Badaling - က Beijing မြို့ထဲကနေ High-speed train စီးပြီး မိနစ်၂၀လောက်ဆိုရောက်လို့ သွားရလွယ်ပြီး အနည်းငယ် Crowded ဖြစ်တယ်လို့သိရတယ်

Mutianyu - ကိုယ်တွေသွားခဲ့တာက Mutianyu section ကိုပါ
Trip.com or KLOOK ကနေ အသွားအပြန် Bus service ကြိုဝယ်သွားပါတယ် (around S$29/person)
ကိုယ်တွေက Trip.com က ဝယ်တာပါ
Meeting point ကို 7:45 အရောက်သွားရပါတယ်
မနက် ၈နာရီထွက်ပြီး နေ့လည် ၂နာရီ or ၃ နာရီ bus နဲ့ပြန်လာရပါတယ်. Bus စီးရတာက 1:30 hr လောက်ကြာတယ်.

အဲ့ရောက်ရင် West route နဲ့ East route ဆိုပြီး ၂မျိုးရှိတယ်
West route ကိုရောက်ဖို့ 5-min Shuttle bus စီးပြီး Cable car နဲ့ Tower 14 ကို အတက်အဆင်းရပါတယ် အဲ့အတွက် သပ်သပ်ဝယ်ရတာက 140 yuan (S$26) ပါ
West route က တက်နိုင်ရင် watch tower 20 ထိတက်လို့ရပြီး ပို View ကောင်းပါတယ် ပိုလည်းကျယ်ပါတယ်

East route ကိုသွားရင်လည်း 5-min shuttle bus စီးပြီး Chairlift နဲ့တက် အဆင်းကို Chairlift or Toboggan ride စီးလို့ရပါတယ် -140 yuan (S$26)
East route က Toboggan ride စီးပြီးဆင်းလို့ရတော့ fun and easy ဖြစ်ပါတယ်

ကိုယ်တွေက both routes ကိုသွားခဲ့တာ 9:30 am မှာ Bus နဲ့ရောက်ပြီး ညနေ 3 နာရီအပြန် bus နဲ့ East ရော West ရော သွားလို့မှီခဲ့ပါတယ်

💴 East/West route အတွက် ဝယ်ဖို့က bus ပေါ်မှာတင် guide ကနေတဆင့်ဝယ်လို့ရပါတယ်
Cash/ Alipay/Wechat pay လက်ခံတယ်
❗️Passport ကို သွားလေရာဆောင်သွားပါ
Entrance တွေ Cable car စီးဖို့တွေ paper tickets မပေးပါဘူး (except chairlift) Passport scan ရုံနဲ့ဝင်လို့ရပါပြီ
🍟ရေဘူးနဲ့ Snack အနည်းငယ်တော့ ထည့်သွားနော်

ကိုယ့်အစီစဉ်နဲ့ကိုယ်သွားချင်တဲ့သူလေးတွေအတွက် အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်

Happy travel,
#ဂရိတ်ဝေါ #မဟာတံတိုင်းကြီး #တရုတ်ခရီးစဉ် #ခရီး

#

02/09/2025

We made it to the 𝗧𝗵𝗼𝗿𝗼𝗻𝗴 𝗟𝗮 𝗣𝗮𝘀𝘀 (𝟱𝟰𝟭𝟲 𝗺𝗲𝘁𝗿𝗲𝘀, 𝟭𝟳𝟳𝟲𝟵 𝗳𝘁 ) after 11 incredible days on the trail.

နီပေါမှာ Trekking trails တွေအများကြီးရှိတဲ့အထဲမှာ 𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗖𝗶𝗿𝗰𝘂𝗶𝘁 𝗧𝗿𝗲𝗸 ကိုရွေးဖြစ်သွားတယ်

စစချင်းသိတာက The Travel Intern ရဲ့ Annapurna base camp နဲ့ Circuit Trek tour package ads ကိုတွေ့တော့ စိတ်ဝင်စားပြီး ABC သွားကြမယ်ပေါ့ ၇ရက်လောက်ပဲဆိုတော့ ပေါ့ပေါ့ပါးပါးသွားကြမယ်ဆိုပြီး ကိုယ်တွေနှစ်ယောက်သား စိတ်ဝင်စားသွားကြတာ

တကယ် သေချာ Research တွေလုပ်မှ Hiking ဆို MacRitchie to Treetop walk လောက်လျှောက်ဖူးတဲ့ကိုယ်တွေအတွက် မပေါ့ပါးနေမှန်း budget လည်း အဲ့လောက် friendly မဖြစ်မှန်းသိလိုက်ရတာလေးကတော့ သပ်သပ်ပေါ့🙃 (ကိုယ်တွေအတွက် Gears တွေအစကနေ တခုချင်း ဝယ်ရတာမို့ ကုန်တာမို့ပါ -တခြား options တွေလည်းရှိပါတယ်)

𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 🏃‍♀️🏋️‍♀️
First ever multi-day trekking ကို Annapurna Circuit သွားဖို့ပဲ မနှစ်ကနှစ်ကုန်ကတည်းက ဆုံးဖြတ်ချက်ချပြီး ၃လလောက်ကြို Training လုပ်ပါတယ်
Weekends တိုင်း ဒီမှာတော့ ရှိတဲ့ Bukit Timah ကိုပဲ diary farm loop ကို ၄-၆ ခေါက်အတက်ဆင်းလုပ်တယ် or MacRitchie to Bukit Timah Summit (around 15km) hiking လုပ်ပါတယ်
Weekdays တွေမှာ Gym သွားရမှာတော့ပျင်းတာမို့
5 km ပြေးပါတယ်
Training မရှိဘဲသွားရင် ပင်ပန်းရင်ကိုယ်တိုင်ပဲခံရတာမို့ ရသလောက်တော့ Training လုပ်ဖို့အားပေးပါတယ်
နောက်ပြီး Physically အပြင် Mentally ပါပြင်ဆင်ထားဖို့လိုပါတယ်
Mentally strong ဖို့က 50% လောက်အရေးကြီးတာမို့ပါ

ကုန်ကျစရိတ် - 𝗖𝗼𝘀𝘁 💵💰
ကိုယ်တွေသွားတာက Kathmandu က Tour နဲ့သွားတာပါ
အနည်းဆုံး ၂ယောက်ကနေစပြီး Private group tour package ရှိပါတယ်
2-3 pax ဆိုရင် USD 920 per pax ပါ
လူများရင်တော့ ဈေးပိုသက်သာပါတယ်

ကိုယ်တွေက ၂ယောက်, Guide ၁ယောက်, Porter ၁ယောက်နဲ့ Trekking တစ်လျှောက် Standard meals နဲ့ Accommodation အကုန်အပြီးအစီးပါ (Coffee တို့ရေတို့ တခြား drinks တွေတော့ ကိုယ့်ဟာကို ကျသလောက်ရှင်းရပါတယ်)

သူ့ company website ထည့်ထားပေးပါတယ်
Tour နဲ့သွားဖို့ရှာနေတယ်ဆိုရင်တော့ Discovery World Treking company ကို recommend ပါတယ်

𝗧𝗿𝗲𝗸𝗸𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗹𝘀 🏕️🏞️🏔️
Nepal က trails တွေက Infrastructure ကောင်းတာကြောင့် တစ်ကမ္ဘာလုံးကလူတွေ Trekking လာလုပ်ကြတယ်
Popular ဖြစ်တဲ့ Trails တွေဆိုရင် Everest Base Camp, Annapurna Circuit, Annapurna Basecamp, Langtang Valley Trek, Manaslu and Mustang Treks တွေရှိပါတယ်

𝗔𝗰𝗰𝗲𝘀𝘀𝗼𝗿𝗶𝗲𝘀 𝗮𝗻𝗱 𝗚𝗲𝗮𝗿𝘀🥾🧥🧢
မသွားခင် ၄လလောက်ကြိုပြီး တခုချင်းစီ ဝယ်စုကြပါတယ်
(သွားခါနီးမှအကုန်ဝယ်ရရင် budget ထိမှာမို့)

အဓိကက Trekking boots ရယ် Backpack ရယ်ဝယ်ပြီး Train ပါတယ်
Trekking boots နဲ့ ကြို train ဖို့ အရေးကြီးပါတယ်
Multi-day trek မှာက 5ရက်ဆက်တိုက်က တစ်ရက်ကို 17km ဝန်းကျင် လျှောက်ရတာမို့ အလေ့ကျင့်ရှိမှ ဖိနပ်မပေါက်မှာပါ
မိန်းကလေးအတွက်ဆို Salomon X ultra 360 edge gore-tex က highly recommend ပါ
လုံးဝခြေထောက်နာတာမဖြစ်ဘူးရယ်

မြို့တော် Katmandu မှာလည်း ဝယ်လို့ရော ငှားလို့ရော ရပါတယ် ဆိုင်တွေအများကြီးပဲ

ကိုယ်တွေကတော့ အကုန်နီးပါး တခုချင်းစီစုပါတယ်
အသွားက အဲ့မှာအချိန်မရတာရယ် ဆိုင်တွေမှာဈေးဆစ်တာတွေ အဲ့လောက်မကျွမ်းတာကြောင့် ဒီကပဲဝယ်သွားပါတယ်
- SG မှာဆို ဈေးသင့်ပြီး Quality ကောင်းတဲ့ Fleece နဲ့ တခြား Accessories တွေ Decathlon မှာဝယ်ပါတယ်
- Funan mall က Outdoor life မှာက Brand အစုံရှိပါတယ်
- Clarke Quay Central က Adventure 21 ဆိုတဲ့ ဆိုင်မှာလည်း Backpack တွေစုံပါတယ်

Equipment checklist လိုအပ်ရင် DM လိုက်နော် 📥

𝗧𝗿𝗲𝗸𝗸𝗶𝗻𝗴 𝗗𝗮𝘆𝘀
Summery ပြောရရင် ကိုယ်တွေရဲ့ Itinerary က တောင်ခြေရွာလေးကနေမှ တစ်ရက်ချင်းတက်ပြီး Day 9 မှာ Trail ရဲ့အမြင့်ဆုံး ပေ 17769 High pass ထိတက်ရတာ
လမ်းမှာတစ်ရက်နဲ့တစ်ရက် Scenery တွေ Vibe တွေက change သွားပြီး Weather မျိုးစုံကိုရောခံစားပြီး
စိတ်အေးလက်အေး တောင်ပဲတက်ပြီး ဖြတ်သန်းရတာ
မနက်ဆို ၅နာရီဆိုထ ၇နာရီ Breakfast စားပြီးတာနဲ့ စထွက်
နေ့လယ်စာ စားချိန်ရောက်ရင် လမ်းမှာ ရွာရှိလို့ Tea house မှာဝင်စား ခဏနားပြီး ပြန်ထွက်
၄နာရီလောက်ဆို ညအိပ်ရမယ့် Tea house ရောက်လို့ နားပြီး ညစာ 6:30 / 7 pm လောက်စားပြီး ၉/၁၀ နာရီလောက်ဆိုအိပ်ပြီ
အဲ့တိုင်းလေး ၁၁ ရက်တာ အပူပင်မရှိဖြတ်သန်းရတာဆိုပေမယ့်..

Altitude မြင့်လာလေ အသက်ရှုမဝလေမို့ 3800 metres အထက်နောက်ပိုင်း Average Elevation gain က တစ်ရက်ကို 500 meters လောက်ပဲပေမယ့် တော်တော်မောပါတယ် အသက်ကိုဖြေးဖြေးမှန်မှန်ရှုဖို့လိုပါတယ်
5/6 လှမ်းလောက်လှမ်းပြီးရင်ကို မောနေတာ
Weather ကလည်း - (minus) အထိရောက်ပြီး တချို့ရက်တွေ နှင်းကျနေပြီးနှင်းတော့ထဲဖြတ်ရတာမို့ ၂ဆပိုပင်ပန်းပါတယ်

Acute mountain sickness ကလည်း လူတစ်ယောက်နဲ့တစ်ယောက် ခံစားရတာမတူတာမို့ လျော့တွက်ထားလို့မရပါဘူး
ကိုယ့်ဟာကိုအခြေနေ အဆင်မပြေဘူးထင်ရင် အောက်တစ်ရွာကို ပြန်ဆင်းနားဖို့တို့ သေချာသတိပေးထားပါတယ်

Mentally ကလည်း အရေးကြီးတာမို့ ကိုယ့်အခြေနေကိုယ်သိပြီး ဆက်တက်သင့်လား ပြန်လှည့်သင့်လားတော့ စဉ်းစားဖို့လိုပါတယ်

လမ်းမှာသွားနေရင်း ပြန်လှည့်ကြသူတချို့တွေ ရှိပါတယ်
တချို့ကျ တောင်ခြေလောက်က မတက်ဘဲ 3300 meters ကနေစတက်တဲ့ Group ထဲကတစ်ယောက်ဆို စစချင်းမှာပဲ အခြေနေမဟန်လို့ ပြန်လှည့်သွားရပါတယ်
အချိန်ရတယ်ဆို တောင်ခြေကနေ တစ်ရက်ချင်းတက်တာက အကောင်းဆုံးပါ အဲ့ဒါမှ Body က Adjust ဖြစ်ပြီး AMS ကိုနည်းနည်းခံသာမှာပါ
Mentally ကလည်းတော်တော်အရေးကြီးတာမို့ စိတ်အားထက်သန်မှသာ သွားနိုင်မယ့်ခရီးပါ

အတိုချုံ့ရရင်တော့ နီပေါမှာ Trekking experience ကတော်တော်ကောင်းပါတယ် နောက်တစ်ခေါက်ထပ်သွားရမယ်ဆို Manaslu ဘက်သွားချင်တယ်
Less crowded ဖြစ်ပြီး Tibetan ရွာလေးတွေပိုများပြီး Remote ပိုဖြစ်တာမို့
နောက်တစ်ခေါက်သွားရင်တော့ နှစ်ယောက်တည်းမသွားချင်တော့ဘူး သူငယ်ချင်းတွေရော ပါအောင်ခေါ်သွားမှာ 😉
သွားကြမယ်ဆိုပြီးပြောထားတဲ့ သူငယ်ချင်းတွေ စာရင်းမှတ်ထားပါတယ်နော် 🧐

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Nyan & Thu Wander posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share