A muu

A muu အလွမ်း​လေးများ

5​ကောင်ငါမြင်တယ် u?
16/09/2026

5​ကောင်ငါမြင်တယ် u?

ပီနန်းလေဆိပ်မှာ အသက် ၇၂ နှစ်အရွယ် စင်ကာပူအဘိုးအိုကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံသား ၄ ယောက်အား မလေးရှားတရာ...
11/09/2026

ပီနန်းလေဆိပ်မှာ အသက် ၇၂ နှစ်အရွယ် စင်ကာပူအဘိုးအိုကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံသား ၄ ယောက်အား မလေးရှားတရားရုံးတင်စစ်ဆေး

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၃၀-၄၀ အထိ ကျနိုင်ပါတယ်။ တရားခံ ၄ ယောက်ထဲမှာ အမျိုးသမီးတယောက်လည်း ပါပါတယ်။ 😳

အခုဖြစ်နေတဲ့ *ထိုင်းဘုန်းကြီးကိစ္စ* အကုန်လုံးမြင်တွေ့မှါပါ👇*ဘာဖြစ်တာလဲ:*- မနေ့ကပဲ *Ayutthaya က Wat Phutthaisawan ဘုန်းကြ...
11/09/2026

အခုဖြစ်နေတဲ့ *ထိုင်းဘုန်းကြီးကိစ္စ*
အကုန်လုံးမြင်တွေ့မှါပါ👇

*ဘာဖြစ်တာလဲ:*
- မနေ့ကပဲ *Ayutthaya က Wat Phutthaisawan ဘုန်းကြီးကျောင်းရဲ့ ဘုန်းကြီးချုပ် (အသက် 66) Phra Wachirayan* ကို ရဲဖမ်းသွားတယ်
- *စွပ်စွဲချက်က 2 ခု* -
1. ကျောင်းအတွက်အလှူငွေ *92 သန်း ဘတ် (ဒေါ်လာ 2.8 သန်း)* ကို အလွဲသုံးစားလုပ်တာ
2. ကျောင်းမှာနေတဲ့ မိန်းမတစ်ယောက် (အသက် 47) နဲ့ *လိင်ဆက်ဆံတဲ့ CCTV* ပေါက်ကြားတာ

*ဘယ်လိုလုပ်တာလဲ:*
- 2 နှစ်ကျော်အတွင်း အလှူခံဖြတ်ပိုင်း 20 ကျော်ကို ကျောင်းနာမည်နဲ့ထုတ်ပြီး ငွေက ကျောင်းအကောင့်ထဲ တစ်ဘတ်မှမဝင်ဘူးတဲ့
- ရဲတွေက သူ့ကျောင်းခန်းထဲမှာ *ရွှေချောင်း 16kg + ငွေသား + မြေစာချုပ်တွေ သိမ်း 215 သန်း ဘတ်ဖိုး* သိမ်းမိတယ်

ကိုယ့်အမြင်နဲ့ အတိုချုပ်ပြောရရင် 💙
ဒါက *ဘာသာရေးကိုကိုးကွယ်တာနဲ့ လူတစ်ဦးချင်းရဲ့အမှားကိုခွဲမြင်ရမယ်*။

1. *ဘာသာမပျက်ဘူး၊ လူပျက်တာ* - ထိုင်းမှာ ဒီလိုကိစ္စက ဒါ ပထမမဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း "Ms Golf" ဆိုတဲ့ မိန်းမနဲ့ ဘုန်းကြီးတွေနဲ့လိမ်ငွေ 385 သန်းကိစ္စဖြစ်ပြီးပြီ။
2. *System ပြဿနာ* - ကျောင်းငွေတွေက ငွေသားများတယ်၊ စာရင်းမတိကျဘူး၊ စစ်ဆေးတာမရှိဘူး။ အခုမှ ထိုင်းအစိုးရက ဥပဒေပြင်တော့မယ်၊ ကျောင်းတွေငွေသားဘတ်တစ်သိန်းထက်ပိုမကိုင်ရဆိုပြီး Oct 1 ကစထုတ်မယ်တဲ့။
3. *ယုံကြည်မှုပျက်စီးတာ* - ဘုန်းကြီးတွေက အလှူခံလမ်းလျှောက်ရင်တောင် လူတွေက သံသယဝင်လာပြီဆိုပြီး သတင်းမှာပြောတယ်။

*အချုပ်ပြောရင်:* ဘုန်းကြီးဝတ်ပြီး ငွေ/မိန်းမမက်တာ သံဃာ့စည်းကမ်းချိုးတာဖြစ်ပေမယ့်၊ ဒါက ဗုဒ္ဓဘာသာတစ်ခုလုံးရဲ့ အမှားမဟုဘူး လူတစုရဲ့လောဘပဲ/

မွေးဖွားစမှာ မိန်းကလေးအဖြစ် သတ်မှတ်ပြီး မိန်းကလေး နာမည်ပါ ပေးထားခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်ဟာ အသက် ၂ နှစ်အရွယ် ရောက်ရှိလာခ...
11/09/2026

မွေးဖွားစမှာ မိန်းကလေးအဖြစ် သတ်မှတ်ပြီး မိန်းကလေး နာမည်ပါ ပေးထားခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်ဟာ အသက် ၂ နှစ်အရွယ် ရောက်ရှိလာချိန်မှာတော့ မိဘတွေ မမျှော်လင့်ထားတဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စတင်တွေ့ရှိချိန်မှာ အကြိတ်တစ်ခုဟုပင် ထင်မှတ်ခဲ့ကြသော်လည်း ဆေးခန်းတွင် သွားရောက်စစ်ဆေးကြည့်သည့်အခါ ဆရာဝန်များက ကလေး၏ လိင်အင်္ဂါဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေများကို အထူးစစ်ဆေး ကုသဖို့ လိုအပ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

ဆေးစစ်ချက်များအရ ကလေးတွင် ပုံမှန်မဟုတ်သည့် မွေးရာပါ လိင်အင်္ဂါဖွံ့ဖြိုးမှု ပုံစံ (Intersex condition) ရှိနေနိုင်ပြီး ထပ်မံစစ်ဆေးမှုများနှင့်အတူ ခွဲစိတ်ကုသမှုများပါ ပြုလုပ်ရန် လိုအပ်နိုင်ကြောင်း သိရသည်။ မိဘများအနေဖြင့်လည်း အစပိုင်းကတည်းက မိန်းကလေးနာမည် ပေးထားပြီးဖြစ်သော်လည်း ယခု အခြေအနေကြောင့် ကလေးအတွက် နာမည်ကိုပါ ပြန်လည်စဉ်းစား ပြောင်းလဲရတော့မည့် အခြေအနေ ဖြစ်နေပါတယ်။

လက်ရှိတွင် မိသားစုမှာ လှိုင်သာယာမြို့နယ်၌ နေထိုင်ကြပြီး ဖခင်ဖြစ်သူမှာ စက်ရုံအလုပ်သမားတစ်ဦး ဖြစ်သဖြင့် ကလေး၏ ဆေးကုသစရိတ်နှင့် ခွဲစိတ်စရိတ်များမှာ မိသားစုအတွက် ကြီးမားသည့် အခက်အခဲတစ်ခု ဖြစ်ပေါ်နေရပါတယ်။

ယခုလို မွေးရာပါ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ကွဲပြားခြားနားမှုများ (DSD - Differences in S*x Development) သဘာဝသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်သဖြင့် ဆရာဝန်များ၏ အထူးစစ်ဆေး အတည်ပြုချက်များမှာ လွန်စွာ အရေးကြီးလှပါတယ်။

ကလေးငယ်လေးအနေဖြင့် လိုအပ်သည့် ဆေးကုသမှုများ အဆင်ပြေစွာ ခံယူနိုင်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ကြီးပြင်းလာနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ 🙏

ကိုယ်က၁၀ပါ🤣
10/09/2026

ကိုယ်က၁၀ပါ🤣

■ ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခ...
09/09/2026

■ ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိ

ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်ပြီး ပစ္စည်းများကို ယူဆောင်သွားမှုမှာ စက်တင်ဘာ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ ဒေါ်သိန်းမြင့်(၇၄)နှစ်အား အိမ်အကူဖြစ်သူ တင်နွယ်(၅၈)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အေးမြတ်မွန်(ခ)သူသူ(၁၇)နှစ်တို့နှစ်ဦးမှ နေအိမ်ရှေ့ ဧည့်ခန်း၌ ဒေါ်သိန်းမြင့်၏ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့်စောင်အုပ်၍ သတ်ဖြတ်ကာ ၎င်းဝတ်ဆင် ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံးတို့အား လုယက်ယူဆောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး အသတ်ခံရသူ အမျိုးသမီးကြီး၏ ခင်ပွန်းဖြစ်သူက တိုင်တန်းခဲ့ရာ ဗိုလ်တစ်ထောင်မြို့မရဲစခန်း (ပ)၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဆိုပါအမှုမှ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရားခံ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာနေ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား ကျုံမငေးမြို့၊ အဝေးပြေး ကားဝန်းရှိ “အောင်ချမ်းသာ”ကားဂိတ်၌ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး၊ ငွေ ၂၄၅ သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သော တစ်လကျော်ခန့်မှစတင်၍ ဦးခင်မောင်နှင့် ဇနီးဖြစ်သူဒေါ်သိန်းမြင့်တို့၏ နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ငွေကြေးလိုအပ်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဦးခင်မောင်သည် အမှတ်(၃)ရပ်ကွက်ရှိ ၎င်းပိုင် မုန့်ဆိုင်သို့ ရောက်ရှိနေစဉ် ဒေါ်သိန်းမြင့်အား အသက်ရှူကြပ်သေဆုံးအောင် မျက်နှာအား ခေါင်းအုံးနှင့်စောင်တို့ဖြင့် ပိတ်၍ သတ်ဖြတ်ခဲ့ပြီး ဒေါ်သိန်းမြင့် ဝတ်ဆင်ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ဖုန်းနှင့် Tablet တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ရှင်ဖြစ်သူအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းများအား လုယက် ယူဆောင်ခဲ့သူ တရားခံ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

#ဗိုလ်တစ်ထောင်မြို့နယ် #အိမ်ရှင်သက်ကြီးအမျိုးသမီးအားသတ်ဖြတ် #အိမ်အကူသားအမိကိုဖမ်းမိ
လူ​ဒေရယ်

လောဘက​ကြောက်စရာ
09/09/2026

လောဘက​ကြောက်စရာ

09/09/2026

😁

ပညာပါရမီမပါလို့​နေမှာကိုယ့်လို​ပေါ့😔😔😔
09/09/2026

ပညာပါရမီမပါလို့​နေမှာကိုယ့်လို​ပေါ့😔😔😔

Myanmar ဟု​ခေါ်သည်
26/08/2026

Myanmar ဟု​ခေါ်သည်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when A muu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share