EMR Gallery

EMR Gallery Photography and Arts

19/05/2026
နေဝင်ချိန်လေး.............. Amg Mo Kio Park
13/05/2026

နေဝင်ချိန်လေး.............. Amg Mo Kio Park

မိုးရွာပြီးစ
23/06/2025

မိုးရွာပြီးစ

Night Shoot
23/06/2025

Night Shoot

စလုံးက တရုတ်ဘုံကျောင်းရှိတဲ့ ကျွန်းကို သွားတုန်းက ရိုက်ထားတဲ့ ပုံအချို့။
18/06/2025

စလုံးက တရုတ်ဘုံကျောင်းရှိတဲ့ ကျွန်းကို သွားတုန်းက ရိုက်ထားတဲ့ ပုံအချို့။

ဟိုနား ဒီနား။။။။။
16/06/2025

ဟိုနား ဒီနား။။။။။

19/05/2025

နှင်းကျတာ၊ နေထွက်တာ၊ ပန်းပွင့်တာ
သဘာဝတရားကိုမှ မယုံရင်
မင်းနဲ့ငါ
ဘာကိုယုံမလဲ ။ ။

#မောင်သိန်းဇော်

28/04/2025

မမရေ … … …
မမရေ … … …
မမရေ …
ကျွန်တော့်ကိုတံခါးဖွင့်ပေးပါ။

သွေးရူးသွေးတန်း
ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ
အကြိမ်တစ်ရာရှိပါပြီ
မဟာစကြာဝဠာ တစ်ခုလုံး
နပိုလီယံကလွဲပြီး လူသားအားလုံး
စစ်ကိုမုန်းသလို သဘောတူကြတယ်
ဟုတ်တယ်၊ ဒါ ဖျားနာသူရဲ့အသံပါပဲ။

အိုး
ငါ ဖျားနေတာ
နွေသုံးခု ၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ ရင်ခုန်တာပါပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ။

ဆရာဝန် ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမကျွန်တော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ်တဲ့။

#အောင်ချိမ့်
#ဂန္တဝင်မမ

27/04/2025

ဥဒါန်း
----------------------

ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် " ခ " ယွင်းတဲ့
သွေးနှင်းစက်တွေ
တို့မြေမှာ မှိုင်းမှိုင်းဝေရော့မယ် ။

သေသူရဲ့အရိုးတွေက
ရှင်သူကိုဘာလုပ်ရမယ်လို့
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်
ရာဇဝင်ဆိုးရဲ့အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ရယ် ။

ဒီဖက်ကမ္ဘာခေတ်ရဲ့
ရဲရင့်တဲ့သမိုင်းကြောင်းဟာ
ဒို့ ပြည်က
ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ် ။

သားပျောက်ရှာတဲ့ အမေကို
သူ့အောက်က မြေက
မေမေ လို့ တိုးတိုးလေး ခေါ်နေတယ်
မေမေရယ် . .
မေမေရယ် . .
မေမေရယ် . .

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ယာထဲမှာ ငိုနေတယ်
နေဝင်းရဲ့ စနစ်ဆိုးကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ် ။

ဒီနေ့ပွဲဟာ . .
ရှုံးရှုံး နိုင်နိုင်
ယှဥ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေ ကိုယ်သေ အပြိုင်နွှဲ
ဝိဥာဥ်ချင်း ရိုက်ခွဲတဲ့ပွဲဖြစ်တယ် ။
ဟေ့ . . . " ကြိုးစင် "
ငါ . .ရင်ကော့ပြီးလာခဲ့မယ် ။ ။

**ရွှေဘုန်းလူ**

Address

Singapore

Website

Alerts

Be the first to know and let us send you an email when EMR Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category