Mel’s Little Moments

Mel’s Little Moments Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mel’s Little Moments, Photography Videography, Singapore.

01/09/2025

゚viralシfypシ゚

What I ate in Thailand ထိုင်းမှာ စားခဲ့တဲ့ စားသောက်ဆိုင်များအ​ကြောင်း​ပေါ့ ဒီဆိုင်နာမည်က Khao လို့ခေါ်ပြီး ဆိုင်က Michel...
22/08/2025

What I ate in Thailand

ထိုင်းမှာ စားခဲ့တဲ့ စားသောက်ဆိုင်များအ​ကြောင်း​ပေါ့

ဒီဆိုင်နာမည်က Khao လို့ခေါ်ပြီး ဆိုင်က Michelin star နှစ်တိုင်းရထားတဲ့ဆိုင်ပါ Ekkamai MRT နားမှာရှိပါတယ်

Fine Dinning ဆိုတော့ စျေးကလဲ လှ reservations ကြိုလုပ်ရင် ပိုကောင်း သလို သန့်ရှင်းသပ်ရပ်မှုနဲ့ အရသာကလဲ perfect ပါပဲ

ထိုင်းမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေက လိုက်ကျွေးလို့ ရောက်ခဲ့ပုံပေါ့ ☺️

ပုံပါ ဟင်းပွဲ နဲ့ အချိုပွဲ အားလုံး ရယ် ထမင်းဖြူတစ်ပွဲ ရယ် အားလုံး​ပေါင်း bath 2560 ကျသင့်ငွေပါ

တချိူ့ကလေ Gym တော့ ဆော့ချင်တယ် ကိုယ်ဆော့တဲ့ Gym က Trainer မထားပေးတဲ့စက်ပစ္စည်း သီးသန့်ပဲ ရှိတဲ့ gym မျိုးဆို Personal tr...
24/07/2025

တချိူ့ကလေ Gym တော့ ဆော့ချင်တယ်

ကိုယ်ဆော့တဲ့ Gym က Trainer မထားပေးတဲ့

စက်ပစ္စည်း သီးသန့်ပဲ ရှိတဲ့ gym မျိုးဆို

Personal trainer လဲ မငှါး နိူင်ဘူး

ဘယ်က ဘယ်လို စရလဲ မသိဘူး ဖြစ်တတ်တယ်​ပေါ့​နော်

🏋️‍♂️ကျမ လဲ အရင်က တူတူပဲ ငါလုပ်တာမှားရင် ရှက်စရာ

ကြီး ဆိုပီး မသွားရဲဘူး

🏋️‍♂️နောက်တော့လေ မြန်မာပြည်က gym တွေကို စုံစမ်းလိုက်တယ်

🏋️‍♂️ကျမ ကို ဘယ်နေ့ ဘာဆော့ ရမလဲ လေး ပြောပေးပါ

ပီးတော့ စက်ပစ္စည်းသုံးတဲ့ အခါ အနေအထား

မှန်မမှန်ကြည့်ပေးပါဆိုပီးပေါ့

🏋️‍♂️ကိုယ့်အရပ် နဲ့ ခန္ဓာကိုယ် ပုံ ရိုက်ပို့​ပေးပီး လက်​မောင်း
က လို​နေလား ဗိုက်က လို​နေလား ကြည့်​ပေးပီး
ပလန်ဆွဲ​ပေးပါတယ်

🏋️‍♂️တော်တော်များများ အဲ့ ဝန်ဆောင်မှုပေးပါတယ်
ကျမက B***y king gym ရဲ့ ပလန်ကို ဝယ်ဖြစ်တယ်​ပေါ့​နော်

🏋️‍♂️B***y King ကကျ သူတို့ ရဲ့ ၂ လပြတ် အတန်းဖွင့်တဲ့

ချိန်ပဲ တ​စ်​ယောက်ချင်းဆီ ကို ပလန် ပို့​ပေးတာ မျိုး

လက်ခံတာလို့ ပြောတယ်

🏋️‍♂️လေ့ကျင်းခန်း Video file တွေ ပို့​ပေးပါတယ်
နေ့စဉ်ဘာ​တွေ ဘယ်နှစ်ကြိမ်လုပ်ရမလဲ ဇယားလဲ ပါပါတယ်

🏋️‍♂️ကဲ မလုပ်တာနဲ့ စာရင်​လေ တစ်ပတ် ၂ ရက်​

တစ်ရက် ၁ နာခွဲလောက်တော့ ကိုယ့်ခန္ဓာကိုယ် အတွက် အချိန်ပေးသင့်ပါတယ်

B***y king က ပို့တဲ့ ပုံစံဥပမာ ပြ​ပေးထားတယ်​နော်

အားလုံးပဲ ကျန်းမာ လှပကြပါစေ 🥰

နိဗ္ဗာန်သွားမလား မောင့်ကို ထိုင်ကြည့်မလားဆို ခုံတစ်လုံးပဲပေးပါမောင်…. -----စာသားက🤣ရီရလို့ ငါကတော့ ငွေပဲပေးပါမောင်🤣
17/07/2025

နိဗ္ဗာန်သွားမလား မောင့်ကို ထိုင်ကြည့်မလားဆို

ခုံတစ်လုံးပဲပေးပါမောင်….
-
-
-
-
-
စာသားက🤣ရီရလို့
ငါကတော့ ငွေပဲပေးပါမောင်🤣

ဒီနေတော့လေ လွန်ခဲ့တဲ့ ၂ ပတ်လောက်က သွားစားထားပီး အရမ်းကိုမှ အရသာလဲကောင်း စျေးလဲ တန်လို့ ညွှန်ပေးချင်လွန်းလို့ NeNe Neko ဆ...
02/07/2025

ဒီနေတော့လေ လွန်ခဲ့တဲ့ ၂ ပတ်လောက်က သွားစားထားပီး အရမ်းကိုမှ အရသာလဲကောင်း စျေးလဲ တန်လို့ ညွှန်ပေးချင်လွန်းလို့

NeNe Neko ဆိုတဲ့ ဂျပန်ဆိုင်လေး
သူက Paya Lebar (ပါရား​လေဘာ) MRT မှာဆင်းပီး
Exit A ကထွက်ရင် ရောက်ပါပီ PLQ Mall အရှေ့ကပါ

လိပ်စာအတိအကျ အောက်မှာ ကြည့်ပါ 🥰

ဘာမှာစားစား အရမ်းစားကောင်းတယ်
စျေးက အကင် နှစ်​ချောင်း သုံး​ချောင်းပါ တစ်ပွဲကို စင်ကာပူဒေါ်လာ ၅ ကျပ် က​နေ ၈ ကျပ်ကြားပါ

အာလူး​ကြော်ကြိုက်ရင် အဲ့က အာလူး​ချောင်း​ကျော်ကလဲ must try နော်

Weekend ဆိုရင်​တော့ booking ကြိုလုပ်ထားရင်ပို​ကောင်းပါတယ်

ဆိုင်လိပ်စာ​လေးပါ

10 Paya Lebar Rd, #01-K7 PLQ PLAZA, Singapore 409057

ပုံက​တော့ ကိုယ်တိုင်ရိုက်​ရော google ကပုံ​လေးတွ လဲ သုံးထားပါတယ်

21/06/2025

Gocarting at JB
မလေးရှား ဂျိုဟိုးမှာ gocarting အတွက်ဆို
RUD Gocarting မှာ စျေးလဲ အတော်အသင့်ရှိပီး
Service ကလဲ ကောင်းပါတယ်

၁၀ မိနစ်ကို စင်ကာပူဒေါ်လာ ၁၉ ကျပ် ပါ ဒီစျေးက ကားရဲ့ မြင်းကောင်ရေ 8HP အတွက်ပါ

ကားရဲ့ မြင်းကောင်ရေပေါ်မူတည်ပီး စျေးကွာပါတယ်

မကြာခဏ လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူး🍏ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်စေသည် –  သွေးလည်ပတ်မှုကောင်း​စေတယ်၊ ဆီးချိုရော...
15/06/2025

မကြာခဏ လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူး

🍏ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်စေသည် –
သွေးလည်ပတ်မှုကောင်း​စေတယ်၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါကဲ့သို့သော ရောဂါများကိုလည်း ကာကွယ်နိုင်ပါတယ်

🍏စိတ်ကျန်းမာရေးကောင်းမွန်စေသည် – လေ့ကျင့်ခြင်းက စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းတို့ကို လျှော့ချပေးပြီး စိတ်အားထက်သန်မှုကိုမြှင့်တင်ပေးပါတယ်

🍏ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သည် – ကယ်လိုရီဖျက်စီးမှုတိုးတက်လာခြင်းကြောင့် ကိုယ်အလေးချိန်ထိန်းချုပ်နိုင်သည်။

🍏အိပ်စက်မှုကို ပိုအား​ကောင်း​စေပါတယ်– ညအိပ်ချိန်တွင် လွယ်ကူစွာ အိပ်စက်နိူင်ဖို့ အတွက် အထောက်အကူဖြစ်​စေပါတယ်

17/05/2025

Hey loves🫶
ဟော်စတယ် အကြောင်း ပြောပြတာ နောက်ဆုံး video လေးနော်

Ubud နဲ့ Seminyak မှာ တည်းခဲ့တဲ့ အတွေ့အကြုံ

Sharing about hostels Part 2 (the last one)
Mainly for Ubud and Seminyak

12/05/2025

ဘာလီမှာ ဘယ် ဟော်စတယ်မှာ တည်းခဲ့လဲ ဘယ်လောက်ကုန်ကြခဲ့လဲ
ပျော်စရာကောင်းရဲ့လား

ကဲ ကြည့်လိုက်ကြစို့နော်

The hostels that I stayed in bali.

Nusa Penida ကျွန်းရဲ့ လှပနေမှုကြီး က လူက ဘယ်လိုနေနေကို ကြည့်လို့ အဆင်ပြေနေသလို🥰
11/05/2025

Nusa Penida ကျွန်းရဲ့ လှပနေမှုကြီး က လူက ဘယ်လိုနေနေကို ကြည့်လို့ အဆင်ပြေနေသလို🥰

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Mel’s Little Moments posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share