Planet by P

Planet by P Travel filmmaker sharing visual stories from around the world.

🇦🇫 အာဖဂန်နစ်စတန် သို့ တစ်ယောက်တည်း သွားခဲ့တဲ့ ခရီး၊၊  ကမ္ဘာ့ နံပတ်တစ် ခရီးသွားလာရေးအတွက် အန္တရာယ်အရှိဆုံး သတ်မှတ်ခံထားရတ...
12/08/2026

🇦🇫 အာဖဂန်နစ်စတန် သို့ တစ်ယောက်တည်း သွားခဲ့တဲ့ ခရီး၊၊ ကမ္ဘာ့ နံပတ်တစ် ခရီးသွားလာရေးအတွက် အန္တရာယ်အရှိဆုံး သတ်မှတ်ခံထားရတဲ့အာဖဂန်နစ်စတန်၊၊

အာဖဂန်ရဲ့ ဘယ်နေရာတွေသွားခဲ့လဲဆို Kabul - Bamyan - Band-e Amir

၁) Kabul မှာတော့ မြို့ပြဘဝ၊ သမိုင်းဝင်နေရာတွေ၊ ဈေးတွေ၊ ဒေသခံတွေရဲ့ နေ့စဉ်ဘဝနဲ့ ရိုးရာဝတ်စားဆင်ယင်မှုတွေကို လေ့လာခဲ့တယ်။

၂) Bamyan မှာ တစ်ချိန်က ကမ္ဘာကျော် Buddha ရုပ်တု ၂ ဆူ ရှိခဲ့တဲ့နေရာ၊ ရှေးဟောင်းမြို့တွေ၊ တောင်တန်းတွေနဲ့ ချိုင့်ဝှမ်းတွေရဲ့ သဘာဝအလှကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။

၃) Band-e Amir ကတော့ အပြာရောင်ရေကန်တွေနဲ့ တောင်တန်းကြီးတွေကြားက မယုံနိုင်လောက်အောင် လှပတဲ့ သဘာဝရှုခင်းတွေကို တွေ့ခဲ့ရတဲ့နေရာပါ။

နေရာအသစ်တွေထက် ပိုပြီးတော့ လူတွေရဲ့ဘဝ၊ ယဉ်ကျေးမှုနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ကိုယ်တိုင်မြင်မှပဲ နားလည်နိုင်တယ်၊၊

အာဖဂန်ကို ရောက်တော့ သတိထားမိခဲ့တဲ့ အရာတွေထဲမှာ သူတို့ရဲ့ ရိုးရာဝတ်စားဆင်ယင်မှုလည်း တစ်ခုအပါအဝင်ပါ။

အမျိုးသားအများစုက Perahan Tunban လို့ခေါ်တဲ့ ရိုးရာဝတ်စုံကို နေ့စဉ်ဘဝမှာ ဝတ်ဆင်ကြတာကို တွေ့ခဲ့ရပြီး၊ အနောက်တိုင်းပုံစံ modern outfit တွေကို ဝတ်ဆင်ထားသူတွေကတော့ သိပ်မတွေ့ရသလောက် ရှားပါတယ်။

အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံနဲ့ ပညာရေးအခြေအနေတွေကလည်း ဒီခရီးမှာ စိတ်ဝင်စားမိခဲ့တဲ့ အကြောင်းအရာတွေထဲက တစ်ခု၊၊

မသွားခင်က ကြားထား၊ မြင်ထားတာတွေနဲ့ ကိုယ်တိုင်ရောက်ပြီး လက်တွေ့မြင်တွေ့ခဲ့ရတာတွေကြားမှာ ကွာခြားမှုတွေ ရှိခဲ့ပါတယ်။

ဒီခရီးမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့အခြေအနေတွေကိုလည်း နောက်ပိုင်းမှာ တစ်ဆင့်ချင်း ဆက်လက်မျှဝေပေးသွားပါမယ်။

12/08/2026

🇦🇫 အာဖဂန် Pulao ၊၊ စားဖူးသမျှထဲမှာ ဒီတစ်ခါကတော့ တကယ့်ကိုထူးခြားတာပါ၊၊

လည်ပတ်ခဲ့ဖူးတဲ့ နိုင်ငံတွေရဲ့ Pulao စားဖူးတယ် ဒါပေမယ့်လေ အာဖဂန် Pulao ရဲ့ မွှေးမွှေးနဲ့ နူးညံ့တဲ့အရသာကိုတော့ ဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် ကျွန်တော့်အတွက်တော့ မမှီသေးဘူး။

11/08/2026

အာဖဂန်နစ်စတန်🇦🇫 ခရီးတစ်ခုမှာ မနက်စာကလည်း အတွေ့အကြုံတစ်ခုပဲ၊ နွားနို့မလိုင် ကြက်ဥကြော် နဲ့ အာဖဂန်ရဲ့ ပုံမုန်စားနေကြဖစ်တဲ့ ပေါင်မုန့်နံပြား၊၊

မြန်မာတယောက်ရဲ့ ပါကစ္စတန် 🇵🇰 ခရီး Vlog အပြည့်စုံ https://youtu.be/sEDNb4xvfus
10/08/2026

မြန်မာတယောက်ရဲ့ ပါကစ္စတန် 🇵🇰 ခရီး
Vlog အပြည့်စုံ https://youtu.be/sEDNb4xvfus

🇵🇰 Welcome to one of the most beautiful places in Pakistan!Join m...

ဘယ်န်ိုင်ငံလို့ထင်လဲ?? ခန့်မှန်းကြည့်ပေးပါဦး၊၊
08/08/2026

ဘယ်န်ိုင်ငံလို့ထင်လဲ?? ခန့်မှန်းကြည့်ပေးပါဦး၊၊

08/08/2026

ဒူဘိုင်းရဲ့ အပေါ်စီး မြင်ကွင်းလေး၊၊

04/08/2026

🇱🇰 သီရိလင်္ကာ နိုင်ငံရဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့၊၊

04/08/2026

ပါကစ်စတန် Vlog လေးမှာ ဘယ်နေရာလေးကို အနှစ်သက်ဆုံးဖြစ်ခဲ့လဲ? ကျွန်တော်လည်း သိချင်လို့ Comment မှာ မျှဝေပေးပါဦး။ မကြည့်ရသေးရင်လည်း .
https://youtu.be/sEDNb4xvfus

03/08/2026

ပါကစ္စတန် အပိုင်း ၂ မကြာမီ……..

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Planet by P posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Planet by P:

Shortcuts

Share