K M  Pyapon  Sport အားကစားနှင့်သတင်းTZ

တခါတလေကျရင် လူ့ဘဝဆိုတာ ပခုံးပေါ်မှာ ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေက ကိုယ်ထမ်းနိုင်တာထက် ပိုလေးလံလာတဲ့အခါ အရှုံးပေးချင...
08/10/2026

တခါတလေကျရင် လူ့ဘဝဆိုတာ ပခုံးပေါ်မှာ ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေက ကိုယ်ထမ်းနိုင်တာထက် ပိုလေးလံလာတဲ့အခါ အရှုံးပေးချင်စိတ်တွေ ဝင်လာတတ်ကြပါတယ်။ ဒီလိုရင်နာစရာ ဖြစ်ရပ်ဆိုးတစ်ခုကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကရွန်ထက် (Krungthep) တံတားပေါ်မှာ ဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ဖတ်ရသူတိုင်းရဲ့ ရင်ကို ဆို့နင့်စေခဲ့ပါတယ်။
အစားအသောက် ပို့ဆောင်ရေး ဆိုင်ကယ်ဒီလီသမား (Rider) တယောက်ဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း ပစ္စည်းလေးတွေဖြစ်တဲ့ ဆိုင်ကယ်နဲ့ ဖိနပ်ကို တံတားပေါ်မှာ စနစ်တကျ ချွတ်ထားခဲ့ပြီး မြစ်ထဲကို ခု-န်-ချ---သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အွန်လိုင်းသုံးစွဲသူတွေနဲ့ နာမည်ကြီး သတင်းပေ့ချ်တွေကနေတဆင့် ဆိုင်ကယ်နဲ့ ဖိနပ်ပုံတွေကို တင်ကာ ဆွေမျိုး ဒါမှမဟုတ် သိကျွမ်းသူတွေ ရှိရင် အမြန်ဆုံး အကြောင်းကြားပေးကြဖို့ အကူအညီတောင်း ရှာဖွေနေကြပါတယ်။ ကာယကံရှင် တကယ်တမ်း ဘယ်လို စိ-တ်ဖိ-စီးမှုတွေ၊ ဘယ်လို ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ဒီပုံရိပ်လေးတွေက မြင်ရသူတိုင်းရဲ့ ရင်ကို လှုပ်ခတ်သွားစေခဲ့ပါပြီ။
ဒီသတင်းအောက်မှာ ဝင်ရောက် မှတ်ချက်ပေးကြတဲ့ ကွန်းမန့်တွေကို ဖတ်ကြည့်ရင်နဲ့တင် ဒီလီသမားတွေရဲ့ နေ့စဉ်ဘဝ အမောတွေကို ပိုပြီး ကိုယ်ချင်းစာမိပါတယ်။ ကွန်းမန့်တွေထဲမှာ "ဆိုင်ကယ်ဒီလီသမားတွေရဲ့ ဘဝက တနေ့ကို အလွန်ဆုံး ဘတ် ၅၀၀၊ ၆၀၀ လောက်ပဲ ရတာပါ၊ ဆီဖိုး၊ စားစရိတ်တွေ နုတ်လိုက်ရင် ဘာမှ မကျန်ပါဘူး။ ဘယ်လောက်တောင် ခက်ခဲနေခဲ့လို့ အခုလို ဆုံးဖြတ်သွားတာလဲ" ဆိုပြီး ဝိုင်းဝန်း စိတ်မကောင်း ဖြစ်နေကြပါတယ်။ တခြားသော ဘဝတူ ဒီလီသမားတွေကလည်း အချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ခွန်အားပေးစကားတွေ ပြောဆိုရင်း အသ-က်ရှင်လျက် ပြန်လည် ဆုံတွေ့ပါစေလို့ ဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။
တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝခရီးလမ်းမှာ ရုန်းကန်နေရတဲ့ ဒီလီသမားတွေအတွက် ဒီလိုသတင်းမျိုး ကြားရတာဟာ ရင်နာစရာ ကောင်းလှပါတယ်။ ဘဝရဲ့ ခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ကိုယ်ချင်းစာတရားတွေနဲ့ အပြန်အလှန် ဖေးမကြဖို့နဲ့ အားလုံးရဲ့ ဘဝတွေ အခက်အခဲကင်းကြပါစေလို့ ဆုတောင်းရင်း...

#
#ထိုင်းသတင်း

ရော်နယ်ဒိုရဲ့ ထုတ်ပြန်ချက်နဲ့ အနာဂတ် ?🇵🇹ရော်နယ်ဒိုမှာ ပေါ်တူဂီအသင်းမှာဖြစ်ခဲ့တာတွေနဲ့ပက်သက်ပြီး ယနေ့မှာပဲ တရား၀င်ထုတ်ပြန...
08/10/2026

ရော်နယ်ဒိုရဲ့ ထုတ်ပြန်ချက်နဲ့ အနာဂတ် ?🇵🇹

ရော်နယ်ဒိုမှာ ပေါ်တူဂီအသင်းမှာဖြစ်ခဲ့တာတွေနဲ့ပက်သက်ပြီး ယနေ့မှာပဲ တရား၀င်ထုတ်ပြန်ချက်ကြေညာခဲ့တယ်။

ဇာတ်လမ်းအစ
- နည်းပြက နော်ဝေနဲ့ပွဲမှာ မိနစ် ၃၀ ကစားရမယ်ပြောတယ်၊ သွေ၊းပူဆင်းခိုင်းတယ်၊ ပြီးတော့ လုံး‌၀ ပေးမကစားခဲ့ဘူး။ ဒါကိုရော်နယ်ဒိုက သူ့ကို လိ၊မ်ညာလို့ဒေါသထွက်ခဲ့ပေမ့ယ် လျှော်ပေးခဲ့တယ်။

ဒုတိယတစ်ကြိမ်မှာ နည်းပြက သတင်းစာရှင်းလင်းပွဲမှာ သူတို့တိုင်ပင်ထားသလိုမဟုတ်ဘဲ ရော်နယ်ဒိုအကြောင်းမဆိုင်တာတွေပြောခဲ့တယ်။ ဒီမှာ ရော်နယ်ဒိုက အထုပ်ဆွဲပြီး ထပြန်တယ်။ ပြီးတော့ အဖွဲ့ချုပ်ကို ဒဲ့မေးတယ်၊ ခင်များတို့ ကျွန်တော့်ကို လိုအပ်သေးလား? မလိုအပ်ဘူးလား? ပွင့်"လင်း"တောင်းဆိုတယ်။ အဖွဲ့ချုပ်က ရော်နယ်ဒိုကို လိုအပ်ကြောင်း အကြောင်းပြန်တယ်။

သူအသင်းက‌နေ နှုတ်ထွက်ခဲ့တဲ့အတွက်လည်း တာ၀န်ရှိသူနဲ့ အသင်းဖော်တွေကို တရား၀င်တောင်းပန်တယ်၊ တွန့်ဆုတ်‌မနေဘူး။ ဒါပေမယ့် နည်းပြကိုတော့ လုံး၀ လုံး၀ မတောင်းပန်ဘူး။

အနာဂတ်က ဘာလဲ?
သူ့အဖေ ကွ/ယ်လွန်တုန်းကတောင် သူဟာ နိုင်ငံအတွက်ရှိနေပေးခဲ့တယ်။ လက်ရှိမှာ သူ့ကြံခိုင်နေသေးတယ်၊ အဖွဲ့ချုပ်ကလည်း လိုအပ်နေသေးတဲ့အတွက် သူဟာ နိုင်ငံအသင်းမှာ ဆက်လက်တို/က်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ကြောညာခဲ့ပါတယ်။

ဆိုတော့ ဂုတ်ကြီးဟာ အနားမယူသေးပါဘူးဗျာ။ 🐐🇵🇹


#

လီယွန်နယ် မက်ဆီရဲ့ အင်စတာဂရမ်မှာ comment ရေးပြီး ဂုဏ်ပြုနှုတ်ဆက်လိုက်တဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒို“လီယိုရေ ၊ မင်းရဲ့ နိုင...
08/10/2026

လီယွန်နယ် မက်ဆီရဲ့ အင်စတာဂရမ်မှာ comment ရေးပြီး ဂုဏ်ပြုနှုတ်ဆက်လိုက်တဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒို

“လီယိုရေ ၊ မင်းရဲ့ နိုင်ငံအတွက် နှစ်ပေါင်းများစွာ မင်းစွမ်းဆောင်ပေးခဲ့တဲ့ ဇာတ်လမ်းတွေက ထာဝရ တည်တံ့နေမှာပါ ။ အာဂျင်တီးနားနဲ့ မင်းရယူခဲ့တာတွေအတွက် ငါ အပြည့်အဝ လေးစားမိပါတယ် ။ ဒီကနေပဲ မင်းကို ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်ကွာ”
Cristiano Ronaldo

08/10/2026

Vanနည်းပြ အင်တာဗျူး တစ်ချက်‌နားထောင်ကြည့်......

"တစ်ခြားဘာများ?"👀👀👀ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ် နာဆာအသင်းရဲ့ လေ့ကျင့်ရေးစခန်းကို (ထပ်ပြီး) ထူးဆန်းတဲ့ ဖိနပ်တွေကို ဝတ်...
07/10/2026

"တစ်ခြားဘာများ?"👀👀👀

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ် နာဆာအသင်းရဲ့ လေ့ကျင့်ရေးစခန်းကို (ထပ်ပြီး) ထူးဆန်းတဲ့ ဖိနပ်တွေကို ဝတ်ဆင်ပြီး ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ အားလုံးက အဖြူရောင်ဖြစ်ပြီး အမှတ်တံဆိပ်မပါဝင်ပေမယ့် အပေါ်ပိုင်းကတော့ Nike Mercurial Superfly 11 နဲ့ ဆင်တူနေဆဲပါ။

ဒါဟာ လပေါင်းများစွာက လက်ခံရရှိခဲ့တဲ့ ပုံစံတူဖိနပ် ဖြစ်နိုင်ပါတယ်။

05/10/2026

စိတ်ဆိုး စိတ်ကောက်တက်တဲ့ Vav😁😁😁💔💔🇲🇲🇲🇲🇲🇲🇲🇲🇲🇲


¡¡ဟာလန်းပြောတာ အရမ်းမှန်တယ်!! 👏❤️🗣️ အာလင်း ဟာလန်း —“နော်ဝေက ရိုနယ်ဒိုကို ပေါ်တူဂီက ဆက်ဆံခဲ့သလိုမျိုး ဘယ်တော့မှ ဆက်ဆံမှာမ...
05/10/2026

¡¡ဟာလန်းပြောတာ အရမ်းမှန်တယ်!! 👏❤️

🗣️ အာလင်း ဟာလန်း —
“နော်ဝေက ရိုနယ်ဒိုကို ပေါ်တူဂီက ဆက်ဆံခဲ့သလိုမျိုး ဘယ်တော့မှ ဆက်ဆံမှာမဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်နိုင်ငံရဲ့ ဂန္ထဝင်ကစားသမားတွေကို လေးစားတယ်။ ကိုယ့်နိုင်ငံအတွက် ဂန္ထဝင်တစ်ယောက်ဖြစ်လာခဲ့ရင် အဲဒီလိုပဲ ဂုဏ်ပြုလေးစားခံရဖို့ ထိုက်တန်ပါတယ်။”

“ပေါ်တူဂီအသင်းတစ်သင်းလုံးက ရိုနယ်ဒိုကို အရမ်းဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ သူဟာ ဒီထက်ပိုပြီး လေးစားမှုရသင့်တယ်။ နော်ဝေမှာ ရိုနယ်ဒိုလို ဂန္ထဝင်တစ်ယောက်ရှိခဲ့မယ်ဆိုရင် ဒီလိုမျိုး မလေးမစားလုပ်ဖို့ ကျွန်တော်တို့ ဘယ်တော့မှ မဝံ့ရဲပါဘူး။”

“ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျိုအို နေးဗက်စ်တို့လည်း သူနဲ့ ဒီထက်ပိုကောင်းတဲ့နည်းလမ်းနဲ့ ဆက်သွယ်ပြောဆိုနိုင်ခဲ့ပါတယ်။ ဂျော်ဂျီ ဂျေးဆပ်နဲ့လည်း အတူတူပါပဲ။”

“ရိုနယ်ဒိုဟာ ကျွန်တော် အရမ်းလေးစားရတဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူတိုင်းရဲ့ အိုင်ဒေါလ်ဖြစ်ခဲ့ပါတယ်။ သူကစားတာကို ကြည့်ရတာကို ကျွန်တော်တို့ အရမ်းနှစ်သက်ခဲ့ကြတယ်။ သူ့ရဲ့ စိတ်ဓာတ်၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ မယုံနိုင်လောက်အောင်ကောင်းတဲ့ စွမ်းရည်တွေက တကယ်ကို အံ့ဩစရာပါ။”

“သူဟာ ကျွန်တော်တို့ရဲ့ အတုယူစရာပါ။ သူအောင်မြင်ခဲ့သမျှကို ကျွန်တော်တို့ အမြဲတမ်း လေးစားနေမှာပါ။”

ဟာလန်းရဲ့ ဒီစကားတွေက တကယ်ကို စိတ်ထိခိုက်စရာကောင်းလောက်အောင် ရင်ထဲထိပါတယ်။ 👏🥺❤️

04/10/2026

🚨 Jorge Jesus နဲ့ Cristiano Ronaldo ကြား ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး Luis Nani ရဲ့ ပြောကြားချက်

🗣️ Luis Nani —

“အရာအားလုံးဖြစ်ပြီးတဲ့နောက် Cristiano နဲ့ ကျွန်တော် စကားပြောခဲ့တယ်။ ပြီးတော့ သူ့ကို မေးခွန်းတစ်ခုပဲ မေးခဲ့တယ်။

‘ညီလေး… ဒီလိုအခြေအနေမျိုးနဲ့ Portugal ကနေ တကယ်ပဲ ထွက်သွားတော့မှာလား?’

သူ ချက်ချင်းပြန်မဖြေခဲ့ဘူး။

သူက ‘Nani… မင်း ငါ့ကို သိပါတယ်။ အသင်းကနေ ချန်လှပ်ခံရတာကို လက်ခံနိုင်တယ်။ ဝေဖန်ခံရတာလည်း လက်ခံနိုင်တယ်။ ဒါပေမယ့် ငါ Portugal အတွက် ပေးဆပ်ခဲ့သမျှဟာ ရုတ်တရက် ဘာမှအဓိပ္ပာယ်မရှိတော့သလို ခံစားရတာကိုတော့ လက်မခံနိုင်ဘူး’ လို့ပဲ ပြောခဲ့တယ်။

အဲဒီစကားက ကျွန်တော့်စိတ်ထဲမှာ အခုထိ စွဲနေတယ်။

Cristiano ကို ကျွန်တော် သိပါတယ်။ ငယ်ငယ်ကတည်းက သူနဲ့အတူ Dressing Room တစ်ခုတည်းမှာ အတူရှိခဲ့တာပါ။ သူ ဘယ်လောက်အထိ အနိုင်ရချင်စိတ်ပြင်းပြတယ်ဆိုတာ ကျွန်တော်သိတယ်။

နည်းပြက ‘Cristiano ဒီည မင်းမကစားဘူး။ ငါ့မှာ တခြား Tactical Plan ရှိတယ်’ လို့ပြောရင် သူ စိတ်ဆိုးကောင်းဆိုးနိုင်တယ်။ ဒါပေမယ့် နားလည်ပေးနိုင်တယ်။

ဒါပေမယ့် သူ့ကို မလိုချင်တော့သလို ခံစားစေတာကတော့ မတူဘူး။

Euro 2016 ကို ကျွန်တော် သူ့ကို ပြန်သတိပေးခဲ့တယ်။ အတူတူခရီးသွားခဲ့တဲ့ အချိန်တွေ၊ အတူတူဒုက္ခခံခဲ့တဲ့ ညတွေ၊ Portugal က အရေးကြီးတဲ့အချိန်မှာ အခိုက်အတန့်တစ်ခုလိုအပ်တိုင်း သူက အဲဒီအခိုက်အတန့်ကို ဖန်တီးပေးခဲ့တဲ့ ပွဲတွေကို ပြန်ပြောခဲ့တယ်။

သူကတော့—

‘Nani… အရင်က ငါလုပ်ပေးခဲ့တာတွေကြောင့် Portugal က ငါ့ကို ပွဲထွက်ပေးဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဘူး။ ငါလိုချင်တာက အခုလက်ရှိ ငါပေးနိုင်သေးတဲ့အရာကို လေးစားပေးဖို့ပဲ’ လို့ ပြောခဲ့တယ်။

ရိုးရိုးသားသားပြောရရင် အဲဒီစကားက ကျွန်တော့်ရင်ထဲကို တော်တော်ထိခိုက်စေခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ အဲဒါက ကျွန်တော်သိတဲ့ Cristiano ပဲ။

သူက အထူးအခွင့်အရေး မတောင်းဘူး။

သူ့နာမည်က Ronaldo ဖြစ်လို့ ပွဲထဲထည့်ပေးဖို့လည်း မတောင်းဘူး။

Portugal က သူ့ကို ခေါ်တဲ့အချိန်မှာ ‘ဒီလူက အခုလည်း အသင်းအတွက် အကျိုးပြုနိုင်သေးတယ်’ လို့ ယုံကြည်နေသေးတယ်ဆိုတာကိုပဲ သိချင်တာ။

ကျွန်တော်က သူ့ကို—

‘Jorge က Portugal ရဲ့ မျိုးဆက်သစ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ လူငယ်ကစားသမားတွေကို တာဝန်ယူခွင့် ပေးချင်တာလည်း ဖြစ်နိုင်တယ်’ လို့ ပြောခဲ့တယ်။

သူက ပြန်ပြောတယ်—

‘ဒါဆို သူတို့ကို အခွင့်အရေးပေးလိုက်။ ငါက သူတို့ကို ဘယ်တော့မှ တားမှာမဟုတ်ဘူး။ ဒါပေမယ့် အနာဂတ်ကို တည်ဆောက်ဖို့ အတိတ်ကို မလေးမစားလုပ်ပြီးတော့တော့ မတည်ဆောက်နဲ့’ တဲ့။

အဲဒီအချိန်မှာပဲ ကျွန်တော် သဘောပေါက်လိုက်တယ်။

ဒီကိစ္စက ပွဲတစ်ပွဲ၊ ဒါမှမဟုတ် Bench ပေါ်ထိုင်ရတဲ့ကိစ္စတစ်ခုတည်း မဟုတ်ဘူး။

အဓိကက ဆက်သွယ်ပြောဆိုမှုပါ။

Cristiano ကို
‘မင်းရဲ့ Role ပြောင်းသွားပြီ’ လို့ ပြောလို့ရတယ်။

‘မင်း ပွဲတိုင်း မကစားတော့ဘူး’ လို့လည်း ပြောလို့ရတယ်။

‘တချို့ပွဲတွေမှာ လူငယ်တွေရဲ့ ခြေထောက်သန်မာမှုကို လိုအပ်တယ်’ လို့လည်း ပြောလို့ရတယ်။

ဒါပေမယ့် သူ့မျက်လုံးကိုကြည့်ပြီး အမှန်အတိုင်းပြောဖို့တော့ လိုတယ်။

ဘာကြောင့်လဲဆိုတော့ Cristiano က အမှန်တရားကို လက်ခံနိုင်တဲ့သူ ဖြစ်လို့ပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက အရာရာတိုင်းနီးပါး ငြင်းခုံခဲ့ကြတယ်။ Football အကြောင်း၊ Training အကြောင်း၊ ဘယ်သူပိုကောင်းလဲ၊ Free-kick ကို ဘယ်သူကန်သင့်လဲဆိုတာတွေအထိ။ [ရယ်လျက်]

ဒါပေမယ့် အဲဒီအချိန်ကတည်းက သူ့အကြောင်း တစ်ခုတော့ ကျွန်တော်သိခဲ့တယ်။

သူက ကိုယ့်ကို အမှန်တကယ်ချစ်တဲ့သူဆီက နာကျင်စရာအမှန်တရားကို ကြားရတာကို၊ မရိုးသားတဲ့သူဆီက သက်သာစေမယ့်စကားကြားရတာထက် ပိုကြိုက်တယ်။

ဒါကြောင့် သူ Portugal Camp ကနေ ထွက်သွားတာကို မြင်တဲ့အခါ ကျွန်တော်က ချက်ချင်း—

‘Cristiano ဘာလုပ်ခဲ့လဲ?’ လို့ မမေးခဲ့ဘူး။

ကျွန်တော် မေးခဲ့တာက—

‘Dressing Room ထဲမှာ ဖြေရှင်းနိုင်သင့်တဲ့ လူနှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ?’ ဆိုတာပါ။

ဘာကြောင့်လဲဆိုတော့ ဒါဟာ အခုဆိုရင် ကစားသမားနဲ့ နည်းပြကြားက ပြဿနာတစ်ခုတည်း မဟုတ်တော့ဘူး။

ဒါက Cristiano Ronaldo နဲ့ Portugal ဖြစ်နေပြီ။

ဒီ Jersey အတွက် ဆယ်စုနှစ်နှစ်ခုကျော် အရာအားလုံးပေးဆပ်ခဲ့ပြီးတဲ့နောက်၊ တကယ်လို့ ဒါဟာ အဆုံးသတ်ရဲ့အစ ဖြစ်နေပြီဆိုရင်တောင်—

သူတို့နှစ်ဖက်စလုံး လေးစားမှုရှိရှိနဲ့ အဆုံးသတ်နိုင်မယ့်နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်တယ်။

Cristiano က သူ့ရဲ့ Legacy ကို Portugal က ကာကွယ်ပေးဖို့ မလိုအပ်ပါဘူး။

Portugal အနေနဲ့ Cristiano Ronaldo က ဆယ်စုနှစ်နှစ်ခုကျော် သူ့နိုင်ငံရဲ့ Jersey ကို ကာကွယ်ပေးခဲ့ခွင့်ရခဲ့တာကို ပြန်သတိရဖို့ပဲ လိုပါတယ်။


#

တပည့်ဖြစ်သူနဲ့ ပတ်သက်ပြီီး  ဖွင့်ဟလိုက်တဲ့ နည်းပြကြီး!...🗣️ "ကျွန်တော် ဒီဘောလုံးလောကထဲမှာ အကြာကြီး ကျင်လည်ခဲ့သူပါ။ အကြီး...
02/10/2026

တပည့်ဖြစ်သူနဲ့ ပတ်သက်ပြီီး ဖွင့်ဟလိုက်တဲ့ နည်းပြကြီး!...

🗣️ "ကျွန်တော် ဒီဘောလုံးလောကထဲမှာ အကြာကြီး
ကျင်လည်ခဲ့သူပါ။ အကြီးကျယ်ဆုံး ကလပ်တွေကို
ကိုင်တွယ်ခဲ့ဖူးတယ်၊ အတော်ဆုံး ထိပ်တန်းပါရမီရှင်တွေကို
ထိန်းကျောင်းခဲ့ဖူးတယ်။

အသက် ၈၄ နှစ်အရွယ် ဘဝအတွေ့အကြုံနဲ့ ဘောလုံး
လောကထဲက ဆှယ်စုနှစ် ၄ ခုစာ သင်ခန်းစာတွေကနေ
သင်ယူခဲ့ရတာ တစ်ခုရှိရင် အဲဒါ ထိပ်တန်းကစားသမားတွေကို
ဘယ်လိုကိုင်တွယ်ရမလဲဆိုတာပါပဲ။

အခု ပေါ်တူဂီအသင်းထဲမှာ ဖြစ်ပျက်နေတာတွေကို
ကျွန်တော် ကြည့်နေရင်းနဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်ကို
ဒီလို စီမံခန့်ခွဲမှု ညံ့ဖျင်းစွာ ကိုင်တွယ်နေတာ မြင်ရတာ တကယ်ပဲ
စိတ်မကောင်းဖြစ်ရပါတယ်။

ခရစ်စတီယာနို ရိုနယ်ဒိုလို ကစားသမားမျိုးကို လက်ရွေးစင်
အသင်းဆီ ခေါ်ယူပြီးမှ အရန်အသင်းကနေ ခေါ်ထုတ်လာတဲ့
လူငယ်ကစားသမားလေးတစ်ယောက်လို ဆက်ဆံလို့ မရပါဘူး။

ဂျော့ချ် ဂျေးဇူးအနေနဲ့ သူ့ကို သုံးဖို့ လုံးဝဆန္ဒမရှိဘူးဆိုရင်
ပထမတည်းက ဘာလို့ အသင်းထဲ ခေါ်ခဲ့တာလဲ။ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို
ပြချင်လို့လား။ အဲဒါဟာ လုပ်ပိုင်ခွင့်အာဏာ ပြတာမဟုတ်ပါဘူး၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာကို ပြနေတာပါ။

ခရစ်စတီယာနိုဆိုတာ အစပြုကာစ ကလေးမဟုတ်တော့ဘူး။
သူက ယာမားလ် မဟုတ်ဘူး၊ အန်းဒရစ် မဟုတ်ဘူး—သူက
ခရစ်စတီယာနို ရိုနယ်ဒို။ သူ့အကြောင်းကို ကျွန်တော်
အကင်းပါမကျန် သိတယ်။

၂၀၀၃ တုန်းက အသက် ၁၈ နှစ်အရွယ် ကလေးလေးအဖြစ်
သူ့ကို ကျွန်တော် စာချုပ်ခဲ့တာ။ သူ့သွေးထဲမှာ စီးဆင်းနေတဲ့
လုံးဝစနစ်ကျတဲ့ ပေးဆပ်မှု၊ အလုပ်လုပ်လိုစိတ်နဲ့ အနိုင်ရလိုတဲ့
စွဲလမ်းမှုတွေကို ကျွန်တော် ကောင်းကောင်းသိတာပေါ့။

ဂျော့ချ်အနေနဲ့ အသက် ၄၁ နှစ်အရွယ် သူ့ကို ရွေးချယ်ခဲ့
တည်းက ဘာ ရလာမလဲဆိုတာ သေချာသိပြီးသားပါ။
အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံးခေတ်
တုန်းကလို အသက် ၄၁ နှစ်အရွယ် ကစားသမားတစ်ယောက်
ဆီကနေ မိနစ် ၉၀ လုံး ကွင်းအပြည့် ပြေးလွှားနိုင်လိမ့်မယ်လို့
ဘယ်သူမှ မမျှော်လင့်ပါဘူး။

မင်းရဲ့အသင်းထဲမှာ ဒီလို အဆင့်အတန်းရှိတဲ့ အားကစားသမား
တစ်ယောက် ရှိနေရင် သူ့ကို ပညာရှိရှိ၊ ပါးနပ်စွာနဲ့ သိက္ခာရှိရှိ
ကိုင်တွယ်ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်။

မဂ္ဂဇင်းနဲ့ မီဒီယာတွေရှေ့မှာ မင်းဟာ ဆရာကြီးပါဆိုတာ
သက်သေပြချင်ရုံနဲ့ သူ့ကို အရန်ခုံမှာ ဒီအတိုင်း ထိုင်ခိုင်းထားလို့
မရပါဘူး။ တကယ့် နည်းပြစစ်စစ်ဆိုတာ ကိုယ့်ရဲ့ အာဏာကို
ပြဖို့အတွက် ကိုယ့်ရဲ့ ကြယ်ပွင့်ကစားသမားကို နှိမ့်ချစရာ မလိုပါဘူး။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပေါ်တူဂီဘောလုံးလောကအတွက်
ခရစ်စတီယာနို လုပ်ပေးခဲ့တာတွေကို အခြားသူတွေ မေ့ချင်
မေ့နေပါစေ၊ ကျန်တဲ့ ကမ္ဘာကြီးကတော့ မေ့မထားပါဘူး။

အဲဒီကောင်လေးဟာ ဆှယ်စုနှစ် နှစ်ခုစာ တိုင်းပြည်တစ်ခုလုံးကို
သူ့ပုခုံးပေါ် ထမ်းတင်ပေးခဲ့တာ—ဂိုးတွေ၊ စံချိန်တွေ၊ ယူရိုဖလားနဲ့
သူ တိုင်းပြည်အတွက် ယူဆောင်ပေးခဲ့တဲ့ စစ်မှန်တဲ့ ယုံကြည်ချက်တွေ။ သူဟာ ပေါ်တူဂီဘောလုံးလောကကို ကမ္ဘာ့ထိပ်တန်းအဆင့်
ရောက်အောင် မြှင့်တင်ပေးခဲ့သူပါ။

ကဲ... အခု လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်။
ခရစ်စတီယာနိုက အသက် ၄၁ နှစ် ရှိပြီ။ ဒါဟာ သဘာဝတရားရဲ့
အမှန်တရားပဲ၊ အချိန်တိုင်ရင် ငါတို့အားလုံး အိုမင်းလာကြတာပဲ။
သူ့ရဲ့ ကစားချိန်တွေကို ထိန်းသိမ်းပေးရမယ်။ နည်းဗျူဟာအရ
သူ့ကို ပွဲထွက်မသုံးသင့်တဲ့ ပွဲစဉ်တွေ ရှိလာမှာပါ။ အဲဒါကို ကျွန်တော်
လုံးဝ ကန့်ကွက်စရာ မရှိပါဘူး—ဘရိုင်ယန် ရော့ဘ်ဆန်၊ စတိဗ် ဘရူးစ်၊ ရိုင်ယန် ဂစ်ဂ်စ် နဲ့ ပေါလ် စခိုးလ် တို့ ကစားသမားဘဝ နောက်ဆုံးစာမျက်နှာတွေကို ရောက်လာချိန်တုန်းကလည်း ကျွန်တော် ဒီလိုပဲ
လုပ်ခဲ့ရတာပဲ။

သူတို့ ဒါကို သဘောမကျခဲ့ကြပေမဲ့ ရိုးသားမှု၊ ဂရုစိုက်မှုတို့နဲ့
ဆောင်ရွက်ခဲ့တာမို့ သူတို့ လေးစားစွာ လက်ခံခဲ့ကြပါတယ်။
အသက်အရွယ်ရလာတဲ့ ဂန္ထဝင်တစ်ယောက်ကို တည်ငြိမ်တဲ့ အာဏာနဲ့
စီမံခန့်ခွဲတာနဲ့၊ လူသိရှင်ကြား နှိမ့်ချဆက်ဆံတာဟာ မိုးနဲ့မြေလို
ကွာခြားပါတယ်။

မာကျောတဲ့ ခံစစ်ကို ထိုးဖောက်ဖို့ သူ့ကို မိနစ် ၂၀ လောက် သုံးဖို့
လိုအပ်ရင် အဲဒီ မိနစ် ၂၀ အတွက် သူ့ရဲ့ စိတ်ဓာတ်ကို ပြင်ဆင်
ပေးရမယ်။ အဲဒီ သီးသန့်အခိုက်အတန့်မှာ သူဟာ မရှိမဖြစ်
အရေးပါတယ်လို့ ခံစားရအောင် လုပ်ပေးရမယ်။
ပွဲရဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေမှာ သူ ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ကြီးမားတဲ့ အရည်အသွေးတွေကို အသက်အရွယ်ဆိုတဲ့ အရာနဲ့
ဖုံးကွယ်ပစ်လို့ မရပါဘူး။

ဂျော့ချ် ဂျေးဇူးအနေနဲ့ နောက်ဆုတ်ပြီး ဒီကိစ္စကို သေချာ
သုံးသပ်ဖို့ လိုပါတယ်။ နည်းပြဘဝမှာ အင်္ဂါနေ့တုန်းက
ကစားသမားတစ်ယောက်နဲ့ သေးနုတ်တဲ့ အငြင်းပွားမှုမှာ
မင်း အနိုင်ရချင် ရလိမ့်မယ်၊ ဒါပေမဲ့ စနေနေ့ရောက်ရင်တော့
အဝတ်လဲခန်းတစ်ခုလုံးရဲ့ ယုံကြည်မှုကို မင်း ဆုံးရှုံးသွားရလိမ့်မယ်။

နည်းပြဆိုတာ လာလိုက် သွားလိုက်ပဲ၊ ပြိုင်ပွဲတွေ ပြီးဆုံးသွားမယ်၊
ဒါပေမဲ့ ကစားသမားတွေကတော့ အရောင်မှိန်သွားချိန်မှာ သူတို့
ဘယ်လို ဆက်ဆံခံခဲ့ရသလဲဆိုတာ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ပါဘူး။

ပွဲတိုင်းမှာ သူ့ကို ပွဲထွက်ခွင့် အာမခံပေးထားစရာ မလိုပါဘူး၊
ဘယ်ကစားသမားမှလည်း အသင်းထက် မကြီးမြတ်ပါဘူး—ဒါဟာ
ကျွန်တော့်ရဲ့ နည်းပြသက်တမ်းတစ်လျှောက် စဟောပြောခဲ့တဲ့
တရားပါ။ ဒါပေမဲ့ ပေါ်တူဂီအတွက် ခရစ်စတီယာနို ရိုနယ်ဒို
ပေးဆပ်ခဲ့တာတွေ အားလုံးပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ သိက္ခာနဲ့ လေးစားမှုကိုတော့ မင်း ပေးအပ်ရမှာ ဖြစ်ပါတယ်။"

ပရိတ်သတ်ကြီးရော နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ရဲ့ သုံးသပ်မှု
အပေါ်ဘယ်လိုမျိုး ထင်မြင်ကြလဲဆိုတာ ကွန်းမန့်မှာရေးသွားကြပါအုံး

02/10/2026

မြန်မာ့ လက်ခမောင်နဲ့ ပွဲထွက်ဖို့ရှိတဲ့ဗန်း......🇲🇲🇲🇲🇲🇲

#

ที่อยู่

Bangok
Phetchaburi
KM

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ K M Pyapon Sport โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์