S KPU malaysia လူမှုကူညီရေးအသင်း

S KPU malaysia  လူမှုကူညီရေးအသင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S KPU malaysia လူမှုကူညီရေးအသင်း, Photographer, Cheras ria, Cheras, Kuala Lumpur.

01/04/2026

Assalamualaikum 🙋🏻‍♂️
​🆘 "ဒီသားလေးကို မကယ်နိုင်ရင် ကျမရဲ့ လူပျိုပေါက် သားလေးကို ဆုံးရှုံးရတော့မှာပါ" လို့ ငိုကြွေးပြီး အကူအညီတောင်းခံနေရတဲ့ မိခင်တစ်ဦးရဲ့ အသံ 🆘😪
​လက်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း မှာ နေထိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် ညီလေးတစ်ဦးဟာ ကျောက်ကပ်ရောဂါ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ မိဘနှစ်ပါးကလည်း ရွာမှာ အခြေခံလူတန်းစား ဆင်းရဲသားများဖြစ်သလို၊ တစ်ဖက်မှာလည်း အားကိုးရာမဲ့နေရှာပါတယ်။
​ရောဂါပျောက်ကင်းဖို့အတွက် ဆေးကုသစရိတ် သိန်း ၄၀ ကျော် အရေးပေါ် လိုအပ်နေချိန်မှာ ညီလေးရဲ့ မိခင်ဖြစ်သူက -
"ဒီသားလေးရဲ့ ရောဂါကို မကူညီနိုင်ရင် ကျမရဲ့ လူပျိုပေါက် သားလေးကို ဆုံးရှုံးရတော့မှာပါ..." ဆိုပြီး မျက်ရည်စက်လက်နဲ့ အသည်းအသန် အကူအညီတောင်းခံနေရပါတယ်။😥 ညီလေးကိုယ်တိုင်လည်း ဝေဒနာကြောင့် "ကျနော် အသက်ရှင်ချင်သေးတယ်၊ ကယ်ကြပါဦး" လို့ ငိုကြွေးနေရတာ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။☹
​လက်ရှိမှာ ကျနော်တို့ Support & Kindred Public Unity (SKPU) အဖွဲ့အနေနဲ့ ညီလေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အဖွဲ့ရန်ပုံငွေထဲမှ (၁၀) သိန်းကျပ် ကို မတည်လှူဒါန်းပေးထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း ကျန်ရှိနေတဲ့ ဆေးကုသစရိတ် သိန်း ၃၀ ကျော်အတွက် မိဘပြည်သူများ၊ ရွာသူရွာသားများနှင့် စေတနာရှင် အလှူရှင်များရဲ့ ဝိုင်းဝန်းကူညီမှုကို အထူးလိုအပ်နေပါတယ်။
​"သဲချောင်းက မိခင်တစ်ဦးရဲ့ ရင်ကွဲပူကို ငြိမ်းသတ်ပေးပြီး လူငယ်လေးတစ်ဦးရဲ့ အသက်ကို အတူတကွ ကယ်တင်ပေးကြပါဦး။"
​မိမိတို့ တတ်နိုင်သလောက် (ရင်းဂစ် 20 ၊ 30 ၊ 50) ဖြစ်စေ၊ ဝိုင်းဝန်း လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
​📍 လှူဒါန်းရန် ဆက်သွယ်ရန် -
​[ဖုန်းနံပါတ် 011-2816 8840
TNGအကောင့်မှာလဲ အလှူငွေထည်းပေးလို့ရတယ်။
​ဒီပို့စ်လေးကို Share ပေးခြင်းဖြင့်လည်း မိခင်တစ်ဦးရဲ့ သားလေးကို ကယ်တင်ရာမှာ ပါဝင်ကူညီပေးနိုင်ပါတယ်။ ညီလေး အမြန်ဆုံး ကျန်းမာရေး ပြန်လည်ကောင်းမွန်ပါစေကြောင်း SKPU အဖွဲ့မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

05/09/2025

Assalamualaikum
ဒီနေ့မှာတော့ ကျွန်တော်တို့ S KPU အဖွဲ့အတွက် အလှူရှင်တွေ ပီတိဖြစ်ရမယ့် သတင်းကောင်းလေး ရှိပါတယ်ဗျာ👏

ကျွန်တော်တို့ S KPU အဖွဲ့ရဲ့ လှုပ်ရှားမှုမှတ်တမ်းများ၊ ငွေစာရင်းများကို ရပ်ကွက်လူကြီးများက ပူးပေါင်းပါဝင်ပြီး သေချာစစ်ဆေးပေးခဲ့ပါတယ် စစ်ဆေးပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဥ်တွေဟာ လုံးဝမှန်ကန်ပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့ အတည်ပြု ထောက်ခံပေးခဲ့ပါပြီး။🙂

ဒီလို စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း အလှူရှင်များ ယုံကြည်စိတ်ချရအောင် တင်ပေးလိုက်ပါတယ်ခများ။😊 အလှူရှင်များရဲ့ စေတနာ အလဟသမဖြစ်ရအောင် ကျွန်တော်တို့ အဖွဲ့သားအားလုံး သစ္စာရှိရှိ အကောင်းဆုံး ကြိုးစားခဲ့တာကို အသိပေးချင်ပါတယ်။🙂

ဒီလို စေတနာရှင်တွေရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့်သာ ဒီနေ့လိုအောင်မြင်မှုမျိုး ရရှိခဲ့တာပါ။ အလှူရှင်အားလုံးကို အထူးကျေးဇူးတင်ပါတယ် ခများ။💝

KPU #အလှူရှင်များ အားလုံးကျေးဇူးတင်ပါတယ် #မှန်ကန်ကြောင်းသက်သေ #ရပ်ကွက်ထောက်ခံချက် ✍

Asslamu alaikom......ယနေ့ Postသည် နောက်ဆုံး အကြိမ်လွဲဖစ်ခဲသော့ Eid Mubarakအချိန်က ဖစ်ပါသည်။ ယနေ့အချိန်မှာ ကျနော်အဖွဲ့တွေ...
29/06/2025

Asslamu alaikom......
ယနေ့ Postသည် နောက်ဆုံး အကြိမ်လွဲဖစ်ခဲသော့ Eid Mubarakအချိန်က ဖစ်ပါသည်။
ယနေ့အချိန်မှာ ကျနော်အဖွဲ့တွေကို နာမည်ပျက်တွေ ပြောဆိုနေတဲသတင်းတစ်ချို့ ကြားသိခဲရပါတယ်....ကျနော်တို့အဖွဲ့သည် ယနေ့ အလှူငေငွကောက်ခံပြီး မရှိ ဆင်းရဲ ကိုယ့်ရွာသူ ရွာသား မိသားစုဝင်များကို ကူညီပေးခြင်းသည် အလ္လာဟ်အတွက်သာ ဖစ်သည် ဒါ့ကြောင့် ဘယ်လို တိုက်ခိုက်မျိုးကို မဆို ကျနော်တို့ဘက်က အမှန်တရားဘက်က ရပ်တည်တဲအတွက် ရင်ဆိုင်မို့ အသင့်ပါ တစ်ခုခု လွဲမှား ရှိခဲလျှင် တိုက်ရိုက်ပြောဆိုခွင့် အလှူရှင်တိုင်းမာ ရှိပါတယ်

#မှတ်ချက် ယနေ့တစ်ခေါက် Postမှာ အလှူခံတွေရဲ မျက်နှာ မဖုံးကွယ်ထားရတဲ အကြောင်းရင်းသည် ကျနော် အဖွဲ့အား ကောက်ခံပြီး လူတန်းပေးနေကြသည့် ပိုက်ဆံများအား အလှူခံလူသားတွေများထိ မရောက်နိုင် အလှူခံတွေထံ ဒီပိုက်ဆံတွေမရခဲ ဒီအလှူငွေတွေအား ကျနော်တို့အဖွဲ့ဝင်မိသားစုဝင်များ သပ်သပ်အတွက် ပေးနေခြင်းဖစ်ပါသည်လို့ ကေယလဟာလ ဝါဒများ လိုက်ဖြန့်နေတာတွေ ကြားနေရတဲ အတွက်ကြောင့် ကျနော်တို့ဘက်က ယခုလို လုပ်ရခြင်းဖစ်ပါတယ် ဒီလို လုပ်ရပ်အတွက်လည်း အလှူရှင်များနှင့် အလှူခံတွေ အားလုံးကို ခွင့်လွတ်(မာဖီး)တောင်းဆိုအပ်ပါတယ် ဒါ့ကြောင့် ကျနော်တို့အဖွဲ့အား တစ်နေရာရာမှာ မှားနေခဲလျှင် အလှူခံအား မရရှိခဲရင် ကျနော်တို့ အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ပြီး ပြောဆိူနိုင်ပါတယ်
ဆယ်သွယ်ရန် ဖုန်းနံပတ် Md shah 01128168840 sabel 01137085865

Assalamualaikumကျနော်တို့ Malaysia   KPUလူငယ်အသင်းက စစ်တွေမှ ရှိ ကျောက်ဖြူဒုက္ခသည်းများအတွက်ရော ဆင်တက်မော် ရှိ ဒုက္ခသည်း...
10/04/2025

Assalamualaikum
ကျနော်တို့ Malaysia KPUလူငယ်အသင်းက စစ်တွေမှ ရှိ ကျောက်ဖြူဒုက္ခသည်းများအတွက်ရော ဆင်တက်မော် ရှိ ဒုက္ခသည်းစခန်းသို့ရော အလှူငွေချပေးလိုက်ပါသည် မေလးရှား ရှိ ကျေက်ဖြူသားများအားလုံးလည်း အခုလိုအလှူငွေတွေထဲမှာပါဝင်လှူဒါန်းပေးလို့ ကျနော်တို့ လူငယ်အသင်းက အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်

# ကျနော်တို့ လူငယ်မိုးလို့ မယုံးမှာကြောင့် တင်ပြအပ်လိုက်ပါတယ် #ဘောက်ချာ(26.03.25)

Address

Cheras Ria
Cheras, Kuala Lumpur
56100

Telephone

+601128168840

Website

Alerts

Be the first to know and let us send you an email when S KPU malaysia လူမှုကူညီရေးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S KPU malaysia လူမှုကူညီရေးအသင်း:

Share

Category