Moboversity

Moboversity Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moboversity, Photography Videography, Yangon.

Technology is not a weakness — artistic talent is important

နည်းပညာကအားနည်းချက်မဟုတ် အနုပညာသာအဓိက

Mobile photography / videography shooting & editing training

ဘယ်နေရာဘယ်နယ်ပယ်မှာမဆို HPOICL Mindset ရှိရပါမယ်HPOICL ကဘာလဲ???H - HumbleP - PatienceO - ObservationI - InspirationC - C...
24/12/2025

ဘယ်နေရာဘယ်နယ်ပယ်မှာမဆို HPOICL Mindset ရှိရပါမယ်

HPOICL ကဘာလဲ???

H - Humble
P - Patience
O - Observation
I - Inspiration
C - Creation
L - Learn from mistakes စတဲ့အချက်တွေပါ

Humble - နှိမ်ချတက်တဲ့စိတ်ရှိပါစေ
နည်းနည်းသိပြီးများများတက်ယောင်မဆောင်ပါနဲ့ သင့်ထက်ငယ်တဲ့သူကပြန်သင်ပြနေရင်တောင် ပညာလိုသူဖြစ်တဲ့သင်က ဘာမှမာနမထောင်လွှားပါနဲ့
အရာအားလုံးရဲ့ကျရှုံးခြင်းအစက "မာန"ပါ

Patience - စိတ်ရှည်ပါ
အခုရေတွင်းတူးရေကြည်တန်းသောက်မရပါဘူး
ပညာရပ်တိုင်း နယ်ပယ်တိုင်းမှာ အောင်မြင်လာဖို့ နေရာတစ်ခုရောက်လာဖို့အချိန်ယူပြီး ပညာရည်ဖြည့်လေ့လာမြဲလေ့လာဆဲလုပ်ပါ

Observation - ရောက်လေရာမှာစူးစမ်းပြီးမှတ်သားတက်ပါ
လမ်းဘေးကစာရွက်တစ်ရွက်ကအစ သတိထားဖတ်မိရင် ဘဝတစ်ခုလုံးတောင်ပြောင်းလဲစေပါတယ်
စကားစမြည်ပြောရင်းနဲ့ မှတ်သားဖွယ်ရာများရှိလာရင်မှတ်သားပါ
မျက်စိလျင်နားလျင်နဲ့ပတ်ဝန်းကျင်ကိုလေ့လာတက်ပါ

Inspiration - Inspire လုပ်တာနဲ့ Copy လုပ်တာနဲ့မတူဘူးဆိုတာကွဲကွဲပြားပြားသိပါ
တခြားတစ်ခုဆီကပုံစံတူကူးချတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းနဲ့ပေါင်းစပ်ပြီး ပိုကောင်းအောင်မွမ်းမံခြင်းကိုဆိုလိုခြင်းဖြစ်တယ်

Creation - ဖန်တီးနိုင်စွမ်းရှိပါ
ဖန်တီးနိုင်စွမ်းရှိဖို့ အပေါ်က "Inspiration နဲ့ Observation"တို့ရဲ့အားအများကြီးလိုအပ်ပါတယ်

Learn from mistake - အမှားတွေဆီကသင်ယူတက်အောင်လုပ်ပါ ဝေဖန်ခြင်းကိုလက်ခံတက်ပါစေ
ကိုယ်လုပ်ကိုယ်ကောင်းကိုယ်ကြိုက်နဲ့ဆိုရင်ဘယ်နေရာမှသင်မဝင်ဆန့်ပါဘူး
လူတိုင်းအမှားနဲ့မကင်းကြပေမယ့် အမှားနည်းအောင်လုပ်ပြီး အမှားတွေဆီကနေသင်ယူတက်အောင်ကြိုးစားစေချင်ပါတယ်

အခုဆို HPOICL ရဲ့အဓိပ္ပာယ်ကိုနားလည်ပြီထင်ပါတယ် နားမလည်ရင်နားမလည်မချင်းဖတ်ပါ ဖတ်တဲ့အတိုင်းလည်းကျင့်သုံးနိုင်ပါစေလို့ပြောရင်း

မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ









လူသိများတာနဲ့လူကြည့်များတာမတူပါဘူးVideo ပဲရိုက်ရိုက် Photo ပဲရိုက်ရိုက် Content Writing ပဲလုပ်လုပ် ဘာလုပ်လုပ်...ကိုယ်ဖန်...
11/08/2025

လူသိများတာနဲ့လူကြည့်များတာမတူပါဘူး

Video ပဲရိုက်ရိုက် Photo ပဲရိုက်ရိုက် Content Writing ပဲလုပ်လုပ် ဘာလုပ်လုပ်...

ကိုယ်ဖန်တီးထားတဲ့ Content ကပေးတဲ့ Message ကိုလူအသိများပြီး ရင်ထဲရောက်ဖို့ လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ပဲအဓိကထားလုပ်ရပါမယ်

လူသိများရင် လူသတင်းလူချင်းဆောင်ပြီးတိုးတက်နိုင်မယ်

လူကြည့်များတာကအချိန်တခုကြာရင် မေ့သွားမှာပါ

ဘာအတွက်လုပ်မှာလဲ ဘယ်သူတွေအတွက်လဲ ဘာပေးနိုင်မှာလဲ ဆိုတာကိုသေချာစဉ်းစားပြီးမှလုပ်ပါ

လူများပြီး ပွဲမစည် Views များပြီး Goal မထိတဲ့အဖြစ်မျိုးများတွေ့နေရတဲ့အထဲ သင်မပါရလေအောင် လက်လှမ်းမီလောက်လေးပြောပြပေးလိုက်ပါတယ်

"သင့်ထက်တော်လို့မဟုတ် သင့်ထက်တလွဲများလုပ်ခဲ့ခြင်းမှရသော သင်ခန်းစာများသာ"






ရုပ်ရှင်ကိုကြိုက်လို့ကြည့်တယ် ကိုယ်နှစ်သက်ရာအနုပညာရှင်များကိုအားပေးချင်လို့ကြည့်တယ် စသဖြင့်အကြောင်းရင်းအမျိုးမျိုးနဲ့ လူ...
04/08/2025

ရုပ်ရှင်ကိုကြိုက်လို့ကြည့်တယ် ကိုယ်နှစ်သက်ရာအနုပညာရှင်များကိုအားပေးချင်လို့ကြည့်တယ် စသဖြင့်အကြောင်းရင်းအမျိုးမျိုးနဲ့ လူတိုင်းရုပ်ရှင်ကြည့်ကြတယ်

Filmmaking ပိုင်းဝါသနာပါတာပဲဖြစ်ဖြစ် Photo Video Shooting,Editing and so on စသဖြင့် သက်ဆိုင်တဲ့အနုပညာတွေကို ရုပ်ရှင်ကောင်းတစ်ခုထဲမှာအများကြီးလေ့လာလို့ရပါတယ်

ဒါဆိုသင်တန်းမတက်တော့ဘူး ရုပ်ရှင်ပဲပတ်ကြည့်တော့မယ်လို့တွေးကောင်းတွေးမိမယ်

ပြောချင်တာကအဲ့လိုမဟုတ်ဘူးနော် ရုပ်ရှင်ကားကောင်းတစ်ကောင်းကို စအဖွင့် Intro ထဲကနေနောက်ဆုံးဇာတ်သိမ်းစာတန်းထိုးထိကြည့်ပြီးရင်

သင်မသိသေးတဲ့လေ့လာချင်ဖို့လိုသေးတဲ့
- Camera ယူဆမှုလှုပ်ရှားမှုတွေ
- တည်းဖြတ် Edit ဆက်ပုံဆက်နည်း / ကာလာအလင်းအမှောင်အယူအဆတွေ
- Special Effect ( VFX )တွေ
- အသံအနေထားချိန်ဆမှုနဲ့ဆွဲဆောင်မှုတွေ
- ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ခြင်းတွေ
- Poster ဒီဇိုင်းတွေ

စသဖြင့်များစွာကိုထပ်တိုးလေ့လာလေ့ကျင့်ဖို့အတွက် ရုပ်ရှင်ကားကောင်းတိုင်းဟာ မီးမောင်းထိုးပြပေးတဲ့ ပင်လယ်ထဲကမီးပြတိုက်ပဲဖြစ်ပါတယ်

Coming soon with awsome result TWO MEN
27/07/2025

Coming soon with awsome result TWO MEN

TWO MEN နဲ့ ပူးပေါင်းသင်ကြားမှုလေးပါ ✌️
27/07/2025

TWO MEN နဲ့ ပူးပေါင်းသင်ကြားမှုလေးပါ ✌️

TWO MEN X Moboversity ရဲ့ပူးပေါင်းတင်ဆက်မှုပါ ✨
19/07/2025

TWO MEN X Moboversity ရဲ့ပူးပေါင်းတင်ဆက်မှုပါ ✨

"ပျင်းတယ်" ဆိုတဲ့ "Boredom" ကာလအပိုင်းခြားကို Creator တို့ကြုံရတဲ့အခါ....1 - နားချိန်လိုအပ်နေပါပြီ2 -နားချိန်လိုအပ်နေပါပ...
16/07/2025

"ပျင်းတယ်" ဆိုတဲ့ "Boredom" ကာလအပိုင်းခြားကို Creator တို့ကြုံရတဲ့အခါ....

1 - နားချိန်လိုအပ်နေပါပြီ
2 -နားချိန်လိုအပ်နေပါပြီ
3 - နားချိန်လိုအပ်နေပါပြီ

တကယ်နားချိန်လိုအပ်တာပါ

ခရီးထွက်မယ် ဘော်ဒါတွေနဲ့မုန့်စားအပြင်သွား တယောက်ထဲ Game ဆော့တာဖြစ်ဖြစ် ကိုယ်ပျော်တာကိုယ်လုပ်ဖို့လိုအပ်နေပါပြီ

Creator ပိုင်းကိုဝါသနာပါလို့လုပ်ရင်း လူသိများ Client များလာတဲ့အခါ Income များများဝင်နေပေမယ့် တကယ်ဘာလို့ ဒီ Career ပိုင်းကိုဝင်ခဲ့လဲဆိုတာမေ့သွားတက်ပါတယ်

ပျော်လို့လုပ်ခဲ့တယ်ဆိုတာကိုပါ...ကိုယ်လုပ်တဲ့အလုပ်မှာမပျော်လာတဲ့အခါ ကိုယ့် Carrer ကိုယ်စွန့်လွှတ်လိုက်ချင်တဲ့အတွေးတွေဝင်လာတက်ပါတယ်

ဒါ့ကြောင့် Creator ကြီးကြီးငယ်ငယ် ဦးနှောက်နဲ့နှလုံးသားပါရင်းနှီးရတာမို့ တခါတလေတော့ စိတ်လွတ်ကိုယ်လွတ် နားချိန်ယူပြီး ဖန်တီးမှုအကောင်းဆုံးတွေလုပ်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်












📝 အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖြစ်လာတဲ့ ဖုန်းနဲ့ရိုက်တက်တဲ့ Photo / Video Creator Position တွေမှာပါဝင်နိုင်ဖို့ပဲဖြစ်ဖြစ်...
13/07/2025

📝 အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖြစ်လာတဲ့ ဖုန်းနဲ့ရိုက်တက်တဲ့ Photo / Video Creator Position တွေမှာပါဝင်နိုင်ဖို့ပဲဖြစ်ဖြစ်

⭐️ ကိုယ်ပိုင် Brand တစ်ခုတည်ဆောက်ပြီးကိုယ်ပိုင်ဖန်တီးမှုတွေလုပ်ချင်လို့ပဲဖြစ်ဖြစ်

✅ Moboversity X TWO MEN ပူးပေါင်းဖွင့်လှစ်တဲ့ Content Creation Workshop ကို July 19 / July 20 ကစပြီး ရုံးပိတ်ရက် စနေ တနင်္ဂနွေနေ့တိုင်း တက်ရောက်သင်ကြားနိုင်ပါပြီ

🎬 Training Class မှာဘာတွေသင်ကြားရမလဲ???

📸 Photo / Video Shooting Basic Editing Basic တင်မဟုတ်ပဲ

✌️Brand တည်ဆောက်ပုံအဆင့်ဆင့်

🛜 Digital Marketing Basic

🥰 Customer Service Basic + Customer Clients များနဲ့ဆက်ဆံပြောဆိုခြင်းများကိုပါထည့်သွင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်

Class Details

Time - 10 AM to 3 PM ( 12 - 12:45 Break Time )

Class Location - အမှတ် ( ၉ ) ဘောဂသိဒ္ဓိလမ်း / 4th Floor

YBS - 11,136,22,94

Class Fee - 80,000 MMK

💡 သင်တန်းကိစ္စအသေးစိတ်ဆွေးနွေးနိုင်ဖို့အတွက် Page Chat Box or Phone ကနေတဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါပြီ












💡Digital ခေတ်ကြီးထဲမှာ Photo / Video တွေဖန်တီးပြီး ကိုယ်ပိုင်ဝင်ငွေများရှာနိုင်ဖို့အတွက်လိုအပ်တဲ့ Skill set များကိုသင်ကြ...
05/07/2025

💡Digital ခေတ်ကြီးထဲမှာ Photo / Video တွေဖန်တီးပြီး ကိုယ်ပိုင်ဝင်ငွေများရှာနိုင်ဖို့အတွက်လိုအပ်တဲ့ Skill set များကိုသင်ကြားနိုင်ပါပြီ 📝

✅ ဒီ Post ကို Public နဲ့ Share ပေးထားတဲ့သူတွေထဲက 2 ဦးကို Free Course လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်

ကျွန်တော်တို့ TWO MEN နဲ့ MOBOVERSITY ရဲ့ရည်ရွယ်ချက်ကတော့ မိမိတို့ Mobile Phone တစ်လုံးထဲနဲ့ အမိုက်စား Photo / Video တွေဖန်တီးတက်စေဖို့တင်မဟုတ်ပါဘူး

📝 Class မှာဘာတွေသင်ပေးမှာလဲ???

Creator တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ Skill set များကိုဘက်ပေါင်းစုံကနေသိနားလည်စေဖို့ပဲဖြစ်ပါတယ်

📝 အခုရက်တိုသင်တန်းလေးကို Join ပြီးရင်ဘာတွေရမှာလဲ???

အရည်အချင်းစစ်စာမေးပွဲဖြေဆိုပြီးတာနဲ့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး TWO MEN နဲ့အတူတူ Projects တွေကိုလက်တွဲလုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်

💡ဒီ Class လေးဖွင့်ရတဲ့အဓိကရည်ရွယ်ချက်ကတော့
ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပညာရပ်ပေါင်းစည်းချင်တဲ့လူငယ်များကိုတနေရာထဲမှာ ဆုံတွေ့စေချင်လို့ပဲဖြစ်ပါတယ်

🌟သင်တန်းကို Online ကမဟုတ်ပဲလက်တွေ့အပြင်မှာသင်ကြားပေးမှာဖြစ်ပါတယ်

Class date - July 12th to July 13th ( 2 days class ) + Extra Pratical Shooting Day
Class hour - 10AM to 2PM
Class Fee - 80,000 MMK
Limit People - 5 Persons
Class Location - အမှတ် 9,ဘောဂသိဒ္ဓိလမ်း,မရမ်းကုန်း (၂)ရပ်ကွက်

သင်တန်းကိစ္စစုံစမ်းဖို့အတွက် Page chat box or 09-961-951-242 ကိုဆက်သွယ်မေးမြန်နိုင်ပါတယ်










📸 ပုံရိုက်တိုင်း ဘယ်ကြည့်လို့ကြည့်ရမှန်းမသိတဲ့ပြဿနာကမသေးပါဘူး 😵‍💫📷 ပုံလှလှလေးတွေအမြဲရိုက်တဲ့ကိုယ်တိုင်ပဲဖြစ်ဖြစ် ချစ်သူ/...
01/07/2025

📸 ပုံရိုက်တိုင်း ဘယ်ကြည့်လို့ကြည့်ရမှန်းမသိတဲ့ပြဿနာကမသေးပါဘူး 😵‍💫

📷 ပုံလှလှလေးတွေအမြဲရိုက်တဲ့ကိုယ်တိုင်ပဲဖြစ်ဖြစ် ချစ်သူ/ဘော်ဒါတို့ကို ရိုက်ပေးရတဲ့အခါပဲဖြစ်ဖြစ် ဒီနည်းလမ်းတချို့က အထောက်အကူပြုမှာပဲဖြစ်ပါတယ် 😉











Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Moboversity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share