Pyae Sone Oo

Pyae Sone Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Oo, Photographer, Thongwa, Yangon.

လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ လွမ်းစရာကတော့ ကျန်စမြဲပဲ မဟုတ်လား...။အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့ မပျက်မယွင်းရှိနေဦးမှာ...
15/05/2024

လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ
လွမ်းစရာကတော့ ကျန်စမြဲပဲ မဟုတ်လား...။

အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့
မပျက်မယွင်းရှိနေဦးမှာ....။

အကြောခပ်တင်းတင်းနဲ့ကောင်ပတ်ဝန်ကျင်က လူဆိုးလို့သတ်မှတ်ထားတဲ့ကောင်အကြောင်းပြချက်မရှိပဲ သူမ ထားခဲ့တာခံရတဲ့ကောင်မျက်ရည်တွေကိ...
07/05/2024

အကြောခပ်တင်းတင်းနဲ့ကောင်
ပတ်ဝန်ကျင်က လူဆိုးလို့သတ်မှတ်ထားတဲ့ကောင်
အကြောင်းပြချက်မရှိပဲ သူမ ထားခဲ့တာခံရတဲ့ကောင်
မျက်ရည်တွေကိုမုန်းတယ်ပြောပီး မူးရင်ငိုတဲ့ကောင်

တခြားကောင်မဟုတ်ဘူး.... ငမူးကောင်

ငမူး

နောက်ဘဝကို မယုံဘူးမမကို ယုံတယ်။မမသာ လိုက်ခဲ့မယ် ပြောရင်ကျွန်တော် အရင်သွားပါ့မယ် ။
05/05/2024

နောက်ဘဝကို မယုံဘူးမမကို ယုံတယ်။
မမသာ လိုက်ခဲ့မယ် ပြောရင်
ကျွန်တော် အရင်သွားပါ့မယ် ။

04/05/2024

လည်ချောင်းနာတာကိုနာမှန်းသိသလို
အသဲကွဲတာကိုလည်း အသဲကွဲမှန်းသိရတယ်
ဆေးလုံးဆေးပြားတွေ ရေနဲ့မျှောချရသလို
ကဗျာတွေစာတွေ ဖတ်ရတယ်
ဒါမှ နေသာထိုင်သာရှိမှာ

ကမ္ဘာဟာနေကောင်းပြီးသား
ငါတို့ကသာ တစ်ခုခုချို့ယွင်းနေတတ်တာ
ဒါကြောင့် အနုပညာကိုမှီဝဲရ
ပျက်နေတဲ့စိတ်တွေ ပြင်ရ
ဘာမှမဖြစ်ချင်ယောင် ဟန်ဆောင်ခဲ့ရ ။

ဘဝအကြောင်းကံမလှတာကိုပြဿနာလို့ မတွေးခေါ်တဲ့ လူငယ်တစ်ယောက်ဘဝမှာ ရူးသွပ်ငတ်မွန်းတဲ့အရာကချစ်ခြင်းမေတ္တာနဲ့ လွတ်လပ်‌ပျော်ရွှင...
04/05/2024

ဘဝအကြောင်းကံမလှတာကို
ပြဿနာလို့ မတွေးခေါ်တဲ့ လူငယ်တစ်ယောက်
ဘဝမှာ ရူးသွပ်ငတ်မွန်းတဲ့အရာက
ချစ်ခြင်းမေတ္တာနဲ့ လွတ်လပ်‌ပျော်ရွှင်ခြင်းပဲ..။

03/05/2024

ပိုင်ဆိုင်ရလို့ ငိုခဲ့တယ် ဆုံးရှုံးရလို့ ငိုခဲ့တယ်
မင်းအမြင်မှာတော့
မောင်ဟာ အငိုသန်တဲ့ကလေးငယ်ပဲ
အခု အရှုံးပေးဆိုလည်း ပေးပါ့မယ်
ဆူးတွေကိုလည်း ကြောက်ရတယ်
ဒူးတွေကိုလည်း ထောက်ပါ့မယ်..🥀

တစ်ဘဝစာ ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံတင်‌လေးပါပဲဒီအပြင် ဘာမှမပိုခဲ့ဘူး
01/05/2024

တစ်ဘဝစာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံတင်‌လေးပါပဲ
ဒီအပြင် ဘာမှမပိုခဲ့ဘူး

ဝဋ်ကြွေးဆိုတဲ့အရာသာတစ်ကယ်ရှိမယ်ဆိုရင်မင်းကိုချစ်မိခဲ့သမျှ  ဒီဘဝမှာပဲဝဋ်ပြန်လည်ချင်မိတယ်
30/04/2024

ဝဋ်ကြွေးဆိုတဲ့အရာသာတစ်ကယ်ရှိမယ်ဆိုရင်

မင်းကိုချစ်မိခဲ့သမျှ ဒီဘဝမှာပဲဝဋ်ပြန်လည်ချင်မိတယ်

30/04/2024

ငါတို့ ဆယ်တန်းတုံးက
ဒီမြို့လေးမှာ
ဆယ်တန်းကျောင်းသားတွေ မမြင်မိသလိုပဲ
ငါတို့ ဆိုးခဲ့မိုက်ခဲ့တုံးက
ဒီမြို့လေးမှာ လူဆိုးလေးတွေ မမြင်မိသလိုပဲ

အခုတို့ မြို့လေးမှာ
ဆယ်တန်းကျောင်းသားတွေ ငါမြင်လာရပြီ
လူဆိုးလေးတွေ ငါမြင်လာရပြီ
ငါလည်းအသက်အရွယ်တစ်ခုရောက်ခဲ့ပြီ... ။

ကျနော်ဘက်က ချစ်တာ ရပ်တာမဟုတ်ဘူးသူ့ဘက်က သစ္စာပျက်တာမူးမှ သတိရတယ်ဆိုတာ ကျနော်လိမ်တာသောက်မထားရင်လည်း မေ့မရပြန်ဘူးငမူး
29/04/2024

ကျနော်ဘက်က ချစ်တာ ရပ်တာမဟုတ်ဘူး
သူ့ဘက်က သစ္စာပျက်တာ
မူးမှ သတိရတယ်ဆိုတာ ကျနော်လိမ်တာ
သောက်မထားရင်လည်း မေ့မရပြန်ဘူး
ငမူး

27/04/2024

ကမ္ဘာကျော် စာရေးဆရာကြီး
"Franz Kafka" ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်
လူတစ်သန်းက မင်းကိုချစ်တယ်ဆိုရင်
ငါဟာ သူတို့ထဲကတစ်ယောက်ပါ
လူတစ်ယာက်ပဲမင်းကိုချစ်ရင်
အဲ့ဒီလူက ငါပါ
ဘယ်သူမှ မင်းကို မချစ်ဘူးဆိုရင် တော့
ငါ သေသွားပီဆိုတာသိလိုက်ပါတဲ့ 🍀🤍

မင်းသတင်းအစအနတောင် မရတော့တဲ့ အခြေအနေတစ်ခုနဲ့ ကမ္ဘာမှာ တစ်ယောက်ထဲကျန်ခဲ့ရတဲ့နေ့စွဲတွေ  ။
27/04/2024

မင်းသတင်းအစအနတောင်
မရတော့တဲ့
အခြေအနေတစ်ခုနဲ့
ကမ္ဘာမှာ တစ်ယောက်ထဲ
ကျန်ခဲ့ရတဲ့နေ့စွဲတွေ ။

Address

Thongwa
Yangon

Telephone

+959672760331

Website

Alerts

Be the first to know and let us send you an email when Pyae Sone Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category